ပခုက္ကူမြို့တွင်း ဗုံးပေါက်ကွဲမှုမဖြစ်စေရေးအတွက် လုံခြုံရေးအစည်းအဝေးကျင်းပ

Thiha Phone MoOctober 16, 20131min1153

ပခုက္ကူမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမအောက်တိုဘာ(၁၅)ရက်နေ့ည(၅)နာရီ ချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအစည်းအဝေးကျင်ပပြုလုပ်ခဲ့ကြောင်းသိရှိ ရသည် အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ခရိုင်လဝကမှူး တို့မှ ပခုက္ကူမြို့တွင် ဗုံးပေါက်ကွဲမှုမဖြစ်ပွားစေရေးအတွက် ဗုံးပေါက်ကွဲမှုအကြောင်း လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မိုင်းအသိ၊မိုင်းသတိရှိရန်ပြောကြားခြင်း၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းပိုင်ရှင်များအား တည်းခိုခန်းနှင့်ပက်သက်သည့် စည်းမျဉ်း စည်းကမ်းများ ဆောင်ရန်၊ရှောင်ရန်အချက်များအားရှင်းလင်းပြောကြားခဲ့ကြောင်း အစည်းအဝေးသို့ မြို့မရဲစခန်းမှူး၊ခရိုင်သတင်း တပ်ဖွဲ့မှူး၊မြို့နယ်စည်ပင်သာယာရေးလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းကြိုင်၊မြို့နယ်စည်ပင်သာရေးကော်မတီဥက္ကဌ ဦးတင်ဝင်း၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အေထောက်အကူပြုကော်မတီဥက္ကဌ ဦးရဲထွဋ်၊မြို့ပေါ်ရှ ဟိုတယ်နှင့်တည်းခိုခန်းများမှ ပိုင်ရှင်(၂၂)ဦးတို့တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

3 comments

  • ငဂျစ်

    October 17, 2013 at 1:32 pm

    ဗုံးပေါက်တယ် ဗုံးပေါက်တယ်ဆိုတာ ကြောက်စရာမလိုပါဘူးဗျ….
    ဗုံးထောင်တဲ့လူက လူတွေကိုသေစေလိုတဲ့ စိတ်နဲ့ ဗုံးဖောက်တာမှမဟုက်တာ…
    သီတင်းကျွတ်အခါသမယ ရောက်ရှိဦးခိုက်လာပြီမို့ အများတကာ ဗျောက်အိုးဖောက်တာကို အားကျပြီး
    ဗုံးဖောက်သူအနေဖြင့်လည်း အားကျမခံ ဗုံးဖောက်ပြနေတာဖြစ်ပါမယ်………….

  • alinsett

    October 17, 2013 at 1:52 pm

    ခေါင်းစဉ် ရှည်ရှည်
    သတင်းတိုတို

    ဟုတ်နေတာပဲ

    အဟမ်းး

    • TNA

      October 17, 2013 at 1:59 pm

      ကောင်းတာပေါ့အေ ခေါင်းစဉ်ဖတ်ပြီးသတင်းဖတ်စရာမလိုတော့ဘူး။ အင်း အနိတ်စ ဒုတ်ခ အနတ်တ 😥

Leave a Reply