nnzjpeg

 

 

မေမေ..

မေမေ သင်ပေးတဲ့ ချိုမိုင်မိုင်

ကျနော့် နှလုံးသားထဲ အမြစ်ခိုင်ခဲ့တာ

သိခဲ့လို့ လား..

ရှက်တတ်တဲ့ ကောင်လေးမှာ

မာန တခုတော့ ရှိခဲ့တယ်..မေမေ။

..

မိဘတွေ မချစ်ခဲ့တဲ့သား

ချစ်သူတွေ များတယ်..

ဖြူစင်ခြင်းနဲ့ ပန်းလက်ဆောင်တွေ အလယ်..

အချစ်တွေ ကျနော်ရခဲ့တယ်..မေမေ။

သူတို့ ရင်ခွင်က ကျနော့်အိမ်..

သူတို့ လက်ခုပ်သံက ကျနော့် အဟာရ

တစ်ထောင့်တစ်ညမက

ရှည်လျှားတဲ့ ညများစွာ

မေတ္တာတွေ ဖလှယ်ရင်း ကျနော် အသက်ရှင်ခဲ့တယ်..

အကျီင်္လေးတစ်ထည် တောင်းဆိုမိလို့ 

မေမေ ရိုက်ခဲ့တဲ့ပါး

အခုတော့ သူများတွေ နမ်းလိုက်ကြတာမေမေ

အဲဒီအချိန်က သွေးစီးကျခဲ့တဲ့နှုတ်ခမ်း

မေမေ့အတွက် မဆန်းပေမယ့်.

ချိုသာသော နူတ်ခမ်းလေးလို့  ပရိတ်သတ်တွေပြောတယ်မေမေ

 

မေမေရဲ့  အဆင့်မြင့်သားကိုမှ

စတိုင်လ်ကျအောင် အကျီင်္ ချုပ်ပေးချိန်က..

ကျနော် ….

မျက်ရည်ကျခဲ့တယ် မေမေ..

ကျနော့် အကျီင်္က ဈေးမများပါဘူးမေမေ..

ချွေးတွေကျမှ လှတဲ့ အကျီင်္ပါ

ကောင်မလေးတွေရဲ့ နူတ်ခမ်းဆေးလဲ

တခါတရံ ပေကျံတတ်တယ်..

ပင်ပန်းတဲ့အခါ..ချွေးစက်တွေ ညှစ်ချလို့ ရတယ်မေမေ..

ဒါပေမယ့် ဘယ်လောက်ညှစ်ညှစ်

သံတိုသံစ မထွက်ဘူး

ဆီနံ့ မထွက်ဘူးမေမေ….

………

မိသားစုရဲ့ နှလုံးသား ခိုနားခွင့်မရပေမယ်..

ပွဲခင်းထဲက ဖျာချပ်တွေ တိုင်းမှာ

ကျနော့်နှလုံးသားတွေ မြစ်ဖျားခိုနေတယ်

ဖျာချပ်တိုင်း..က နှလုံးသားတွေက..

ချစ်ခြင်းတရားနဲ့ ကျနော့်ကို ပွေ့ ဖက်တဲ့ညတိုင်း..

မျက်ရည်ကျမိတယ်မေမေ

သူတို့ ကျနော့်ကို အရမ်းချစ်ကြတယ်

ဆန်ကုန်မြေလေး..သေမှအေးမယ်လို့ 

မေမေတို့ ပြောခဲ့တဲ့..သား

ပြဇာတ်ကလို့  သေတဲ့အခါ..ကောင်မလေးတွေသနား

ပရိတ်သတ်တွေ ဂရုဏာထားလို့ 

မသေတာလေး က”ပါလား သားရယ်..

သားကို အဘွား သနားလို့ တဲ့….

မေမေရယ်..

ချစ်ခြင်းတရားဆိုတာ

တနေရာမှာ သဲကန္တာရဖြစ်ပေမယ့်..

အိုအေစစ်ညများမှာ

ဇာတ်မင်းသားလေး ကျနော် ပျော်ခဲ့ရတာ..

မေမေ သိလို့ လား

ခေါင်းမာပေမယ့် ရိုးသားပါတယ်မေမေ

အိမ်က လွင့်ခဲ့ပေမယ်..

ချစ်သူများရဲ့  စင်မြင့်ထက်မှာ

နူးညံ့တတ်တဲ့ကောင်လေး

ပျော်ခဲ့ရတယ်

သူတို့ က ကျနော့် အသက်

ကျနော့်ဘဝ

ကျနော် နှလုံးသား

ခုတော့လည်းမေမေသား ခေါင်းမမာတော့ပါဘူး..

လက်ခုပ်သံတွေရဲ့ အဝေးမှာ..လွမ်းလိုက်ရတာ

ရိုးသားတဲ့ သား

ခုတော့ နောက်ကျောက ထိုးတဲ့ ဓါးကြောင့်

ချိုမိုင်မိုင် ဗိုင်းရပ်စ်တွေ သေလုမျောပါးဖြစ်ခဲ့တယ်မေမေ..

……

……

ဆောင်းညတွေကို ကျနော်လွမ်းတယ်..

ပတ်မသံတွေ ကျနော်လွမ်းတယ်..

ပန်းရနံ့ တွေ ကျနော်လွမ်းတယ်..

ကျနော် စက်ရုပ်လိုနေပေမယ့်..

ကျနော့် လိပ်ပြာ..

ပွဲခင်းအလယ်မှာ မြှုတ်ခဲ့တယ်..

ကျနော့် နှလုံးသားကတော့

ရွာလေးတစ်ရွာမှာ……………. တိတ်တိတ်လေး..

 

 

ခေါင်

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။