ဘုရားမှ … နတ် … ဖြစ်သွားခြင်း …

myohtatOctober 17, 20131min910

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့လေးက
ဖြစ်ရပ်မှန် တစ်ခုပါ …
ကြာတော့ကြာခဲ့ပါပြီ …. တစ်ခါက … ပြွန်တန်ဆာမြို့လေးမှာ …
နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ကြမယ်ဆိုပြီး … ဂေါပကဖွဲ့ကြပါတယ် …
ဘုရားတစ်ဆူကို … (၄၀၀ဝိ/)ကျပ်လေးထောင်နှုံးနဲ့ပူဇော်နိုင်ကြောင်း
ဓါတ်စက်ကနေပြီးကြေငြာပါတယ် … စာရေးတင်ပြသူ မိတ်ဆွေရဲ့မိသားစုက
လမ်းလျှောက်ထွက်လာရင်းကြုံကြိုက်တဲ့အတွက်ကြောင့် .. ငွေ-(၄၀၀ဝိ/)ကျပ်လေးထောင်နဲ့
ဘုရားတစ်ဆူလှူလိုက်ပါတယ် … သူတို့ဘုရားလှူတဲ့အချိန်မှာ …ဂေါပကလုပ်စားတဲ့လူတွေက
နှစ်ဆယ့်ရှစ်ဆူမှာ … (၁၃-ဆူ)တစ်ဆယ့်သုံးဆူသာကျန်တော့ကြောင်း … နှစ်ဆယ့်ရှစ်ဆူပြည့်
သွားပါက …ဆက်ပြီးလှူ ၍ မရနိုင်တော့ကြောင်း ဓါတ်စက်ကနေပြီးကြေငြာနေပါတယ် …
အဲဒီအချိန်အခါက … ငွေ(၄၀၀ဝိ/)ကျပ်လေးထောင်ဟာ … စာရေးသူမိတ်ဆွေမိသားစုအတွက်
အင်မတန်မှ တန်ဘိုးရှိပါတယ် .. သူတို့မိသားစုက အလွန်ဆင်းရဲကြပါတယ် … အိုးပိုင်အိမ်ပိုင်
မရှိကြပါဘူး … လမ်းဘေးမှာဈေးရောင်းရတာပါ … မိမိတို့ချွေးနဲစာလေးနဲ့ ဘုရားလှူလိုက်ရလို့
ဝမ်းသာပီတိဖြစ်နေချိန်မှာဘဲ … (၅-ရက်ခန့်အကြာ)မှာ ဂေါပကလုပ်စားတဲ့အဖွဲ့က .. နတ်မင်းကြီး
(၄-ပါး)ထဲမှ (၁-ပါး) မဲပေါက်ကြောင်းလာပြောပါတယ် … ချက်ခြင်းဘဲ ဂေါပကအဖွဲ့ဆီကိုလိုက်သွားပြီး
မေးတော့ .. လှူချင်သူတွေများသွားလို့ မဲစနစ်နဲ့လုပ်လိုက်ရတာပါတဲ့ … ဘုရားမဲပေါက်သူတွေက
ပိုက်ဆံရှိအသိုင်းအဝိုင်း … အဲဒီမှာတင် .. ဂေါပကလုပ်စားတဲ့အဖွဲ့နဲ့ စာရေးသူမိတ်ဆွေတို့စကား
များကြပါလေရော … စာရေးသူမိတ်ဆွေကလည်းမဟုတ်မခံ .. ဇတ်ဇတ်ကြဲဆိုတော့ …
သူတို့မဲပေါက်ထားတဲ့ထဲက … (၁-ဆူ)ပြန်ပေးလိုက်ပါတယ် …
အမှန်တစ်ကယ်တော့ ဒီလိုကိစ္စမျိုးဟာ(လုံးဝ)မဖြစ်သင့်ပါဘူး .. ဘုရားလှူတာတောင်မျက်နှာကလိုက်သေးတယ် …
ထူးခြားတာလေးတစ်ခုထပ်ပြီးတင်ပြချင်တာကတော့ … တစ်ခါက … ဆင်းရဲမွဲတေပြီး အင်မတန်ဒုက္ခရောက်တဲ့
မိသားစုလေးဟာ … အခုအချိန်မှာတော့ ………. (စေတနာကောင်းလျှင်ကံကောင်းသည်) ….
buddha_padamya2