ရုံးသမားများအတွက် အီးဇီးကွတ် ဝေဝေ စီစဉ်တဲ့ KZ’s ထမင်းဆိုင်

ဇီဇီOctober 21, 20131min43438

ရွာရဲ့ နာမည်ကျော် အီးဇီးကွတ် ဝေဝေလေး ရဲ့ ဒီတစ်ပတ်ကို အားပေးကြပါဦးးးးး
ရုံးသမားတွေ အတွက် စဉ်းစား စီစဉ်ထားတဲ့ အစပ်အဟပ်လေးတွေပါ။
ဝေ့ ကို အကြောင်းကြားပေးတဲ့ ချစ်မမရော၊ လိုလို လားလား ကူညီပေးတဲ့ ဝေဝေ့ကိုပါ အင်မတန်ကျေးဇူးတင်ပါတယ်။
နောက်တစ်ပတ်ကတော့ အမျိုးသား စားဖိုမှူးပါ။

~~~~~~~~~~~~~~~~~~
အသက်လေးရလာပြီဆိုတော့ ကျန်းမာရေးဘက်ကို ဦးစားပေးပြီး အစားအသောက်ကို စဉ်းစားရတယ်လေ .. စားလို့ကောင်းအောင်နဲ့ အချိန်နဲနဲ အကုန်အကျသက်သာဖို့လဲ ဦးစားပေးရသေးတယ်ဆိုတော့ ဟင်းတွေက စပါယ်ရှယ်တွေတော့ ဖြစ်မှာ မဟုတ်ဘူးနော် ..
အလုပ်ထဲကို ထမင်းချိုင့်နဲ့ထည့်ယူသွားလို့အဆင်ပြေမယ့်ဟင်းလျှာတွေကို နေ့လည်စာအတွက်နဲ့ ညနေစာကို သီးသန့် ပူပူနွေးနွေးစားလို့ရတာ ချက်ချင်တယ် .. မနက်စောစောစာအတွက်ကလဲ ကိုယ်တိုင်ပဲ ဖန်တီးရသေးတယ် …

တနင်္လာနေ့
ထုံးစံအတိုင်း တနင်္လာနေ့ဆိုတော့ အပျင်းဓါတ်ခံရှိနေတယ်လေ …
မနက်စာအတွက် ခေါက်ဆွဲသုတ်လုပ်မယ် …
ဆီချက်ကို တနင်္ဂနွေညကထဲက ကြိုတင်ချက်ထားလိုက်တော့ ခေါက်ဆွဲပြုတ်တစ်မျိုးပဲ လုပ်ရမယ် ..
အားရှိအောင် ကြက်ဥတစ်လုံးပါ ထည့်ပြုတ်ထားလိုက်တယ် ..
 ခေါက်ဆွဲကို ကြက်ဥပြုတ်လှီးထည့် ဆီချက်ဆမ်း ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငံပြာရည် ငရုတ်သီးအလှော်မှုန့်နဲ့ အချဉ်အတွက် သံပုရာသီးပဲ ညှစ်ထည့်လိုက်တော့မယ် …
 ကော်ဖီတစ်ခွက်ဖျော်လိုက်ရင် မနက်စာရပြီ ..

နေ့လည်စာအတွက် ပုဇွန်အကောင်ကြီးကြီးတွေကို ဒီအတိုင်းအဖြူထည်ပဲ ကြော်မယ် (လွယ်အောင်လို့) ..
များတယ်လို့ထင်ရအောင် အပေါ်ကနေ ကြက်သွန်နီကို အကွင်းလှီးပြီး နဲနဲတင်လိုက်မယ် …
မျှစ်ကြော်အုန်းမယ် .. ဒီရာသီမှာစားလို့ကောင်းတဲ့ မျှစ်နုနုတွေကို ပြုတ်ပြီး လှီးထားတာရှိတယ်လေ …
အရသာရှိပြီးသားမို့ ဒီအတိုင်းပဲ ဆီနဲနဲ ကြက်သွန်နီနဲနဲဆီသတ်ပြီး အချိုပဲကြော်မယ် …
ဟင်းရည်ကို ပူပူသောက်ချင်တာ .. ဒါပေမယ့် နေ့လည်အထိဆိုရင် အေးသွားမှာမို့လို့ ..
ထမင်းစားချိန်ကျမှ ရေနွေးပူပူလောင်းထည့်ရုံနဲ့ သောက်လို့ရအောင် မြင်းခွာရွက်နုတ်နုတ်စင်းရယ် ..
ပုဇွန်ခြောက် မညက်တညက်ထောင်းရယ် .. ကြက်သွန်ဖြူရယ် အဆင်သင့်ပြင်သွားမယ် ..

ညနေစာကတော့ အသီးအရွက်ကြော်တစ်ခု မပါမဖြစ်လိုအပ်တယ် ..
ကန်စွန်းရွက်ကြော်မယ် ..
မနက်က ချန်ထားခဲ့တဲ့ ပုဇွန်ထုပ်ကို လှီးပြီး သံပုရာရည်နဲ့ချဉ်စပ်သုတ်စားမယ် ..
ပဲနီလေးဟင်းချို ကြာဆံနဲနဲထည့်ပြီး ချက်မယ် …

~~~~~~~~~~~~

အင်္ဂါနေ့
စဉ်းစားရအကြပ်ဆုံးနေ့ပဲ ..
ဒီနေ့က သတ်သတ်လွတ်စားတဲ့နေ့လေ ..
မနက်စောစောစာအတွက် သတ်သတ်လွတ် ဆန်ကြာဇံကြော်မယ် ..
အသီးအရွက်အစုံနဲ့ ဆန်ကြာဇံကြော်ရယ် လက်ဖက်ရည်ရယ် ..

နေ့လည်စာအတွက် ရွှေဖရုံသီးနှပ်၊ ခရမ်းချဉ်သီးသုတ် (မြေပဲမှုန့်နဲ့)၊ ပန်းဂေါ်ဖီကြော်

ညနေစာအတွက် သတ်သတ်လွတ် ရှမ်းထမင်းချဉ် လုပ်မယ် …
အာလူးရယ် ခရမ်းချဉ်သီးရယ် ပဲပုတ်ကြော် မြေပဲကြော် ဂျူးမျှစ် အကုန်ကြိုဝယ်ထားပြီးသားဆိုတော့ လုပ်ရ လွယ်ပါတယ်…..

~~~~~~~~~~~~~

ဗုဒ္ဓဟူးနေ့
မနက်စာ ပေါင်မုန့်မီးကင်နဲ့ ကြက်ဥမကျက်တကျက်ကြော် .. ကော်ဖီ ..

နေ့လည်စာ .. ကြက်သားနဲ့အာလူး (၂ နပ်စာ တစ်ခါထဲချက်လိုက်မယ်)၊
ဘိုစားပဲကို ရိတ်ရိတ်လှီးပြီးပုဇွန်ခြောက်နဲနဲနဲ့အစိမ်းရောင်အတိုင်းဖြစ်အောင်ကြော်မယ်၊

ညနေစာ .. ကြက်သားနဲ့အာလူး၊
 မြင်းခွာရွက်သုတ်၊
 ရောသမမွှေဟင်းချို (လက်ကျန်အသီးအရွက်ရှင်းတမ်း)

~~~~~~~~~~~~~~~~~~

ကြာသပတေးနေ့
မနက်စာ …
ပဲပြုတ်ထမင်းကြော် …
 ကော်ဖီ

နေ့လည်စာ …
 ဝက်သားသုံးထပ်သား သရက်သီးခြောက်နဲ့နှပ်မယ် (၂ နပ်စာ တစ်ခါထဲချက်မယ်) …
 နေ့လည်စာစားမှ ရေနွေးထည့်ပြီးသောက်မယ့်ဟင်းချိုက ဒန့်ဒလွန်ရွက်ဟင်းရည်၊

ညနေစာ …
 ဝက်သားဟင်း၊
တို့စရာအစုံ (ပြုတ်တို့)၊
ပဲဝါလေးဟင်းချို

~~~~~~~~~~~~~~~

သောကြာနေ့
မနက်စာအတွက်
ထမင်းပူပူကို ပဲပြုတ်ဆီစမ်းနဲ့ပဲ စားတော့မယ် .. ကော်ဖီသောက်မယ်

နေ့လည်စာ
ဟင်းချက်စရာ ကုန်သလောက်ရှိပြီမို့လို့ ကြက်ဥပြုတ်ပြီး မဆလာနဲ့ ချက်မယ် ..
ကုလားပဲဟင်းရည် ခပ်ပျစ်ပျစ်ပဲ ချက်မယ် ..

ညနေစာအတွက်
 ဈေးသွားပြီးမှ ချက်ရမှာမို့ လတ်လတ်ဆတ်ဆတ် ငါးကြော်စားမယ် ..
ငါးသေးသေးလေးတွေ အကြွပ်ကြော်မယ် …
မုန်လာဥချဉ်ရည်ဟင်းချက်မယ် …

~~~~~~~~~~~~~~~~

စနေနေ့
ပိတ်ရက်ဆိုတော့ ရှယ်ချက်မယ်စိတ်ကူးပေမယ့်
အိပ်ရာထနောက်ကျသွားလို့
မနက်စာ ကို ကော်ဖီနဲ့ ဘီစကစ်ပဲ စားတော့မယ် ..

နေ့လည်စာအတွက် ငါးကြင်းအကောင်လိုက်ပေါင်းမယ် ..
ချဉ်ပေါင်ဟင်းရည်ချက်မယ် ..
ညနေစာလဲ ငါးကြင်းပေါင်းပဲ ..
ကိုက်လန်ခရုဆီနဲ့ကြော်မယ် …
အရည်သောက်ကတော့ ချဉ်ပေါင်ဟင်းရည်ပဲ …

~~~~~~~~~~~~~~~~~~~~~~

တနင်္ဂနွေနေ့
ညနေစာ ဧည့်သည်တွေလာမှာမို့လို့…..
 ပျော်ပျော်ပါးပါး စားသောက်လို့အဆင်ပြေမယ့် ဟော့ပေါ့လုပ်ဖို့ စီစဉ်ထားပါတယ် ..

နေ့လည်စာကိုတော့ အလွယ်လုပ်လို့အဆင်ပြေမယ့် ထမင်းပေါင်းပဲ လုပ်စားတော့မယ် ..
 ဟော့ပေါ့အတွက် ဝယ်ထားတဲ့ အသီးအရွက်နဲ့ ငုံးဥ ကြက်သားလဲရှိတာမို့လို့ သီးရွက်စုံပဲ …

ဟော့ပေါ့လုပ်စားပြီး ဧည့်သည်တွေလဲ ပြန်သွားပြီးရော တော်တော်မောသွားပြီ …
 နောက်အပါတ် ထမင်းဆိုင်ပိတ်ပြီး စာဖိုးမှူး သဲနုအေးဆီမှာ ထမင်းချိုင့်ဆွဲပဲ အော်ဒါမှာစားတော့မယ် …
~~~~~~~~~~~~~~~~~~~~~~~~~~~

ရုံးတစ်ဖက် နဲ့ မအားတဲ့ သူကို အကူအညီတောင်းရတာ အားနာမိသော်လည်း အစပ်အဟပ်တည့်တဲ့ အီးဇီးကွတ်လေးတွေမို့ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။

 

ဝေ မအားလို့ ချက်နည်းတွေပြန်မဖြေနိုင်ရင်
စားဖိုမှူး သဲ
စားဖိုမှူး ကျောက် နဲ့
စာဖိုမှူး ချစ်မမ တို့ ကူကြပါဦးနော်။ ဟိဟိ
:chit:

38 comments

  • ဦးကျောက်ခဲ

    October 21, 2013 at 9:15 am

    ဟီ ဟိ အရိုးနူးအောင်ပေါင်းထားတဲ့ ငါးကြင်း စားချင်တယ်… ရှလွတ်…
    ကျောက်စ်ကတော့ ဒီနေ့ ကြက်သား အာလူးဟင်းနဲ့ ထမင်းဗူးထည့်လာတယ်…
    သရက်ချဉ်သုတ် အအီပြေလေးလည်း ပါသပေါ့… အား ဟိ
    😀

    • TNA

      October 21, 2013 at 9:39 am

      အာဟိ ဟင်းလဲစားမယ်ကျောက်စ်။ အိမ်မှာလဲဒီနေ့ ကြက်အာလူးချက်တယ်။ ငိငိငိ

  • weiwei

    October 21, 2013 at 9:27 am

    ဒီနေ့ မနက်ထဲက ထမင်းဆိုင်အဖွင့်ကို စောင့်ကြည့်နေတာ …
    ဒီအပါတ်စားဖိုမှူးက ဝါသနာရှင်ဆိုတော့ တစ်နေကုန်ချက်နေမှာ … ၃ နပ်စာလုံးအတွက် ရမယ်နော် …

    • KZ

      October 21, 2013 at 10:17 am

      ဟိ။
      တော်သေးတယ်။ စားဖိုမှူးကိုယ်တိုင်လာပြီ။
      လာနော် လာနော်။
      စားဖိုမှူးကိုယ်တိုင် ဟင်းချက်နည်းတွေ ဖြေပေးမှာ။

      🙂

  • TNA

    October 21, 2013 at 9:42 am

    မိုက်တယ် ဒီတပါတ်ထမင်းဆိုင်က။ ဆိုင်သွားစားရင်လဲပူပူနွေးနွေးရမယ်။ အိမ်မှာချက်ရင်လဲ မြန်မဒယ်။ တခါတလေချက်ရမှာပျင်းလို့ စားခါနီးမှချက်လို့ရတဲ့ဟင်းတွေလိုက်ရှာနေတာ။ ကူးထားလိုက်ပဗျို့။ ဟင်းချို တွေအိုက်လိုရေနွေးလောင်းထည့်လို့ရမှန်းခုမှသိတယ်။ မှတ်ထားလိုက်ပါပြီ။ စီစဉ်သူကေဇီကော ချက်ပြုတ်သူမဝေကောကျေးကျေးပါ။

    • KZ

      October 21, 2013 at 10:14 am

      တနင်္လာနေ့တိုင်း ရုံးစဖွင့်တဲ့ နေ့မို့ စိတ်ညစ်နေကျ။
      ဒါမဲ့ ဝမ်းသာစရာရှာပြီး ထမင်းဆိုင်လေးဖွင့်လိုက်တော့ ကိုယ့်ဆိုင်နဲ့ ကိုယ့်စားဖိုမှူးလေးကို ဘယ်သူတွေ လာအားပေးမလဲလို့ စိတ်လှုပ်ရှားရင်း မန်းဒေး ဘလူးကို မေ့သွားရော။

      ကိုယ့်ဆိုင်လေးကို စောင့်နေတယ် ဆိုတဲ့ မွသဲ စကားလေးနဲ့တင် ဆိုင်ဖွင့်ရကျိုးနပ်ပါ့။

      :chit:

  • weiwei

    October 21, 2013 at 9:48 am

    ဒီနေ့ ပုဇွန်ငါးဆုပ်ဆီပြန်ချက်တယ် .. မနေ့က ဈေးထဲမှာ ပုဇွန်အသေးတွေလတ်လတ်ဆတ်ဆတ်တွေ့တာနဲ့ ငရုတ်ဆုံနဲ့ထောင်းပြီး ကြက်သွန်ဖြူနဲနဲ ကော်မှုန့်နဲနဲရောနယ်ပြီး အကြွပ်အရင်ကြော်တယ် .. ပြီးတော့မှ ခရမ်းချဉ်သီးနဲ့ ဆီကျန်ရေကျန်ချက်တယ် မီးပိတ်ခါနီးမှာ ရုံးပတီသီးလှီးထည့်တယ် … နံနံပင် ငရုတ်သီးစိမ်းအုပ်လိုက်တယ် …
    အရွက်ကြော်ကိုတော့ မုန်ညင်းဖြူရွက်ပဲ ကြော်ခဲ့လိုက်တယ် ..

    • KZ

      October 21, 2013 at 10:15 am

      ဟယ်။
      ဝေ ။
      စားချင်စရာလေးပါလားးးးးး
      ဂလို မိန်းမ ပီသတဲ့ အမျိုးသမီးလေးတွေ ဘယ်လိုချစ်မှန်းမသိ။
      အေးချမ်းကြပါစေ။

      :chit:

      • ဗုံဗုံ

        October 21, 2013 at 10:37 am

        စားချင်လိုက်တာ…… သောကြာနေ့က ဟင်းလေးတွေပိုကြိုက်တယ်..
        မီးလည်းမိန်းမပီသပါတယ်.မမဂျီးရဲ့
        ထမင်းပေါင်းအိုးထဲမှာ ကြက်ဥထည့်ပြုတ်ခဲ့တယ်…
        ပြီးတော့ ဇွန်းနဲ့ခပ်ယူတယ်…
        အခွံခွာတယ်.
        ပူလွန်းလို့ လက်ကနေ လွတ်ကျသွားတယ်.. ငတ်ကရော… :mrgreen:

        • KZ

          October 21, 2013 at 11:04 am

          အဲလော့လည်း မိန်းမပီပီ ငိုပလိုက်!

          :hint:

  • Mr. MarGa

    October 21, 2013 at 10:32 am

    ဂလု ဂလု ဂွပ် ဂွပ်
    မနက်စာ ခေါက်ဆွဲသုပ်နဲ့ ကော်ဖီ ဝင်တီးသွားပါကြောင်း
    နေ့လည်စာအတွက် ချိုင့်ပါ ဆွဲသွားပါကြောင်း
    နောက်ရက်အတွက် စရံသတ်ပါကြောင်း
    :mrgreen:

    • KZ

      October 21, 2013 at 11:05 am

      ဟိ။
      ဟုတ်ပါ့။
      အဲဒါလေးက စားချင်စရာလေးမို့ နောက်တစ်ပတ် စနေလောက် လုပ်စားမို့။
      ဓာတ်ပုံ တင်လိုက်မယ်နော် တဂျားးးး

      😀

  • မဟာရာဇာ အံစာတုံး

    October 21, 2013 at 10:46 am

    ငါးသေးသေးလေးတွေ အကြွပ်ကြော်မယ် …

    အိုက်ဒါ .. အိုက်ဒါ ..
    အကျိုက်ဆုံးဗျဲစ် ….
    ဂျလွတ် .. ဂျလွတ် နဲ့ ဝါးစားလိုက်ရရင် မြည်သံလေးကလည်း သာယာသေး
    စားလို့ကလည်း ကောင်းသေးးး
    နောက်ခါ ကြုံယင် အိုက်ဒါလေး ကြော်ကျွေးဂျာ …
    :mrgreen:

    • KZ

      October 21, 2013 at 11:06 am

      ငါးတေးတေးလေးဒွေ စားဖို့ သွားကျိုးနေတာ ဝါးလို့ ရပါ့ မလားဟမ်?

      :mrgreen:

      • TNA

        October 21, 2013 at 11:21 am

        အကောင်လိုက်မျိုမှာ တူဂ။

  • sorrow weaver

    October 21, 2013 at 11:33 am

    ဘဝပေးကုသိုလ်ကံနည်းခဲ့တော့ …တရက်တရက် ဘာစားလို့စားရမှန်းမသိ …မိဘနဲ့လဲမနေရ .ချက်ကျွေးမယ့်လူကလဲမရှိ….အဟင့်ဟင့် …လေယဉ်မယ်ကြီးရေ …နာ့ကို မြန်မြန် ယူပါတော့ ..အဟင့်ဟင့် ..

    • KZ

      October 21, 2013 at 12:40 pm

      ပြောတော့ ချက်တတ်တယ် ဆိုပြီးးးး

      😀

  • Ma Ma

    October 21, 2013 at 3:31 pm

    ဆိုင်ပိုင်ရှင်က ဟင်းစပ်တွေရေးဖို့ပြောတော့ ချက်ခြင်းပဲ အီးဇီးကွတ်ကို သတိရလိုက်တယ်။
    (အားပေးနေကျမို့) 😀
    ဝေဝေပြောသလို ပိတ်ရက်ဆိုတော့ ရှယ်ချက်မယ်စိတ်ကူးပေမယ့် အိပ်ရာထနောက်ကျသွားတာတွေကလည်း မကြာခဏဖြစ်တတ်လို့ တစ်နေကုန် ခေါက်ဆွဲသုတ်နဲ့ပဲ နှစ်ပါးသွားရတာတွေလည်း များပါ့။
    ခေါက်ဆွဲသုတ်ကို ကြိုက်တဲ့အပြင် ကေဇီလေးရဲ့ နည်းစနစ်ကိုလည်း မှတ်ထားတော့ အသားသုတ်လုပ်လိုက်၊ အရွက်သုတ်လုပ်လိုက်ပေ့ါ။ 🙂

    ဒီတစ်ပတ်တော့ နာမည်ကျော်စာဖိုမှူ းလက်ရာမို့ ဒီထမင်းဆိုင် လူစည်အုံးမယ်။ 🙂

    • KZ

      October 21, 2013 at 3:53 pm

      အန်။
      အနော့ ဘယ် နည်း စံနစ်တုန်း ချစ်မ။။
      ယုံမှတ်ပြီး မပုံအပ်လိုက်ပါနဲ့နော်။ ဟိ။
      😀

      ဝေ က စိတ်ရှည်လက်ရှည်ကို အချိန်ပေး စပ်ပေးထားတာတော့။

      • Ma Ma

        October 21, 2013 at 4:16 pm

        ဂျံ ု ခေါက်ဆွဲသုပ် အလွယ်နည်း ဆိုပြီး တင်ပေးထားတာရှိတယ်လေ။
        မေ့သွားရင် ပြန်ကြည့်ဖို့ https://myanmargazette.net/161517 🙂

        • KZ

          October 21, 2013 at 4:24 pm

          အဲ !!!
          ဟီးဟီးးးးးး
          ဟုတ်တယ်။
          ကွကိုယ် မေ့နေတယ်။
          ကျေးကျေးပါ ချစ်မရေ။

          :chit:

  • Shwe Ei

    October 21, 2013 at 5:13 pm

    ဟင်းသီးဟင်းရွက်တွေနဲ့ အရေသောက်ချက်နည်းလေးကြိုက်တယ်တော့

    အရေသောက်ပါရင် ဟင်းမပါလဲ ကြက်ဥကြော်လောက်နဲ့ ထမင်းစားလို့ မြိန်တာမို့ ဒီတပတ် အီးဇီးကွတ်ကိုလဲ အကြိုက်တွေ့မိပါကြောင်း :hee:

    • KZ

      October 22, 2013 at 10:42 am

      ဟိ။
      အဲလာဆို နေ့တိုင်း လာ အားပေးးးးနော်။

      😀

  • alinsett

    October 21, 2013 at 5:38 pm

    အင်းးး
    ကိုယ့်အသဲလေး ချစ်သုဝေ တော့ ဒါတွေ မြင်မမြင်မသိ
    ကိုယ်ကတော့ တင်လိုက်တိုင်းဖတ်နေလေတော့
    ကိုယ်ပဲချက်ပြုတ်ကျွေးနေရတော့မယ်ထင်ပါရဲ့

    ချစ်သုဝေနဲ့မညားလည်း ဒေါ်ဖွားမေ ပေါ့လေ

    • KZ

      October 22, 2013 at 10:42 am

      ဖွားမေရဲ့ ကျွတ်ကျွတ် အကြော် သာ စားပါအေ

      :mrgreenn:

  • surmi

    October 21, 2013 at 10:15 pm

    ်ဟင်​းချိုအလွယ်​ချက်​နည်​း​တော့သ​ဘောကျသွားဘီ…
    ​ခေါက်​ဆွဲသုပ်​ကို​တော့ဘာ်​လိုကြိုက်​မှန်​းမသိကြိုက်​မိတာပဲ…
    အခုမှတကယ်​့ကိုစားဖိုမှူးများဆုံစည်​းရာဖြစ်​သွားတာ
    အားကျလိုက်​တာ
    ပြီး​တော့…
    ဗိုက်​လည်​းဆာတယ်​…. 🙂

    • KZ

      October 22, 2013 at 10:37 am

      သူများပြောနေတယ်။
      ဆာဆာ့ အလှည့်လာမယ်။
      မအားသေးလို့ မပူစာရသေးလို့ ဟိဟိ

      😀

  • Crystalline

    October 22, 2013 at 11:28 am

    မမဝေရဲ့ဟော့ပေါ့စားချင်တယ်…. အပေါ်စကာခုံးလေးပေါ်အသားကင်.. ဘေးခွက်တွေထဲဟော့ပေါ့ပြုတ်.. ရှလွတ် :))

    • KZ

      October 22, 2013 at 11:34 am

      ဟိ။
      ပြီးမှ ဓာတ်ပုံ ပို့လိုက်မယ်။
      စားချင်လာပြန်ပြီ

      :sar:

  • weiwei

    October 22, 2013 at 12:49 pm

    ဟော့ပေါ့ကို မကြာခဏ လုပ်စားဖြစ်တယ် … ရေခဲသေတ္တာရှင်းချင်ရင် ဟော့ပေါ့လုပ်ပစ်လိုက်တာပဲ … လိုက်လိုက် မလိုက်လိုက် ရှိသမျှအကုန်ထုတ်ပြီး ပြုတ်စားလိုက်တာပဲ ..
    ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာမို့လို့ ကောင်းပါတယ် …
    ဟော့ပေါ့မှာ အချဉ်က အဓိကပဲ …
    အချဉ်စပ်နည်းကို ပို့စ်တင်ထားဖူးတယ် ..

    • KZ

      October 22, 2013 at 3:07 pm

      ဟေးဟေးးးး
      ဟုတ်တယ်။
      ဒါမဲ့ အနော် က ပြုတ်တာကို အချဉ်ကောင်းမှ စားတယ်။
      ဝေ့ အချဉ် လုပ်နည်း ပြန်ရှာဦးမှ။

      🙂

  • kai

    October 22, 2013 at 1:19 pm

    ပုဇွန်ငါးဆုပ်ဆီပြန်ဟင်းကို..တော်တော်စိတ်ဝင်စားမိသဗျ…
    ချက်ကြည့်ဦးမှ…။
    ဒါပေမယ်.. ရုံးပတီသီးရောထည့်တာကို.. အကြောင်းရှာမရလို့.. သိပ်သဘောမတွေ့လှ..
    ပစ်ချွဲချွဲဖြစ်သွားတာကိုပဲ.. ယူချင်တာလား..မသိ.. :mrgreen:

    • ဦးကျောက်ခဲ

      October 22, 2013 at 1:59 pm

      တဂျီးကလည်း မီးဖိုဆောင်မဝင်ဖူးကြောင်း တဖက်လှည့်နဲ့ ကြွားပြန်ပြီ…
      ဟင်းကျက်မှ ရုံးပတီသီးကို အလယ်က ရွေရွေလေးလှီးပြီးထည့်…
      အိုးဖုံးလေးပိတ်ပြီး မီးချလိုက်တာပေါ့ဗျ…
      အဟမ်း… တော်နေကြာ နေ့တိုင်း ရုံးပတီသီးစားမယ် ဖြစ်သွားဦးမယ်…
      😀

    • KZ

      October 22, 2013 at 3:09 pm

      ကျနော် စဉ်းစားမိတာတော့ ကြော်တဲ့ အဆင့်မှာတင်ရပ်မလို့.။
      ထပ်ချက်တာကို မကြိုက်ဘူးးးး
      ဟိ။
      မြည်းလို့ ကောင်းလိမ့်မယ်။

      😀

  • Wow

    October 22, 2013 at 3:37 pm

    တနင်္လာနေ့မှ သောကြာအထိက ပျင်းပျင်းနဲ့ အလွယ်တကူချက်စားဖစ်သော ဟင်းစပ်များနှင့် အတော်တူပါ ကြောင်း… ကြိုက်လဲ အားလုံးကြိုက် .. စနေ၊ တနင်္ဂနွေ ဆိုရင်တော့ ရှယ် အုန်းထမင်း၊ ငါးခေါင်းများများကို ချဉ်ပေါင်အပေါ်က အုပ်ရုံ အုပ်ချက်… ပေါရင်းစားချင်လာဘီ.. :mrgreen:

    • KZ

      October 22, 2013 at 3:42 pm

      လေးဇီး လည်း ပြီးပြီ။
      အီးဇီးလည်း ပြီးပြီ။
      ကျောက် ချက်နည်းတွေက ဘီးဇီး ပဲ။
      အာတီဒုံရဲ့ အီကို ကျန်သေးတယ်။

      😀

  • အရီးခင်

    October 23, 2013 at 3:57 pm

    ဒီရက် အပြေးအလွှား ဈေးကစား နေရလို့ အသံတိတ် နေမစိုးလို့ အသံပေးသွားကြောင်းလေး။

    ကျေးဇူးကြီး ကတော့ ကြီးပါ့ ဝေဝေ နဲ့ ကေဇီ ရေ။
    အားကျလွန်းလို့ ကြိုးစားလိုက်တာ ထမင်းဝိုင်းမှာ ဟင်းရည်သောက်တို့၊ အသုတ်တို့ ပါလာနေတတ်ပြီ။
    ဟိုးတစ်နေ့က ခေါက်ဆွဲကြော်တယ်။
    မနေ့က ပဲနီလေးဟင်းချို၊ ခရမ်းချဉ်သီး ငပိချက်၊ ငါး(ပင်လယ်ငါး) ဟင်း အချိုချက်၊ ပဲငပိထည့်ထားတဲ့ ငရုတ်သီးကြော်ကတော့ ရယ်ဒီမိတ်ဗူး ကပါ။
    ဒီနေ့တော့ ပဲနီလေးဟင်းချို (လွယ်လွန်းလို့ ထပ်ချက်) ၊ ကြက်ဥချဉ်ချက်၊ ဂေါ်ဖီရွက် နဲ့ ကြက်ဥ ကြော်၊ သရက်သီးသနပ် (ရယ်ဒီမိတ်ဗူး)။
    မနက်ဖြန်တော့ အာလူး၊ ကြက်သား နဲ့ အရွက်ပြုတ် (ဟင်းနုနွယ်) သုတ် ဖြစ်မလားဘဲ။
    :-)))))))))

    • KZ

      October 23, 2013 at 4:49 pm

      အဲ။ အရီးရေ။
      အဲဒီ ကိုယ်တွေ ဟင်းစပ်တွေကို ပေးချင်ဘူးလားဟင်?
      မြစာကလေးရဲ့ ဟင်းစပ်တွေလေ…..

      🙂

Leave a Reply