အားလုံး သိတဲ့အတိုင်းပါပဲ..။ တွံတေး ပရဟိတမိဘမဲ့ကျောင်းမှာ ခလေးတွေ ၆၀၀ရာကျော်ရှိတာပါ..။ ခု မိုးတွင်းလဲ ဖြစ်တော့ သူတို့အ၀တ်တွေက မခြောက်တော့ ၀တ်စရာကမရှိ၊ မခြောက်တစ်ခြောက်ကိုပဲ ဖြစ်သလိုဝတ်တော့ ဖားဥတွေစွဲ၊ နေမကောင်းတွေဖြစ်၊ အရေပြား မှိုစွဲတာနဲ့ ကြားရတာ တစ်ကယ် စိတ်မကောင်းပါဘူး..။ ကောင်းကင်ပြာအ၀တ်တွေရော၊ နီးစပ်ရာတွေမှာ အလှူခံပြီး အ၀တ်တွေ ကျောင်းသွားပို့ချင်စိတ် အရမ်းဖြစ်ပါတယ်..။ ဒါပေမယ့် တစ်ခုခက်တာက ကောင်းကင်ပြာ အသိတွေကိုလဲ အလှူခံပြီး၊ ကိုယ်တိုင်လဲ ဘီရိုဖွပြီး၊ မိဘနဲ့ ဆွေမျိုးတွေကိုလဲ မဲဆွယ် အတင်းဝင်ရောက် နှောင့်ယှက်ယူငင်အနုကြမ်းစီးပြီးနောက်………………….

ကောင်းကင်ပြာလဲ လက်ချမီးမဟုတ်နေတော့ အဲ့အထုတ်တွေနဲ့ ဘယ်လိုခရီးဆက်ရမှန်း မသိဖြစ်နေပါတယ်.။ ရုံးက သွားဖြစ်ရင်တော့ ရုံးက ကားနဲ့ အဆင်ပြေတယ်ရှင်။ ခု ရုံးမှာ စုံစမ်းကြည့်တော့ အစီအစဉ်က မရှိနေသေးပါဘူး..။ ကိုယ်တိုင်ကားငှားသွားဖို့ကျတော့လဲ အဲ့လောက် သူရဲကောင်း မလုပ်ရဲဘူးရှင့်..။ သိကြတဲ့အတိုင်းပါပဲ..ဒီလကို..။ ကြိုတင် Budget တွက်ကြည့်တော့ Income နဲ့ Expenses ရဲ့ Balance က (-) တောင် ပြနိုင်သေးတယ်..။ (ဒီလမို့ (-) ပြလို့ နောက်လလဲ (+) မဖြစ်ပါဘူးလို့..:-D)။ ဒီလ ပိုဆိုးတာက ကန်တော့ပစ္စည်းရောင်းစားသလို ရမယ့်မုန့်ဖိုးတွက်ပြီး ကန်တော့ပစ္စည်းဝယ်တာမျိုးကြတော့လဲ နည်းနည်းရှက်သလားလို့ပါ။ ပျိုးတာ နည်းနည်းများ များသွားလား မသိဘူး။ လိုရင်းပဲ တည့်ပြောပါတော့မယ်..။

ဘီရိုလေးတွေ ရှင်းလိုက်ရအောင်ဆိုလို့ တခြားတော့ မဟုတ်ပါဘူး…။ ရွာသူ၊ ရွာသားတွေရဲ့ ဘီရိုတွေကို ရှင်းစေချင်တာပါ..။ ဒါမှလဲ ကိုယ့်အတွက် မလိုတော့တဲ့၊ မတော်တော့တဲ့၊ မကြိုက်တော့တဲ့ အ၀တ်အစားတွေ ထွက်လာမှာကိုး…။ ခလေးတွေနဲ့ ဆိုဒ်တော်မတော်ကတော့ မပူပါနဲ့နော်..။ ဆိုဒ်စုံ၊ လူစုံမို့ အဆင်ပြေမှာပါ…။

ဒါကြောင့် ရွာသူ၊ ရွာသားများအချိန်ရရင်ဖြင့် အားလုံးစုပေါင်းပြီး ကိုယ့်အတွက်ပိုနေတဲ့အသုံးအဆောင်လေးတွေ ဝေငှကြရအောင်ပါလို့ သီတင်းကျွတ် အခါသမယမှာ နိဗ္ဖာန် အကျိုးမျှော်ပြီး နှိုးဆော်ပါတယ်ရှင်..။ သွားဖြစ်တယ်ဆိုရင်တော့ အတိုင်းမသိ ၀မ်းသာမိမှာပါ..။ အားလုံးရဲ့ Comment များ မျှော်လင့်လျှက်

 

ကောင်းကင်ပြာ

Kaung Kin Pyar

About Kaung Kin Pyar

Kaung Kin Pyar has written 49 post in this Website..