ဘောလုံးလောက ဟာသများ

Good IdeaAugust 4, 20101min1134

“ငါ့စကား နားထောင်တယ်”

ချဲလ်ဆီအသင်းမှ ကစားသမား အက်ရှ်လေကိုး အိမ်သို့ မူးပြီးပြန်လာသည်။
လိုက်ပို့သည့်အဖော်ဖြစ်သူက “မင်း ဒီလောက်မူးနေတာ မိန်းမတွေ့ရင်တော့ ပြဿနာတက်မှာနော့်”
အက်ရှ်လေကိုးက ပြန်ဖြေသည်။ “အေးဆေးပါ။ မိန်းမက ငါ့စကားကို နားထောင်ပြီးသား။ ဘာပြဿနာမှ မရှိဘူး”

အိမ်ရောက်သော် အလွန်အကျွံ မူးနေသည့် အက်ရှ်လေကိုးအား မိန်းမဖြစ်သူက လက်ညှိုးထိုးကာ…
“ရှင်… ဒီအရည်တွေ သောက်လာပြန်ပြီလား ဟင်…မသာကြီး… မသာကြီး…” ဟု ဆဲသည်။
ထိုအခါ ယင်း၏အဖော်က “ဟေ့ကောင်… ဘယ်လိုလဲ… မင်းပြောတော့ မင်းစကားနားထောင်တယ်ဆိုကွ”
“မပူပါနဲ့ကွာ။ ငါပိုင်ပါတယ်ကွ။ ဟေ့ မိန်းမ… နောက်(၂)ခါလောက်ထပ်ပြောစမ်း”။ မိန်းမဖြစ်သူက ထပ်ဆဲပြန်သည်။
ထိုအခါ အက်ရှ်လေကိုးက အဖော်ဘက်သို့လှည့်ပြီး… “ဟဲ..ဟဲ ..တွေ့လား… ငါ့မိန်းမက ငါ့စကား နားထောင်တယ်နော်။ ယုံပြီလား”

…………………………

………………………………………………………………………………………………….

“အရက် ပြန်သောက်ပြီ”

မန်စီးတီးအသင်းမှ တိုက်စစ်မှူး ဘယ်လာမီအား သူ၏ဇနီးက မြည်တွန်တောက်တီးနေသည်။
“ရှင့်မလည်း ညစဉ်ညတိုင်း အရက်သောက်ပြီးပြန်လာတာ ကျမစိတ်ညစ်လှပြီရှင့်။ ဘေးအိမ်က ရှင့်သူငယ်ချင်း အခု အရက်ဖြတ်လိုက်ပြီသိလား။ ရှင်က သူ့လောက်တောင် စိတ်မခိုင်ဘူး´´

ထိုအခါ ဘယ်လာမီက စိတ်ဆိုးမာန်ဆိုးဖြင့်
“ဘာ….ငါစိတ်မခိုင်ဘူးဟုတ်လား။အေး…..မင်းနဲ ့ငါဘယ်သူစိတ်ခိုင်သလဲကြည့်ရအောင်။
ဒီနေ ့ကစပြီး မင်းနဲ ့ငါ တစ်ခန်းစီ ခွဲအိပ်ကြမယ်´´

၎င်းတို ့နှစ်ဦး ထိုကဲ့သို ့နေထို်င်ခဲ့ရာ တစ်ပတ်ခန့် ကြာမြင့်ပြီးနောက် ညအချိန်တခု၌ မိန်းမက ဘယ်လာမီ၏ အခန်းတံခါးကို လာခေါက်သည်။
ဘယ်လာမီ ။  ။”ဘယ်သူလဲကွ´´
ဇနီး ။   ။“ကျမပါ´´
ဘယ်လာမီ။   ။“ဘာကိစ္စရှိလို ့လဲ´´
ဇနီး။   ။“ဟို…ဟို…ရှင့်သူငယ်ချင်းအရက်ပြန်သောက်နေပြီဆိုတာပြောမလို ့ပါ´´
………………………………………………………………………………………………………………………….

“အဖေ ဘယ်သူလဲ”

မန်ယူအသင်းမှ နောက်ခံလူဖာဒီနန်၏သားဖြစ်သူသည် ကျောင်း၌ အခြားကလေးတစ်ဦးကို ရိုက်နှက်သဖြင့်
ကျောင်းအုပ်ဖြစ်သူက ရုံးခန်းသို့ ခေါ်ယူအပြစ်ပေးသည်။ ထိုသတင်းကြားသော် မိခင်ဖြစ်သူက လိုက်လာပြီး သူမ၏သားကို ယခုကဲ့သို ့အပြစ်ပေးသည့်အတွက် အလွန်ဒေါသထွက်ကာ ကျောင်းအုပ်ကို ဆူပူကြိမ်းမောင်းလေသည်။

ထို့နောက် သူမက“ဆရာ့အနေနဲ ့ကျွန်မသားကို အခုလ်ိုမလုပ်သင့်ဘူးရှင့်။ သုူ ့အဖေ ဘယ်သူလဲဆိုတာ ရှင်သိလား´´
ထိုအခါ ကျောင်းအုပ်ဖြစ်သူက အံဩသည့်မျက်နှာဖြင့် “အော်…ကျနော်က..ကလေးအဖေကို ဖာဒီနန်လို့ပဲ ထင်ထားတာ ခင်ဗျ´´။
……………………………………………………………………………………………………………………………တနေ

“ကြိုက်တာယူပါဆိုလို့”

တနေ့တွင် ဘာစီလိုနာ ကလပ်အသင်းမှ ကစားသမားဖြစ်သူမက်ဆီသည် အထုပ်အပိုးများ မနှိင်မနင်းဆွဲ၍ အိမ်ပြန်လာသည်။ သူငယ်ချင်းများက မက်ဆီကို ဝိုင်းမေးကြသည်။ “ဟေ့ကောင်…ဘယ်လိုဖြစ်တာလဲကွ….အထုပ်အပိုးတွေမနိုင်မနင်းနဲ ့´´
“ငါ့ရှေ ့ကိုကွာ…အထုပ်အပိုးမနိုင်မနင်းနဲ ့ကောင်မလေးတစ်ယောက် ရောက်လာတယ်။
ပြီးတော့ အထုပ်အပိုးတွေကို ပစ်ချတယ်။ နောက်သူ ့အင်္ကျ ီကိုဆွဲဖြဲလိုက်ပြီး…ကဲ…ရှင်ကြိုက်တာ ယူဆိုပြီး ပြောပါရောကွာ။ တခုခုကိုမှ မရွေးရင် သူ့ကိုယ်သူ သတ်သေမယ်တဲ့´´

ထိုအခါ သူငယ်ချင်းများက စိတ်ဝင်စားသဖြင့် ဝိုင်းလာပြီး…“ဟာ စိတ်ဝင်စားစရာပဲ။ ဒီတော့ မင်းဘာလုပ်လိုက်သလဲ။ ပြောပါဦး´´ သူငယ်ချင်းများ၏ စကားကြားသော် မက်ဆီက အလွန်စိတ်ပျက်သည့်ပုံစံဖြင့်
“ဒီအထုပ်အပိုးတွေပဲ ယူလာရတာပေါ့ကွာ။ သူ ့အကျီ င်္တွေကပြဲသွားပြီဆိုတော့ ဘာလုပ်လို ့ရတော့မှာလဲ´´

……………………………………………………………………………………………………………………………..

“ဘာတွေတိုးလာသလဲ”

လီဗာပူးအသင်း၏ ၂၀၀၉ ခုနှစ် နှစ်ပတ်လည် ဘုတ်အဖွဲ့ အစည်းအဝေးတွင် ဖြစ်သည်။
အသင်းပိုင်ရှင်ဖြစ်သည့် တွမ်ဟစ်က အမှာစကား ပြောကြားရာတွင်…
“အသင်းရဲ့ အခြေအနေက အားရစရာကောင်းလှပါတယ်။

စီးပွားရေးပိုင်းမှာလည်း မထင်မှတ်လောက်အောင် တိုးတက်လာခဲ့တာ
ဝမ်းသာစရာပါ။ ဒီနှစ်အစပိုင်းမှာဆို မနှစ်ကထက်(၃၀)ရာခိုင်နှုန်းတိုး
လာတယ်။ နောက်(၃)လကြာတော့ (၆၀)ရာခိုင်နှုန်းထိ ဖြစ်လာတယ်။
အဲ… အခုတော့ (၇၅)ရာခိုင်နှုန်းအထိတိုးလာခဲ့ပါပြီ…။´´

ထိုအခါ အစည်းအဝေးခန်းမအတွင်း၌ ရှိနေသည့် အသင်းမန်နေဂျာဘင်နီတက်ဇ် (ယခုလက်ရှိ အင်တာမီလန်) က
“ဘာပဲဖြစ်ဖြစ်တိုးလာ တာတော့ဝမ်းသာစရာပဲပေါ့နော်။ ဒါပေမဲ့ ဘာတွေတိုးလာတာလဲ ဆိုတာတစ်ချက်လောက် ရှင်းပြပါဦး´´ ဘင်နီတက်ဇ်စကားကြားသော် တွမ်ဟစ်က ခေါင်းကုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“အကြွေးတွေပါ´´

(နိုင်ငံတကာ ဘောလုံးဟာသများကို ကူးယူဖော်ပြထားသည့် JACBA ဘလော့မှ တဆင့် ထပ်မံ ကူးယူဖော်ပြပါသည်။)[ngg_uploader id=4]

4 comments

  • kopauk mandalay

    August 4, 2010 at 3:14 pm

    မြန်မာပရိုဘောလုံးလောက က ဟာသလေးတွေရှိရင်တင်ပေးစေချင်ပါတယ်။
    မြန်မာဖြစ်ဟာသလေးတွေလဲ ဖတ်ချင်လို့ပါ။

  • Thiri

    August 5, 2010 at 2:38 am

    အခုလို ဟာသလေးတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ၊ ဘဝအမောတွေ ခဏတော့ ပျေပျောက်သွားပါတယ် ..

  • intro

    August 5, 2010 at 10:11 am

    ဓါတ်ပုံက ပုဂိ္ဂုလ်က Casanno လား ခင်ဗျ။

    • Good Idea

      August 5, 2010 at 10:21 am

      ဘယ်သူမှန်းတော့ မသိဘူးဗျ။ အင်တာနက်ထဲ လျှောက်မွှေထားတာ။ ရိုးမားအသင်းက ဆိုတာတော့ သေချာတယ်။ သူ့ခမျာ အတော်ကို စိတ်ပျက်လက်ပျက် ဖြစ်နေပုံရတယ်ဗျ။

Leave a Reply