ပခုက္ကူတွင်အသက်မပြည့်သေးသောကလေးငယ်များအဓမ္မပြုကျင့်မခံရစေရေးနှင့်ယာဉ်/လမ်း စည်းကမ်းအသိပညာပေးဟောပြောပွဲကျင်းပ

Thiha Phone MoOctober 17, 20131min660

ပခုက္ကူမြို့ ၊ အထက(၁)နှင့် အထက(၂)ကျောင်းတို့တွင် အောက်တိုဘာ(၁၅)ရက်နေ့နံနက်(၈)နာရီ(၃၀)မိနစ်ချိန်က အသက်မပြည့်သေးသောကလေးငယ်များအဓမ္မပြုကျင့်မခံရစေရေးနှင့်                         ယာဉ်/လမ်း စည်းကမ်းအသိပညာပေးဟောပြောပွဲကျင်း ပပြုလုပ်ခဲ့ကြောင်းအစီအစဉ်အရ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး သန်းစိုး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး ဌေးအောင် နှင့်                                            ပခုက္ကူ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်နိုင်မိုးတို့မှအသီးသီးဟောပြောခဲ့ကြကြောင်း ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ညိုမြင့်၊အထက(၁)ကျောင်းအုပ်ဆရာမကြီး                              ဒေါ်အေးအေးနိုင်၊ အထက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းရီ နှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူစုစုပေါင်းအင်အား(၁၄၀၀)ကျော်တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။