(၂၇)ကြိမ်မြောက်ဆီးဂိမ်းအကြိုတာဝေးစက်ဘီးစီးနင်း လှုံဆော်ခြင်း တစ်ကိုယ်တော်စက်ဘီးသမား မကွေးဝင်ရောက်

Thiha Phone MoOctober 17, 20131min540

ဇလွန်မြို့၊မေရီလမ်းရွာနေ မသန်မစွမ်းရဲဘော်ဟောင်း ဦးကြည်ဝင်း အသက်(၄၅)နှစ်သည် (၂၇)ကြိမ်မြောက်ဆီးဂိမ်းအ ကြိုအားကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်ကိုယ်တော်တာဝေးစက်ဘီးစီးနင်းခြင်းကို အောက်တိုဘာ(၁၁)ရက်နေ့မှစတင်ပြီး ဇလွန်မြို့မှ ဟင်္သာတ ဟင်္သာတမှ မုံရွာ-ပုသိမ်လမ်းအတိုင်းစီးနင်းလာခဲ့ရာ မကွေးမြို့သို့ဧရာဝတီတံတားမှတစ်ဆင့် အောက်တို ဘာ(၁၄)ရက်နေ့နေလည်(၁)နာရီရောက်ရှိကာ မကွေးတွင်ရောက်ရှိတည်းခိုပြီး အောက်တိုဘာ(၁၅)ရက်နေ့နံနက်တွင်မကွေးမှ ကျောက်ပန်းတောင် -ကျောက်ပန်းတောင်းမှ-မြင်းခြံ မြင်းခြံမှမန္တလေး မန္တလေးမှနေပြည်တော် နေပြည်တော်မှပဲခူး ပဲခူးမှရန်ကုန် မြို့သို့အဆင့်ဖြတ်သန်းစီးနင်းသွားမည်ဖြစ်ကြောင်း စက်ဘီးစီးနင်းသူ ဦးကြည်ဝင်းမှပြောကြားသည်။