ကေဇီနဲ့ Cat Cat လန် အလွဲများးးးးး

ဇီဇီOctober 17, 20131min40053

 

ခေါင်းစဉ်က Cat Cat လန် စကားလုံး အတွက် အောင်ကြူးကို ခရက်ဒစ်ပေးပါတယ်။

တိုလီမိုလီ ဆရာပွ ရဲ့ ရေးနည်း နဲနဲကိုလည်း ယူသုံးပါရစေညော်။

 ~~~~~~~~~

ကေဇီတို့ မိသားစုက အင်မတန်ကြောင် ချစ်ကြပါတယ်။ မချစ်တတ်တဲ့ ဒက်ဒီကကို နောက်ဆုံးချစ်တတ်သွားတဲ့ထိ သားအမိ ၂ ယောက် စည်းရုံးနိုင်တာပေါ့။ (အမှန်တော့ ဇွတ်ကျတာပါ။)

ကြောင်တွေ သားပေါက်တိုင်း ကိုယ့် အချစ်တော် တစ်ယောက်တစ်ကောင်နှုန်းနဲ့ အနည်းဆုံး ၅ ကောင်ကတော့ အဆက်မပြတ်။ တစ်ခါတစ်ခါ တစ်ယောက် ၂ ကောင်နှုန်းကျော်သွားသေးးးး။ ကိုယ့်ကြောင်ကို ဘယ်လောက် အလိုလိုက်နိုင်ကြောင်းက အမြဲပြိုင်ကြပါတယ်။

တစ်အိမ်လုံးမှာ မာမီက ကင်း ဆိုတော့ သူ့ကြောင်ကတော့ အမြဲ ထိပ်ကပေါ့လေ။

ထားပါတော့။

ကိုယ် တက္ကသိုလ် စ တက်တော့ ဇော်သန့် က ၁ဝတန်း …

မိဘနဲ့ခွဲပြီး အဒေါ်နဲ့ မောင်နှစ်မ ၂ ယောက် မန်းလေးမှာ တိုက်ခန်းလေး ဝယ်ပြီး နေရပါတယ်။ မာမီက သွားလိုက်ပြန်လိုက်ပေါ့။ နယ်မှာတုန်းက ကြောင်တွေ အားရပါးရ ချစ်ရသလောက် ဒီ အခန်းမှာ ကြောင်မွေးခွင့် မရပါဘူးးးး မာမီက ခွင့်မပြုပါဘူးးး

ဒါပေမဲ့ ကေဇီမနေနိုင်တာနဲ့ သူငယ်ချင်း အိမ်က ကြောင်သားပေါက်သံကြားတာနဲ့ ၂ ကောင်သွားတောင်းပါတယ်။ အထီးလေး ၂ ကောင်။ တစ်ယောက်တစ်ကောင် မွေးမယ်ပေါ့လေ။

အိမ်ရောက်တော့လည်း နာမည်တွေ စဉ်းစားကြတာ ဟောလီးဝုတ် မင်းသားနာမည်တွေ ကုန်ပါရောလားးးး

နောက်ဆုံး ကိုကို ညီညီပေါ့ကွယ်။ ဟုတ်ပြီပေါ့။

ကိုကိုက ကေဇီကြောင်။

ညီညီက ဇော်သန့် ရဲ့ ကြောင်။ ဂလိုပေါ့။

မာမီလာတော့လည်း သူမကြိုက်ပေသည့် အထီးလေးတွေ အိမ်မှာ မျိုးမပွါးနိုင်ဘူးဆိုပြီး စိတ်လျှော့ပြီး မဆူခဲ့ပါဘူးးးးး

အဲလာနဲ့ ဆက်မွေးရော ဆိုပါတော့။

အဲလာ ကြောင်လေးတွေ အရွယ်ရောက်၊ ပြာသိုလအပေါက်မှာတော့ အိမ်က ၂ ကောင်ဟာ အမြှီးတဖွားဖွားနဲ့ ဖလန်းဖလန်းကြပါတယ်။

ကိုယ့်တွေကလည်း သားရှင်ဆိုတော့ လွှတ်ပေးထားတာပေါ့လေ။

အဲလာ အဲလာ အဟင့်။

😥

နောက်တော့ ညီညီမှာ ကိုယ်လေး ဝက်ဝင် (အဲလေ) ကိုယ်လေးလက်ဝန် ရှိလာပါရော့လားးးးးး

နားရှုပ်သွားသလားးးးးးပလိတ်သတ်ကြီးးးးးးးး

 

ကေဇီလွဲပုံကဖြင့် အထီး ၂ ကောင်လို့ ယူလာတာ ၂ ကောင်လုံး အမ!! အဲဒီအချိန်မှ ပြန်စစ်ရတယ်။ အဟင့်!!!

😥

ဟယ်!!! ဖြစ်ပြီးမှတော့ ဘယ် တတ်နိုင်မတုန်းးးးးး ကြောင်ဆရာမဖြစ်တဲ့ မာမီကိုပဲ ခေါ်ရတာပေါ့။ အဟီးးးးးးး   :mrgreenn:

ဒီကြားထဲ နာမည်ကလည်းပြောင်းခေါ်ရတော့တာပေါ့လေ။

အကြီးမလေးကို ကြည်နူးလို့ ပေးရာက ညီမ(ဆတ်စလူး) ကို ဂီဂူးဖြစ်သွားပါတယ်။

 

သူငယ်ချင်းတွေ ကြားမှာလည်း ကေဇီ အလွဲက ဟိုးလေးတကျော်ပါ။

ဆက်လွဲပုံက သူတို့ ဟားစရာ … ကေဇီ ကြောင်က မစွံတာ “ကြောင် ယောက်ကရှာ” မို့တဲ့

ကွယ်တို့!!!!!  ကြားဖူးကြသလားဟင်??

ထားပါလေ။ ကိုယ့်ကြောင်မလေး အနေအထိုင်တတ်တယ်လို့ပဲ လက်မထောင်ရပါတယ်။ ဟွန်းးးးးးး  :mrgreenn:

ဒီလိုနဲ့ ကြောင်မ ၂ ကောင်လုံး မာမီနဲ့ နယ် ပါသွားရော ဆိုပါစို့။

ဤတွင် တစ်ခန်းရပ်။

 

စကားကြွင်းးးးးး – ကြည်နူးတို့ က အသက်တော်တော်ကြီးကာမှ ၁ နှစ်ကို ၃ သားလောက်ပေါက်ပါတယ် ပလိတ်သတ်ကြီးးးး၊ ကေဇီ အားမလျှော့ပါဘူးးးးးး အဟေးးးးးဟေးးးးးး

:mrgreen:

~~~~~~~~~~~~~~~~~~

နောက်တော့ နယ် ကို လိုက်သွားချိန် ဆောင်းတွင်းကြီး မာမီနဲ့ ကေဇီ စကားများပါတယ်။

ကြောင်နဲ့ ပတ်သက်ပြီးပါ။

မာမီက ကြောင်တွေကို သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်လို့ သဘောထားးး လွတ်လပ်စွာမွေးပါတယ်။

ရှက်ရှက်နဲ့ ဝန်ခံရရင် ကေဇီက ပြာသိုလ ကြောင်တွေ ထကြွရင် လုံးးးးးးးးးးဝ သည်းခံလို့ မရပါဘူးးးး ကိုယ်က ကလေးလေးတွေလို ဥထားတဲ့ ကြောင်လေးတွေဟာ အထီးအမကိစ္စ နန့်နန့်တက်နေတာကို မမြင်ချင်တဲ့ ဆိုက်ကိုပါ။  :mrgreenn:

အိမ်က ကြောင်မ ကို လာရစ်တဲ့ ကြောင်ထီးတွေကိုလည်း ကာကွယ်ရေးလက်နှက်အဖြစ်

1) ရေနွေးပူ

2) ကြိမ်လုံး

3) လေးဂွ

4) နီးရာ ဖိနပ် အဲဒါတွေ ဆောင်ထားတာပါ။ ကေဇီချစ်တာ ကြောင် ရွေးပါတယ်။

ကျန်တဲ့နေရာတွေသာ လွဲမယ်။ ကေဇီ ဒေါသကြီးလို့ ပစ်တာမှန်သမျှ လက်သိပ်တည့်ပါတယ်။ အိမ်နားက ကြောင်ထီးတွေ ကေဇီကို လမ်းမှာ မြင်ရင်ကို ရှောင်ကြသဒတ်။

 

အဲဒီတုန်း က မိုးကုတ်မှာပါ။

အိမ်နားမှာ ကြောင်ထီး ၂ ကောင်ရှိပါတယ်။ အဖြူစွတ်စွတ် ရယ်၊ မီးခိုးရောင်ရယ်ပါ။

 ကေဇီ ရောက်သွားချိန်ကလည်း ဆောင်းတွင်း အချိန်၊ ကြောင် များ နံ့ကြွထက သော ရာသီပါ။

 

စဖြစ်တာက ကြောင်မီးခိုးရောင်ကြီး အိမ်ရှေ့ ခြုံနား လာခိုတဲ့ အချိန်၊ အိမ်ကို ဆွမ်းချိုင် လာယူတဲ့ ကိုရင်လေး ဆီက ဆွမ်းချိုင်ကို ပြန်အယူ မြင်မိလိုက်တာ ဒေါသမထိန်းနိုင်ပဲ အဲဒီချိုင်နဲ့ ပစ်လိုက်မိတာ။

ဒီ အမိုက်မ လက်က ငရဲ………. ရဲ………. (အဲလေ) မြေအောက် ၈ ထပ် ရောက်မဲ့လက်က တန်းကနဲ့ ကြောင်ရဲ့ခြေထောက်ကို ထိပြီး ပြေးပါလေရော။

တစ်နေကုန်လည်း အဆူခံခဲ့ရပါတယ်ညော်။

 

မပြီးသေးပါဘူးလေ။

မွေးသမိခင်က အိမ်က ကလေးမကို ကြောင်ဖြူကြီးနဲ့ သဘူတောပါတယ်။ သူ့ အခေါ် “လွင်မိုးကြီး” တဲ့ဗျားးးး၊ ဖြူဖြူကြီးကြီးချောချောမို့။ ဟိုမီးခိုးတော့ သဘူမတောတဲ့ အပြင် ကေဇီလက်ချက်နဲ့ ခြေထောက် ၂ ရက်လောက် ထော့သွားတာကို “ထော့ကျိုးကြီး” ဟု အမည်ခေါ်တွင်ပါတယ်။ ကိုယ့် မွေးသမိခင်က အလှသိပ်ကြိုက်မို့ သူ့ ကြောင်သားမက်ကို လွင်မိုးကြီးနဲ့မှ လွင်မိုးကြီး ဆိုပဲ။ အိမ်က ကြောင်မကလည်း အဖြူရောင် ဆိုတော့ အသွေးတူအမွေးတူ။ အင်းးးးးး ကြောင်ကိုတောင် အသားအရောင်ခွဲခြားကြတာကလားးးးးး   :mrgreenn:

ထော့ကျိုးက အရှုံးသမား ဆိုတော့ ခပ်ခွါခွါပေါ့။ ကေဇီကလည်း လွင်မိုးကြီးကို ညှိုးထားတာပါ။ ကေဇီကို မြင်ရင် ရှေ့မတိုးရဲ (အချစ်အတွက် မစွန့်စားရဲ) လို့ ကေဇီက အထင်မကြီးပါဘူးးးး ဟိ။

ဒါပေမဲ့ သူများချစ်ခြင်းခွင်းလို့မှ အားမရသေးခင် ကေဇီ မန်းလေးကို သီးဆစ် ကိစ္စနဲ့ပြန်ခဲ့ရပါတယ်။ မန်းလေးမှာ အတော်ကြာပြီး သကာလ မိုးကုတ်ပြန်လာတဲ့ အချိန်မှာ အိမ်က ကြောင်မလေးက မရှိတော့ပါဘူးးး

မွေးသမိခင် ကတော့ ပြုံးပြုံးကြီးနဲ့ လွင်မိုးကြီးနဲ့ အကြောင်းပါကြောင်းးးးး ယောင်နောက် ဆံထုံး ပါသွားကြောင်းးးး၊ ယောက္ခမများက ချစ်ကြကြောင်းးးးး ပြန်တောင်းမှာကို စိုးရိမ်ကြကြောင်း ကာဆီး ကာဆီးပြောပါတယ်။

 

အွန်! ကိုယ့် ထက်တောင် ကံကောင်းမဲ့ ဘွမျိုးပါဟရို့။

🙁

နောက်မနက်စောစော အိမ်မှာ ကောင်းကောင်းမနေနိုင်ပဲ သွားကြည့်မယ်ဆိုပြီး စိတ်မြန်လက်မြန်နဲ့ အိမ်နောက်ဘက်က တောင်ပေါ်ကို တက်တော့ မာမီက နောက်က လိုက်မဆွဲရုံတမယ်လိုက်လာပါတယ်။

ကိုယ့်စိတ်ထဲမလည်း ကြောင်သမီးက မွေးတာလေးတွေ လှတပတ ….. ဂလို အပိုင်စီးလို့ ဘယ်ရမလဲ စိတ်နဲ့ လိုက်သွားတာပါ။ အားမနာပဲ ပြန်ခေါ်မယ်ပေါ့လေ။

တောင်ပေါ်က အိမ်လေးကို ရောက်တော့ ကြောင် သားအမိတွေက နေပူစာလှုံလို့။ အမယ်။ လွင်မိုးကြီးက သူ့မိန်းမနဲ့ ကလေးတွေကို ကွပ်ပြစ်ပေါ်က ကြည့်လို့။

ကေဇီကိုမြင်တဲ့ အချိန် လန့်ပြီး ထပြေးမလို့ အသင့်အနေအထားနဲ့ ပြင်ပါတယ်။

သူ့သခင်တွေကတော့ သဘောကောင်းကောင်းပါပဲ။ ကြောင်သမီးရှင်လိုက်လာတယ် ဆိုပြီး ရိုးသားတဲ့ တောင်ပေါ်ပြုံးလေးတွေနဲ့ ကေဇီ သွားရာနောက်လိုက်လာပါတယ်။

ကြောင် မိသားစုနားလည်း ရောက်ရော မွေးထားတဲ့ ကြောင်လေး ၃ ကောင်ကို တွေ့ပြီး ကေဇီလည်း အမြန်ပြန်ဆင်းလာရပါတယ်။ မျက်နှာပူလို့။

ဟိ!  :mrgreenn:

ဖြစ်ပုံက ကြောင်လေး ၃ ကောင်လုံး ထော့ကျိုးကြီးအဆင်တွေ။ တစ်ကောင်မှ လွင်မိုးကြီး အဆင်မပါဘူးးး မားသားပြောမှ ထော့ကျိုးကြီးနဲ့ရပြီး ဗိုက်ကြီးနဲ့မှာ အဲဒီ အိမ်သွားနေသတဲ့။

 

ကေဇီ အထင်သေးခဲ့တဲ့ လွင်မိုးကြီးဟာ လှည်းကျိုးထမ်းထားရပါလား ဆိုပြီး သနားသွားတာရော၊ ခပ်တည်တည် သူများအိမ်ကို လိုက်နေနိုင်တဲ့ ကိုယ့်ကြောင်မကို  ရီချင်သွားတာရော၊ ပိုင်ရှင်တွေကို မျက်နှာပူတာရော အိမ်ကို ကြောင်တောင်တောင် ပြန်ပြေးလာရတဲ့ ကေဇီ အဖြစ်ရယ်ပါ။

:hint:

 

လွဲချက်ကနာ!

စိန်ကဲကျောက်ကဲထက် ကြောင်ကဲခပ်ရ ပိုခက်ပါလားးးးနော်။

 

:mrgreen:

 

 

 

53 comments

  • Mr. MarGa

    October 17, 2013 at 8:02 pm

    အင်းး ဖြစ်ရမယ်
    ပြောရရင် ကြောင် ဆိုတာမျိုးကလည်း
    မွေးသာမွေးရ ပြေးချင်ရာပြေးတဲ့အမျိုး
    အိမ်မှာတော့ ဘာအကောင်ပလောင်မှမရှိ ရှုပ်လို့
    အဲ အသိအိမ်တွေ၊ အမျိုးအိမ်တွေ သွားရင်တော့ ကြောင်တွေတွေ့ရင် လက်ကမြင်းတယ် ဆော့တယ်။
    မျက်စိနောက်ရင် ကန်ထုတ်တယ် :mrgreenn:
    အဲ….ပြာသိုရောက်ရင်တော့ အထီးအမ မရွေး လာသမျှကို တွေ့ကရာနဲ့ ထုတယ်
    ညညဆို အိပ်မရဘူး နားပူလို့
    ဆိုတော့
    ကြောင်ကို
    ကလိစရာ သတ္တဝါတစ်ကောင်လို့ သဘောထားမိပါကြောင်း
    ကြောင်ကဲထက် လူကဲကို ပို ဂရုစိုက်ပါကြောင်း :mrgreenn:

    • KZ

      October 18, 2013 at 9:00 am

      လူကဲ ဘယ်လောက် ခတ် တတ်တုန်းလို့ နောက်မှ အလွဲတွေ ရေးပါဦးမယ်အေ။
      😀

      အရင်က နာ့ သူငယ်ချင်းတွေလာရင် ကိုကိုညီညီကို ငါမသိအောင် တိတ်တိတ်လေးတွေ ပိတ်ပိတ်ကန်ကြတာ။
      မချစ်တတ်တဲ့သူတွေကို မုန်းတယ်။
      :mrgreenn:

  • TNA

    October 17, 2013 at 8:38 pm

    ရီလိုက်ရတာအေ။ ငါ့မယ် အိမ်ဦးနတ်ကတောင်မေးတယ် ဘာဖြစ်တာလဲတဲ့။ ဒေါ်ကေဇီဒို့ကြောင်ချစ်တယ် သာဆိုတယ် အထီးအမတောင်ခွဲမသိဘူးအေ။ သားပေါက်မို့မသိဘူးထားအုံး လူပျို အဲ ကြောင်ပျို အပျိုဖြစ်ရင် ကွာသွားဘီဟာကို။ တကတဲတော် ဗိုက်ကြီးမှသိရတယ်လို့အေ။ ရီလိုက်ရတာငါ့နှယ်။ ပစ်လိုက်တဲ့ဆွမ်းချိုင့် ကကောဆွမ်းတွေနဲ့လား အလွတ်လား။ သမီးကိုဗိုင်းကောင်းကျောက်မဖိထားတာတော့သေချာဒယ်။ အာဟိ ဟိုအကောင်လှည်းကျိုးထမ်းရတာလဲအတော်ရီရသကိုး။ မြန်မာကားတွေထဲမှာဆိုရင် မိဘတွေသဘောတူ သူနဲ့ယူရတာပါ ကိုကို့ကိုသာအချစ်ဆုံးပေါ့လေ ဟုတ်လား။ ဗိုက်ကြီးတာတယောက်လိုက်သွားတာတယောက် ဆိုတော့။ :mrgreen: ရီလိုက်ရတာမျက်ရည်တောင်ထွက်တယ် :bvee:

    • KZ

      October 18, 2013 at 8:58 am

      အဲလာပေါ့ မွသဲရယ်။
      အလွဲကြီးလွဲတတ်ပါတယ်ဆို။
      ဟိ။
      ချစ်တာကသပ်သပ်၊ မခွဲတတ်တာက သပ်သပ်။
      ကျောင်းနဲ့ အိမ်နဲ့မှာ ကြောင်ကို သတိကို မထားမိတာပါဗျာ။

      😀

  • ကျော်စွာခေါင်

    October 18, 2013 at 2:18 am

    အော်…မကေ…မကေ
    ရေးလဲရေးတတ်တယ်
    မွေးလဲမွေးတတ်တယ်
    လွဲ လဲ လွဲတတ်တယ်…
    သူ လဲ လွဲ…သူမွေးတဲ့ ကြောင်လဲလွဲ…။
    ကိုယ့်မောင်လေး ဇော်သန် ့အတွက် ယောင်းမရှာရင် မလွဲစေနဲ ့…။
    မကေ ရဲ ့ ကြောင်မလေးက မျက်နှာများပေမယ့် အတွက်အချက်တော်သားဘဲ..။

    • inz@ghi

      October 18, 2013 at 8:44 am

      ဆြာခေါင်မတိတေးဘူးကိုး

      ရှေ့ကားက ဖွတ်ချက်ဖွတ်ချက်ဖိယက် စလွန်း လေးပါဗျာ

      ငိငိ

      နောက်ကားက လမ်ဘဂီးနီး စပိ နဲ့မှို့ ကျော်တက်သွားတာကြာပေါ့ ဦးလေးရယ်

      • KZ

        October 18, 2013 at 8:48 am

        ဟမ်။
        ဟဲ့! နာ့ ငယ်ကျိုးတွေ လာမဖော်နဲ့။
        ဒီမှာ ဖိန့်ဖိန့်လုပ်နေတယ်။

        ဟိ။ :mrgreenn:

        ခေါင်
        အဲဒါတော့ သူ့ဟာသူရွေးချယ်တာမို့ မလွဲဘူး။။။
        ဟီးဟီးးးး

        😀

  • Ma Ma

    October 18, 2013 at 8:47 am

    ကြောင်ရာဇဝင်ရေးသွားလိုက်တာ ကြောင်ကြီးတောင် ပြန်ငေးရမယ့်သဘောရှိတယ်။ :mrgreen:

    တိရိစာ္ဆန်တွေလည်း အသိရှိတယ်။
    သူတို့ကို ချစ်တဲ့သူ မချစ်တဲ့သူ ခွဲခြားသိတယ်။

    တကောင်တလေကျတော့လည်း အသိဉာဏ်ပိုတယ်ပြောရမလားးးး
    ကြောင်လည်ကျတယ် ပြောရမလားးးးးးးးးးးးးးး
    လူနားကပ်ပြီး ပွတ်သီးပွတ်သပ်နေတတ်တယ်။
    အမြီးတနန့်နန့်နဲ့ အစာတောင်းတတ်တယ်။ 🙂

    • KZ

      October 18, 2013 at 9:02 am

      ဟုတ်တယ်။
      ကျနော် ကြောင်ကို ပိုချစ်တာက လူလည် (အဲ) ကြောင်လည် ပိုကျလို့။
      သိပ်စိတ်ပူစရာမရှိဘူးးးး
      ကိုယ် နောက်ဆံတင်းစရာမလိုဘူးးးး
      သူ့တို့ကို ချစ်တဲ့ အိမ်ကို ရှာစားဖွေစားတတ်တယ်။
      😀

  • Mahar Myanmar

    October 18, 2013 at 8:53 am

    ဟို မုံရွာသား က ကြောင် မုန်း တယ်..
    အကျွန်ုပ် လည်း အလွန်တရာ မုန်းတီးပါ၏ ။
    ကြောင် ရဲ့ ရန်သူတော် ခွေး ကို ကား
    အလွန်တရာ ချစ်ခင် နှစ်သက် လေရဲ့ ကား..
    ရထား တစ်လမ်း ကား တစ်လမ်း ပင်
    ဖြစ်တာ မဆန်း ချေ။
    ( ဟိ.. မှန်း တုတ် လိုက်ပါ ၏ )
    သို့သော် . သို့သော်..
    တစ်နှစ် ကို သုံးသား ကျ သည့် ကြောင်
    အခု မှ သိပါသည်။
    အကျွန်ုပ် သိသည် ကား….
    တော်သလင်း ခွေး ..
    ကြောင် ပြာသို ဟု ..
    ပေ တစ်သီး
    ကျီး တစ်သား..
    စာဆို ထား ၍..
    တစ်နှစ် မှ တစ်သား သာ ဟု
    ထင် မိ မှား ပါ ရော လား….
    တစ်နှစ် သုံး သား သာ ဆို…
    ကြောင်သား စား တဲ့ တိုင်းပြည် ဆို
    စီးပွား ဖြစ် လောက်သည်။
    အရေး အသား
    ဂွတ်ထ..
    ရွာ ထဲ မှာ.. ဇ မပါ ရင်
    ရွာ အဝင် လက်မှတ် မရတာ
    လက်ခံ မိပါ ၏…
    တစ်ယောက် တစ်မျိုး
    မရိုး နိုင် လောက် အောင်..
    ဇ ကြပါ ၏။
    ဪ….
    မန်းဂဇက် ရွာ….
    မန်းဂဇက် ရွာ….
    မန်းဂဇက် ရွာ….
    မန်းဂဇက် ရွာ….
    မန်းဂဇက် ရွာ….
    မန်းဂဇက် ရွာ….

    • KZ

      October 18, 2013 at 9:03 am

      အွန်။
      အဲဒီ မုံရွာသားက ခွေးချစ်သူ။
      နာ က ကြောင်ချစ်သူ။
      အဲဒီ အကြောင်းနဲ့လည်း မတည့်ဘူးးးး
      😀

      ၃ သား ဆိုတာ လွန်ကျူးရေးထားတာပါဟဲ့။
      ချင့်ယုံပါ။

  • ဦးကျောက်ခဲ

    October 18, 2013 at 8:58 am

    အဟမ်း… ကျောက်စ်ကတော့ ညောင်ဆိုရင် နောင်မမေ့ပါဘူး ကြောင်တွေ့ရင်ပြော…
    ဘယ့်နှာဗျာ… ကက်ဆက်အပေါ် သေးပန်းသွားလို့ စိတ်နာနေတာ…
    ဘယ်လိုမှ မေတ္တာထားလို့မရ… သင်းတို့ကလည်းသိပါ့… ဟီ ဟိ
    😀

    • KZ

      October 18, 2013 at 9:07 am

      အနော့တို့မှာ ကြောင် တစ်ကောင် ရှိတယ်။
      သူ့ သက်တမ်း အရှည်ဆုံး အိမ်မှာ ၁၃ နှစ် နေသွားရတာ။
      လူပါးဝချက်ကတော့၊
      မာမီကြောင်မို့ သိပ်မပြောရဲလို့။
      အနော် က “လျှောက်ပန်းသီး” လို့ခေါ်တယ်။
      နေရာတကာ ရေမွှေးဆွတ်သလို တဖြစ်ဖြစ် တရွှတ်ရွှတ် ပန်းတာ။
      ပလပ်ပေါက်ထဲ တည့်အောင်ပန်းလိုပန်းးးးးး အနော် မန်းလေးပြန်မယ် အိတ်ပြင်ထားရင် အိတ်တိုင်းကို လိုက် ပန်း ထားတာ။
      ကားပေါ်မှာ ကြောင်သေးရေမွှေးနံ့နဲ့ အရှက်ကို ကွဲရော။
      ဒါမဲ့လည်း ချစ်ရတာပါပဲ။
      ၂၆ နှစ် လုံးလုံး ကြောင်ဇာတ်လမ်း မပြတ်ခဲ့ဘူးးးး
      စလုံး ရောက်မှ ပြတ်သွားတယ်။
      🙂

      • ဦးကျောက်ခဲ

        October 18, 2013 at 9:17 am

        ဟီ ဟိ… စေတနာထားပြီး အဲသည့်ကြောင်ကို…
        အမတွေအလစ်မှာ ရေချိုးပေးဘူးတယ်…
        နှုတ်ခမ်းမွှေး ညှပ်ပေးဖူးတယ်…
        ကြောင်… စမုံတုန်းသွားတာပဲ…
        “ခြစ်လွန်းလို့ ဖစ်တွားတာပါ… ချိတ်ဆိုးပြီး နာဂျီးတွား သလား…”
        😀

        • KZ

          October 18, 2013 at 9:25 am

          လူဇိုးကြီးးးး :mrgreenn:
          ပြောသာပြောရ အိမ်က ကြောင်တွေလည်း ရေချိုးတယ်။
          နှုတ်ခမ်းမွှေးကတော့ သူတို့ အား ဆိုလို့ မညှပ်ရဘူးးးး

          ခေါင်းထိပ်လေးတွေကို ကိုယ်နဲ့ ဆင်တူ ဆံပင် ဆိုး ဆေးဆိုးပေးဖူးတယ်။
          ဒက်ဒီနဲ့ ပေါင်းပြီး မာမီမသိအောင် ကြောင်မတွေကို ဒက်ပိုထိုးပေးဖူးတယ်။
          ဟီးဟီးးးးး သားပေါက်လွန်းလို့။

          အိုဗျာ။
          ပြောရင်း လွမ်းတာ။

          :hint:

  • ဗုံဗုံ

    October 18, 2013 at 9:35 am

    ငယ်ငယ်တုန်းက..ကျောင်းကပြန်လာတော့
    အိမ်ကဦးလေးက မိဗုံဒါလေးခဏကိုင်ထားစမ်း
    ဆိုပြီး..လက်ထဲထည့်တာ..ဒီကလည်းဘာမှန်းမသိဘဲ
    လက်ဝါးလေးဖြန့်ပြီးယူလိုက်တာ..မွေးကာစကြောင်လေး…
    ကြောင်မကြီးမွေးလို့သူကလုပ်ပေးနေတာ…
    ဆံပင်မွေးထောင်တယ်ဆိုတာ..အဲ့ဒီတစ်ခါဘဲကြုံဘူးတယ်
    ကြောက်လိုက်တာမှ..အသားတွေကို တဆတ်ဆတ်တုန်လို့…
    မျက်စိမဖွင့်သေးဘဲ..တုန်တုန်နဲ့လျှောက်သွားတာမြင်ရင်.
    တအားကြောက်တာ..ထမင်းကိုမစားနိုင်ဘူး…..
    ကြောင်တွေထဲမှာတော့..ဒက်ဒီကြောင့်ကိုအချစ်ဆုံးဘဲ…….. :mrgreen:

    • KZ

      October 18, 2013 at 9:39 am

      မြင် ဘူး ထ သမျှ (အဲလေ) မြင်ဖူးသမျှ ကြောင်တွေထဲလည်း ဒက်ဒီကြောင် အဆိုးဆုံးပဲ။

      😀

      ဟိ။
      ကြောင်ကို ကြောက်တယ် ဆိုတဲ့သူတွေကို နားလည်ပေးလို့ရသော်လည်း
      ကြောင်ကို မုန်းတယ် ဆိုတဲ့သူတွေကို နားအလည်ဘူးးးးးး
      မိဗုံကို နိုင်တဲ့နည်းကို သိပြီ။

      :mrgreen:

  • surmi

    October 18, 2013 at 9:53 am

    အင်​းးး
    ဝဋ်​ဆိုတာ ဘဝမခြားဘူး​နော
    သူများ​တွေခြစ်​ချင်​းကို မခွဲ​လေနဲ့…
    ဦးရာလူနဲ့ အ​ကြောင်​းပါတတ်​သဗျ 🙂

    • KZ

      October 18, 2013 at 9:55 am

      ဦးရာလူ နဲ့ ဒေါ်ကေဇီ ပေါ့နော်။
      ဟိ။
      ဖိတ်စာရိုက်လိုက်တော့မယ်နော်။

      😀

  • မဟာရာဇာ အံစာတုံး

    October 18, 2013 at 10:43 am

    အော် ..
    သီတင်းလည်း ကျွတ်ခါနီးပါပြီကော ….
    ဟိုကြောင်ကတော့ အသက်ကြီးမှ သားပေါက်သတဲ့
    ဟောဒီက ဂျီးဒေါ်ကတော့ ဦးလူကြီးရဲ့ ကြေးစည်သံလိုပဲ ….
    … မထင် … ဟင် .. ဟင် ….
    :mrgreen:

    အကောင်းပြောဘာမယ် …
    ကျန်ဒါဒွေ ကျိုက်ဒလောက် လွဲချင်လွဲဗျို့ …
    လွဲလွဲလေးလည်း ကောင်းတယ် ..
    ဒါမယ့် … စိတ်တွေတော့ မလွဲစေနဲ့ …
    ဟိုဒင်း ကျတတ်တယ် … တဲ့ ……။

    • KZ

      October 18, 2013 at 11:00 am

      နာ ဘယ်လောက် စွံတုန်း တိဒါးနဲ့။ (မက်စိ)

      စိတ်လွဲရင် ဘယ်ဒင်းကျဒတ်တုန်းးးး
      မသိဘူးးးးးး

      😀

  • sorrow weaver

    October 18, 2013 at 11:19 am

    ကြောင်က မွေးတဲ့အမျိုးလား… …ရိုက်သတ်ချက်စားပစ်ပါဆို …အဟီး …

  • ကြောင်ကို ငယ်တုန်းကတော့ ချစ်ပါတယ်..
    အိမ်ကကြောင်ပေါက်စလေး (မဟူရာ) တဲ့ မဲမဲလေး ..ကားကြိတ်မိလို့ သေတော့ ငိုခဲ့ရသေးတယ်
    ဒါပေမယ့် နည်းနည်းကြီးလာတော့ ကိုယ် ခဲရာခဲဆစ်မွေးထားရတဲ့ ရှဉ့်လေးတစ်ကောင်ရှိတယ်..
    လေတွေတိုက်တော့ မန်ကျည်းပင်ပေါ်က ပြုတ်ကြလာလို့ .. သစ်ပင်ပေါ်တင်ပေးလည်း ဘယ်ရှဉ့်မှ
    လာမခေါ်တော့တာနဲ့ .. ကိုယ်တိုင် နွားနို့လေးတိုက် ၊ နို့ထမင်းလေးကျွေးနဲ့ ဂရုတစိုက်မွေးထားရတဲ့ရှဉ့်လေး
    တော်တော်လေးကြီးလာတော့ သူ့ကို သစ်ပင်ပေါ်ပြန်လွှတ်ပေးတော့ ..
    အပင်ပေါ်မှာ တစ်ရက်ပဲနေပြီး နောက်ရက် နေ့ခင်းကျ ပြန်ဆင်းလာပြီး သူ့ကို လာခေါ်ဖို့ အသံပေးနေပါလေရော… ဒါနဲ့ သွားခေါ်မလို့ လုပ်တုန်း ..မန်ကျည်းပင်က ကလပ်လေးပေါ် သူက နားနေတုန်းမှာပဲ ကြောင်စုတ်က ဂွိ ကနဲဆို ခုတ် သွားပါလေရော ….. ဇွတ်လိုက်ပြီး ပါးစပ်ထဲကနေ ချက်ခြင်းလုယူလိုက်ပေမယ့် ခုတ် လိုက်တဲ့အချိန်ကထဲက အသေခုတ်တော့ ..ရှဉ့်ကလေးမှာ ကိုယ့်လက်ထဲမရောက်ခင်ကထဲက သေနေပါလေရော.. သူ့အစာ မို့ ဆိုတာကို နားလည်ပေးနိုင်ပေမယ့် ..အဲကထဲက ကြောင်ဆို ..လုံးဝ လုံးဝ လှည့်ကိုမကြည့်တော့တာ အခုထိပဲ … မုန်းတာမျိုး မြင်ရင် ကန်ချင်နေတာမျိုး မလုပ်ရက်ပေမယ့် .. မြင်ရင် ကြည့်ကိုမကြည့်ချင်တော့တာ.. :mrgreen:

    • KZ

      October 18, 2013 at 11:46 am

      အို။
      သနားပါတယ်။
      :hint:

      ကျနော့ ကြောင်တွေလည်း ဆိုးတယ်။
      မျက်စိရှေ့တင် အိမ်မြောင်က အစ ကြွက် အလည် မြွေ အဆုံး ခုတ်ပြီး ကစားကြတာ။
      ငှက်လေးတွေရောပဲ။
      🙁

  • sorrow weaver

    October 18, 2013 at 12:21 pm

    ပြင်ဦးလွင်မှာနေတုန်းက အိမ်ရဲ့တစ်ဖက်ခြံမှာ အလွန်ဆိုးသွမ်းဟော့ရမ်းတဲ့ ကြောင်တစ်ကောင်ရှိလေရဲ့ …အိမ်ထဲဝင် ခိုးဝှက်စားသောက်တဲ့အပြင် ..အင်အင်း ပါအင်အင်းသွားလိုက်သေး ။ ဆိုတော့ ..ကြောင်ကိုအမုန်းကြီးမုန်းနေတာပေါ့… ။ အဲ့လာနဲ့ တစ်ရက် အဲ့ကြောင်လာခိုးစားတဲ့ အချိန် ညီအငယ်ကောင်က ရိုက်သတ်ပြီး …ညီအစ်ကိုတသိုက် ချက်ပြုတ်စားသောက် မြိုဆို့ ပလိုက်တာပေါ့ကွယ် ။ အစာတောင်မကြေသေးတဲ့အချိန် မှာ ကြောင်ပိုင်ရှင် အပျိုကြီးက လာရန်လုပ်တာ များ …ပွက်ပွက်ကိုထပြီး ..ရပ်ကွက်ရုံးမှာ မနည်းလိုက်ရှင်းလိုက်ရတယ်…။ အဖေလူဂွစာကြီးက ..အဲ့လောက်တောင်းပန်နေလို့မှ မကျေနပ်လဲ ကျုပ်သားတွေထဲက အချောဆုံး …ဒီတစ်ကောင်ယူဗျာလို့ ပြောလိုက်မှ ..အပျိုကြီး တိတ်သွားလေရဲ့ ။ ဆောရိုးတို့များ..ငယ်ကတဲက ချစ်မွှေးပါတာ..အဲ့မျိုး…အဟီးဟီး

    • KZ

      October 18, 2013 at 12:26 pm

      နာ့ ကြောင်ကို ကိုက်သတ်တဲ့ ခွေးကို နာ ဘာလို့ပစ်တုန်း သိသလားးးး
      အဆိပ်တုံး ပစ်တယ်လေ။
      အဲဒီ အိမ်နဲ့ နာ နဲ့ဆို ကဘာ့ရန်။
      🙁

      လူကိုတော့ ဘာမှ လုပ်လို့မရလို့ ပေါင်းတည်တုန်းက နာ့ ကြောင်သတ်စားတဲ့သူတွေကို လူလုံးမလှအောင် ကျိန် ခဲ့တယ်။
      🙁

    • ဗုံဗုံ

      October 18, 2013 at 12:57 pm

      ဟမ်မလေး……ကြောင်ကိုသတ်စားလို့
      ဒင်းကိုလည်း..ဟိုလေယာဉ်မှုးကြီးက
      အမြီးကိုတိုင်မှာချည်ပြီး
      နှုတ်ခမ်းမွေးကနေဆောင့်ဆွဲ
      ငယ်ထိပ်ကိုဓားနှောင့်နဲ့ထုခံရတာ…..
      မတိဝူးမှတ်မနေနဲ့……မတိဝူးမှတ်မနေနဲ့… :mrgreen:
      ဒါနဲ့..ဒီလောက်အစားအသောက်ငမ်းငမ်းတက်နေတာ..
      နာဒို့အိမ်ဘေးကချောင်းထဲမှာ…မျှော့တွေမှ အများကြီး
      ချက်စားချင်ရင်လာယူပါ့လားကိုရိုး..
      နာအလျှော်အတောင်းပါဘူး… :mrgreen:

      • sorrow weaver

        October 18, 2013 at 1:12 pm

        အမလေး ..လေးလေး ..လေး လေလေး….
        ဘယ်ကတဲ့ က ကြည့်မရဖစ်နေလဲမသိ….:P
        အဲ့လာ ငါးရံ့ဟဲ့ …ငါးရံ့…ချစ်သက်သေပြတဲ့အနေနဲ့ …မန်နေဂျာအလုပ်ပဲ လုပ်တတ်တာမဟုတ်ဘူး…ခောတ်ပျက်ရင် ငါးပါဖမ်းကျွေးလို့ရတယ်လို့သက်သေပြတာ…..ဘားးးးးးး မှလဲမသိပဲနဲ့ ….

  • alinsett

    October 18, 2013 at 12:36 pm

    ကြောင်ကြောင်လန်အလွဲကို ဖတ်ပြီးတာနဲ့
    ရွာထဲက ပြုံးပြတဲ့အရုပ်လေးကို သတိရမိတယ်။
    ပြုံးပြချင်တာက နွေးနွေးထွေးထွေး ပြုံးပြချင်တာ
    ပေါ်လာတဲ့အရုပ်က ပြာသိုကြောင်ထီးပြုံး ဖြစ်နေတယ်လေ

    မယုံရင် ဒီမှာ ကြည့်
    ပြုံးပြမယ်

    🙂

    🙂

    :kwi:

    • KZ

      October 18, 2013 at 4:24 pm

      အွန်။
      အလက်ဆင်း အပြုံးက ကြောင်မလေး ကို လိုချင်တဲ့ အပြုံးလေးပေါ့နော်?
      😀

  • Crystalline

    October 18, 2013 at 4:18 pm

    :mrgreen:
    ငယ်ငယ်က..ကြောင်ဝင်စားမလေးတစ်ကောင်စမွေးရာက ..အိမ်ကမိဘ..အကိုတွေကြောင်ဒုက္ခခံခဲ့ရသပေါ့.. သူများကချစ်တယ်..မွေးချင်တယ်သာပြောတာ..ဘာမှမလုပ်ပေးတတ်.. :)) ကြောင်ပေါက်လေးတွေ အစ်ကိုတွေနင်းမိရင်ငိုရ.. :cryy: နောက်ပိုင်းဘယ်လိုကြောင်ဆက်ပြတ်သွားလည်းမမှတ်မိတော့ဘူး.. :mrgreenn: အမွှေးအသွေးလှလှချစ်စရာလေးတွေတွေ့ရင် ချစ်မိတုန်း.. အခုမမွေးတာကြာတော့ အဲဒီကောင်တွေအနံ့ကိုဘယ်လိုမှမခံစားနိုင်တော့ဘူး..

    • KZ

      October 18, 2013 at 4:23 pm

      မချစ်ရတာကြာတော့ ကြောင်ရယ်လို့ တွေ့ရင် အရင်ကလောက် သည်းသည်းမလှုပ်တော့ဘူးးးး
      ကိုယ့်ကိုယ်ကို စက်ရုပ်ဆန်သွားမှာလည်းကြောက်တယ်။
      ဒါမဲ့ အရင်ကလောက် မချစ်ချင်တော့တာ၊ မချစ်တတ်တော့တာ လက်တွေ့ပဲ။

      ကြောင် ကို ပြောပါတယ်။ :mrgreenn:

  • lele kyi

    October 18, 2013 at 4:37 pm

    ကြောင်တွေနဲ့ သူငယ်ချင်း အဖြစ်ကပြတ်ဆဲထားတယ်။ အခုတော့ကြောင်မြင်ရင်အော့ကျောလန်။ တရုတ်ပြည်ကိုရောင်းစားချင်တာ။ အရေခွံဆုတ် ရင်ခွဲ သပ်လျှှိုပြီး ဘာဘီကျူးလုပ်စားမဲ့သူတွေဆီပို့ချင်တာ။ 🙂

    • KZ

      October 19, 2013 at 7:21 am

      ရက်စက်လှချီလား လေးလေးကြည် ရယ် ဟင်!!!

      😥

  • ရွှေ ကြည်

    October 18, 2013 at 5:42 pm

    ဖြစ်ရမယ် မကေဇီကတော့
    အခုနေနေတဲ့ အိမ်က အစ်မက တိရစ္ဆာန်ချစ်တယ်
    ကြောင်မွေးထားတာ နှစ်ကောင်တောင်ရှိတယ် မိဘမဲ့လေးတွေကိုသနားလို့ သေးသေးလေးကတည်းက
    မွေးထားတာတဲ့ ချစ်စရာကြီးတွေ အထီးတွေမို့ အကုန်သင်းထားတယ်
    မဟုတ်ရင် ဖိုက်တာလုပ်ပြီး ရန်သတ် နောက် အော်ဟစ်သောင်းကျန်းတတ်လို့ ဘေးအိမ်တွေကွန်ပလိမ်းတက်မှာစိုးလို့တဲ့
    မလွယ်ဘူးရယ်

    • KZ

      October 19, 2013 at 7:19 am

      ချွေကျီလေးးး
      ဒီမှာ က ကြောင်ဟာ ဂရုတစိုက်မွေးစရာမဟုတ်ပဲ ခွေးကိုသာ ဂရုတစိုက်မွေးကြတာတော့။
      ရောက်စက သွားလာနေတဲ့ ကြောင်တွေကြည့်ပြီး အံ့ဩရော။
      အဲဒါ ဒီ က တလိတ်ဆန်ကျန်းမာရေးက တာဝန်ယူပြီး အထီးတွေ သင်းပေးပြီးမှ မွေးခွင့်ရသတဲ့။
      ပြီးတော့ ကြောင်တွေကလည်း အိမ်ထဲမှာ ပွေ့ပွေ့ပိုက်ပိုက်မနေတတ်ကြဘူးးးး
      ဘယ်လိုကြီးမှန်းမသိ။
      ကြောင်ထီးတွေက သင်းပြီးရင် ဝလာ လှလာကြတာ။

  • ကိုရင်စည်သူ

    October 18, 2013 at 7:01 pm

    ဗဟုသုတပေါ့ဗျာ.. ကျနော် ဟိုးကြာတုန်းက သင်္ဘောလိုက်စ ကြောင်မတစ်ကောင်
    သင်္ဘောပေါ်က အခန်းထဲ ထည့်မွေးဘူးတယ်.. ဆိပ်ကမ်းတစ်ခုက ကောက်ရတဲ့
    ကြောင်မပေါ့ဗျာ.. ကိုယ်ကလည်း အထီးကျန် သူကလည်း သင်္ဘောပေါ်အဖော်မရှိနဲ့
    တော်တော် ချစ်ကြတာပေါ့ဗျာ.. ကျနော် ဂျူတီပီးရင် အခန်းတံခါးဝကစောင့်နေတဲ့အထိ
    တစ်လတစ်ခါတော့ တညောင်ညောင်နဲ့ ဂျီတွန်တော့ အစာတောင်းတာလားလို့ ကျွေးတော့လဲ
    မရ နောက်မှ.. အင်ဒိုတွေပြောမှ သဘာဝအရ မင်း ကြောင်မက လင်လိုချင်နေတာ တစ်ခုခုလုပ်ပေးလိုက်ဆိုတော့မှ…
    တစ်ရှူးလေးကို ကျစ်ကျစ်ပါအောင် လိပ်ပြီး သမီး ကြောင်မလေးကို တစ်ရှူးလင်ပဲ ပေးစားခဲ့ရသဗျာ.. 😥
    ကိုယ်တောင် အဖော်ရှိဒါ ရွာမှာဆိုလို့ကတော့ လင်ကောင်းသားကောင်း ဖြူဖြူချောချောကြောင်လေး ပေးစားမိမှာပါ။ သင်္ဘောကဆင်းတော့ ကြောင်မလေးကို ကြောင်ချစ်တဲ့ သင်္ဘောသားတစ်ယောက်ဆီ အပ်ခဲ့ရဒါပေါ့..
    လွမ်းသဗျာ.. ကြောင်မလေးကို လင်မပေးစားမိတဲ့ အကုသိုလ်ကြောင့် ခုထိ ကျော့် လူပျိုဂျီးဖြစ်နေသလားမသိ.. အုံဖွ.. :mrgreen:

    • KZ

      October 19, 2013 at 7:15 am

      ဟယ် ဗဟုသုတ!!!
      ဟယ် တစ်ရှူးလိပ်!!!
      ဆန်းဆန်းပြားပြားပါလားးးး
      နာတို့ကတော့ အထီးကို မသင်းရဲလို့ အမ ကို ဆေးထိုးမွေးရတယ်အေ။
      လူပြိုကြီးတို့ က စွံပါတယ်အေ။
      ဟက်ပီး တူဂဲသား ဆိုလား ဘာလားးးး
      :mrgreen:

      • ကိုရင်စည်သူ

        October 19, 2013 at 11:01 am

        မဂျီးဆွိကလဲ… ဒချိဒချိတွေ မပါဂျေးလေ…
        ဟို နတ်ကနားစီတွေလို အဝေးက ဆွမ်းပို့တာစားဖို့လည်း ကျော့်တို့က ကံမပါသေးတော့..
        အိမ်ထဲက ကြောင်မလေးတွေနဲ့ပဲ… မီးးညှောင်.. မီးညှောင်.. :mrgreen:

  • Nyein Nyein

    October 18, 2013 at 7:01 pm

    ငြိမ်းကတော့ တိရစာ္ဆန်တွေကို သိပ်မချစ်တတ်ဘူး။ ကြောင်လည်း အိမ်မှာမမွေးဘူး။ ဒါတောင် ဘေးအိမ်က ကြောင်က အိမ်ကိုလာလာနေလို့ မောင်းမောင်းထုတ်နေရတယ်။ သူများချစ်တာမြင်ရင်တော့ အားကျတယ်။ ဒါပေမယ့် ကိုယ်က စိတ်ကလည်း မရှည်၊ သိပ်လည်းမချစ်တာနဲ့ အိမ်မှာကို လက်မခံချင်တော့ဘူး။ :p

    • KZ

      October 19, 2013 at 7:13 am

      ဪ။
      ငြိမ်းရယ်။
      လူငယ်သလောက် အသည်းမာလှချိလားကွီ။

      😀

  • padonmar

    October 18, 2013 at 8:31 pm

    KZ ရေ
    ပါးစပ်တောင် ပိတ်မရဘူး။
    ငယ်ငယ်ကတော့ ကြောင်ချစ်ခဲ့ဘူးပါတယ်။
    ခုတော့ မချစ်တတ်တော့ဘူး။မချစ်ချင်တော့ဘူး။

    • KZ

      October 19, 2013 at 7:12 am

      ဟုတ်တယ် အာတီဒုံ။
      ခုချိန်မှာတော့ ကိုယ့်ကို လေးပင်စေမဲ့ သံယောဇဉ်တွေ မထားချင်တော့ဘူးးးးး
      အရင်ကတော့ မလေးပင်ရင်ကို မနေတတ်တာ။

      😛

  • kyeemite

    October 19, 2013 at 6:24 am

    ကေဇီကဗျာလွတ်ရေရုံးမှာအင်တာနက်ပျက်နေလို့ကွန်မန့်ရှည်ရှည်မပေးတော့ဘူး စာတွေတော့ဖုန်းနဲ့လိုက်ဖတ်ဖြစ်ပါတယ်နောယ :mrgreen:

    • KZ

      October 19, 2013 at 7:10 am

      ရပါတယ် မိုက်မိုက်။
      အဲဒါ သိတယ်။
      ကိုယ်ချင်းစာပါရဲ့။ ကျနော်ကိုယ်တိုင်လည်း ကော်မန့်ကို ရုံးမှာပဲ ပေးနိုင်တာ။ အွန်လိုင်းကို ကောင်းကောင်းသုံးနိုင်တာရုံးမှာပဲကိုးးး
      🙂

  • weiwei

    October 21, 2013 at 9:15 am

    ငယ်ငယ်တုန်းက အိမ်မှာ တစ်မိသားစုလုံး ကြောင်ချစ်ကြတာ … ကြောင်ဆက်ပြတ်သွားတာ ၁ဝ နှစ်လောက်ပဲ ရှိသေးတယ်။ ဒါတောင် အိမ်နီးနားချင်းက ကြောင်တွေလာလည်ရင် ချစ်နေသေးတယ်။
    ကြောင်ဆိုရင် အယုတ်အလတ် အမြတ်မရွေး အားလုံးကို ချစ်တယ် … မြင်လိုက်တာနဲ့ ကိုင်ချင်စိတ်ပေါက်တယ် ..

    • KZ

      October 21, 2013 at 9:20 am

      ဟိ။
      ကြောင်ချစ်သူလေးလာပြီ။
      ဟုတ်တယ်။
      ဒါမဲ့ နောက်ပိုင်း မမွေးဖြစ်တော့ဘူးးး ဝေ။
      လူတောင် တစ်နေရာတည်း အငြိမ်မနေနိုင်တော့ အပိုသံယောဇဉ်တွေ မထားတာပဲကောင်းပါတယ် ဆိုပြီးးးးးး

      😥

  • Ma Ei

    October 21, 2013 at 1:52 pm

    အိမ်မှာ ကြောင် ၁၈ ကောင်ထိရှိဖူးတယ်…
    ငယ်က ညီအမ ၃ယောက် ကြောင်ပေါက်၃ကောင်ကို သူ့ကြောင် ငါ့ကြောင်ခွဲယူ ကြတာ…
    အမေက ချေးပါမစိုးလို့ အိပ်ယာထဲ မယူရဆိုလို့ အိပ်ကပ်ထဲ အင်္ကျီထဲ ဖွက်ယူသွားကြတာ
    မနက်မှ အမေရေ လာပါဦးအော်ရတော့တာပါဘဲ…
    🙂

    • KZ

      October 21, 2013 at 2:02 pm

      ဟိ။
      ပျော်စရာကြီးးးးး
      ဆူညံနေမှာပဲ။
      ည ခေါ်မအိပ်ရဆိုပေမဲ့ အနော်တို့လည်း ခိုးယူသွားကြတာပဲ။
      ညလယ်မှ ခြင်ထောင် လာကုတ်တဲ့ အကောင်တွေလည်း ရှိတယ်။ :mrgreenn:
      ဆောင်းတွင်းမနက်စောစော သူတို့နဲ့ အတူ ထ ရတဲ့ အချိန်တွေ သတိရတယ်။ နွေးနေတာပဲ။
      အနော် ခြေဖျားတွေ အေးလို့ရှိရင် သူတို့ ကွေး၂ လေး အိပ်နေတဲ့ အောက် ခြေထောက်တွေ သွားသွား ထိုးရတာ။ :mrgreenn:

      • TNA

        October 21, 2013 at 5:55 pm

        အမတို့အိမ်မှာ ၁၃ ကောင်ထိမွေးဖူးတယ်။ ညဆိုတပြည့်ကြီးအိပ်နေကြတာ ဆိုဒ်စုံပဲ ချစ်ဖို့ကောင်းတယ်။ လွမ်းလိုက်တာ။

  • Wow

    October 22, 2013 at 12:48 pm

    အင်တာနက်လိုင်းတွေပြတ်နေလို့ ဆွိရဲ့ ကက်ကက်လန်ဇတ်လမ်းခုမှ ဖတ်ရတယ်… ဒီပို့စ်မဖတ်ခင် ဖေ့ဘုတ်ထဲမှာ မွသဲနဲ့ ဆွိ လွင်မိုးကြီးနဲ့ထော့ကျိုးကြီး အကြောင်းပြောထားတာ ဘာတွေလဲလို့… :hee:

    ဆွိသမီး လေးက အမေထက် ပါးရည်နပ်ရည်ရှိတယ်နော် ဟီးးးး ထော့ကျိုးကြီးကိုယ်ဝန်နဲ့ လွင်မိုးကြီးနဲ့ လိုက်ပြေးပြီး ယောက်ခမအိမ် ခပ်တည်တည် တက်စားနေတာ :mrgreen:

    • KZ

      October 22, 2013 at 2:57 pm

      အမေဒူ တမီးးးးး လို့ တည့်တည့် ပေါလိုက်စမ်းဘာ။

      :byee:

Leave a Reply