ကျောင်းသူတစ်ဦးအား သားမယားအဖြစ် ပြုကျင့်ရန်ကြံရွယ်အားထုတ်သူ ကျောင်းဆရာကို သက်ဆိုင်ရာမှစစ်ဆေးနေ

Hlaing Zar ChiOctober 18, 20131min1740

တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားကျေးရွာနေ အသက်(၁၂)နှစ်အရွယ် သတ္တမတန်းကျောင်းသူသည် အောက်တိုဘာ (၁၇)ရက်နေ့တွင်  တောင်တွင်းကြီးမြို့နယ်ကျောင်းပေါင်းစုံကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းဝင်အဖြစ် အောက်တိုဘာ (၄) ရက်နေ့မှ(၇)ရက်နေ့အထိပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မကွေးမြို့သို့သွားရောက်ခဲ့ရာ အောက်တိုဘာ(၆)ရက်နေ့ည(၉) နာရီချိန်ခန့်တွင် ထိုမိန်းကလေး ခေတ္တတည်းခိုနေထိုင်သည့် မကွေးမြို့ အခြေခံမူလတန်းကျောင်းသို့  ဘောလုံးအသင်းအုပ်ချုပ်သူ  အလယ်တန်းပြကျောင်းဆရာ ဆတ်သွားမြို့နေသူမှ မိန်းကလေးငယ်အားလှမ်းခေါ်ခဲ့သဖြင့် အဆောင်အောက်သို့ဆင်းခဲ့ရာ ဆရာမှ ကျောင်းသူမိခင်ရောက်ရှိနေသည်ဆိုပြီးလိမ်ပြောပြီး ဆိုင်ကယ်ဖြင့် မြသလွန် ဘုရားပွဲတော်သို့ခေါ် ဆောင်ခဲ့ပြီး ဘုရားဖူး ပြီးအပြန်လမ်းလျောက်လာစဉ် အမျိူးသမီးငယ်၏ ရင်သားအား ကိုင်ကြောင်း၊ ဟိုတယ်ခေါ်သွားချင်တယ် ပြောကြောင်း၊ဆိုင်ကယ် ဖြင့် အပြန်အမှောင်လမ်းကြား တစ်ခုသို့ အရောက်တွင် ဆိုင်ကယ်အားရပ်ပြီး မိန်းကလေးငယ်၏ဘောင်းဘီ အားဆွဲချွတ်ခဲ့စဉ် အခြားဆိုင်ကယ်မီးရောင်ကြောင့် ဘောင်းဘီအား ပြန်ဝတ်ပြေးခဲ့ကြောင်း၊ မိန်းကလေး တည်းခိုသည့် ကျောင်းသို့ ည(၁၁)နာရီချိန်ပြန်ပို့ပြီး မိန်းကလေးငယ်အား မည်သူမျှမပြောရန် အဆိုပါ ကျောင်းဆရာမှပြောကြားခဲ့သဖြင့် အဆိုပါမိန်းကလေးမှ အောက်တိုဘာ(၁၁)ရက်နေ့တွင် မိခင်ဖြစ်သူအား ပြန်လည်ပြောပြသဖြင့် သက်ဆိုင်ရာ ဆတ်သွား အထက လက်ထောက်ကျောင်း အုပ်ကြီးအား တိုင်ကြားခဲ့ကြောင်း၊ အောက်တိုဘာ(၁၄)ရက်နေ့တွင် မြို့နယ်ပညာရေးမှူးထံသို့တိုင်ကြားခဲ့၍ အောက်တိုဘာ(၁၇) ရက်နေ့တွင် ဆတ်သွားရဲစခန်းသို့ မိခင်ဖြစ်သူမှ ဆက်လက်တိုင်တန်းခဲ့ရာ ဆတ်သွားရဲစခန်းမှ မကွေးမြို့မရဲစခန်းသို့သွားတိုင် တန်းရန်အတွက် တပ်ကြပ်ကြီး တင်မောင်လင်းနှင့် အတူသွားရောက်ခဲ့၍ ကျောင်းသူမိခင်မ၎င်း၏သမီးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ရန် ကြံရွယ်အားထုတ်သူ ကျောင်းဆရာအား တိုင်တန်းသဖြင့် မကွေးမြို့မရဲစခန်း မှ(ပ)၂၀၁/၂၀၁၃ ၊ ပုဒ်မ ၃၇၆ /၅၅၁ဖြင့် အမှုဖွင့်ထားကြောင်း နှင့်သက်ဆိုင်ရာရဲစခန်းမှ အဆိုပါဆရာမှာ ပညာရေးဝန်ထမ်းဖြစ်သဖြင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးထံသို့ အကြောင်းကြားစာ ပေးပို့၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာမှသိရှိရသည်။