သီတင်းကျွတ် ကန်တော့ခန်း

ဇီဇီOctober 19, 20133min22219

ရွာထဲမှာ ရှိကြကုန်သော ကိုယ့် ထက် အသက် တစ်မနက် တစ်ရက် ကြီးသောသူမှ အစ ရွာလူကြီးများ အလယ် တဂျီး အဆုံးးး
ကျနော် ရွာကို ရောက်တဲ့ ဒီ တစ်နှစ် အတွင်း ကာယကံ (ကျောက်/မတ် ပဲ ပါတယ်)၊ ဝစီကံ၊ မနော်ကံ၊

တိုက်ပင် နဲ့ စာရိုက်ပြီး ပစ်မှားခဲ့သည်များ ရှိပါ က ခွင့်လွှတ်ကြပါရန် ကေဇီက ဤ နေရာမှ ကန်တော့ပါတယ်။

_/|\_   _/|\_   _/|\_
မဖြစ်မနေ ခွင့်လွှတ်ပြီး မုန့်ဖိုးများလည်း ပေးသနားပါ။  :mrgreenn:
(တဂျီးလည်း လူလူချင်း ကန်တော့တာ ဘာညာသာရကာကို ဂနေ့ မပြောနဲ့ဦး နော် ၊ အဟိ)  :mrgreenn:
ကဲ ကဲ!
အငယ်တွေလည်း မမဂျီးကို ကန်တော့ကြ။

လက်ဆောင်ပစ္စည်းပါ ပါစေနော်။

မုန့်ဖိုးကတော့ အွန်လိုင်းကနေ စကင်ဖတ်ပြီး ပေးလိုက်မယ်။
အကုန်လုံးကို ခွင့်လွှတ်ပါတယ်။ ဟေးဟေးဟေးးးးးးး

:mrgreen:
ကန်တော့ခန်းပြီးပြီဆိုတော့ ငိုချင်းလေးချမို့။

😥
သီတင်းကျွတ် အရသာ အစစ်ကို မရတာ ရ နှစ်ရှိပြီမို့ အရင်နှစ်များကတော့ ဂရုမထား ကျော်သွားပေမဲ့ ဒီ နှစ်အနည်း အငယ် အတွင်း ကိုယ့် စိတ် အဆာ အတွက် လိုက်ရှာဖွေမိတာ။
Chinese Garden မှာ မီးပုံ ပွဲတော်ဟဲ့ ဆိုပြေးရတာ။ တရုတ်မီးပုံ နီနီကြီးတွေနဲ့ပဲ တွေ့ရ။
Hand Paint Latern Festival  ဟဲ့ ဆို ကင်မလာလေး ယူပြီး ပြေးရတာ။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့။

ဒါမဲ့လည်း ရှိတာလေး နဲ့ သီတင်းကျွတ် မီးထွန်းပွဲကျင်းပချင်တော့ ကိုယ့်ကို ဆူပူမဲ့သူ မရှိတဲ့ ဒီရွာထဲမှာပဲ ကျင်းပ ပါရစေ။

မျက်စိနောက်ခဲ့ရင်လည်း အပေါ်က ကန်တော့ ထားတဲ့ အွန်လိုင်း မုန့်ဖိုးပေးထားတဲ့ မက်နှာလေးနဲ့ သည်းခံကြပါကုန်။

😀

 

IMG_4291

IMG_4290

IMG_4288

IMG_4199

IMG_4198

IMG_4197

IMG_4196

IMG_4195

IMG_4194

IMG_4193

IMG_4187

 

19 comments

  • Ko chogyi

    October 19, 2013 at 8:58 am

    လူကြီးသူမတွေကို သိတတ်လိမ္မာတဲ့အတွက်
    သာဓုပါ ကွယ်
    မုန့်ဖိုးပေးလိုက်ပါတယ် အောက်ကလင့်မှာသွားယူလိုက်ပါ
    http://i394.photobucket.com/albums/pp30/zenithzin/10000kyat.jpg

  • ဗုံဗုံ

    October 19, 2013 at 9:26 am

    ဩကာသ..ဩကာသ…ဩကာသ..မမဂျီးအားလက်ဆယ်ဖြာမိုး
    ရှိခိုးရသောအကျိုးအားကြောင့်…
    မုန့်ဖိုးလည်းရရပါလို၏
    ဒဒင်းလည်းမြန်မြန်ကျွတ်ရပါလို၏
    ဝက်တားဒုတ်ထိုးလည်းမြန်မြန်စားရပါလို၏…. :mrgreen:

  • ကိုရင်စည်သူ

    October 19, 2013 at 11:08 am

    သာမီးလေးတွေလည်း ကိုရင်ကို မနောကံနဲ့ ပစ်မှားခဲ့တာတွေရှိရင်လည်း
    ကိုရင်က ခွင့်လွှတ်ပေးပါဒယ်ကွယ်… 😥

  • မဟာရာဇာ အံစာတုံး

    October 19, 2013 at 11:24 am

    ဦးဒေါ် … ဦးဒေါ် … ဦးဒေါ် …
    (မုန့်ဖိုးပေးဂျဒေါ့)

    သာဒု … သာဒု .. သာဒု ..
    (ပျံဂျဒေါ့)

  • surmi

    October 19, 2013 at 1:41 pm

    ခွက်​လွှတ်​.. အဲ​​လေ ..မှားလို့ 🙂

    ခွင်​့လွှတ်​ပါသကွယ်​….
    ကဲကဲ .. ​ပြောထားတဲ့အတိုင်​း မုန်​့ဘိူး​ပေးလိုက်​ပြီ​နော ….

    • မဟာရာဇာ အံစာတုံး

      October 19, 2013 at 3:25 pm

      ဦးဒေါ် .. ဦးဒေါ် .. ဦးဒေါ် …

      ဂဒေါ့ ပီးဘီနော် …
      လာထားးးး မုန့်ဖိုးးး
      ဖွဘုတ်မှာ ခေတ်စားနေတဲ့ ကန်ဒေါ့ဂန်းထဲကလိုပဲ …
      အွမ်လိုင်းမှာဆိုဒေါ့ ဖွဘုတ်ချက်ထဲကနေ ငါးထောင်ဒန် ဖုန်းကတ်ထည့်ပေးဘာ …
      :mrgreen:

  • Crystalline

    October 19, 2013 at 2:18 pm

    ပွဲတော်တွေမှာ မှတ်မှတ်ယယသိပ်မရှိပေမယ့်.. ၁ဝတန်းနှစ်မှာ.. သီတင်းကျွတ်လား..တန်ဆောင်တိုင်လား မမှတ်မိတော့ဘူး.. ရေကျော်ဖက်မှာအရမ်းစည်လို့သွားလည်တယ်.. မောင်ဝမ်းကွဲလေးနဲ့ဝက်သားတုတ်ထိုးစားတာ.. ၂၀၀ဝ ကျော်ကျတယ်.. အဲဒီအချိန် ၂၀၀ဝဖိုးဆိုတာမနည်းဘူး… ညလည်းကျရော :(( ပန်းကမာ္ဘလေးထဲကမိန်းမချောလေးဖြစ်ပါလေရောလား.. :mrgreenn:

    • မဟာရာဇာ အံစာတုံး

      October 19, 2013 at 3:31 pm

      ဦးဒေါ် .. ဦးဒေါ် .. ဦးဒေါ် …

      ဂဒေါ့ ပီးဘီနော် …
      လာထားးးး မုန့်ဖိုးးး
      ဖွဘုတ်မှာ ခေတ်စားနေတဲ့ ကန်ဒေါ့ဂန်းထဲကလိုပဲ …
      အွမ်လိုင်းမှာဆိုဒေါ့ ဖွဘုတ်ချက်ထဲကနေ ငါးထောင်ဒန် ဖုန်းကတ်ထည့်ပေးဘာ …
      :mrgreen:

  • TNA

    October 19, 2013 at 2:36 pm

    ခွင့်လွှတ်ပါတယ် သာမီးရယ်။ ခွင့်လွှတ်ပါတယ်။ မုန့်ဖိုးကတော့ကွယ် ထမင်းဆိုင်အမြတ်ထဲကနေပေးလိုက်ပါ မယ်။ သာမီးယူလိုက်ပါကွယ်။

    • မဟာရာဇာ အံစာတုံး

      October 19, 2013 at 3:27 pm

      ဦးဒေါ် .. ဦးဒေါ် .. ဦးဒေါ် …

      ဂဒေါ့ ပီးဘီနော် …
      လာထားးးး မုန့်ဖိုးးး
      ဖွဘုတ်မှာ ခေတ်စားနေတဲ့ ကန်ဒေါ့ဂန်းထဲကလိုပဲ …
      အွမ်လိုင်းမှာဆိုဒေါ့ ဖွဘုတ်ချက်ထဲကနေ ငါးထောင်ဒန် ဖုန်းကတ်ထည့်ပေးဘာ …
      :mrgreen:

      • TNA

        October 20, 2013 at 11:12 am

        အောင်မယ်လေးအေ။ အထုတလောဖုန်းကဒ်တွေအတော်တောင်းနေဒဂိုး။ နေအုံးအေ့
        https://www.prepaidcard.com.mm/
        အိုက်မယ် စိတ်ကြိုက်ယူအေ။ ပေးပီးပီနော် ထပ်မတောင်းနဲ့တော့

  • inz@ghi

    October 19, 2013 at 4:47 pm

    စဂါးမစပ် ကန်တော့ပါသေးရဲ့ဗျာ

  • ဦးဦးပါလေရာ

    October 20, 2013 at 12:51 am

    မြန်မာမှာတော့ ကန်တော့တယ်ဆိုတာ
    နှစ်မျိုးရှိပါတယ်…

    တစ်မျိုးက ကန်တော့ခံသူရဲ့ ဂုဏ်ကို ပူဇော်တာ

    နောက်တစ်မျိုးက ကန်တော့သူရဲ့ အပြစ် အမှား တို့အတွက် တောင်းပန် တာ…

    အခု သီတင်းကျွတ်မှာ လူလူချင်း ကန်တော့ ကြတဲ့ ဓလေ့က ဒုတိယအမျိုးအစားဖြစ်ပါတယ်။

    သူ့မူရင်းသဘောအရဆိုရင် အင်မတန်ချီးကျူးဖွယ်ဖြစ်ပါတယ်။

    အဲ… တတိယ တစ်မျိုးလဲ ရှိသေးတယ်
    နအဖ လက်ထက်မှာမှ အထူးဖွံ့ဖြိုးတိုးတက်လာတဲ့ ယဉ်ကျေးမှု့ပေါ့ ….
    အဲဒီ အမျိုးအစားကတော့ ရောင်တော်ပြန်နဲ့ ရောလွှတ်တဲ့ တရားဝင် လာဘ်စားမှု့ ဆက်ကြေးကောက်မှု့ ဖြစ်ပါတယ်။
    ဒီနှစ် အရည်အဖတ်လေး ပါတဲ့ ခြင်းတစ်ခြင်း တစ်သိန်းနီးပါး ရှိတယ်။
    အဲဒါ ကိုယ့်ဆီရောက်လာတဲ့ခြင်း ကို ဝမ်းသာအားရ ဖေါက်သောက်တယ်မထင်နဲ့…
    နာမည်ကဒ်ပြားလဲချိတ်ပြီး အထက်ကို ပြန်ဂါရတာ…
    အဲသလိုနဲ့ တိုင်းရုံးအဆင့်လောက်ရောက်လာတဲ့ ခြင်းတွေကိုမှ ပစ်ကပ်ကားအသီးသီးနဲ့တိုက်ပြီး ဆိုင်တွေပြန်သွင်းတာ
    တိုင်းရုံးရဲ့အထက်လား…
    အဲဒါကျတော့ ခြင်းမဟုတ်တော့ဘူး….
    ဗူး ဖြစ်သွားပြီ….
    …………………………..လို့
    သူများပြောတာ နားစွန်နားဖျား ကြားဖူးမိပါကြောင်း

    :mrgreen:

  • Ma Ma

    October 20, 2013 at 1:24 pm

    သီတင်းကျွတ်မှာ လူကြီးသူမတွေကို သိတတ်လိမ္မာစွာ ကန်တော့တဲ့ ချစ်ကေဇီလေး ကျန်းမာပကတိ ချမ်းသာစွာရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်။ 🙂
    အဲ… ပြီးတော့ စာထဲကလို
    (အငယ်တွေလည်း မမဂျီးကို ကန်တော့ကြ။
    လက်ဆောင်ပစ္စည်းပါ ပါစေနော်။) ဆိုတာကို အတုယူပြီးးးးးး
    ကဲ ကဲ….. ကလေးတွေ အန်တီတို့ကို ကန်တော့ကြ။
    ကန်တော့တဲ့အခါ လူကြီးတွေ ရွာထဲမှာ ဖလန်းဖလန်းထနိုင်အောင် အားဆေးများလည်း ပါပါစေ။ 😀

  • ဦးကျောက်ခဲ

    October 21, 2013 at 8:03 am

    ကဲ ကဲ… လွန်တာရှိရင် ဝန္နာမိဆိုပြီး ကန်တော့တဲ့ နှမမိဇာဂျီး…
    ဟောသည့် ဆြာကျောက်စ်က ခွေးလွှတ်ပါတယ်ဗျာ…
    ဒါပေမည့် လက်ချည်းမလာနဲ့ ဘလူးလေဘယ်လေးနဲ့မှ…
    ဘာမှ မပါရင် ၂ဆတိုးပြီး အမျက်သိုလိုက်မယ်… ဘာမှတ်လဲ… ဟီ ဟိ
    😀

  • Mr. MarGa

    October 21, 2013 at 9:47 am

    အိမ်းးးးး
    ထိုင်ပဲ ကန်တော့ရမလား
    ဆုပဲ ပေးရမလား
    တွေးလိုက်ဦးမယ်…..
    လောလောဆယ်တော့
    ဘယ်မလဲ ကန်တော့ပစ္စည်း :mrgreen:

  • kyeemite

    October 22, 2013 at 3:43 pm

    အင်း..ကျုပ်က ကေဇီထက် တစ်မနက်တိတိ ကြီးတယ်ဆိုတော့
    အကန်တော့ ခံလိုက်ပါဦးမယ်လေ..ဟီဟိ 😀
    အားလုံးကို ခွေးလွှတ်…အဲ..အဲ..ခွင့်လွှတ်ပါဂျောင်းးးးးး
    သာဒု … သာဒု .. သာဒု ..
    မုန့်ဖိုးကိုတော့..ဟိုနေ့ကဖေါက်ထားတဲ့စုဗူးက သွားယူလိုက်နော်
    ကြိုက်သလောက်သာယူသွား :mrgreen:

  • alinsett

    October 22, 2013 at 5:32 pm

    ကျွန်တော်လည်း မမခိုင်ဇာ ကို ကန်တော့ပါတယ်
    အစက မသ်ိခင် တုန်းက မမခိုင်ဇာကို ကျွန်တော့် ထက် ကြီးလားငယ်လားတောင်မသိပဲ
    ခိုင်ဇာ ဆိုပြီးခေါ်ခဲ့သေးးတယ်။

    🙂
    ထူူးထူးထွေထွေ ပြစ်မှား မိတာတော့မရှိပါဘူး
    ဒါမယ့် ကန်တော့ပါတယ်
    မုန့်ဖိုးလိုချင်လို့ပါ။
    အွန်လိုင်းကနေ မပေးပါါနဲ့ လူကြုံနဲ့ပဲ ပေးပါ၊
    လူမကြုံလည်း
    ကြုံအောင် ဖန်တီး ပေးပါါ ။
    အမြန်ဆုံးပေးပါ။

    မုန့်တွေ ဝယ်စားချင်လိုု့ပါ။

    မကြာခဏပေးပါ
    ဒဂျိန်းဂျိန်းပေးပါ
    ဂဒီးဂဒီးပေးပါ

    :kwi:

Leave a Reply