လင်မယားချင်းစကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့်ထိုး၍ ဇနီးဖြစ်သူသေဆုံး

Hlaing Zar ChiOctober 19, 20131min530

ပခုက္ကူမြို့ ၊အမှတ်(၆)ရပ်ကွက်ရှိ မလေးဆေးလိပ်ခုံတွင် အောက်တိုဘာ(၁၆)ရက်နေ့နေ့လည်(၁)နာရီချိန်က လင်မယားချင်း ရန်ဖြစ်၍ ဇနီးဖြစ်သူအား ကတ်ကြေးဖြင့်ထိုးသဖြင့် သေဆုံးမှုဖြစ်ပွားကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ အမျိုးသားဖြစ်သူ အောင်ဇော်ဦး မှ ဇနီးဖြစ်သူ မကြည်မော်အား ဆေးလိပ်လိပ်ရာတွင်အသုံးပြုသောကတ်ကြေးဖြင့်ထိုးသဖြင့် ဆေးလိပ်ခုံအတွင်း တစ်စောင်းအနေအထားဖြင့် ဝဲဘက်နို့အုံအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာဘက်နို့အုံအထက်တွင် ထိုးသွင်းဒဏ်ရာ(၁) ချက် ကတ်ကြေးတန်းလန်းဖြင့်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် ဒေါ်ခင်ကြည် မှ အောင်ဇော်ဦးအားတိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရစခန်းမှ (ပ)၂၈၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ထားရာမှ အမှုမှ မကြည်မော်မှာ ပခုက္ကူဆေးရုံကြီးတွင် ဆေးကုသမှုခံယူ စဉ်သေဆုံးသွားခဲ့သဖြင့် ယခင် ပုဒ်မ ၃၂၆  ဖြင့်စစ်ဆေးနေရာမှ ပုဒ်မ ၃၀၂ သို့ပြောင်းလဲအရေးယူထားကြောင်း သက်ဆိုင်ရာရဲ မှတ်တမ်းအရသိရသည်။