ဧရာဝတီဘလက်

marblecommetOctober 19, 20131min30715

ကျည်ပွေ့ကို အတက်ဖောက်ပြီး
အနုပညာကို အမဲလိုက်နေသူ
ရှိနှင့်ပြီးသား သတ္တုကို
ဒြပ်စင်ထုတ်ပြီး ပင်မဂုဏ်ရည်ကို
ငတ်မွတ်နေသူ . . .။

ဖြစ်ချင်တော့
အနုပညာဟာ
အနုပညာကို တန်ဖိုးထားသူတစ်ယောက်ရဲ့
ရင်ဝမှာ တိမ်းတိမ်းပွေပွေ
ပြည့်ကျပ်လို့
ကျွန်တော်တို့ လောကထဲက
တောက်ပရင်းကြွေ ကြွေရင်းတောက်ပတဲ့
ညနေကြယ်တွေကို ငေးရင်း
ညီလေးရေ့ . . .
ဆိုတဲ့ အော်ညည်းသံလေး ဝင်လာပြီဆိုရင်
ဖြစ်ရမယ်
ဒီလူ . . .အနုပညာ အနုကြမ်းစီးချင်နေပြန်ပြီလို့ . . .။

အစ်ကိုရေ့ . . .
ဘဝဟာ တစ်ခါတစ်လေ
လိုအပ်တာထက် ပိုသွေးရိုးသားရိုး ဆန်လာပြီဆိုရင်
အရေခွံခဏချွတ်ပြီး
အောင်ပွဲခံလိုက်ရတယ်ဗျ
ကျွန်တော်တို့ဟာ
တိုတောင်းတဲ့အချိန်ကလေးမှာ
တတ်နိုင်သလောက် အမှောင်ကို ခပ်ထုတ်
တတ်နိုင်သလောက် အမှောင်ကို ခပ်ထုတ်
တတ်နိုင်သလောက် အမှောင်ကို ခပ်ထုတ် . . .။

သေချာပါတယ်
တစ်ခါတုန်းက
သူဟာ အနုပညာမြင်းရိုင်းကြီးစီးလို့
တေးရေးဆရာ၊ အဆိုတော်
စာဂျပိုး
အခြားပိုင်ဆိုင်မှု
အကြည်ဓာတ် သက်တန့်စုံနဲ့
ဧရာဝတီကို တောင်မြောက်စီးနေတာ
အစ်ကိုရေ့ . . .
ခင်ဗျားဟာ ကိုကြွက်ရဲ့
စစ်တောင်းမြစ်မဟုတ်
ကျွန်တော့်ရဲ့
စစ်တောင်းမြစ်မဟုတ်
သော်တာဆွေရဲ့
မြင်းနှစ်ကောင်နဲ့ ဖြတ်ကျော်ခဲ့တဲ့
ဂျပန်ခေတ်က စစ်တောင်းမြစ်မဟုတ်
ခင်ဗျားဟာ
ကိုယ့်ဘာသာ စီးမှန်းမသိ စီးနေတဲ့
မြစ်မင်းဧရာဝတီ
ဧရာဝတီဘလက်ဖြစ်တယ်ဆိုတာ
သိမှ သိပါလေစ….။
ကမ်းဝေး
ကိုပေါက်ဖော်ပြောတဲ့
ငှက်ပျံကြီး သို့မဟုတ်
ကျွန်တော်တို့ရဲ့ အစ်ကို ကိုဘလက်အတွက်
မွေးနေ့လက်ဆောင် အမှတ်တရ…
19၊ အောက်တိုဘာ၊ 2013 စနေ

15 comments

  • စိန်ဗိုက်ဗိုက်

    October 19, 2013 at 5:05 pm

    ဟုတ်တယ်အကိုရေ့
    တိုတောင်းတဲ့ အချိန်လေးအတွင်း ရသလောက်လေး ကစ်ထားမှ လစ်မစ်ပြည့်မှာ
    ရော့..အင့်..ချ..ဂလု..

    တစ်ခွက်ဆို တော်ပြီ ထပ်မသောက်နဲ ့တော့
    နာ့အတွက် မကျန်ပဲနေမယ်..ဟိုးစတော့ပ်

  • inz@ghi

    October 19, 2013 at 5:34 pm

    yoh man !! … i bought and read book this eVn’ing

    gr8 finishing..

    P.S HPBD Ba Ba Bl@ck

  • surmi

    October 19, 2013 at 9:37 pm

    အခုမှဘဲ ဆရာကမ်​းရဲ့လက်​ရာ​တွေပြန်​မြင်​ရ​တော့တယ်​…
    အင်​း… ​ပျောက်​ချက်​သား​ကောင်​း​နေတဲ့နှစ်​​ယောက်​​တော့ ဘဘဘလက်​​မွေး​နေ့အတွက်​ပြန်​​ပေါ်လာကြပြီ…
    ​နောက်​ထပ်​…ဘယ်​သူ​တွေလာကြဦးမလဲ..

  • KZ

    October 20, 2013 at 7:05 am

    သက်ကျော် ရာကျော်ရှည်ပါစေ ကိုဘလက်ရေ။
    ဧရာဝတီ ဘလက်ကြီး အဆက်မပြတ် ဆက်လက် စီးဆင်းနိုင်ပါစေ။

  • marblecommet

    October 20, 2013 at 9:50 am

    ဧရာဝတီဘလက်ဖြစ်ရတဲ့ အကြောင်းက ဒလိုဗျ……..
    တစ်ခါသား…..
    ကိုတွေခင်ရတဲ့ ကိုကြွက်အကြောင်းက ပြောရမယ်…
    သူတို့ ပုသိမ်သားတွေ တစ်ခုခုဖြစ်လိုက်တိုင်း
    အဲဒါ စစ်တောင်းမြစ် အဲဒါ စစ်တောင်းမြစ် ချည်း လှိမ့်တွယ်ကြတာ…..
    ဆရာကြွက် အချစ်ရှာတယ်…..သူရှာတဲ့အချစ်က သူများသုတ်သွားတာ….
    ကိုကြွက် နောက်ထပ် ပရိုပို့စ်လုပ်တယ်……
    အဲဒါလေးက အလုပ်ထွက်သွားတယ်….
    ကြွက်အချစ်က စစ်တောင်းမြစ်ကြီးပါကွာ…..
    ဆိုတော့ မဟုတ်မဟတ် လုပ်ဆင် လိမ်ဆင်ကြီးတွေဆို
    ပုသိမ်သားတွေက စစ်တောင်းမြစ်ကြတယ်
    ……..
    အဖြစ်က
    ဦးကြင်ဆွေခေါ် ဆရာသော်တာဆွေဆီက
    ဆင်းသက်လာတာ
    စကားဝိုင်းတစ်ခုမှာ
    ဂျပန်ခေတ်က အကြောင်းတွေ ဆော်နေကြတာ ဘယ်သူက ဘယ်တိုက်ပွဲမှာ
    ဘယ်လိုဆော်ခဲ့တာ၊ ဘယ်သူကတော့ ဘယ်လိုတွေ တိုက်ခဲ့တာ…..
    ပြောကြတော့ သော်တာဆွေကြီးက ဂျပန်ခေတ်မှာ ဘာတိုက်ပွဲမှ မတိုက်ခဲ့ရဘူး
    မြင်းလှည်းမောင်းနေခဲ့တာဆိုတော့ ပြောစရာမရှိဘူးလေ ဒါပေမဲ့
    ဘယ်ခေမလဲဗျာ ဆရာပဲဟာ……
    ဂျပန်ခေတ်က စစ်တောင်းမြစ်ထဲ မြင်းနှစ်ကောင်ကို
    ဘယ်ညာခွပြီး ဖြတ်လာခဲ့တာဆိုပဲ….
    အဲဒါကို သူက နောက်ပိုင်း ခဏခဏ ကြွားတော့
    မျက်စိထောင့်ကပ် ရှိုးနေတဲ့ ဆရာကြီး ရွှေဥဒေါင်းက
    စောက်မြင်ကတ်လာပုံရတယ်….
    ဟုတ်မှ လုပ်ပါ မောင်ကြင်ဆွေရာ…..မင့်ဟာက မြင်းဆိုတာ
    ရေတောင်ပေါ်တဲ့ ဟာမဟုတ်ဘူး ဘာညာ ဟောက်လိုက်ရောမှ
    ဝန်ခံရှာတယ်….
    စစ်တောင်းမြစ် စစ်တောင်းမြစ်…..
    အခု တစ်ညသား ကိုဘလက်နဲ့ ဖုန်းပြောရင်း
    ညီရာ ကိုယ်စစ်တောင်းမြစ်မဟုတ်ပါဘူး
    ကိုယ်ဧရာဝတီပါ ဧရာဝတီပါ ပြောတာနဲ့
    သူ့မွေးနေ့မှာ ဧရာဝတီစစ်စစ်ဘလက်ကို လက်ဆောင်ပေးမိတာပါ
    မေခ မလိခ ဧရာဝတီလောက်ထိ သူ့ကိုညွန်းဆိုလိုရင်းမဟုတ်ပါ….
    ပျော်ရွှင်ပါစေ
    ကိုကြီးဘလက်ရေ့……..

  • ဖြူစိုင်း လူ

    October 20, 2013 at 10:36 am

    ဖြစ်ချင်တော့

    သူ့ဟာသူ နေသလိုနေ စေသလိုစေနေတုန်း
    ကိုယ့်ဖာသာ တံခါးမှူးတစ်ယောက်အနေနဲ့
    အဝင်ဝကနေ ဆီးကြိုလို့

    ဘယ်သူဘယ်ပုံဖြင့်သုံးသပ်နေတုန်း
    ကျေသူကျေ
    မကျေသူမကျေနဲ့
    သူ့ခမျာတော့

    ချိုပေါ့ကျတွေနဲ့ ကျေနပ်နေတုန်း။

    တိမ်တွေတောင် ဖြူချင်ဖြူ၊ ကြည်ချင်ကြည်၊ ညိုချင်ညို၊ မည်းချင်မည်းနေမှတော့
    သူတစ်ယောက်လဲ
    စိတ်စေရာ လွင့်မျောပါလို့

    ရင်နာတာတစ်ကြောင်း
    အဆင်မပြေတာတစ်ကြောင်း
    လူ့ဘဝအပူမီးတွေ တောက်လောင်နေတာကလဲ တစ်ကြောင်းပေမို့

    အတော်လေးအဆက်ပြတ်
    ရွာနဲ့ ကင်းကင်းကွာနေနေတဲ့

    အူးအူးဘလက်တစ်ယောက်

    ၄၁ က ဂျပ်ဆင်ကြီးတင်ခဲ့တာတော့
    အမှတ်ရနေပါဂျောင်း။

    စိုင်းကွမ်းခေး

  • TNA

    October 20, 2013 at 11:07 am

    ဆြာဘလက်မွေးနေ့မှာ ပျောက်ချက်သားကောင်းနေသူတွေအလျှိုအလျှိုပေါ်လာပါလား။ ဝမ်းသာစရာပါပဲ။ လူဟောင်းတွေရဲ့အရေးအသားလေးတွေဖတ်ရတာအားရစရာပါ။ ဒုတိယအကြိမ်ထပ်ဆုတောင်းပေးလိုက်ပါ တယ်ဦးဘလက်ရေ မွေးနေ့မှသည် စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အလှမယ်အကျုးိသယ်ပိုးနိုင်ပါစေလို့။ 😀

    • alinsett

      October 20, 2013 at 3:20 pm

      အန်တီ သဲ ပြောသလိုပါပဲ..( ကျွန်တော် ပြောချင်တာက.. )
      🙂

      ကိုကမ်းကြီး…
      စကားလုံးတွေ ကြွယ်ဝနေတုန်းပဲ…။

  • Ma Ma

    October 20, 2013 at 1:16 pm

    သူတို့ချစ်တိုရီးမွေးနေ့ကို ဝိုင်းဝန်းဂုဏ်ပြု ကြတမို့လား….
    စကားလုံးတွေက ပြောင်မြောက်လိုက်တာ။
    မနာလိုချင်စရာပဲ ဆြာကမ်းရေ။ :kwi:

  • padonmar

    October 20, 2013 at 2:38 pm

    မကျေနပ်ဘူးအေ။
    ကျုပ်တို့တကြော်ကြော်ခေါ်နေတုံးကပေါ်မလာပဲ
    သူတို့ချစ်တိုဂျီးကျမှ ဧရာဝတီတွေ ငှက်ပျံဂျီးတွေ လုပ်နေဂျဒယ်။
    တယောက်ကို နောက်ထပ် ပို့စ် ၅ပုဒ်စီရေးပေး။
    အဖျော်ဆရာလည်း ချိုပေါ့ကျဖြစ်ဖြစ် တံခါးစောင့်ဖြစ်ဖြစ်ရေးပေး။
    ဒါဗျဲ။နို့မို့ရင် ခွေးမလွှတ်ဘူး(ကြောင်ပဲလွှတ်မယ်၊ကြောင်ကြီး)

  • ဦးကျောက်ခဲ

    October 21, 2013 at 8:16 am

    ဧရာဝတီဘလက်ကြီးရေ မွေးနေ့အကြိုတော့ ဆုတောင်းခဲ့ပြီးပြီ…
    အခု မွေးနေ့အလွန်ပေါ့…
    စိတ်၏ ကျန်းမာ/ချမ်းသာချင်း (ဟိ…CD e-tone)၊ ကိုယ်၏ချမ်းသာချင်း များစွာနဲ့…
    ချစ်ကိုကြီး နိုင်ငံဂုဏ်ဆောင် မယ်ကလေးတွေနဲ့ ဖလန်းဖလန်းထနိုင်ပါစေလို့…
    ဆြာကမ်း ဓာတ်စီးပြီးရေးတာ မိုက်သကွာ… ဟီ ဟိ
    😀

  • ဒီနေ့က မွေးနေ့ဆိုတော့ ထပ်ပြီးဆုတောင်းပေးပါတယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ အူးလေးဖြူကြမ်း ။

  • မဟာရာဇာ အံစာတုံး

    October 21, 2013 at 10:49 am

    ဧရာဝတီ ဘလက် နော် …
    ဧရာဝတီဘလက် …
    စစ်တောင်းဘလက် ဟုတ်ဘူးနော် …
    စစ်တောင်းဘလက် ဟုတ်ဘူးးးး

    :mrgreen:

  • Nyein Nyein

    October 21, 2013 at 12:55 pm

    လေးဘလက်အတွက် ဒုတိယအကြိမ် ထပ်ဆုတောင်းပေးပါတယ်။ မွေးနေ့မှစပြီး နေစဉ်တိုင်းမှာ ပျော်ရွှင်ပါစေ………….

  • Shwe Ei

    October 21, 2013 at 3:43 pm

    မွေးနေ့ပွဲကျင်းပသံလဲမကြားပါလားတော်

    ဘလိုဘဲဖစ်ဖစ် ချစ်ရတဲ့ မိသားစုနဲ့ ဟက်ပီးအဲဗားအားဖတားပါ ဘဘ ဘလက် :mrgreen:

Leave a Reply