တာဝန်နဲ့ အခွင့်အရေးမျှတပါစေ…

Ko out of...October 20, 20131min1263

“ညောင်စေ့လောက်လှူ ညောင်ပင်လောက်ရ”… ဆိုသည့်စကားဟာ လာဘ်လာဘကိုဦးတည်ပြီးဟောပြောနေတာများဖြစ်နေမလားလို့သုံးသပ်မိတယ်…….. ညောင်စေ့လောက်ဘဲလှူပြီး ညောင်ပင်လောက်ရတာဟာ တရားပါ့မလား?…. …ထို့အတူဘဲ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အချိန်တွေပေးဆပ်ပြီး ဘုရားဖြစ်ခါမှ လေးဆယ့်ငါးဝါဘဲ ဖြစ်ခွင့်ရတယ်…ဒါဟာ တာဝန်များပြီး အခွင့်အရေးနည်းနေတယ် လို့မြင်မိပါတယ်…စဉ်းစားကြည့်?….အလုပ်ကိုနည်းနည်းလုပ်ပြီး လုပ်အားခကိုများများရချင်တဲ့လူလည်း မဖြစ်သင့်သလို……အလုပ်ကိုများများလုပ်ပြီး အခွင့်အရေးနည်းနည်းရတဲ့လူ
လည်းမဖြစ်သင့်ပါ…အဲဒီနှစ်ခုဟာ မတရားတွေဘဲဖြစ်တယ်…
တနည်းပြောရရင်…အလုပ်ကို နည်းနည်းလုပ်ပြီး ကိုယ့်အတွက်များများရချင်တဲ့လူသည် “ကာမ”ဘုံသားဖြစ်ပြီး…အလုပ်ကိုများများအနှစ်နာခံပေးဆပ်ပြီး အခွင့်အရေးကိုနည်းနည်းနှင့် လုံးဝမယူသောသူသည် “ရူပါရူပ” ဘုံသားများဖြစ်ကြပါသည်…(၂၉)နှစ်ထီးနန်းစည်းစိမ်နဲ့နေခဲ့တာဟာ အခွင့်အရေးသမားဖြစ်ပြီး…(၆)နှစ်မှားကျင့်ခဲ့ သည့်အကျင့်ဟာလည်း တာဝန်ကိုကြီးကြီးယူပြီးအနှစ်နာခံ သမားဖြစ်နေတယ်…ဒီအစွန်း နှစ်ခုကိုနားလည်လို့ တာဝန်နဲ့ အခွင့်အရေးမျှသည့် အလယ်လမ်းကိုသူလျှောက်ခဲ့လို့ ဘုရားအဖြစ်ကိုရောက်ခဲ့တာပါ…
အခွင့်အရေးနှင့် တာဝန်မမျှတလျှင်လောကကြီး မငြိမ်းချမ်းနိုင်ပါ….တာဝန်နှင့် အခွင့်အရေး မျှမျှတတသုံးဆောင်တတ်ပြီး.. ကမ္ဘာလောကကြီး ငြိမ်းချမ်းပါစေ….

3 comments

  • kai

    October 22, 2013 at 1:35 pm

    တချို့ကျတော့လည်း.. ဘာမှကိုမလှူပဲ.. မွေးကတည်းကချမ်းသာလာတယ်ဗျ….
    တရားပါ့မလား…။
    အဲဒီလူတွေနဲ့စာရင်..“ညောင်စေ့လောက်လှူ ညောင်ပင်လောက်ရ”… ဆိုပြီး.. ကဲကဲ..ငါ့ညောင်စေ့တွေလှူကြဆိုတာ… တရားတယ်လား..။

    ဆိုတော့..
    ညံ့သူခံ.. ယုံသူကျန်ခဲ့ပေါ့ဗျာ.. နော..။ :mrgreen:

    • Ko out of...

      October 24, 2013 at 3:40 pm

      ညံ့သူခံ …ယုံသူမကျန်ခဲ့ရလေအောင် …ရင်ထဲကရှိသမျှမကျန် ပွင့်အံ့ထွက်မိတာပါ ဆရာခိုင်ရေ…

      “ဘာမှကိုမလှူပဲ.. မွေးကတည်းကချမ်းသာလာတယ်” ဆိုသည့်လူတွေကိုဘဲ ကိုခိုင်ကမြင်တာကိုး… ဘာမှ မလုပ်ဘဲ ထိုင်ပြီးအိပ်ငိုက်နေတဲ့လူတွေ…သူမရှိ၊ငါမရှိ..ယောင်္ကျားမိန်းမမရှိ…စသည့်လူတွေ…လည်း ဘာမှ မလုပ်ဘဲ ချမ်းသာတာ ပြောဖို့တော့လိုမယ်ထင်တယ်ဗျာ…..

  • alinsett

    October 22, 2013 at 1:47 pm

    လုပ်သင့်တာထက် ပိုမလုပ်ရင်
    ရသင့်တာထက် ပိုမရဘူး
    ဆိုတဲ့ ဒဿနလေး တော့ သိပ်ကြိုက်ခဲ့ဖူးတယ်

    အင်းးးး

Leave a Reply