ဆွမ်းဦးပုညရှင်မှ ပန်းချီပညာရှင်

“စစ်ကိုင်း ဆွမ်းဦးပုညရှင်မှ ပန်းချီပညာရှင်”

 

1ရေဆေး ပန်းချီများ
1ရေဆေး ပန်းချီများ

ပြီးခဲ့တဲ့ ရက်က ပြည်ပက မိတ်ဆွေတစ်ယောက်မန်းလေးကို အလည်ရောက်လို့လာပါတယ်။

သူက စစ်ကိုင်းတောင်ကို သွားချင်တယ်ဆိုတာနဲ့ လိုက်ပို့ပေးပါတယ်။

ဆွမ်းဦးပုညရှင်စေတီတော်ပေါ်ရောက်တဲ့အခါ မိတ်ဆွေကဘုရားဝတ်ပြုနေချိန်

ကျနာ်ကတော့ လှည့်ပါတ်ပြီး လက်ဆော့ဘို့ ကောင်းတာလေးကိုရွေးနေမိပါတယ်။

ဟိုရက်က မိုးတွေအရမ်းရွာထားတော့ သစ်ပင်တွေကသန့်ရှင်းစိုလက်။

နေလည်ခင်းဖြစ်ပေမယ့်ဆောင်းအစမို့ မြူမူန်မူန်။

စိတ်မချမ်းမြေ့စရာကောင်းတာကတော့ မြစ်အလည်ခေါင်မှာတောင်သောင်ထွန်းနေတဲ့

ဧရာဝတီ။

အဲလိုကြည့်နေရင်းက စေတီတော်တောင်ဘက်စောင်းတန်းအနောက်ဒေါင့်ကိုရောက်လာပါတယ်။

စေတီတော်အရိပ်က ရင်ပြင်တော်ကကျောက်ပြားပေါ်ရွှေရောင်အလင်းစက်တွေ ကျရောက်နေတာရိုက်နေတုန်း

အကျှီင်္အဖြူ နုတ်ခမ်းမွှေး စစနဲ့လူတစ်ယောက်က ကျနော့်ကို ပြုံးကြည့်နေပါတယ်။

သူ့ကိုကျနော်လဲ ပြန်ပြုံးပြရင်း အလှည့်အကြည့် သူကျောဖက်မှာချိတ်ဆွဲထားတဲ့ ပန်းချီကားများစွာ။

ရောင်စုံပန်းခင်းကြီးခင်းထားသလို လှပလိုက်ပါတဲ့ ရေဆေးကားတွေ။

အောက်ဖက်မှာတော့ အခရိုင်းလစ်ဆီဆေး ပန်းချီကားများ။

 

2ဆီဆေးပန်းချီ
2ဆီဆေးပန်းချီ

ဘေးဘက်မှာတော့ ဓါးခြစ်ပန်းချီကားများ။

ကျနော်က သူကို ဒီပုံတွေရိုက်ခွင့်ရမရ ပြောတော့

ပြုံးပြုံးကြီးနဲ့

“ စိတ်တိုင်းကျသလိုသာ ရိုက် ဗျာ ”လို့ပြောပါတယ်။

ကျနော်က သူ့ကို ကျနော်မိတ်ဆွေတွေသိအောင် အင်တာနက် ပေါ်မှာတင်လို့ရမရမေးတော့

“တင်ဗျာ လူတွေသိလေပိုကောင်းလေ”ဘဲလို့အားရဝမ်းသာဆိုပါတယ်။

ကျနော်ကလဲ အပျော်တမ်းလက်ဆော့သူဖြစ်ကြောင်းသူ့ကိုပြောပြပါတယ်။

နောက်တော့ သူနဲ့ကျနော် ပန်းချီကားများအကြောင်းပြောဖြစ်ပါတယ်။

“ ကျနော်တို့က နိုင်ငံခြားသားတွေကိုဘဲ အားထားပြီးရောင်းရတာပါဗျာ။

ကျနော်တို့လူမျိုးက ပန်းချီကား ဝယ်သိမ်းတယ်ဆိုတာ မရှိသလောက်။

သိမ်းဘို့ဝါသနာမပါသလို ငွေကြေးအပိုမသုံးနိုင်တာလဲပါတာပေါ့ လေ။

အခုကျနော်တို့ပန်းချီကားတွေကို နိုင်ငံခြားသားတွေဝယ်တယ်ဆိုပြီး

ဈေးအရမ်းတင်လို့မရသလို ဈေးပေါပေါနဲ့လဲမရောင်းချင်ဘူးဗျာ။

ဘာလို့လဲဆိုတော့ ကျနော်တို့က သုံးသောင်းလို့ ဆိုရင် များတယ်ဆိုပေမယ့်

သူတွေသုံးနေတဲ့တွက်ရင် ကျနော်တို့ သောင်းဂဏန်းဆိုတာ သူတို့ဆယ်ဏန်းဘဲရှိတယ်လေ။

ဈေးပေါပေါရောင်းလို့ တန်တယ်ဆိုပြီး အကုန်မသွားရင် ကျုပ်တို့ ဘက်က နာပြီလေဗျာ”

လို့ဆိုပါသည်၊။

သူ့အနေနဲ့ကတော့ အနုပညာပစ္စည်းများ ပေါပေါပဲပဲ တန်ဘိုးနည်းစွာ

အဝေးကို ခုန်ပေါက်စီးမျောသွားမှာကို နှမျောဟန်တူပါသည်။

တကယ်ရောင်းမယ်တဲ့ဗျာ
တကယ်ရောင်းမယ်တဲ့ဗျာ

“နောက်ကျနော်တို့ဆီက လူတွေက ဒီပန်းချီကားကို ခံစားတတ်သူလည်းနည်းတယ်လေ။

အပေါ်ကရေဆေးပန်းချီကိုတော့ သူတို့နားလည်တယ်။

ဟော အောက်ချထားတဲ့ အခရိုင်းလစ် ဆီဆေးပန်းချီကားကိုတော့ သူတို့ မခံစားတတ်တော့ဘူး။

သူက မော်ဒန်အတ်နည်းနည်းပါသကိုးဗျ။

သူတို့မျက်စေ့ထဲမှာတော့ ဆေးတွေစုပုံထားတာဘဲမြင်မယ်။

အဲ ဘရိတ်ဒါးပါးပါးလေးနဲ့ ဆေးတွေကို ဆွဲခြစ်ပြီး ပုံဖော်ရတဲ့  ဓါးခြစ်ပန်းချီကတော့

နို်င်ငံခြားသားတွေ အကြိုက်ပေါ့ဗျာ။

သူတို့ရှေ့တင် တရွှပ်ရွှပ်နဲ့ဆွဲရင် သိပ်သဘောကျ ကြတာလေ”

ခဏလေး ပြောတာရပ်ပြီး သူဆက်ပြောပါတယ်။

IMG_9359 [800x600]

“ပန်းချီးကားတွေကတော့ ကျနော်ညီ ကိုမင်းအောင်ဆွဲတာပါ

ကျနော်က တော့ ဘောင်ရိုက်ဘာညာလောက်ဘဲလုပ်တာပါ”

သူ့နာမယ်မေးကြည့်တော့  ကိုကောင်းရွှေ တဲ့။

တောင်အဆင်းလမ်းမှာတွေးမိတာတော့

ကျနော်တို့ရဲက လက်မူ့ပညာတွေ နိုင်ငံခြားကို ပေါပေါနဲ့ဘယ်လောက်များရောက်သွားပြီလဲဆိုတာကိုပါဘဲ။။

 

IMG_9361 [800x600]

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

17-10-2013

 

 

 

11 comments

  • KZ

    October 21, 2013 at 10:58 am

    အဲဒီ လူဂျီး အနော်သွားကတည်းက တွေ့တယ်။
    ဓာတ်ပုံတောင် ရိုက်ခဲ့သေးးးးး
    အင်တာပဲ မဗျူးခဲ့ရတာ။
    ဟိ!!!

    😀

  • လေးပေါက်က ဒီတစ်ခေါက်မှတွေ့တာရယ်
    ပြီးခဲ့တဲ့ လက သူမရှိသေးဘူး။
    လက်မနှေးဘူးအေ့
    သူ့ကိုကြော်ငြာပေးတဲ့သဘောပါဘဲ။
    ခွင့်တောင်းပြီးမှ တင်ခဲ့တာပါ

  • alinsett

    October 21, 2013 at 9:03 pm

    ပန်းချီကားတွေကိုလည်း..အားကျတယ်..
    ပန်းချီပညာရှင်ဘဝကိုလည်း..အားကျတယ်..။

  • ကျော်စွာခေါင်

    October 21, 2013 at 9:48 pm

    ကိုပေါက်…
    ဓါတ်ပုံ ပညာရှင် ဖြစ်ပေမယ့် အခုလို ပန်းချီသမားတွေရဲ ့ ရပ်တည်မှုကို မှတ်တမ်းတင်ပေးတဲ့ အတွက်
    ကိုယ်စား …ကျေးဇူးတင်ပါတယ်လို ့ ပြောပါရစေ…
    ကျနော်တို ့၂ ယောက်ဆုံတဲ့အခါ ထပ်လိုက်ပို ့ပေးရမယ်ဗျ..။
    တစ်ကယ်တန်းကျတော့ မြန်မာပြည်က ပန်းချီသမားတွေ ဘဝက မလွယ်ဘူး ကိုပေါက်..။

  • ကိုခေါင်
    အနုပညာကို ခံစားကြသူချင်း အတူတူပါဘဲ။
    ငွေကြေး ကျော်ဇော်မူ့ဆိုတာတွေက အနုပညာမြတ်နိုးသူတိုင်းရဲ့စိတ်မှာ အဓိကအချက်မဟုတ်ပါဘူး
    ရင်ထဲမှာရောက်လာတဲ့ ခံစားမူ့ကို ပြန်လည်ဖော်ထုတ် မျှဝေသူတွေချည်းပါဘဲ။
    လာခဲ့ပါ ကိုခေါင် ကျနော်လိုက်ပို့ပေးပါမယ်။

  • kai

    October 22, 2013 at 1:12 pm

    မြန်မာတွေက.. လက်မှုအတတ်တွေမှာ.. ပါရမီရှိတယ်လို့ထင်မိတယ်..
    ကမ္ဘာကို.. အဲဒီအတတ်တွေနဲ့..ဈေးကွက်ရှာသင့်တယ်ထင်မိတာပဲ..။

    ဆိုတော့..
    ကြုံလို့ပြောရရင်..
    တလောက..ဆန်တာမော်နီကာဆိပ်ကမ်းလည်လည်သွားတော့.. အဲဒီမှာ.. ကယ်ရီကက်ချာကိုလူတယောက်ထိုင်ဆွဲပေးနေသဗျ..
    သူ့ရှေ့ကခုံမှာထိုင်ရင်.. ၅မိနစ်လောက်နဲ့.. ထိုင်နေတဲ့သူရဲ့ကယ်ရီကကက်ချာကိုဆွဲတယ်..
    တပုံ၁ဝဒေါ်လာပေးရတယ်..။
    တော်တော်ကို အနုပညာသက်ဝင်ပါတယ်..

    ပေါက်ဈေးမှန်းလို့ရနိုင်အောင်ပါ..။ :mrgreen:

  • kyeemite

    October 22, 2013 at 4:02 pm

    ကြိုက်တယ်ဗျာ…ဒီတစ်ခေါက်မန်းလေးသွားခဲ့တာ
    နောက်ကြောင်းမအေးသမို့..စစ်ကိုင်းတောင် မရောက်လိုက်ဘူး ကိုပေါက်ရေ..
    နောက်တစ်ခေါက်ပေါ့…

  • မဟာရာဇာ အံစာတုံး

    October 22, 2013 at 4:13 pm

    ပန်းချီတွေ ကြည့်လိုက်ရင်
    သတိထားမိတာ တစ်ခု ရှိသဗျ …
    အဲ့ဒါကတော့ …
    ဟို .. ထီးဆောင်းနေတဲ့ ကိုရင်လေးတွေ ပုံတို့ …
    ရှိခိုးနေတဲ့ ကိုရင်လေးတွေ ပုံတို့
    မယ်သီလရှင်လေးတွေ ပုံတို့ ……
    အဲ့ဒီပုံတွေကို ခပ်ဆင်ဆင် လေးတွေ တွေ့ရလေ့ရှိတယ် ….။
    တစ်ခါတစ်ခါ ဒီပုံတွေနဲ့ ဆက်စပ်ပြီး အစကနဦး ဘယ်သူ့အိုင်ဒီယာတုန်းလို့ တွေးလိုက်မိသေးတယ် …

  • Mr. MarGa

    October 22, 2013 at 7:31 pm

    လေးပေါက်
    ပါးပါးလေးနဲ့ အများကြီး တွေးလို့ရအောင် ဖြန့်ချပေးသွားတယ်
    တစ်ခါတစ်ခါ ဘုရားပေါ်က ပန်းချီတွေ ဆင်တူ အတော်များများကို တွေ့ရင် တွေးမိတာလေး က
    အဲဒါတွေဟာ
    ဓာတ်ပုံကနေ ပန်းချီကို ပြောင်းသလား
    ပန်းချီကနေ ဓာတ်ပုံဖြစ်သွားတာလား ဆိုတာပါပဲ။
    ဘာလို့လဲဆိုတော့ ဆင်တူလိုလေးတွေ ဖြစ်နေတယ်လေ။
    အခု ပန်းချီတွေ ကြည့်ရတာတော့ မြိုင်ပ ဗျာ။

  • ကိုခိုင် ပြောတာ အမှန်ပါဘဲ။
    ကဲ ကိုခိုင်ရေ ကျနော်တို့ ဓါတ်ပု့တွေ ဘောင်ခတ်ပြီး ပို့ပေးမယ်
    ရောင်းပေးမည်လား

Leave a Reply