“မလုံစကောင်း လုံစကောင်း ” (အပိုင်းတစ်)

ဟိုနေ့ကအိမ်မှာ တီဗွီစင်ဘေးနားက ကဒ်ထူပုံးထဲမှာထဲ့ထားတဲ့ ရုပ်ရှင်ခွေတွေ သီချင်းခွေတွေ ခွေပေါင်းစုံကို ပျင်းပျင်းရှိတာနဲ့ မွှေကြည့်နေရင်းက မထူးပါဘူးဆိုပြီး
မကြည့်ချင်တော့ တဲ့ခွေတွေကိုသိမ်းဘို့ လုပ်နေပါတယ်။
အဲဒီထဲကနေ ဘာအမှတ်အသားမှ မပါတော့တဲ့ခွေလေးတစ်ခွေကို တွေ့တော့ ဘာခွေလဲဆိုတာသိရအောင် စက်ထဲကိုကောက်ထည့်လိုက်ပါတယ်။
ဖြစ်ချင်တော့ ဘိုထီးအခွေလေးဖြစ်နေတယ်။နားထောင်ကောင်းကောင်းနဲ့ဆက်ဖွင့်ထားလိုက်တာ “ကိုယ်တစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူးဆို”တဲ့
သီချင်းလေးရောက်တော့ ကြိုက်တာနဲ့ သီချင်းဆုံးတော့ နောက်တစ်ခေါက်ပြန်ဖွင့်လို့ နားထောင်မိပါတယ်။
အဲလိုနောက်တစ်ခေါက်နားထောင်မိတဲ့အခါမှာ (ခေါင်မိုးကမလုံတော့ ………………….)ဆိုတဲ့စာသားလေးက နားထဲမှာ ပဲ့တင်ထပ်နေပါတယ်။
့ပြီးခဲ့တဲ့ လေးငါးရက်လောက်တုန်းက ကိုဝင်းမောင်ဆိုတဲ့ မိတ်ဆွေတစ်ယောက်နဲ့တွေ့ွှတော့ တရုပ်ပြည်နယ်စပ် မှာ စာရင်းကိုင်လုပ်နေတယ်ဆိုတဲ့ သူ့သား
လေးအကြောင်းမေးကြည့်တော့ အံ့ဘွယ်သုတ တစ်ခုကိုကြားလိုက်ရပါတယ်။
လုပ်ငန်းတစ်ခုက နယ်မှာနေဘို့အတွက် စာရင်းကိုင်အလိုရှိသည်ဆိုပြီးသတင်းစာထဲမှာလျှောက်လွှာခေါ်တာကိုတွေ့တဲ့အခါ
ကိုဝင်းမောင်သားကလဲ LCCI Level (3)အောင်ပြီးသားဆိုတော့ ဝင်လျှောက်တာသူ့ကို အလုပ်ခန့်လိုက်ပါတယ်။
သူကိုခန့်လိုက်တဲ့အလုပ်ကတော့ မိတ်ဆွေတစ်စုက ရှယ်ယာတွေထည့်လို့ တရုပ်ပြည်ဘက်ရယ် မန်းလေးရယ် ရန်ကုန်ရယ်မှာ ရုံးခန်းတွေဖွင့်ပြီး အရောင်းအဝယ်လုပ်ကြမယ်ဆိုတဲ့
လုပ်ငန်းမှာပါ။
သူနဲ့ ရှယ်ယာဝင်တစ်ယောက်က တရုပ်ပြည်နယ်စပ် ကျယ်ဂေါင်ထဲမှာသွားနေပြီး မန်းလေးဘက်က ပို့လာတဲ့ ကောက်ပဲသီးနှံ(ကင်းလွတ်ကုန်ပေါ့)ကို တရုပ်ပြည်ဘက်ကိုရောင်းမယ်။
တရုပ်ပြည်ဘက်ကနေ မြန်မာပြည်မှာပြန်ရောင်းလို့ တွက်ခြေကိုက်မယ်ထင်ရတဲ့ ကုန်တွေကို ပြန်သွင်းပြီး ရန်ကုန်အထိပို့မယ် ပေါ့။
့မြန်မာပြည်ဘက်ကနေ တရုပ်ပြည်ဘက်ကို ကုန်ပို့တာကတော့ ရှင်းပါတယ်။
ကားခက တပိသာဘယ်လောက်နုန်းဆိုတာတွက်ပြီးတင်လိုက်ရုံဘဲ၊ရောက်လာတဲ့ ပစ္စည်းကိုလည်း မြန်မာငွေနဲ့ရောင်းရတယ်ဆိုတော့ သိပ်အလုပ်မရှုပ်ဘူးလေ။
တရုပ်ပြည်ဘက်ကျတော့ မြန်မာပြည်ထဲကို ပစ္စည်းတင်သွင်းမယ်ဆိုလဲ(အန်းနင်း)လို့ခေါ်တဲ့ အိပ်စပို့တင်ခွင့်လက်မှတ်ဘာညာကွိကွတွေရှိရပါတယ်။
ဒီတော့လဲ ကိုယ်တင်ချင်တဲ့ပစ္စည်းအတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေမရှိရင် ဝယ်ပြီးတရားဝင်တင်ခွင့်ရအောင်လုပ်ရပါတယ်။
ဒီကိစ္စတွေကိုဆောင်ရွက်ပေးတဲ့ အကျိုးဆောင်တွေကလည်း သူဟာနဲ့သူရှိပြီးသားပါ။
(အန်းနင်း )ဝယ်ရတဲ့ပေါက်ဈေးကလဲတစ်ရက်နဲ့တစ်ရက် မတူဘဲအခြေအနေအရပ်ရပ်ပေါ်မှာ မူတည်လို့တက်လိုက်ကျလိုက်ပါဘဲ။
နောက်အဲဒီမှာက တရုပ်ငွေ(ယွမ်)နဲ့ဘဲ ရောင်းကြဝယ်ကြပါတယ်။
ဒီဘက်မှာက တရုပ်ငွေနဲ့ ဝယ်တယ် ဟိုဘက်မှာက မြန်မာငွေနဲ့ ရောင်းတယ် ဆိုတော့ ဒီဘက်မှာသုံးဘို့အတွက်
မြန်မာအခေါ် (ငွေဈေး) တရုပ်အခေါ် (ချန်းစွေ)(မြန်မာငွေကျပ်တစ်ရာကို တရုပ်ငွေ ယွမ်ဘယ်နှစ်ပြား )ဆိုတဲ့သတ်မှတ်ချက်နဲ့ တိုင်းတာလို့ လဲကြရပါတယ်။
ငွေဈေးကလဲ အခြေအနေအရပ်ရပ်ပေါ်မှာ မူတည်လို့ ငွေဈေးတက်တယ် ကျတယ် အန်းနင်းဈေးတက်တယ် ကျတယ်ဆိုတာဖြစ်လာပါတယ်။
ဒီအတက်အကျမှာ မှန်ကန်စွာ မစီးမျောနိုင်ဘူး မလုပ်နိုင်ဘူးဆိုရင် ခံရတာပါဘဲ။
ဒီဘက်နဲ့အရောင်းအဝယ်လုပ်ကြသူတွေရဲ့ အရှုံးအမြတ်က ဒါတွေအပေါ်မှာမူတည်နေပါတယ်။
ဒါကြောင့်လဲ မနက်မိုးလင်းတာနဲ့ (ဒီနေ့ ငွေဈေးက ဘယ်လောက်၊ အန်းနင်းဈေးကဘယ်လောက်)ဆိုတာကို သိအောင်ကြိုးစားရပါတယ်။
အဲဒီမှာ စအလုပ်လုပ်စကတော့ နေ့စဉ်သုံးစွဲတဲ့ငွေကြေးအတွက် ဝယ်တာရောင်းတာတွေအတွက် သူနဲ့ အတူနေတဲ့ ပိုင်ရှင်က ပြောတဲ့အတိုင်း
စာရင်းထည့်ပေးပါတယ်။ တစ်ပါတ်တစ်ခါ အသုံးစားရိတ်ရှင်းတမ်းတွေကို တစ်ပါတ်တစ်ခါ ကားဂိတ်ကနေတစ်ဆင့် မန်းလေးကို ပို့ပေးရပါတယ်။
အများအားဖြင့်ကတော့ ဖုန်းနဲ့နေ့စဉ် ပြောကြပါတယ်။
ဒါပေမယ့် သူနေတာ လေးငါးလလောက်ရောက်လာတဲ့အချိန် သူငွေဈေး အန်းနင်းဈေးတွေ ကိုနားလည်လာတဲ့အချိန်မှာသူသိလာရတာကတော့ သူ့ပိုင်ရှင်က နေ့စဉ်စာရင်းသွင်းပြီး ထည့်ခိုင်းတဲ့စာရင်းထဲက ဈေးတွေက လက်ရှိပေါက်ဈေးမဟုတ်ဘူး ဈေးတွေက မ မှန်ဘူးဆိုတာကို သိလာရပါတယ်။
သူ့အတွက်တကွက်ချန်ထားပြီးထည့်ခိုင်းတဲ့ဈေးတွေဆိုတာ သိလာပါတယ်။
အဲဒီအချိန်တရုပ်ငွေ တစ်ကျပ်ဆိုရင် မြန်မာငွေ တစ်ရာ့ငါးဆယ် ပါတ်ဝန်းကျင်လောက်ရှိတာကိုး
သူတို့ တစ်ရက်တစ်ရက်လုပ်တဲ့ ပမာဏက နေ့စဉ်သိန်း ရာကြီးဂဏန်းအထက်မှာရှိတာကိုး။
ဒါကြောင့်လဲ ငွေလဲတာဖြစ်ဖြစ် အန်းနင်းဝယ်တာဖြစ်ဖြစ် တရုပ်ငွေ တစ်ပြားကွာရင်ကို မြန်မာငွေအများကြီးကွာသွားတာကိုး။
သူအစက မှားတယ်ထင်လို့ပြောကြည့်ပါတယ် သူ့ပိုင်ရှင်က သူ့ကို(တယ် ရှည်ပါလား)ဆိုတဲ့လေသံနဲ့ပြန်ပြောတာကို တစ်ခါမက ခံလာရတဲ့အချိန်မှာ ပိုင်ရှင်က သူ့ရှယ်ယာရှင်တွေအပေါ်မှာ မရိုးသားတော့ဘူးဆိုတာကို သေသေချာချာသိလာပါတယ်။
အဲဒါတွေရဲ့နောက်ဆက်တွဲကတော့ ထည့်ခိုင်းတဲ့ဈေးတွေမမှန်ဘူးဆိုတာ သိလာတဲ့ဝန်ထမ်းတွေကလည်းနေ့စဉ်အသုံးစရိတ်တွေမှာ သူတို့လုပ်ကိုင်ဆောင်ရွက်ရတဲ့အခါသုံးစွဲလာတဲ့စရိတ်တွေက လိုတာထက်ပိုနေတာကို တွေ့ရပါတယ်။
သူတို့ကိုမေးလိုက်ရင် ပိုင်ရှင်ကိုပြောပြီးသားဆိုပြီးပြန်ပြန်ပြောတော့ သူလဲဘာမှနောက်မပြောတော့ဘူး။
ဒါပေမဲ့ သူနဲ့အတူနေတဲ့ ပိုင်ရှင်ကိုတော့ သူတို့တက်လာတဲ့စာရင်းတွေကို အမြဲပြပေးပါတယ်။
သူကကြည့်ရုံသာကြည့်ပြီးဘာမှမပြောပါဘူး။
အဲဒီအချိန်မှာဘဲ အခြားဘက် ရှယ်ယာရှင်တွေက (ငွေဈေး-အန်းနင်းဈေး)ကိုနည်းတယ်များတယ်ဆိုတာကို
အသုံးစာရိတ်တွေကိုလျှော့ပါတို့ ဆိုပြီး နည်းနည်းလေးဝေဖန်တဲ့အသံထွက်လာတဲ့အခါမှာ
သူလဲ အဲဒီအလုပ်က ထွက်လိုက်ပါတယ်။
ဒါလေးက ခေါင်မိုးမလုံတဲ့ ဇာတ်လမ်း အမှတ်တစ် ပေါ့။

ဒါကတော့ ကျနော်မိတ်ဆွေတစ်ယောက်ပြောပြလို့သိလိုက်ရတာပါ။
တစ်ခါက ဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးမလုပ်တဲ့ ကောင်မလေးအပါအဝင် သုံးယောက်ကို ဆိုင်ကရောင်းကြေးငွေတွေကို အုပ်စုဖွဲ့ပြီးယူလို့ဆိုပြီး
သက်ဆိုင်ရာ ရပ်ကွက်ရုံးကိုခေါ်လာပါသတဲ့။
အဲဒီဆိုင်က အထည်အလိပ်တွေလက်လီလက်ကားဖြန့်တဲ့ဆိုင်ဆိုတော့ လူလဲရှုပ်သလိုတစ်နေ့တစ်နေ့ရောင်းကြေးကလဲ တော်တော်လေးများပါတယ်။
ပိုင်ရှင်ရဲ့ညီမလေးက ( မနက်ပိုင်းက ကုန်သည်တစ်ယောက်ကလာပေးတဲ့ ပိုက်ဆံဆယ်သိန်းတစ်စီးကိုအရောင်းကောင်မလေးက လက်ခံပြီး သူတို့နောက်က ပိုက်ဆံထဲ့တဲ့ သံပုံးထဲကို ထည့်သံကြားလိုက်ပါသတဲ့။
နောက်နေ့လည် တစ်နာရီလောက်ကြတော့ ကုန်လာသွင်းတဲ့ ကုန်သည်တစ်ယောက်ကို ငွေရှင်းပေးမယ်လုပ်တော့ ဆယ်သိန်းစည်းရှာတာမတွေ့တော့ပါဘူးတဲ့။
ရောင်းရငွေတွေဘဲဖြစ်ဖြစ် အကြွေးလာဆပ်တာဘဲဖြစ်ဖြစ် သူတို့နောက်ကသံပုံးထဲကိုထည့်ပါတယ်။
နောက်သူများကိုပေးစရာရှိတယ်ဆိုရင်လဲ အဲဒီထဲကဘဲယူပေးလိုက်ပါတယ်။
အဲဒီထဲက ငွေကို စာရင်းမှတ်ထားတာမရှိပါဘူး။
သူတို့က ဒီဆိုင်မှာလုပ်တာ သုံးနှစ်လောက်ရှိပြီဆိုတော့ ယုံကြည်တာလဲပါပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်လသုံးလလောက်ကစပြီး ဆိုင်က ရောင်းလဲရောင်းရတယ် ရစရာ အကြွေးတွေကလဲ ပုံမှန်လာပေးနေရဲ့သားနဲ့ငွေသားလက်ကျန်က နည်းနည်းလာလို့ သတိထားကြည့်မိလို့ အခုလိုသူတို့ယူတာကိုမိတာပါ)လို့ စီကာပါတ်ကုံးပြောပြပါတယ်။
သူတို့ကိုမေးတော့ ယူတာဟုတ်တယ်လို့ဝန်ခံပါတယ်။
ဒီလိုယူနေတာဘယ်လောက်ကြာပြီလဲဆိုတော့ ငါးလလောက်ရှိပါပြီလို့ ပြောပါတယ်။
စုစုပေါင်း ရရင် ရသလိုယူတယ်ဆိုတော့ သိန်းလေးရာကျော်ကျော်လောက်ရှိပြီလို့သိရပါတယ်။
သူတို့ကဘယ်လိုယူကြသလဲဆိုတော့
နှစ်ယောက်က ကောင်တာမှာထိုင်ပြီး ငွေပေးငွေယူလုပ်ရပါတယ်။
ကျန်တဲ့တစ်ယောက်ကတော့ အထည်တွေ သိမ်းတာ သယ်ပေးတာ ရှာပေးတာတွေလုပ်ရတဲ့ ပစ္စည်းတွေစာရင်းကိုင်ရတဲ့သူပါ။
ငွေအဝင်များတဲ့နေ့ဆိုရင် ထမင်းစားချိန်ဆိုင်ထဲမှာဝန်ထမ်းတွေနည်းနေတဲ့အချိန်မျိုးမှာကောင်တာကကောင်မလေးတွေကငွေကို
ပစ္စည်းကိုင်တဲ့ကောင်မလေးလက်ထဲကို လူအလစ်ထည့်လိုက်ပါတယ်။
အဲဒီကောင်မလေးကလည်း အထည်တွေကိုသိမ်းသလိုနဲ့ အဲဒီထဲကို ငွေဖွက်ယူပြီး သူ့စတိုခန်းထဲမှာထားတဲ့သူ့အိပ်ထဲကိုသိမ်းထားလိုက်ပါတယ်။
သူတို့ကညနေပြန်ရင်လည်း တစ်ယောက်တစ်လမ်းစီ နေတဲ့နေရာကလဲတစ်နေရာစီ ညကျမှ ငွေယူလာတဲ့ကောင်မလေး နေတဲ့အဆောင်ကိုသွားပြီး
ခွဲယူကြပါတယ်။သူတို့ကအနေအထိုင်သိုသိပ်တော့ ဘယ်သူမှ မရိပ်မိပါဘူး။သူတို့ထဲမှာ နှစ်ယောက်က အဆောင်နေပြီး တစ်ယောက်ကမြို့ခံဆိုတော့ သူ့အိမ်မှာသူနေပါတယ်၊၊
ဒါပေမဲ့ ယူတဲ့ငွေပမာဏ က တစ်ကြိမ်ထက်တစ်ကြိမ်ပိုပိုများလာတော့မှ ရိပ်မိသွားတာပါ။
အဲတော့သူတို့လဲ ယူတာဝန်ခံပြီဆိုတော့ ငွေတွေပြန်ပေးမလားလို့မေးတော့ မပေးနိုင်ဘူးတဲ့။
ဒါဆိုရင် ရဲစခန်းပို့ပြီး အမူ့ဖွင့်မယ်လို့ ပြောလဲပြောရော ကောင်မလေးတွေက ဖွင့်ချင်တယ်ဆိုလဲ ဖွင့်လို့ရတယ် ဒါပေမဲ့ ရှင်တို့အကိုအကြီးဆုံးကိုအရင်မေးလိုက်ပါ။
ရှင်တို့ကဖွင့်မယ်ဆိုရင် ကျမတို့သုံးယောက်ကလဲ အမူ့ပြန်ဖွင့်မယ်လို့ခပ်မာမာပြန်ပြောပါသတဲ့။
ဖြစ်ပုံက ဒီလိုပါ အဲဒီဆိုင်က မောင်နှမ ငါးယောက်ရှိပါတယ်။
ညီမတွေကလေးယောက် အကိုအကြီးဆုံးကတစ်ယောက်ပါ။
ညီမနှစ်ယောက်က ကျောင်းတက်တုန်း နှစ်ယောက်က ဆိုင်မှာဝင်လုပ်ပါတယ်။
လုပ်တယ်ဆိုတာက လဲ တကယ်ထဲထဲဝင်ဝင်လုပ်တာမဟုတ်ဘူး ညနေဆိုင်ပိတ်မှ ကျန်တဲ့ပိုက်ဆံကိုသိမ်းတဲ့အဆင့်လောက်လုပ်တာပါ။
အကိုကြီး က မိန်းမနဲ့ပါတ်သက်ရင် စည်းမရှိပါဘူး။
စောစောကကောင်မလေး သုံးယောက်နဲ့ကလဲ မလွတ်ကင်းခဲ့ပါဘူး။
အစက ငွေကိုင်တဲ့ကောင်မလေး ထဲက အလတ်မလေးကို ညမိုးချုပ်ရင် အဆောင်ပြန်ပို့ပေးတာတို့ ဥပုဒ်နေု့ဆိုအဆောင်သွားခေါ်ပြီး လျှောက်လည်တာတို့ မုန့်လိုက်ကြွေးတာတို့ လုပ်ပြီးကြာလာတော့ ပြင်ဦးလွင်ကိုခေါ်သွားပြီး ညအတူတူအိပ်တာတွေဘာတွေဖြစ်လာပါတယ်။
ကောင်မလေးက ငယ်တော့သာယာမိတာရယ် အဆောင်နေတော့လွတ်လပ်တာရယ် ငွေကြေးလဲထောက်ပံ့တယ်ဆိုတော့ မရှောင်နိုင်ဖြစ်သွားပါတယ်။
အကြီးမကြီးကတော့ တစ်မျိုးသူက သူ့အိမ်မှနေတော့အငယ်မတွေလောက်မလွတ်လပ်ဘူး။
တစ်ခါမှာ သူတို့ငှားနေတဲ့အိမ်က ဖယ်ပေးရမယ်ဆိုတော့ အိမ်ဝယ်ဘို့ငွေက လက်ထဲရှိတာနဲ့မလောက်ဘူးဖြစ်နေပါတယ်။
(အဲဒီအိမ်က အခုလက်ရှိနေနေတဲ့အိမ်လေးပေါ့)
လိုတာက ဆယ်သိန်းကျော်ကျော်လောက်ပေါ့။ပိုင်ရှင်အကိုကြီးကိုပြောတော့ ရှောရှောရူရူဘဲထုတ်ပေးပါတယ်။
နောက်လခထဲကနေ နှိမ်ယူမယ်ပေါ့။
ဒီလိုနဲ့ခြောက်လလောက်ကြာတဲ့တစ်နေ့ အလုပ်ပိတ်တဲ့တစ်ရက် နယ်ကုန်သည်က ငွေလာရှင်းနေလို့ ုဆိုင်ကိုလာခဲ့ပါလို့အိမ်ဘေးက pcoဖုန်းဆိုင်
ကနေကောင်မလေးအိမ်ကို ဖုန်းဝင်လာပါတယ်။
ဒါနဲ့ကောင်မလေးလဲ ဆိုင်ကိုသွားတော့ ဆိုင်တံခါးစေ့ထားတာနဲ့ အထဲကိုဝင်သွားလိုက်တော့ ကိုယ်တော်ချောတစ်ယောက်ဘဲတွေ့ပါတယ်။
အဲဒီမှာဘဲ ကောင်မလေးကို ချစ်ပါတယ် ကြိုက်ပါတယ်ဆိုပြီး သူ့အလိုကိုလိုက်ရင် ချေးငွေတွေပြန်ပေးစရာမလိုဘူးဘာဘူးနဲ့ မြူလိုက်တော့
ကောင်မလေးလဲ မငြင်းနိုင်ဘူးဖြစ်သွားပါတယ်။အဲဒီကစသူနဲ့ အကြိမ်ကြိမ်ညိပါတော့တယ် ဒါက လွန်ခဲ့သော2နှစ်လောက်ကစလိုက်တဲ့
ဇာတ်လမ်းက ဒုတိယကောင်မလေးကို သူမတွေ့ခင်ပေါ့။
အခုစတိုခန်းကိုင်တဲ့ကောင်မလေးကတော့ နောက်ဆုံးသားကောင်ပေါ့။
လွန်ခဲ့တဲ့ ကိုးလလောက်က စားနေကြ ကြောင်ဖား အကိုကြီးက အဆောင်မှာဘဲနေတဲ့စတိုးခန်းကကောင်မလေးကို ဒုတိယမြောက်ကောင်မလေးလိုဘဲ သိမ်းသွင်းလို့တော်ကောက်လိုက်ပါတယ်။
ကံဆိုးချင်တော့ သူနဲ့ပိတ်ရက်တွေမှာ ပြင်ဦးလွင်ကိုလိုက်လိုက်အိပ်ရင်းကိုယ်ဝန်ရှိလာပါသတဲ့။
ယူခိုင်းတဲ့အခါမှာ ခါးခါးသီးသီးငြင်းလို့ ငွေပေးပြီး ပြန်လွှတ်ဘို့စီစဉ်ပါတယ်။
အဲဒီအကြောင်းတွေကို သိသွားတဲ့ ပထမနှစ်ယောက်က ကလေးမလေး ကိုယ်ဝန်ကို ကိုယ်ဝန်နုတုံးအရပ်လက်သည်ဆီမှာသွားပြီး
ဖျက်ချလို်က်ပါသတဲ့။
အဲဒီအချိန်ကစလို့ သူတို့သုံးယောက်ပေါင်းပြီး လက်စားချေမယ်ဆိုပြီး ငွေတွေကိုခိုးထုတ်တာကို စခဲ့ပါသတဲ့။
သူ့အကိုကြီးလဲ ရောက်လာရော ကောင်မလေး သုံးယောက်နဲ့လဲတွေ့ရော နားလည်စွာကျေအေးလိုက်ကြရပါသတဲ့။
ကောင်မလေးတွေလုပ်ရပ်မှန်တာ မမှန်တာ အပထား ဒါကလဲ ခေါင်မလုံတဲ့ဇာတ်လမ်းလေးပါ။

နောက်ဇာတ်လမ်းတပုဒ်ကတော့…………………………

One comment

  • bigcat

    August 7, 2010 at 9:25 pm

    Each girl worth more than 10,000,000 Kyat. I think big brother is calculating how much he had to pay for every single event.

Leave a Reply