မနေ့တုန်းက. . . .

alinsettOctober 21, 20131min18227

ဖြစ်နိုင်မယ်ဆိုရင် … … … အဝါရောင်မဟုတ်တဲ့ ခပ်ရင့်ရင့်အရောင် ဝတ်ရုံတစ်စနဲ့

ငါ့ ရုပ်အလောင်းကို ဖုံးလွှမ်းပေးပါ။

 

ငါဟာ ဒီလောက ရဲ့ သုညတစ်လုံးပါ။ သုညတို့ရဲ့ ပုံရိပ်ကို ဖုန်သုတ်ပြီး ခပ်သွက်သွက်လေး ခြုံထားပါတယ်။

 

မဖြစ်နိုင်တာတွေကို ဖြစ်နိုင်သယောင်ယောင် ဟန်ဆောင်ပြီးလည်း မလုပ်ချင်တော့။

 

မျှော်လင့်ချက်ဆိုတာ … … …

တရားမျှတဲ့ ခေတ်မှာမှ ဖူးပွင့်ဝေဆာနိုင်မယ့်ပန်း ။

 

အဟမ်းးးး။

 

********************************

 

(((( အပေါ်ကစာရွက်ကို . . . .

ကျွန်တော် ဆွဲခြစ်ပစ်လိုက်ပြီ ။ ))))

 

********************************

ဘယ်တုန်းက ကျွန်တော် ပျောက်ဆုံးသွားသလဲ မသိ ။

 

ကျွန်တော့်အရိပ်အယောင်ကို ပြန်တွေ ့မှ ကျွန်တော်တစ်ခုလုံး ပျောက်ဆုံးခဲ့ပါလား သိတော့တယ်။

အဲ သိပြီ ထင်တယ်ပေါ့။

 

မသေချာပေမယ့် သေချာနေတာကတော့

မနေ့တုန်းက ကျွန်တော် ပျောက်ဆုံးသွားတာလို့ပဲ ထင်တယ် ။

 

**********************************

 

မနေ့တုန်းက. . .. . .

ပြုံးပြခြင်းနဲ့ ရင်းနှီးကျွမ်းဝင်ဖူးသလားးး

 

မနေ့တုန်းက . . . . . . .

စုန်းကဝေတွေ တီးတဲ့ ဆိုင်းသံနဲ့ ကခဲ့ဖူးသလားးး

 

မနေ့တုန်းက . . . . . . .. .အတုံးလိုက်အခဲလိုက်ဆဲပစ်ချင်လို့

တစ်ယောက်ယောက်ကိုများ ရှာမိခဲ့သလားးးး

 

မနေ့တုန်းက… … …

ခပ်တုံးတုံးခပ်အအ မိန်းမတစ်ယောက်နဲ့ အတူရှိခဲ့ဖူးတဲ့တစ်ညနေကိုများ

ပြန် သတိရမိသေးသလားးးး

 

မနေ့တုန်းက … … …

ယဉ်ကျေးမှုနဲ့ သမာအာဇီဝကို ပြတိုက်တစ်ခုခုထဲမှာများ တွေ့မိသေးသလားးးး

 

မနေ့တုန်းက … … …

ကျွန်တော် ရထားတဲ့ ဘွဲ့လတ်မှတ် နဲ့ ကိုက်ညီတဲ့အလုပ်တစ်ခုခုများ ကျွန်တော့်အိမ်တံခါးကို လာခေါက်သေးလားးးး

 

မနေ့တုန်းက ဇဝေဇဝါမနက်ခင်းမှိန်မှိန်အောက်မှာ မီးခွက်ကိုင်ပြီး ပြဿနာ ရှာခဲ့သေးသလားးး

 

မနေ့တုန်းက သူတို့ လုပ်ပြနေတာတွေများ တဟားဟားနဲ့ ထိုင်ရယ်နေမိသေးသလားးး

 

မနေ့တုန်းက သူတို့ လုပ်ပြတာတွေက စကားလုံးတွေ အလှဆုံး ထုပ်ပိုးပြင်ဆင်ပြီးကျေကျေညက်ညက် ဝါးစားပြနေတာ မယုံဘူးလားးး

… … … … …

… … … … …

 

သေချာတာတော့

မနေ့တုန်းက . . . .

ကျွန်တော့် အရှေ ့မှာ

ကျွန်တော် ပက်ပက်စက်စက် ကျရှုံးခဲ့တယ်။

 

သေချာတာကတော့

မနေ့တုန်းက

ကျွန်တော့် အိပ်မက်ထဲမှာ … … …

ကျွန်တော့် ဘာသာစကားတွေ ပျောက်ဆုံးးး

ခပ်ပြုံးပြုံးနဲ့ပဲ . . .

ကိုယ့်သမိုင်းကြောင်းခပ်ပါးပါး

တစ်အုပ်လုံးကို

ဗျိခနဲ ဆွဲဆုတ်လိုက်ရတယ်။

 

သေချာတာကတော့

မနေ့တုန်းက

ကျွန်တော် ပျောက်ဆုံးခဲ့တယ်။

 

မသိခြင်းတရားတွေကို စနစ်တကျသိ လို ့။

မမှန်ကန်တာတွေက မှန်မှန်ကန်ကန် မှားးလို ့ ။ အရောင်တွေက အရောင် ဖြစ်လို ့။ ခပ်တိုးတိုးစကားသံတွေက ထပ်တိုးတိုးဖြစ်လို ့။

 

သေချာပါတယ်လေ။

 

မနေ့တုန်းက

ကျွန်တော် ရှိနေပေမယ့်

ကျွန်တော်ကတော့ ပျောက်ဆုံးနေခဲ့တယ်။

 

{{ “ . . . . . ´´ }}

 

 

***********************************

 

အလင်းဆက်

 

20 / 10 / 2013 /

 

alinsett.art@gmail.com

 

 

 

 

 

 

 

 

 

27 comments

  • TNA

    October 21, 2013 at 3:00 pm

    မနေ့တုန်းကတော့——
    အိမ်အလုပ်တွေနဲ့ရှုပ်နေဒါဘာဘဲအေ။ 😀

    • alinsett

      October 21, 2013 at 5:27 pm

      အိမ်အလုပ် တွေ နဲ့ ရှုပ်နေတဲ့ အန်တီသဲရေ
      စိတ်တွေရော ရှုပ်နေသေးလား

      • TNA

        October 21, 2013 at 5:38 pm

        ရှုပ်နေတုန်းအေ့။ အရှုပ်ထဲမှာရှင်းအောင်နေနိုင်အောင်တော့ကြိုးစားနေပါတယ်အေ။ သတိတယ မေးတာကျေးကျေးပါ

        • alinsett

          October 21, 2013 at 5:50 pm

          အရှုပ်ထဲမှာ ရှင်းအောင်နေတယ်ဆိုတဲ့စကားလေးမြင်တော့
          ဆရာတော်ဦးဇောတိကရဲ့ အရှုပ်ထဲမှာ ရှင်းအောင်နေဆိုတဲ့စာအုပ်လေးကို သတိရသွားတယ်
          အန်တီသဲလည်း ဖတ်ဖူးမှာပေါ့။
          အဲဒိ စာအုပ်လေးပြန်ဖတ်ရင်တောင် တော်တော်စိတ်သက်သာရာ ရမှာပါ နော်

          အန်တီသဲရေ နောက်ထပ် ကျွန်တော် ကြိုက်မိတဲ့စာအုပ်က
          ဆရာတော်ဦးဇောတိကရဲ့ လွတ်လပ်သောစိတ်နဲ့
          ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း
          ပြီးတော့ မေတ္တာတရား
          ပြီးတော့ ဘဝဆိုတဲ့ကျောင်းး

          အဲဒီ စာအုပ်ကလေးတွေကိုတော့ မိတ်ဆွေအပေါင်းအသင်းတချို့ကို လက်ဆောင်အဖြစ်ပေးဖတ်ဖူးတယ်။

          အန်တီသဲလည်းဘဝဆိုတဲ့ကျောင်းထဲမှာ ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတဲ့ အရှုပ်ထဲမှာ ရှင်းအောင်နေပြီး
          မေတ္တာတရား လက်ကိုင်ထားနိုင်တဲ့ လွတ်လပ်သော စိတ်ပိုင်ရှင် ဖြစ်မှာပါနော်

          ချစ်ခင်လေးစားလျက်
          ဆက်ဆက်

        • TNA

          October 21, 2013 at 8:52 pm

          နောက်တစိမ့်စိမ့်တွေးပါလဲ ကြိုက်တယ်အေ့။ ငါ့ဘဝမှာ စိတ်ဓါတ်အကျဆုံးအချိန်တွေ တုန်းက အဲဒီစာအုပ်ကလေးရတာ။ စိတ်ဓါတ်တွေပြန်တက်လာပြီး လမ်းမှန်ပေါ်ပြန်ရောက် လာစေတဲ့စာအုပ်ကလေးပေါ့အေ။ အခုလဲစိတ်ညစ်ရင်ပြန်ပြန်ဖတ်တုန်းအေ့။

  • KZ

    October 21, 2013 at 3:06 pm

    မနေ့က……………
    မနေ့က………………..
    မနေ့တုန်း က ………………………..
    သာမီး စိုင်းစိုင်း ရုပ်ရှင် ကြည့်ဖြစ်တယ်။

    😀

    • alinsett

      October 21, 2013 at 5:31 pm

      အန်
      မမခိုင်ဇာတောင် မနေ့တုန်းက
      အသဲစွဲလေးကို ကျိဖြစ်တယ်

      ကျွန်တော်တော့ ချစ်သုဝေကို မကျိဖြစ်ခဲ့ဘူး
      နှမြောထျာ

      🙂

  • ဦးကျောက်ခဲ

    October 21, 2013 at 3:13 pm

    မနေ့တုန်းက…
    အဝတ်လျှော်… ကြမ်းတိုက်… ဈေးသွား… ဟင်းချက်…
    ဖတ်ဖတ်ကို မောလို့…. တရေးတောင် အိပ်ပျော်သွားသေး…
    😀

    • alinsett

      October 21, 2013 at 5:34 pm

      ဦးကျောက်စ်
      အဲဒီ ဖတ်ဖတ်မောတဲ့အလုပ်တွေ
      နောက်ဆို မောတော့ဘူးထင်ပါတယ်
      အဲ
      မောတော့မောတာပေါ့ ဒါဘေမယ့်မမောဘူး လို့လည်း
      ဖြစ်ချင်ဖြစ်သွားမှာပါနော်
      အဟိ

  • Mr. MarGa

    October 21, 2013 at 7:57 pm

    မနေ့က
    ရှေးရှေးက မန်းလေးထဲမှာ
    မျော…..ပါ….သွား…….တယ်..

  • alinsett

    October 21, 2013 at 9:00 pm

    အန်တီ သဲ ရေ.. တစိမ်းစိမ့်တွေးမယ်..နဲ ့.. သိစရာတွေးစရာ ဆိုတာနဲ ့ကို..
    နှစ်အုပ် ကနေ တစ်အုပ်ပေါင်းပြီး..
    အနှစ်ထုတ်ထားတာလေး.ရှ်ိသေးတယ်..။
    အဲဒါလည်း.ကောင်းတယ်နော်..။

    • TNA

      October 22, 2013 at 9:59 am

      ဟုတ်တယ် သူငယ်ချင်းကိုအိုက်စာအုပ်ပေးလိုက်လို့ ပြန်ဝယ်တော့ အဲလိုနှစ်အုပ်ပေါင်းထားတာပဲရတယ်အေ့။ အဲဒါလဲကောင်းတယ်။ ငါတော့စိတ်ညစ်ရင်အဲဒါတွေဖတ်တာပဲ။ ဘာပဲဖြစ်ဖြစ်ခံနိုင်ရည်ရှိသွားသလိုပဲ

      • alinsett

        October 22, 2013 at 11:32 am

        ဆရာတော်ဦးဇောတိက ရေးတာတွေက
        အတွေးအခေါ် ကြည်ကြည်လင်လင် မျှမျှတတတွေမို ့ဖတ်ရတာ
        အတော် အားရစရာပါ။

        ပါလိဘာသာတွေဖတ်ရမှာ ကြောက်ေနေသေးတဲ့ကျွန်တော့်အတွက်
        တော်တော်အဆင်ပြေတဲ့ တရားစာအုပ်ကလေးတွေဆိုတော့
        မကြာခဏ ဖတ်ဖြစ်တယ်။

        ဆရာတော်က စာရေးသားတာလည်း တော်တော်ပြေပြစ်ပြီး နမူနာယူရလောက်တဲ့
        အရေးအသားလေးတွေ နဲ့ရေးတယ်။

        အဲ
        သူ ဟောတဲ့တရားအသံကျတော့
        စာဖတ်ရတာလောက် အဆင်မပြေဘူး ။
        နော်

        :kwi:

  • မှောင်ကြီး

    October 21, 2013 at 10:56 pm

    မနေ ့တုန်းက.. ရွာကို. သတိရတယ်.. ဒီနေ ့တော့. လာပြန်လည်ဖြစ်တယ်.. မရောက်တာ. အလွန်ကြာပြီ.. ရွာသူရွာသားတွေ.
    ချစ်ဖို ့ကောင်းဆဲ.. 😀

    • alinsett

      October 22, 2013 at 7:15 am

      ချစ်ဖို့ကောင်းတဲ့ရွာသူားတွေဆီ
      မမေ့မလျော့ အရောက်ပြန်လာတဲ့
      မှောင်ကြီးမည်းကြီးလည်း
      ချစ်ဖို့ကောင်းတယ်

      🙂

  • surmi

    October 22, 2013 at 12:22 am

    မ​နေ့က…
    အင်​တာနက်​ ပျက်​​နေတယ်​.. 🙂

    • alinsett

      October 22, 2013 at 7:17 am

      ဦးဆာ

      မနေ့က အင်တာာနက် ကောင်းကောင်းမသုံးရဘူးးး
      ဆိုတော့
      ဒီနေ့ရော

      :kwi:

  • ဗုံဗုံ

    October 22, 2013 at 9:11 am

    မနေ့တုန်းက အချဉ်ပေါင်းတွေ..နင်းကန်စားလို့
    ဝမ်းလျှောတယ်…. :mrgreen:

    • alinsett

      October 22, 2013 at 10:15 am

      ဝမ်းလျှောတော့ မျက်ကွင်းတွေ ညိုပြီး ဂျူံးဂျူံးကျနေတဲ့ ဒေါ်လေးဗုံ
      အချဉ်ထုတ်တွေထဲက ဆိုးဆေးနီနီတွေကြောင့် ရဲပလောင်းခတ်နေတဲ့ လျှာဂျီးနဲ့
      မတော်တရော်ဂါဝန်လေးကို အတင်းဖြဲ ဝတ်ထားပုံကို မြင်ယောင်ပြီး
      ကြက်သီးတွေတောင် ထတယ်

      🙂

  • sorrow weaver

    October 22, 2013 at 10:50 am

    မနေ့တုန်းက ကျွဲကောသီးခွာပေးပြီး ချစ်သူလေး နဖူးကို ရှလူးခဲ့တယ်…အာဟိ

    • alinsett

      October 22, 2013 at 11:36 am

      နဖူးကို ရှလူးတာလောက်များး စာဖွဲ့နေသေးဒယ်
      🙂

      အိုက် ကျွဲကောသီး ဘယ်လောက် ချဉ်ချဉ်
      ချိုဒယ် ပဲ ထင်နေမှာတော့
      တွေးကျိလို့ရတယ်

      :kwi:

      • TNA

        October 22, 2013 at 12:14 pm

        နှဖူးလေးရှလူးပြီးရင်တော့အိုက်ကျွဲကောသီးငံတွားဒေါ့မပေါ့အေ။ :mrgreen:

  • မဟာရာဇာ အံစာတုံး

    October 22, 2013 at 12:18 pm

    မနေ့ဒုန်းဂ ….
    .. ငါ …….
    .. အီးအီး ပါခဲ့တယ် ………

    ဒီနေ့လည်း …
    .. ငါ ……..
    …. အီးအီး ပါဦးမယ် …………

    … ဝမ်း မချုပ်သေးသရွှေ့ပေါ့ ………။

    • alinsett

      October 22, 2013 at 1:38 pm

      နီ ့ရဲ့ မနေ့တုန်းက ကလည်း
      ကဗျာမဆန်လိုက်တာ စကားပြေမဆန်လိုက်တာ ကွာ
      :kwi:

  • ရွှေမိုးတိမ်

    October 22, 2013 at 3:05 pm

    ကိုအလင်းဆက်ရေ ကဗျာလေးအားပေးသွားပါတယ် ….
    ကျနော်ကတော့ ဒီကနေ့ ကို ပျောက်ဆုံးနေစေချင်မိတယ်ဗျာ …

    • alinsett

      October 22, 2013 at 3:15 pm

      ရွှေမိုးတိမ် ရေ
      လာ အားပေးတာ ကျေးဇူးပါ။

      ဒါနဲ့ ရွှေမိုးတိမ် ရဲ့ အတွေးအရေးတွေကို
      မတွေ ့တာ နည်းနည်း ကြာသွားလို ့
      သတိရနေတာ

Leave a Reply