အနွေးထည် နဲ့ တူတဲ့ ပို့စ်…။

black chawOctober 21, 20131min20726

ဟေးဟေး…။
ဘလက်ချောက သောက်ကြာသား မဟုတ်ဘူးနော်…။
နည်းနည်းတော့ လျှာရှည်ပါတယ် ကွယ်…။
ကဲ လျှာရှည်တဲ့ အကြောင်း သက်သေပြဦးစို့ရဲ့…။

အသာလုပ်ပါ (ကို) ကမ်းဝေးရယ်…။
စစ်တောင်းမြစ်ကြီး များလားကွယ်…။
ဟေးဟေး…။
မတန်မရာ ခိုင်း…နှိုင်း…ဖွဲ့…နွဲ့ တယ် တော့ မထင်ကြစေချင်ပါဘူး…။
ဧရာဝတီ နဲ့ ဘလက် က အဝေးကြီးမှာပါ ဗျာ…။
အပေါ်မှာ (ကို) ကမ်းဝေး ရှင်းပြခဲ့သလို…
ကျွန်တော်တို့ ရွာထဲမှာ ရေးခဲ့တဲ့ ပို့စ် ပေါင်းများစွာမှာလည်း…
အဖြစ်မှန်ထက် နည်းနည်းချဲ့ကား ရေးခဲ့ကြတာတွေ…
(မတန်တဆ ချဲ့ကားရေးခဲ့ကြတာတွေရောပေါ့…။)
ရှိခဲ့ကြမှာပါ…။
ကျွန်တော်တို့ ရဲ့ စစ်တောင်းမြစ်များပေါ့…။
တစ်ည (ကို) ကမ်းဝေး က တနင်္ဂနွေ ကိုကြွက်နဲ့ ချိန်းလိုက်မယ်…တဲ့…။
အားလားတဲ့…။
ဖုန်းနဲ့ မေးပါတယ်…။
အဲဒီ တနင်္ဂနွေ က ကျွန်တော်က မအားပါဘူး…။
မအားရတဲ့ အကြောင်းကိုလည်း သေချာ ရှင်းပြပါတယ်…။
ပြီးတော့မှ…
ညီလေး အဲဒါ စစ်တောင်းမြစ် မဟုတ်ဘူးနော်…။
အဲဒါ အစ်ကိုကြီးရဲ့ ဧရာဝတီမြစ်ပါလို့ လည်း ပြောမိခဲ့ပါတယ်…။
ဆိုလိုတာက တကယ်မအားတာပါ…လုပ်ကြံဇာတ်လမ်းမဟုတ်ပါဘူးပေါ့…။
နည်းနည်း နားမရှင်းဖြစ်သွားရင် ခွင့်လွှတ်ပါဗျ…။
ဒီလောက်ဆိုရင်ပဲ ဧရာဝတီ ဆိုတဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ မြစ်ကြီးတစ်ခုရဲ့ နာမည်ဘေးမှာ..
ဘလက် ဆိုတဲ့ သေးဖွဲသိမ်နုတ်တဲ့ နာမည် ပူးကပ်ပါလာခြင်းအကြောင်းကို..
မိတ်ဆွေတို့ နားလည်ပေးနိုင်လောက်မယ်လို့ ကျွန်တော် ထင်ပါတယ်…။
ကောင်းပါပြီ…
ကျွန်တော် ဒီရွာထဲကို ရောက်ပြီးမှ
မွေးနေ့ ၃ ကြိမ်ကို ဖြတ်သန်းခွင့်ရခဲ့ပြီးပါပြီ…။
၂၀၁၁…၊ ၂၀၁၂…၊ ၂၀၁၃…။
၃ ကြိမ်ပေါ့….။
ဟုတ်ကဲ့…။
ပထမဆုံး အကြိမ် ဖြတ်သန်းခြင်းက…
ပျော်ရွှင်စရာ အကောင်းဆုံးနဲ့
နွေးထွေးမှု အရှိဆုံးလို့ ကျွန်တော် ထင်ပါတယ်…။
ဒုတိယ အကြိမ်ကျတော့ နည်းနည်း အေးစက်လာခဲ့ပြီး…
တတိယ အကြိမ်ကျတော့…။
တတယ အကြိမ်ကျတော့…။
အဲဒီ…အဲဒီလို…အခြေအနေတွေထဲကမှ…
ကဗျာဆရာ စစ်စစ် (ကို) ကမ်းဝေး က
ဒီလို ကဗျာ တစ်ပုဒ်ရေးဖွဲ့ပြီး ကျွန်တော့်ကို ဂုဏ်ပြုတာရယ်…၊
တစ်ရွာလုံးက ချစ်ကြခင်ကြမျှော်လင့်ကြတဲ့
ကိုပေါက်ဖေါ် က မွေးနေ့ဆုတောင်းပို့စ်တင်ပေးတာရယ်…၊
သူတို့ တင်တဲ့ ပို့စ်တွေမှာ…
ကွန်းမန့်လေးတွေနဲ့…နွေးထွေးမှုကို ပြသခဲ့ကြတဲ့…
လေးစားချစ်ခင်ရသော ရွာသူရွာသားတွေရယ်…၊
အားလုံးပေါင်းလိုက်တော့…
အေးစက်နေတဲ့ ရာသီဥတုထဲမှာ
အနွေးထည်ကောင်းကောင်းတစ်ထည် ဝတ်လိုက်ရသလို
နွေးထွေးခဲ့ပါတယ် ဆိုတဲ့ အကြောင်း…
ဟေးဟေး…
ကြိုပြောထားပါတယ်…
ဘလက်ချောက သောကြာသား မဟုတ်ပါဘူးရယ်လို့…။
ပထမဆုံး အကြိမ်တုံးက
ဘလက်ချောက ရွာထဲ ရောက်ကာစ…၊
စာကလည်း သိတ်မရေးတတ်သေး…၊
ကိုပေါက်ကြီးတို့ ဓါတ်ပုံတွေတင်တာ မြင်ပြီး
ဂျဒ်စင်ထိပ်တက်ပြီး ဓါတ်ပုံတက်ရိုက်ပြီး
ဂျဒ်စင်ထိပ်က ရိုက်ချက်များ ဆိုပြီး ဓါတ်ပုံလေးတွေနဲ့
မွေးနေ့ဆုတောင်းပို့စ် တင်ခဲ့သေးတာပေါ့…။
အောင်မယ်…
သူကြီးကတောင် မွေးနေ့ကိတ် ကြီးနဲ့ ဆုတောင်း ဝင်ရေးခဲ့သေးတာဗျ…။
ဘာမှတ်နေလဲ…။
အဲဒီပို့စ်ကို ချစ်ခင်ရသော ကိုရှုံး (ခုတော့) ဖြူစိုင်းလူ က
မှတ်မိနေသေးတယ် ဆိုပြီး ကွန်းမန့်ရေးသွားခဲ့ပါတယ်…။
ကိုယ့် ပို့စ် မဟုတ်လို့ရယ်…။
ကိုစိုင်းကွမ်းခေး ကွန်းမန့်ကို ကျွန်တော် အကြိုက်ဆုံးဗျ…။
ထူးခြားတာက ဒီနှစ် သူကြီးဆီက ကိတ်မုန့် မရတော့တာပါပဲဗျာ…။
ဟယ်…ကိုယ့်ဟာကိုယ်ဝယ်စားလည်း ရနေတဲ့ဟာကို
ဒီကောင်လေးဟာ ငါ..လုပ်ထည့်လိုက်ရ…။
ကဲ ရှည်လျားပေများစွာနဲ့ ရေးလိုက်တဲ့ ကွန်းမန့်ကို (ကွန်းမန့်က ရှည်သွားလို့ ပို့စ်တင်လိုက်တာဗျ)
အဆုံးသတ်ပါရစေတော့…။
ကျွန်တော်တို့ဟာ
ဒီရွာကြီးထဲကို
ဘယ်သူ့ ဘယ်သူ မှ မဖိတ်ခေါ်ပါပဲ
ရှာဖွေတွေ့ရှိ ဝင်ရောက်ပျော်ရွှင် ခဲ့ကြပါတယ်…။
ဘာကြောင့်လဲ…။
ကျွန်တော် ထင်တာတော့ (အထင်လို့ ပြောထားတယ်နော်)
နွေးနွေးထွေးထွေး ရှိလှတဲ့
ခင်ခင်မင်မင် ရှိလှတဲ့
မေတာ အပြည့်ပါတဲ့ ပို့စ်တွေ
ကွန်းမန့်တွေ ကြောင့်လို့ ကျွန်တော် ထင်ပါတယ်…။
အခု ရွာမှာ လူတွေ အဝင်နည်းသွားတယ်တဲ့…။
တချို့လည်း ဘဝအခြေအနေ တွေ ကြောင့် မဝင်နိုင်ဖြစ်ကြရတာပါ…။
တချို့လည်း အခြေအနေ အကြောင်းကြောင်းကြောင့် မဝင်ဖြစ်ကြဘူးပေါ့…။
ဘယ်လိုပဲ ဖြစ်ဖြစ်
သူတို့ကိုလည်း နွေးထွေးမှု ပေးသင့်လှပါတယ်…။
တမင်သက်သက် မကြင်ရက်စက်တယ်လို့တော့ဖြင့် မစွတ်စွဲသင့်ကြပေဘူးလို့ ထင်ပါတယ်…။
နွေးထွေးမှုကသာ အကောင်းဆုံးသော ဖိတ်ခေါ်မှုပါလို့ တင်ပြချင်ပါတယ်…။
ဒါကြောင့် ဒီပို့စ်ကို ဝင်ဖတ်သူ အားလုံးကို အနွေးထည်တစ်ထည် ဝတ်လိုက်ရသလို
ခံစားရစေချင်ပါတယ်…။
နောက်…နည်းနည်း အေးစက်တယ်ထင်ရင်
ကျွန်တော် ရေးတဲ့ ပို့စ်တွေ ဝင်ဖတ်ကြပါဗျ…။
(ဟေးဟေး အပျော်ပါဗျာ)
ဆိုတော့…
ကိုပေါက်ဖေါ်ရေးတဲ့ ငှက်ပျံကြီး ပို့စ် နဲ့
ကိုကမ်းဝေး ရေးတဲ့ ဧရာဝတီ ပို့စ်တို့မှာ
ကွန်းမန့်လေးတွေ ချီးမြှင့်ပေးကြတဲ့…
ကျွန်တော့် အစ်ကို အစ်မ ညီ ညီမအားလုံးနဲ့
ချစ်ခင်လေးစားရသော သူကြီးတို့ကို
ကျေးဇူးတင်ရှိပါကြောင်း…လေးစားစွာ တင်ပြအစီရင်ခံအပ်ပါတယ် ဗျား…။
ဟေးဟေး…။
ဘလက်ချော က သောကြာသားမဟုတ်ဘူးနော် ကိုကိုတို့ရေ…။
ချစ်ခင်လေးစားလျက်
ဘလက်ချော…။
၂၁ အောက်တိုဘာလ ၂၀၁၃
(၄၃ နှစ်ပြည့်မွေးနေ့)

26 comments

  • surmi

    October 21, 2013 at 5:45 pm

    မင်္ဂလာပါ ကိုဘလက်​​ရေ…
    ဘာလိုလိုနဲ့ ရွာသက်​သုံးနှစ်​​တောင်​​ကျော်​ပြီ​ပေါ့​နော…
    ​နွေး​ထွေးပါတယ်​ဗျာ…
    လူချင်​းမဆုံ၊ စာချင်​မဆုံ​ပေမယ်​့ စိတ်​ချင်​း​တော့ဆုံမှာ​ပေါ့​လေ..
    ကဲ… ဒို့အစ်​ကိုကြီးလဲ​နွေး​ထွေးပါ​စေ​နော

    ဂျ​လေဘီသည်​ 🙂

    • black chaw

      October 23, 2013 at 9:25 am

      @ surmi ;
      မင်္ဂလာပါ ကိုဆာမိရေ…။
      ဆုံတဲ့ အခါ ကြုံကြတာပေါ့ဗျာ…။
      နွေးထွေးလုံခြုံတယ်လို့ ခံစားရရင်…
      ကျွန်တော်တို့ ရွာကြီး မှာ…
      ခိုလှုံ သူတွေ များလာနိုင်ကောင်းပါရဲ့…။
      🙂
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • TNA

    October 21, 2013 at 5:53 pm

    ရေချိုးပီးမှပဲဝင်ဖတ်သွားပါတယ် ဦးဘလက်ရေ။ ရေမချုးိခင်က အိုက်နေလို့ :mrgreen: ရေချိုးပြီး ဖတ်တော့နွေးထွေးသွားပါကြောင်း အသက်ရာကျော်ရှည်ပါစေကြောင်းသုံးကြိမ်မြောက် ဆုတောင်းပေး လိုက်ပါတယ်။ 😆

    • black chaw

      October 23, 2013 at 9:29 am

      @ TNA ;
      ရေချိုးပြီးမှ ဖတ်သွားတာ ဆိုတော့..
      သန့်ပြီး တောက်ပြောင်နေတယ် ဆိုပါတော့…။
      (နောက်တာနော်)
      ဆိုတော့…
      ဒီမွေးနေ့မှာ…
      မသည်းနုအေး က ဖေ့ဘုတ်မှာရော…
      ရွာထဲတင်တဲ့ ပို့စ်တွေမှာပါ…
      ဆုတွေတောင်းပေးခဲ့တာ မှတ်တမ်းတင်ပါတယ်ဗျာ…။
      ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏…ပေါ့ဗျာ…။
      :mrgreen:
      ခင်တဲ့…
      ဘလက်ချော…။

  • kyeemite

    October 21, 2013 at 6:01 pm

    Dရဲဘော်ဘလက်
    ပို့စ်လေးတွေမှန်မှန်တွေ့နေရတာကို:-D
    ကိုဘလက်ရဲ့ရွာ့သံယောဇဉ်ကိုမြင်လိုက်ရပါတယ်ဗျာ

  • alinsett

    October 21, 2013 at 6:18 pm

    ပျော်ရွှင်မှုများနဲ့ အနွေးထည်ဝတ်ထားသလို နွေးထွေးကြည်လင်နေပါစေ လေးဘလက်ရေ

    ဒီပိုစ့်ခေါင်းစဉ်လေးက မိုက်တယ်ဗျ

    • black chaw

      October 23, 2013 at 9:34 am

      @ alinsett ;
      တိမ်တွေကလည်း လှ…၊ သဘာဝရှုမျှော်ခင်းတွေကလည်းလှ…။ လူလေးကလည်း..ချော…၊
      ဆိုတဲ့ ညီလေး အောင်လင်းဆက်ရဲ့
      ဒီပို့စ် ခေါင်းစဉ်လေးက မိုက်တယ်ဗျ…ဆိုတဲ့
      ကွန်းမန့်လေးက လည်း လန်းနေတာပါပဲဗျာ…။
      :mrgreen:
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • padonmar

    October 21, 2013 at 7:23 pm

    Happyy Birthday Ko Black.
    ဒီတခါတော့ မွေးနေ့ရှင်ကို တိုက်ရိုက်ဆုတောင်းပေးလိုက်ပါတယ်
    ရန်စလလိုက်အု့းမယ်
    ကိုဘလက်က စိန်ဗိုက်နဲ့ ကိုကအ်းကိုသာပြန်ခေါ်ပေးတာ ကိုသစ်ကိုတော့ ပြန်ခေါ် မပေးဘူး

    • black chaw

      October 23, 2013 at 9:39 am

      @ padonmar ;
      ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါ အစ်မရေ…။
      ကိုသစ် က အဆက်အသွယ်မရဘူး ဖြစ်နေတာပါ အစ်မရေ…။
      သူလည်း တစ်ခါတစ်လေလေးပဲ ဖြစ်ဖြစ် ရွာကို လှမ်းလှမ်းကြည့်နေလိမ့်မယ်လို့…
      ကျွန်တော် ယုံကြည်ပါတယ်ဗျာ…။
      ဒီရွာမှာ ကြီးကျယ်ခမ်းနားခဲ့လေသော
      သမိုင်းတစ်ခုကို သူရေးသွားခဲ့တာကိုး ဗျ…။
      ကျွန်တော်တို့ကလည်း လွမ်းစရာရှိလို့ လွမ်းကြရတာပဲပေါ့…။
      :kwi:
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • cobra

    October 21, 2013 at 8:03 pm

    ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ
    လေးဘလက်…
    ကျွန်တော်လည်းရွာထဲမရောက်တာကြာနေလို့ အလည်လာတာ
    လေးဘလက်မွေးနေ့ ဖြစ်နေတယ်
    ဘာမှလည်းမတိုက်ဘူး

    • black chaw

      October 23, 2013 at 9:44 am

      @ cobra ;
      မှတ်မှတ်ရရ မွေးနေ့ဆုတောင်းလေး ဝင်ရေးပေးသွားတာ
      ကျေးဇူးပါ ညီလေးရေ…။
      ဘာမှလည်း မတိုက်ဆို…
      မွေးနေ့မှာ ဦးဘလက် လည်း မသောက်ဖြစ်လိုက်ဘူးကွာ…။
      အသက်တွေကကြီးလာပြီဆိုတော့ ဆင်ဆင်ခြင်ခြင်လေးပဲ
      ဖြတ်သန်းလိုက်ပါတယ်…။
      :mrgreen:

  • zarzarhtwe

    October 21, 2013 at 9:18 pm

    Happy birthday ပါ ကိုဘလက်ရေ ပို့စ်တွေ မှာcomment မရေးဖြစ်ပေမယ့် အမြဲဝင်ဖတ်ပါတယ်နော

    • black chaw

      October 23, 2013 at 9:46 am

      @ zarzarhtwe ;
      အမြဲ ဝင်ဖတ်တယ် ဆိုလို့ရော…
      ဆုတောင်းလေးအတွက်ပါ
      ကျေးဇူးပါ မဇာဇာထွေးရေ…။
      နွေးထွေးပါစေဗျာ…။
      :mrgreen:

  • Foreign Resident

    October 22, 2013 at 7:42 am

    Happy Birthday ပါ ကို ဘလက် ။

    • black chaw

      October 23, 2013 at 9:47 am

      @ Foreign Resident ;
      ကျေးဇူးအထူးပါ အဘဖေါရေ…။
      :mrgreen:

  • ဖြူစိုင်း လူ

    October 22, 2013 at 8:13 am

    ကိုယ်ပိုင်ပို့စ်ဆိုတော့

    တိုတိုနဲ့ လိုရင်းပဲမန့်လိုက်ပါတယ်

    တံခါးမှူးတစ်ယောက်အနေနဲ့
    ချိုပေါ့ကျတစ်ခွက်တိုက်ရင်း
    လှိုင်သာယာနေသူချင်းတူတူ
    မတွေ့လိုက်တာတော့
    ရင်နာလို့ မဆုံးပေဘု။

    ဘယ်လိုဖြစ်ဖြစ်လေ
    ကြီးကြောင်းနဲ့
    ရှည်စေလိုကြောင်း

    (ဘုန်းကံနဲ့ အသက်များပြောပါ၏)

    စိုင်းကွမ်းခေး

  • kyeemite

    October 22, 2013 at 11:48 am

    Happy Birthday ပါရဲဘော်ဘလက်ရေ 🙂
    ရုံးမှာအိမ်သာနက်က ပျက်ပျက်နေလို့ဗျာ…
    ဖုန်းနဲ့ကျပြန်တော့…သိပ်ရေးမကောင်း…
    ချစ်သောမိသားစုများနဲ့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ
    နေချင်သလောက်နေရစေလိုကြောင်း…. 😀

    • black chaw

      October 23, 2013 at 9:51 am

      @ kyeemite ;
      ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ ကိုမိုက်ရေ…။
      :mrgreen:

  • မဟာရာဇာ အံစာတုံး

    October 22, 2013 at 12:10 pm

    ၄၃ နှစ်ပြည့် ဆိုဒါ စစ်တောင်းကြီး မီဟုတ်လားဂျ …
    :mrgreen:
    လဂါးးး ချစ်လို့ စဒါ …

    ကျုပ် အထင် …
    သဂျီးဂ အပြင်မှာ လက်တွေ့ မွေးနေ့ကိတ် ပေးမှာမို့ ဒီထဲမှာ လာမပေးဒါ နေမှာ …
    :mrgreen:

    • black chaw

      October 23, 2013 at 9:53 am

      @ မဟာရာဇာ အံစာတုံး ;
      43 နှစ်က ဧရာဝတီ ပါ ညီလေးရေ…။
      ညီလေးရဲ့ အခုလက်ရှိအချစ်က…
      စစ်တောင်းမြစ်ကြီး ဖြစ်နေဦးမယ်…။
      အင်း…
      ဧရာဝတီ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…။
      :mrgreen:

  • kai

    October 22, 2013 at 12:33 pm

    ပေးတယ်ဗျာ.. ကိတ်မုန့်ကြီးကြီး..

    အရင်က… ရန်ကုန်ဆင်းမလို့ပါပဲ..။ တွေ့ပြီး ပေးလိုက်မပေါ့…။
    လေယဉ်ခ အချောင်စိုက်ပေးမယ့်ညီတော်မောင်ရှိတာမို့ပါ.. :mrgreen:
    အခုတော့..မအားနိုင်ဖူးလို့ပြောလိုက်သမို့.. မနေ့ကပဲ.. ညီတော်မောင်တယောက်ထဲထွက်သွားသဗျ..။

    ဆိုတော့…
    ကိုယ်ထက်ငယ်သူတွေမွေးနေ့ကြားရတိုင်း… လန့်လန့်သွားတယ်ကွယ်…
    အင်း.
    မွေးနေ့မှာ.. အနွေးထည်ကောင်းကောင်းလေးဖက်ထားရပစေ…။ :kwi:

    • black chaw

      October 23, 2013 at 9:57 am

      @ kai ;
      ရန်ကုန်မလာဖြစ်တော့ဘူးဆိုတဲ့ သဘောပေ့ါ…။
      ကိတ်မုန့် စားချင်တာ မဟုတ်ဘူးဗျ…။
      နွေးထွေးမှုကို လိုချင်တောင့်တာတာပါခင်ဗျ…။
      ဆိုတော့…
      ကျွန်တော့်ဘဝမှာ…
      အနွေးထည်ကဲ့သို့ နွေးထွေးမှုပေးနိုင်သော
      မဒမ်ဘလက် ရှိနေပြီ ဖြစ်ပါသဖြင့်…
      သူကြီးဆုတောင်းသလို
      ဖက် ထားလိုက်ပြီ ဖြစ်ပါကြောင်း…။
      :mrgreen:
      ကိတ်မုန့်ကြီးအတွက်လည်း ကျေးဇူးပါဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • sorrow weaver

    October 22, 2013 at 12:49 pm

    ဦးဘလက်ရေ …ဟက်ပီးဘတ်ဒေးပါဗျာ…အသက်ရှည်အနာမဲ့ပြီး ကလောင်သွက်ပါစေဗျာ

    • black chaw

      October 23, 2013 at 9:59 am

      @ sorrow weaver ;
      ပေးတဲ့ ဆုနဲ့ ပြည့်ပါစေဗျာ…။
      လေယဉ်မယ် အလန်းလေးတွေမြင်တိုင်း…
      ညီလေးကောင်မလေးများလားလို့…
      ပြစ်မှားမိ…အဲ…အဲ…ကြည့်မိပါတယ်ဗျာ…။
      :mrgreen:

  • weiwei

    October 22, 2013 at 3:10 pm

    Happy Birthday ပါ ကိုဘလက်ရေ ..
    တူရာသီဘွားချင်းတူလို့ မွေးနေ့ကို သတိရပေမယ့် ကွန်မန့်တစ်ခါပေးဖို့ အတော်စိတ်ရှည်ရလို့ အခုမှပဲ ရေးဖြစ်တော့တယ် …

    • black chaw

      October 23, 2013 at 10:01 am

      @ weiwei ;
      တူရာသီ ဘွားတစ်ယောက်ရဲ့ မွေးနေ့ဆုတောင်းအတွက်
      ဂုဏ်ယူကျေနပ်မိပါကြောင်း…
      မဝေမွေးနေ့အတွက်လည်း ဖေ့ဘွတ် ကနေ
      ဆုတောင်းပေးခဲ့ပါကြောင်း…။
      :mrgreen:

Leave a Reply