တောင်တွင်းကြီးမြို့ မောင်းတိုင်(၂)ရပ်ကွက်ရှိ တိုက်သစ်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ သီရိမင်္ဂလာတနင်္ဂနွေဓမ္မာ ကျောင်းတော်တွင် အောက်တိုဘာ(၁၉)ရက်နေ့ နေ့လည်(၂)နာရီချိန်က ယဉ်ကျေးလိမ္မာ သင်တန်းသို့တက်ရောက်လာကြသည့် မူလတန်းအဆင့်ကလေးငယ် (၇၀၀)ဦးခန့်အား သွားနှင့်ခံတွင်းဆရာဝန်ကြီး ဒေါက်တာကျော်ဆွေ မှ မုန့်လုပ်မှု ပညာပေးဟော ပြော ပွဲပြုလုပ်ခဲ့ ရာ ဒေါက်တာကျော်ဆွေ မှယခု ကလေးငယ် များစားသုံးနေသည့်မုန့်များသည် အဟာရမဖြစ်ကြောင်းနှင့် ကျန်းမာ ရေးအားထိခိုက်စေနိုင်ကြောင်း၊ အဆိုပါ မုန့်များတွင် အရောင်ဆိုးဆေး နှင့် တာရှည်ခံအောင်ထားနိုင် သည့် ဓါတုပစ္စည်းများပါ ရှိ ခြင်းကြောင့် ကလေးငယ်များအနေဖြင့် နောင်တွင် အသည်းရောဂါများဖြစ်ပွားနိုင်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည် ကမာတွင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း ဒုတိယလိုက်နေကြောင်း ၊မိဘများအနေဖြင့်လည်း မိမိတို့သားသမီး များအား နိုင်ငံခြားဖြစ်ဆိုးဆေးပါ မုန့်များစားသုံးခြင်းမပြုစေဘဲ အဟာရပြည့်ဝသည့် မြန်မာမုန့်များကိုသာစားသုံးစေခြင်းသည် မိမိတို့မုန့်လှုပ်ရှားမှုအားတစ်ဖက် တစ်လမ်းမှ ကူညီရာရောက်ပြီး ကလေးငယ်များ၏ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရကြောင်းပြောကြားခဲ့သည်။ထိုပညာပေး ဟောပြောပွဲသို့ ကျောင်းသားမိဘအုပ်ထိန်သူ(၁၀၀)ကျော်နှင့်စုပေါင်းအင်အား (၈၀၀)ခန့်တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..