မကွေးမြို့တွင် ဗုံးဖောက်ခွဲမှုနှင့် ပက်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်

Thiha Phone MoOctober 22, 20131min850

     မကွေးမြို့ ၊မြို့မရဲစခန်းတွင် အောက်တိုဘာ(၁၈)ရက်နေ့ နေလည်(၁)နာရီချိန်က ဗုံးဖောက်ကွဲမှုနှင့်ပက်သက်၍ အသိပညာ ပေးရှင်းလင်းေဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူုး ကျော်ဝင်းချစ် မှ ဗုံးပေါက်ကွဲမှု များနှင့်ပက်သက်၍ပြည်သူများသိသင့်သည်များအားရှင်းလင်းပြောကြားရာတွင် မသမာသူများ၊ဗုံးဖောက်ခွဲသူများ မိမိတို့ ဟိုတယ်၊ တည်းခိုခန်းများတွင် လာရောက် တည်းခိုနိုင်သဖြင့် လာရောက်တည်းခိုသူများအား စနစ်တကျစီစစ်လက်ခံရန် နှင့် တည်းခိုသူများ ၏ကိုယ်ရေးအချက်အလက်များပြည့်စုံစွာမှတ်တမ်းရယူထားရှိရန် နှင့် တည်းခိုသူများအား မှတ်ပုံတင် သက်သေခံ အခိုင်အမာအ ထောက်အထားတစ်ခုခုမရှိဘဲ တည်းခိုခွင့်မပြုကြရန်၊ တည်းခိုသူများပြန်လည်ထွက်ခွာသွားပါက၎င်းတို့နေထိုင်သည့်အခန်းအား စနစ်တကျသေချာစွာစစ်ဆေးပြီးမှပြန်လည်လက်ခံရန်၊ မသင်္ကာဖွယ်ရာ တစ်စုံတစ်တစ်ရာတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးကြရန် ဖြစ်နိုင်ပါက CCTV ကင်မရာများတပ်ဆင်အသုံးပြုကြရန် CCTV ကင်မရာများ တပ်ဆင်အသုံးပြုပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားပြီးတက်ရောက်လာကြသည့် ဟိုတယ်နှင့်တည်းခို ခန်းများမှတာဝန်ရှိသူများအား စာအိတ်/ပါဆယ်ပုံးများနှင့်ပက်သက်ပြီး သတိပြုဆောင်ရွက်ရမည့်အချက်များ၊မသင်္ကာဖွယ်စာ အိတ်၊ပါဆယ်ထုပ်များတွေ့ရှိခဲ့ပါက လိုက်နာဆောင်ရွက်ရမည့်အချက်များပါဝင်သည့်လက်ကမ်းစာစောင်များဖြန့်ဝေပေးကြောင်း အဆိုပါဟောပြောပွဲသို့ဟိုတယ်နှင့်တည်းခိုခန်းများမှ တာဝန်ရှိသူ(၁၂)ဦးတက်ရောက် ခဲ့ကြသည်။