ထန်းကိုင်းရေနံမြေတွင် အမျိုးသမီးတစ်ဦးကိုယ့်ကိုကိုယ် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

Thiha Phone MoOctober 22, 20131min890

မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမြေအတွင်း အမျိုးသမီးတစ်ဦးကိုယ့်ကိုကိုယ်ကြိုးဆွဲချသေဆုံးမှု အောက်တိုဘာ(၁၈)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)မိနစ်ချိန်ကဖြစ်ပွားကြောင်းသတင်းရရှိသည်။ ထန်းကိုင်းရေနံမြေ သို့ အလုပ်လုပ်ရန် ဦးဇော်ဝင်း၏ညီမဖြစ်သူ မဝင်းဌေး၊အသက်(၃၉)နှစ်၊ ပြင်စလူမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေထိုင်သူဖြစ်ကြောင်းသိရှိရသည်။ သက်ဆိုင်ရာထန်းကိုင်း ရေနံမြေလုံခြုံရေးဒုရဲအုပ်မင်းသူအောင်နှင့်အဖွဲ့ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာ သေဆုံးသူ မဝင်းဌေးသည် ထန်းကိုင်းရေနံမြေ ရှိ ဦးညိုကြီး၏ ယာတဲအတွင်းထုတ်တန်းတွင် အရှည်(၅)ပေ၊ လုံးပတ် တစ်မတ်လုံးခန့် ရှိ နှစ်ပင်လိမ် ချည်ကြိုး ဖြင့် လည်ပင်း တွင် ညိုမဲပွန်းပဲ့ဒဏ်ရာရရှိလျှက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အဆိုပါမိန်းကလေးသေဆုံးမှုနှင့်ပက်သက်၍ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန်မင်းလှမြို့နယ်၊မြို့မရဲစခန်းက သေမှုသေခင်း  အမှတ်စဉ်  ၁၃/၂၀၁၃ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။