လင်မယားချင်းစကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့်ထိုး၍ ဇနီးဖြစ်သူသေဆုံး

Thiha Phone MoOctober 22, 20131min670

    ပခုက္ကူမြို့ ၊အမှတ်(၆)ရပ်ကွက်ရှိ မလေးဆေးလိပ်ခုံတွင် အောက်တိုဘာ(၁၆)ရက်နေ့နေ့လည်(၁)နာရီချိန်ကလင်မယားချင်းရန်ဖြစ်၍ဇနီးဖြစ်သူအားကတ်ကြေးဖြင့် ထိုးသဖြင့်  သေဆုံးမှုဖြစ်ပွားကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်မှာ အမျိုးသားဖြစ်သူ အောင်ဇော်ဦး မှ ဇနီးဖြစ်သူ မကြည်မော်အား ဆေးလိပ်လိပ်ရာတွင်အသုံးပြုသောကတ်ကြေးဖြင့်ထိုးသဖြင့် ဆေးလိပ်ခုံအတွင်း တစ်စောင်းအနေအထားဖြင့် ဝဲဘက်နို့အုံအောက် တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာဘက်နို့အုံအထက်တွင် ထိုးသွင်းဒဏ်ရာ(၁) ချက် ကတ်ကြေးတန်းလန်းဖြင့်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် ဒေါ်ခင်ကြည် မှ အောင်ဇော်ဦးအားတိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲ စခန်း မှ (ပ)၂၈၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ထားရာမှ အမှုမှ မကြည်မော်မှာ ပခုက္ကူဆေးရုံကြီးတွင် ဆေးကုသမှုခံယူ စဉ်သေဆုံးသွားခဲ့သဖြင့် ယခင် ပုဒ်မ ၃၂၆  ဖြင့်စစ်ဆေးနေရာမှ ပုဒ်မ ၃၀၂ သို့ပြောင်းလဲ အရေးယူ ထားကြောင်း သက်ဆိုင်ရာရဲ မှတ်တမ်းအရသိရသည်။