အ‌ခြေအ‌နေမဲ့ သန်‌းကြွယ်‌သူ‌ဌေး – အပိုင်‌း (၈၃)

ပရမ်ကူးမားက လက်ကလေး တကာကာ နဲ့ အော်ရင်း နောက်ဆုတ်သွားတယ်။ အဲဒါ

ညာဘက် ခြေထောက်က ရေမြောင်းထဲ ကျသွားပါလေရော။

 

“မလုပ်..မလုပ်ပါနဲ့..မပစ်ပါနဲ့ကွာ..အဲဒါကြီးကို ချထားလိုက်ပါ..နော်။”

 

သူ့နှလုံးတည့်တည့်ကို သေနတ်နဲ့ ချိန်လိုက်တယ်။ ငနဲကြီး ကတုန်ကယင် ဖြစ်နေလိုက်

တာများဗျာ။

 

“နီတာ့ကို နာကျင်အောင်လုပ်ခဲ့တဲ့သူကို ဒဏ်ခတ်ဖို့ ကျုပ် ကျိန်ခဲ့တယ်ဗျ။ ဒါပေမဲ့ ခင်ဗျားကို

ဘယ်လိုရှာရမှန်း ကျုပ်မသိဘူး။ အက်ဂရာမှာတုန်းက သတင်းစာမှာ ကြော်ငြာတွေ့လို့ပေါ့ဗျာ။

မျောက်မျက်ခွက်လို ဖြီးနေတဲ့ ခင်ဗျား အခွက်ကြီး နဲ့လေ။ မွမ်ဘိုင်းမှာကျင်းပမဲ့ ပဟေဠိပြိုင်ပွဲ

အတွက် ဖိတ်ခေါ်ထားတာလေ။ အဲဒါကြောင့် ကျုပ် ရောက်လာခဲ့တာပဲ။ ပထမဆုံးမေးခွန်း

ကတည်းက ကျုပ်မဖြေနိုင်ရင် ခင်ဗျားကို တစ်ခါတည်း ပစ်သတ်ဖို့ပါပဲ။ ဒါပေမဲ့ နတ်သိကြားများ

မှိုင်းမသလား မဆိုတတ်ဘူး။ မေးခွန်းတိုင်း ကျုပ်ဖြေနိုင်ခဲ့တယ်။ မေးခွန်းနံပါတ်နှစ် မှာလည်း

ခင်ဗျား ကူညီတယ်ပြောပြီး လုံးဝ အခွင့်အရေးမပေးခဲ့တာလေ။ အဲဒါက ခင်ဗျားသက်တမ်းကို

နည်းနည်းလေး ဆွဲဆန့်သလို ဖြစ်သွားတာပဲ။ ခုတော့ ပြေးပေါက်မရှိတော့ဘူးဗျ။”

 

“ငါ..ငါပြောတာလေး နားထောင်ပေးပါဦးကွာ..။”

 

ပရမ်ကူးမားက တောင်းပန်တယ်။ အခုကျတော့ လုံးဝကြေကွဲနေပြီ။

 

“ငါ နီးလိမာ အပေါ်မှာလည်း မကောင်းခဲ့ပါဘူး။ အက်ဂရာက ဟိုကလေးမ ကိုလည်း ကြမ်းကြမ်း

တမ်းတမ်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းငါ့ကို ပစ်သတ်လို့ ဘာရမှာလဲကွာ..။ မင်း ပိုက်ဆံရမှာ မ

ဟုတ်ဘူးလေ။ သေနတ်ကို ချလိုက်ပါ။ ငါ ကတိပေးပါတယ်။ မင်း ဆု ရရစေ့မယ်ကွာ..နော်။

စဉ်းစားပါဦး။ မင်းလို စားပွဲထိုးလေးတစ်ယောက်ရဲ့ အလိုဆန္ဒမှန်သမျှ ပြည့်ရုံမက ဟိုဘက်

တောင်လွန်သွားမဲ့ ဥစ္စာဓနမျိုး မင်းရမှာနော်..၊ဟုတ်လား။”

 

ကျွန်တော် ခါးခါးသီးသီး ရီပစ်လိုက်တယ်။

 

“အဲ့ဒီ ဥစ္စာ ဘာလုပ်ရမှာလဲဗျ။ နောက်ဆုံးသေတော့လည်း အလောင်းပတ်ဖို့ ပိတ်စ ခြောက်ပေပဲ

လိုမှာ။”

 

သူ့မျက်နှာ ဖြူရော်ရော်ဖြစ်သွားပြီး လက်ကလေးဆန့်လို့ ကာတယ်။

 

“အာ..အာ..မလုပ်ပါနဲ့ကွာ..၊ မောင်း မဖြုတ်လိုက်ပါနဲ့..။ ဒီမှာ..မင်း ငါ့ကို သတ်လိုက်တာနဲ့ မင်း

လည်း အဖမ်းခံရမှာနော်။ နောက်ပြီး မင်း ကြိုးဒဏ် ထိမှာ။ အဲဒီတော့ မင်းလည်း သေမှာ။”

 

“သေတော့ ဘာဖြစ်လဲဗျာ။ ကလဲ့စားခြေဖို့ ကျုပ် အသက်ရှင်နေတာ။”

 

“အခြေအနေကို သေချာပြန်စဉ်းစားပါဦးကွာ..၊ သောမတ်စ်။ ငါ ကျိန်တယ်။ ငါ့အသက်ကို ချမ်းသာ

ပေးရင်..နောက်ဆုံးမေးခွန်းရဲ့ အဖြေကို ငါပြောပြမယ်။ မင်းလည်း အမြင့်ဆုံးဆုကြေးကို ဆွတ်ခူးရ

မှာ..ဟုတ်ပြီလား။”

 

“ပွဲကို ကျုပ်ပြန်မသွားတော့ဘူး။ ခင်ဗျားရောပေါ့။” သေနတ်က လုံခြုံရေး ခလုတ်ကလေးကို ဖယ်

လိုက်တယ်။

 

ပရမ်ကူးမားရဲ့ သတိ္တတွေ ပြိုဆင်းသွားပြီ။ သူရဲဘောကြောင်တဲ့ ငနဲ။ လုပ်မိလုပ်ရာပေါ့ဗျာ။ နောက်

က နံရံပြင်ကို အတင်းသွားပြီး ကုပ်ဆွဲနေတယ်။ ပြီးတော့ မျက်လုံး တအားစွတ်မှိတ်ထားတော့တာပဲ။

လွန်ခဲ့တဲ့လေးလလောက် ကတည်းက စောင့်စားခဲ့တဲ့အချိန် ရောက်ပြီပေါ့ဗျာ။ ပရမ်ကူးမား ကျွန်တော့်

ရှေ့မှာ ရှိနေပြီ။ ကျွန်တော့်လက်ထဲမှာလည်း ကျည်ထည့်ထားတဲ့ သေနတ်နဲ့။ သေနတ်က တော်တော်

လေးကောင်းတယ်။ တစ်ခါ စမ်းပစ်ကြည့်ဖူးတယ်။ ပြန်ကန်တဲ့အား သိပ်မရှိလှဘူး။ ပြီးတော့ ခုလို

အနီးကပ်ဆိုလို့ကတော့ လွဲဖို့ ခဲယဉ်းသားကလား။

 

ကျွန်တော် သေနတ်မောင်းကို ဖိလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် ဆက်ညှစ်လို့မရတော့ဘူး။ တင်းခံ

နေပါရောလားဗျာ။ ကျွန်တော့်လက်ချောင်းကလေးတောင် တောင့်တင်းနေတာ ကျောက်ဖြစ်သွား

ပြီလား မှတ်ရတယ်။

 

ရုပ်ရှင်တွေထဲတော့ လူသတ်တာ ပူစီဖောင်းဖောက်သလောက် လွယ်သလိုမျိုး ပြတတ်ပါရဲ့။

ဒိုင်း..ဒိုင်း..ဒိုင်း ဆိုပြီး ပစ်လိုက်တာ ကျည်ဆံတွေကလည်း အနှံ့ပြားစီး ပြန့်ကျဲထွက်။ သတ်လိုက်

တဲ့လူဆိုတာလည်း ပုရွတ်ဆိတ်တွေကို လက်နဲ့ဖျစ်သတ်သလိုပဲ။ သေနတ်တောင် တစ်ခါမှ မမြင်

ဘူးတဲ့ ဇာတ်လိုက်ပေါက်စ ကလည်း လူဆိုးအုံထဲ ပေငါးရာအကွာကနေ လှမ်းပစ်တာတောင်

ဆယ်ယောက်လောက် သေသကိုး။ အဲ..တကယ့်လက်တွေ့မှာ အင်မတန် ခြားနားသဗျ။ ကျည်

ဖြည့်ထားတဲ့ သေနတ် ကောက်ကိုင်ပြီး တစ်ယောက်ယောက်ကို ချိန်ရတာ လွယ်ကောင်းလွယ်

မယ်။ ဒါပေမဲ့ တကယ့်ကျည်အစစ်နဲ့ တကယ့်နှလုံးသားအစစ်ကို ပစ်တဲ့အခါ အချည်ရည်မဟုတ်

တဲ့ တကယ့်သွေးတွေ ထွက်လာမယ်ဆိုတာ ခင်ဗျား သိရင် ပစ်ဖို့ နှစ်ခါပြန်စဉ်းစားရလိမ့်မယ်။

လူတစ်ယောက်ကို သတ်ဖို့ဟာ သိပ်လွယ်လှတယ် မဟုတ်ဘူး။ ဦးဆုံး ဦးနှောက်ကိုအလုပ်မပေး

ဖို့လိုတယ်။ အသိဉာဏ်ပျောက်သွားရင် ပြီးပြီ။ ဒါမျိုးက အရက်သောက်ရင် ဖြစ်တယ်။ နောက်ပြီး

ဒေါသကလည်း အဲဒီလိုမျိုးဖြစ်စေနိုင်တာပဲ။

 

အဲဒီတော့ ကျွန်တော် ဒေါသတွေကို ဆင့်ခေါ်ကြည့်သပေါ့ဗျာ။ ကျွန်တော့်ဘဝကို ဒီလိုအခြေဖြစ်

အောင်ဖန်လာတဲ့ အရာအားလုံးကို စိတ်ထဲပြန် ဖော်ကြည့်မိတယ်။ နီးလိမာ ကုမ္မာရီနဲ့ နီတာ တို့ပုံ

ရိပ်တွေက ကျွန်တော်စိတ်ထဲ ဖောက်ထွင်း မျောရွေ့လာပါရော။ နီးလိမာရဲ့ ကိုယ်ပေါ်က စီးကရက်

မီးလောင်ရာ အစက်တွေ၊ နီတာ့ကျောဘက်က နီနီရဲရဲ အရှိုးရာတွေ၊ မျက်နှာပေါ်မှာ ဖူးရောင်း စုတ်

ကွဲနေတာတွေ၊ ညိုမဲနေတဲ့ မျက်လုံး၊ ရွဲ့စောင်းသွားတဲ့ မေးရိုး..အဲဒါတွေ ပြန်မြင်လာမိတယ်။

ဒါပေမဲ့ဗျာ..ဒေါသထွက်ရမဲ့အစား စိတ်ထဲမှာ နာကျင်ဝမ်းနည်းမှုကပဲ စိမ့်ပျံ့လာတာ။ ပြောင်းဝက

ကျည်ထွက်ရမဲ့အစား မျက်လုံးကပဲ မျက်ရည်တွေ သွန်ကျလာတော့တယ်။

 

ဒီတော့ တခြားဟာ စဉ်းစားပြီး ဒေါသကို စုဆောင်းဖို့ ကြိုးစားတယ်။ ကျွန်တော်ခံစားခဲ့ရတဲ့ အရှက်

တကွဲ အကျိုးနည်း တာတွေ။ လူမဆန်၊ အဖက်မတန်သလို အဖိအနှိပ်ခံခဲ့ရတာတွေ။ ဖာသာ

တီမိုးသီ ရဲ့ သွေးသံရဲရဲ အလောင်းက မျက်လုံးထဲပေါ်လာတယ်။ ကျွန်တော်သိသမျှ အကြင်နာတတ်

ဆုံး လူတစ်ယောက်ဗျာ။ ပျော့ခွေနေတဲ့ ရှန်ကာလေးရဲ့ အလောင်း။ တွေ့ဖူးသမျှ အသိမ်မွေ့ဆုံး

ကောင်ကလေးပါ။ ကျွန်တော့်ဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ ဝေဒနာ ကုန်သည်တွေကို ကျွန်တော် ပြန်စဉ်း

စားကြည့်တယ်။ ဆွာပနား ဒေဝီ၊ ရှမ်တာရမ်၊ မာမန်း။ သူတို့တွေ ကျွန်တော့်ဦးနှောက်ထဲ တစီစီမြည်

ပြီး ဖြတ်သွားကြပါရော။ ပြောင်းဝကနေ ကျည်ထွက်ဖို့ စက္ကန့်ဝက်စာ အချိန်ကလေးထဲမှာ ထိခိုက်ခံ

စားခဲ့ရတဲ့ ဝေဒနာတွေအားလုံး ဗြုံးခနဲ ချုံ့ထည့်ပစ်ဖို့ ကျွန်တော်ကြိုးစားတယ်။ ဒါပေမဲ့ဗျာ၊ကျွန်တော်..

ကျွန်တော်လေ ကျွန်တော့်ရဲ့ ကြမ္မာဆိုးတွေအတွက် ဟောဒီလူအပေါ်မှာ အကုန်လုံး ပုံချမပစ်နိုင်ဘူး

ဆိုတာ သိလာတယ်။သူ့ သေခြင်းတရားကို ဆုံးဖြတ်ဖို့ ကျွန်တော့်မှာ လုံလောက်တဲ့ ဒေါသမှ မရှိ

တာဗျာ။

 

ဒီလိုဖြစ်တော့ လူတစ်ယောက်ကို သွေးအေးအေးသတ်ဖို့ ကျွန်တော် မစွမ်းနိုင်ဘူးဆိုတာ သဘော

ပေါက်မိတယ်။ ပရမ်ကူးမားလို အယုတ်တမာကောင်ကိုတောင် မသတ်နိုင်ပါဘူးလေ။

 

ကျွန်တော် သေနတ်ကို အောက်နှိမ့်လိုက်တယ်။

 

ဒါတွေအားလုံးက တကယ်တော့ မိနစ်ဝက်တောင် မကြာတဲ့အချိန်ကလေးမှာ ဖြစ်သွားတာပါ။

ပရမ်းကူးမားကတော့ မျက်လုံးတွေကို အတင်းအကြပ်ပိတ်ပြီး တောင့်ခံခဲ့သပေါ့။ သေနတ်သံမကြား

တော့မှ မျက်လုံးတစ်ဖက် ဖွင့်ပြီးကြည့်တယ်။ ငနဲ တစ်ကိုယ်လုံး ချွေးတွေရွှဲလို့ဗျာ။လက်ထဲက

သေနတ်ရယ်၊ ဆုံးဖြတ်ချက် မပြတ်သားနိုင်တာ အထင်းသားပေါ်နေတဲ့ ကျွန်တော့်မျက်နှာရယ်က

ို ပြူးကြောင်ကြောင်နဲ့ ကြည့်နေရော။

 

နောက်ဆုံး မျက်လုံးနှစ်ဖက်လုံး ဖွင့်ပြီး မောကြီးဖိုလှိုက်နဲ့ –

 

“ငါ့ အသက်ကို ချမ်းသာပေးတာ ကျေးဇူးပါကွာ..သောမတ်စ်။ မင်း ငါ့ကို ညှာတာလိုက်တယ်ဆိုတော့

ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ နောက်ဆုံးမေးခွန်းရဲ့ အဖြေကို ပြောပြမယ်လေ။ တကယ်က မင်း မျှမျှတတ

နဲ့နိုင်ပြီးသားပါ။ မွမ်းတက်ဇ် မဟယ် အကြောင်းမေးတဲ့မေးခွန်းက နောက်ဆုံးမေးခွန်း အမှန်ပါပဲ။ အဲ..

အဖြေကို မင်းသိတယ်လေ။ အခု နောက်ဆုံးမေးခွန်း အသစ်ရဲ့အဖြေကို ငါပြောပြမှာ။”

 

“အဆုံးကျမှ ကပ်ပြီး နောက်တစ်ခါပြောင်းဦးမလားဆိုတာ ကျွန်တော် ဘယ်လိုလုပ် သိမှာတုန်း။”

 

“မင်းသေနတ်သာ မြဲမြဲကိုင်ထားပါကွာ။ အေး..မင်း အဲဒီသေနတ်ကြီး သုံးဖို့မလိုဘူးဆိုတာတော့

ယုံလိုက်။ဒီ ဆုကြီးကို မင်း ဆွတ်ခူးစေချင်တာ ငါ့စေတနာအမှန်ပါ။ ရူးပီး တစ်ဘီလျံက တစ်ဘီလျံ

ပါပဲ။ ငွေသားနဲ့ ရမှာနော။”

 

အဲဒါနဲ့ ဒီငွေကြေးရဲ့ အခွင့်အလမ်း ပမာဏက ကျွန်တော့်ကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ဖြားယောင်း

တော့တာ။ ဟုတ်ပ။ တစ်ဘီလျံ ဆိုတာ နည်းမှတ်လို့။ကျွန်တော်လိုချင်တာ တော်တော်များများ ရနိုင်

တယ်။ နီတာ့လွတ်လပ်မှုကို ဝယ်လို့ရတယ်။ ဆလင်း ရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးလို့ ရတယ်။ ပြီး

တော့ကျွန်တော့်လို လမ်းပေါ်က အပေအတေ၊ ကလေကချေ၊ မိဘမဲ့လေးတွေရဲ့ ဘဝကို မြှင့်တင်ပေး

နိုင်တယ်။ ကျွန်တော်ကြိုက်တဲ့ ဖာယာရီ ပြိုင်ကား အနီလေးတောင် စီးနိုင်ဦးမှာ။ ဆုံးဖြတ်ရပြီပေါ့။

အင်း ဆိုရင် တစ်ဘီလျံပဲ။ ဟင့်အင်း ဆိုလို့ကတော့ လူသတ်သမား ဖြစ်ပြီ။

 

“အင်း..ဟုတ်ပါပြီ။ ဒါဖြင့် အဖြေက?”

“ငါ ပြောမှာပေါ့ကွာ..” ပရမ်ကူးမားက စကားကို ရပ်ပြီး သူ့ခြေထောက်ကို ငုံ့ကြည့်နေတယ်။

“ဘာဖြစ်တာလဲ ဗျ?”

“ငါနားလည်တာ တစ်ခု ပြောမယ်နော်။ မင်းကို ငါ အဖြေပြောပြလိုက်ရင် ငါက စာချုပ်ရယ်၊ ပြိုင်ပွဲ

စည်းကမ်းရယ်ကို ဖောက်ဖျက်ရာကျနေလိမ့်မယ်။ မင်း ဆုလည်း ရုပ်သိမ်းခံသွားရမယ်။”

 

ခေါင်းကို ခပ်ဖြည်းဖြည်းခါပြီး ဆက်ပြောတယ်။

 

“မဖြစ်ဘူးကွာ..မင်းကို အဖြေမပြောတော့ဘူး။”

 

ကျွန်တော်လည်း စိတ်ရှုပ်သွားတယ်။

 

ပရမ်ကူးမား မျက်နှာပေါ်မှာ အပြုံးရိပ်ငွေ့ငွေ့လေး ရိပ်ခနဲ ဖြတ်သွားတယ်။

 

“ငါပြောတာက မင်းကို အဖြေပြောမပြနိုင်ဘူးလို့..၊ဒါပေမဲ့ သဲလွန်စပေးတာတော့ စာချုပ်ထဲမှာ တားမြစ်

မထားဘူးလေ..။ အဲဒီတော့ သေချာနားထောင်နော်..။ ငါ ဒီပွဲကပြီးတာနဲ့ ချက်ချင်း ဘူတာဆင်းမှာ။

ရထားပေါ် တက်မှာပေါ့။ ငါ့ကို သူငယ်ချင်းလေးယောက်က သူတို့ဆီလာဖို့ ဖိတ်ထားတယ်လေ။ သူတို့

တွေက အလ်လာဘဒ် ကရယ်၊ ဘရိုဒါ ကရယ်၊ ကိုချင်ကရယ်၊ ဒေလီ ကရယ်။ ငါကလည်း သူတို့ထဲက

တစ်ယောက်ဆီကိုပဲ သွားနိုင်မှာ။ ဆိုတော့..နောက်ဆုံးမှာ ငါ အလ်လာဘဒ် ကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်

တော့တယ်။မြစ်ဆုံမှာ ဆင်းပြီး ငါ့အပြစ်တွေ ဆေးကြောဖို့ပေါ့ကွာ..၊အိုခေ။

 

(အလ်လာဘဒ် တွင် ဂင်္ဂါ၊ ယမုံနာ နှင့် ယခုတွေ့မြင်နိုင်ခြင်းမရှိတော့သော ဒဏ္ဍာရီလာ သရဿတီ မြစ် သုံးခု

ဆုံရာရှိပြီး ဟိန္ဒူတို့အထွဋ်အမြတ်ထား ရေချိုးသောနေရာ ဖြစ်သည်။)

 

ကျွန်တော်လည်း ခေါင်းညိတ်ပြီး အိုခေ လိုက်တယ်။

 

ကျွန်တော်တို့ ရေအိမ်ခန်းက ထွက်ပြီး ကိုယ့်ခုံကိုယ်ပြန်ထိုင်ကြတယ်။ ပရမ်ကူးမားက ကျွန်တော့်ကို

စိုးရိမ်မကင်းဟန်နဲ့ တစ်ချက် လှမ်းကြည့်တယ်။ဒီလူ သူ့စကားသူ တည်ပါ့မလားလို့ ကျွန်တော်တွေးနေမိ

တယ်။ ကျွန်တော်တို့ ထိုင်တော့ ပရိသတ်က လက်ခုပ်တီးကြတယ်။ သေနတ်ကို ဘောင်းဘီဘေးအိတ်

ထဲ ထည့်ပြီး ထိုင်ရတာ ခိုးလိုးခုလုနဲ့ အဆင်မပြေဘူး။ သေနတ်ထည့်ထားတဲ့အိတ်ပေါ်မှာ လက်ကို

အသာ တင်ထားလိုက်တယ်။

 

စတူဒီယိုဆိုင်းဘုဒ်မှာ ငြိမ်ပါ ဆိုပြီး ပြတယ်။

 

ပရမ်ကူးမားက ကျွန်တော့်ဘက်လှည့်ပြီး –

 

“ကဲ..မစ္စတာ ရမ်မိုဟာမက် သောမတ်စ် ရေ တို့ နားချိန်မတိုင်မီက မေးခဲ့တဲ့ နောက်ဆုံးမေးခွန်း၊

မေးခွန်း နံပါတ်ဆယ့်နှစ်၊ တစ်ဘီလျံအတွက်လေ။ အဲဒါ ထပ်ပြီး ပြောပါမယ်။ ဘီသိုဗင် ရဲ့

စန္ဒယားတေးသား ဆိုနားတားအမှတ် ၂၉၊ တေးလက်ရာ အမှတ်စဉ် ၁၀၆ (သို့မဟုတ်)

‘ဟမ်းမက်ခ်လဗီရာ ဆိုနားတား’ က ဘယ်ကီးနဲ့ (သီဖွဲ့ထား)လဲတဲ့။ အဲဒါက (က)B flat major

(ခ) G minor (ဂ) E flat major (ဃ) C minor။ ကိုင်း ဖြေဖို့ အသင့်ပဲလား။”

 

“ဟင့်အင်း။”

“ဟင့်အင်း..?”

“ကျွန်တော်ပြောချင်တာက အဲဒီမေးခွန်းရဲ့အဖြေကို မသိဘူး ဆိုတာပါ။”

ကင်မရာက ကျွန်တော့်မျက်နှာကို အနီးကပ်ဆွဲရိုက်တယ်။ ပရိသတ်ထဲက ဟာခနဲ ဟင်ခနဲ အသံတွေ

ထွက်လာတာပေါ့။

 

“ကဲ..မစ္စတာ သောမတ်စ် ရေ..ကျွန်တော်ပြောခဲ့သလိုပေါ့။ ခင်ဗျားက သမိုင်းတွင်မဲ့

လမ်းလေးခွမှာ ရပ်နေတာဗျာ..။တစ်လမ်းကပဲ မမျှော်မှန်းနိုင်လောက်တဲ့ ဓနဥစ္စာတွေရမှာ။

ကျန်တဲ့ သုံးလမ်းကတော့ ဒုံရင်း ပြန်ဆင်းသွားရမှာ။ ဒါကြောင့်မို့လို့ ရမ်းမှန်း ဖြေရင်တောင်

ဂရုစိုက်ပြီး မှန်းဆပါလို့ နော်..။ အကုန်နိုင်သွားနိုင်တယ်။ အကုန်လုံးလည်းရှုံးသွားနိုင်တာလေ။

ဟုတ်လား။ ခင်ဗျား ဘဝမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်လို့ ဆိုနိုင်တာပေါ့။”

 

“ကျွန်တော် အသက်ကယ်လှေသုံးမယ်။”

 

“ဟုတ်ပါတယ်။ အသက်ကယ်လှေ တစ်စင်း ကျန်နေပါသေးတယ်။ ရွေးဖို့ အဖြေတွေထဲက တစ်ဝက်

လျှော့ပေးတဲ့ဟာပါ။ ဒီတော့ အဖြေမှား နှစ်ခုကို ဖယ်ရှားပေးပါမယ်။ မှန်တာတစ်ခုနဲ့ မှားတာတစ်ခုပဲ

ကျန်ပါမယ်။ အဖြေမှန်ရဖို့ အခွင့်အရေးက ငါးဆယ် ငါးဆယ် ရှိတဲ့ အခြေအနေပါ။”

 

ပထမအသက်ကယ်လှေ သုံးတုန်းကလိုပဲ ကာတွန်းလေးပြတယ်။ ပြီးတော့ မေးခွန်းကို ပြတယ်။ နောက်

ရွေးဖို့ အဖြေနှစ်ခု လျော့သွားပြီးတော့(က) နဲ့ (ဂ) ပဲ ကျန်တာ ပြတယ်။

 

“ကိုင်း..ရပြီပေါ့..(က) လား (ဂ)လား။ အဖြေမှန်လေး ပေးပေါ့နော်..။သမိုင်းမှာ ရူးပီးတစ်ဘီလျံ

ဆွတ်ခူးတဲ့ပထမဦးဆုံးသူ ဖြစ်သွားမယ်။ အဖြေမှားရင်တော့ သန်းတစ်ရာလုံးကို တစ်မိနစ်မပြည့်

ခင်အတွင်း ဆုံးရှုံးသွားတဲ့ ပထမဆုံးသူ ဖြစ်သွားမှာ။ ကဲ..ဆုံးဖြတ်ပါ။”

 

ကျွန်တော့် အကြွေစေ့ကလေး ထုတ်လိုက်တယ်။

 

“ခေါင်းဆိုရင် (က)၊ ပန်းဆိုရင်တော့ (ဂ)ဗျာ။ အိုခေ။”

 

အစိုးအရိမ်မရှိ မိုက်မိုက်မဲမဲ လုပ်တဲ့ပုံစံဆိုတော့ ပရိသတ်ကလည်း ဟာခနဲ အံ့အားသင့်ကုန်ကြတယ်။

ပရမ်ကူးမား က ခေါင်းတစ်ချက်ညိတ်ပြီးမျက်လုံးက တစ်ချက် ဖျတ်ခနဲ လက်သွားတယ်။

 

အကြွေစေ့ကလေးကို အပေါ်မြှောက်လိုက်တယ်။

 

မျက်လုံးတွေအကုန်လုံး မြောက်တက်သွားတဲ့ အကြွေစေ့မှာ ကပ်ပါကုန်တာပေါ့။ စလိုးမိုးရှင်း

ကျနေတာပဲ။ ရူးပီး တစ်ဘီလျံကို အဆုံးအဖြတ်ပေးမဲ့ တစ်ရူးပီးတန်အကြွေစေ့ဆိုတာ သမိုင်းတ

လျှောက်လုံး ဒီတစ်စေ့ပဲ ရှိမယ်။ ကျွန်တော့် စားပွဲပေါ် ပြန်ကျလာပြီးတော့ ခဏလောက် လည်နေသေး

တယ်။ ပရမ်ကူးမားက ကိုင်းကြည့်ပြီး ခေါင်းဗျို့ လို့အော်လိုက်တယ်။

 

“ဒါဆိုရင် ကျွန်တော့်အဖြေက (က)ပဲ။”

 

“တကယ်လား၊ သေချာလား မစ္စတာ သောမတ်စ်။ (ဂ) ကို ရွေးမယ်ဆို ရွေးလို့ရသေးတယ်နော်။”

 

“အကြွေစေ့နဲ့ ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ခဲ့တာပဲ။ အဖြေက (က)ပဲ။”

 

“တစ်ရာ ရာခိုင်နှုန်းသေချာပါတယ်နော်။”

 

“ဟုတ်ကဲ့၊ ကျွန်တော် တစ်ရာ ရာခိုင်နှုန်းသေချာပါတယ်။”

 

ထုံးစံအတိုင်း ဒရမ်သံတွေ ဆူတက်လာပြီးတော့ အဖြေမှန်ကို ပြပါတယ်။ နောက်ဆုံး အကြိမ် အနေနဲ့ပေါ့ဗျာ..။

 

“အဖြေက (က)ပါ..၊ လုံးဝ တစ်ရာ ရာခိုင်နှုန်းမှန်ပါသဗျား..။ မစ္စတာ ရမ် မိုဟာမက် သောမတ်စ် ရေ..၊

ခင်ဗျား သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါပြီ။ ကမာ္ဘမှာ အများဆုံး ဆုကြေး ဖြစ်တဲ့ ရူးပီ တစ်ဘီလျံကို ဆွတ်

ခူးခဲ့ပါပြီဗျာ။ ကျွန်တော်တို့ အဲဒီဆုကြေးကို မြန်မြန်လေး ခင်ဗျားလက်ထဲ လွှဲပေးမှာပါ။ ဂုဏ်သရေရှိ လူ

ကြီးမင်းအပေါင်းတို့ခင်ဗျာ..၊ ကျွန်တော်တို့ရဲ့ အကြီးကျယ်ဆုံး အောင်နိုင်သူကြီးကို အနွေးထွေးဆုံး လက်

ခုပ်ဩဘာသံလေး ဝိုင်းဝန်းလို့ ချီးမြှင့် ပေးလိုက်ကြရအောင်လား ခင်ဗျာ..။”

 

စက္ကူစလေးတွေ အရာအထောင်က မျက်နှာကြက်ကနေ တဖွားဖွားကျလာတယ်။ ဝါ၊ စိမ်း၊ နီ၊ ပြာ စပေါ့လိုက်

တွေကလည်း စင်ပေါ်အနှံ့ ပြန့်လို့၊ကျဲလို့။ နှစ်မိနစ်လောက် ပရိသတ်က မတ်တပ်ရပ်ပြီး လက်ခုပ်တွေ တီးကြ

တာ။ လေချွန်သံတွေ၊ အော်ဟစ်သံတွေလည်း ကြားရပါ့ဗျာ။ ပရမ်ကူးမားက မျက်လှည့်ဆရာတစ်ယောက်လို

ဦးညွှတ်တယ်။ ပြီးတော့ ကျွန်တော့်ကို မျက်လုံးတစ်ဖက်မှိတ်ပြသေး။ ကျွန်တော်ကတော့ ပြန်မှိတ်မပြပါဘူး။

 

ပရိုဂျူဆာ ငနဲက ဗြုန်းဆို စင်ပေါ်ပေါက်လာပြီး ပရမ်ကူးမားကို ခေါ်ထုတ်သွားတယ်။ အပြန်အလှန် စကားတွေ

များကုန်ကြပြီ။

 

ဟူစတန်ရေ..ကျွန်တော်တို့ ပြဿနာတစ်ခုခု ရှိပြီ ထင်ပါ့။

 

****************************

 

စမီတာက သူ့လက်က နာရီကို ကြည့်ပြီး အိပ်ယာပေါ်က ထတယ်။

 

“ဝှူး..။ ဘယ်လိုပွဲမျိုး၊ ဘယ်လို ဇာတ်လမ်းမျိုးပါလိမ့်ဟယ်။ ညကလည်း ဘယ့်နှယ်ညမျိုး ပါလိမ့်။

ဒီတော့ ရှင် ရူးပီး တစ်ဘီလျံ ဘယ်လိုနိုင်ခဲ့တယ်ဆိုတာ ကျွန်မ သိပါပြီ။ နောက်ဆုံး အကြွေစေ့

ကို မြှောက်တာတော့ တမင်သက်သက်ပဲ နဲ့တူတယ်။ ရှင်က အဖြေ (က)မှန်း သိပြီးသားလေ။”

 

“အင်း..။ ဒါပေမဲ့ ခင်ဗျား ဆုံးဖြတ်ပါဦး၊ ကျွန်တော် ဆုနဲ့ ထိုက်သလား မထိုက်သလား ဆိုတာ။

ကျွန်တော်တော့ ခင်ဗျားကို ဘာမှ ထိမ်ချန် မထားပါဘူး။ ကျွန်တော့်လျှို့ဝှက်ချက် မှန်သမျှ အ

ကုန်ပြောခဲ့ပါတယ်။”

 

“အေး..ငါ့လျှို့ဝှက်ချက်ကလေးလည်း မင်းသိမှ တရားပေတော့မပေါ့ကွယ်။ မင်းကတော့ ငါဘယ်သူလဲ၊

ငါ ဘာကြောင့်ရဲစခန်းရောက်လာတာလဲ တွေးနေမှာပေါ့။”

 

“အင်း..ကျွန်တော် တွေးခဲ့သားဗျ..။ ဒါပေမဲ့ အံ့ဖွယ်သူရဲ ကိစ္စတွေကို မေးခွန်းမထုတ်ဖို့

ကျွန်တော် ဆုံးဖြတ်ခဲ့တာရော ခင်ဗျ။”

 

“အေး…ငါက ဂူဒီယာပဲ..။ တန်းလျားမှာနေတုန်းက မင်းကူညီခဲ့တဲ့ ကောင်မလေးဟာ ငါပေါ့ကွယ်။

ငါ့အဖေကို တွန်းချခဲ့လို့ ဘယ်လိုမှ ခံစားမနေပါနဲ့တော့ကွာ။ သူ ခြေထောက်တစ်ချောင်းပဲ ကျိုးသွား

တာ။ ဒါပေမဲ့ ဦးနှောက်ကတော့ ပြန်မှန်သွားသဟေ့။ အဲဒါဖြစ်ပြီးတော့ ငါ့ကို ဘာမှမလုပ်တော့ဘူး

မောင်။ ငါ့မှာ မင်းအပေါ် အကြွေးရှိတာပေါ့။ နှစ်အတော်ကြာအောင် ငါ မင်းကို ရှာခဲ့ပါသကော။ ဒါ

ပေမဲ့ မင်းက ပျောက်ချက်သား ကောင်းနေလိုက်တာကွယ်။ မနေ့ကတော့ မင်းပုံကို သတင်းစာထဲ

တွေ့တယ်။ ကောင်လေး ရမ် မိုဟာမက် သောမတ်စ် ကို ရဲတွေဖမ်းသွားပြီတဲ့။ ငါလည်း ရမ် မိုဟာ

မက် သောမတ်စ် ဆိုတာ မင်းတစ်ယောက် ရှိမှာလို့ တွေးပြီး ရဲစခန်းကို ပြေးလာခဲ့တာပဲ။ ဒါလေးဟာ

မင်းငါ့ကို ကူညီခဲ့တာနဲ့စာရင် မပြောပလောက်တာလေး ပြန်ကျေးဇူးပြုတယ်လို့ ဆိုထိုက်ပါရဲ့နော်။”

 

ကျွန်တော့်စိတ်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိဘူးဗျာ။ စမီတာ့ လက်ကို ဆုပ်ကိုင်ကြည့်တယ်။ အသွေးနဲ့ အသားနဲ့

အရိုးနဲ့။ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတော့တယ်။ ကျွန်တော့် သူ့ကို ဖက်ပြီး ငိုမိတော့တာပေါ့။

 

“မမ ကျွန်တော့်ကို ရှာတွေ့တာ ဝမ်းသာလိုက်တာဗျာ..။ ကျွန်တော် ရှေ့နေလည်းရပြီ။ အစ်မကိုလည်း ရပြီ။

မိတ်ဆွေကောင်းလည်းရပြီနော်။ တစ်ပြိုင်တည်း ကိုရလိုက်တာပါဗျာ..။”

 

“မင်း ပြဿနာဟာ ငါ့ ပြဿနာပဲပေါ့ကွာ..”

 

စမီတာ မျက်လုံးတွေက တင်းမာပြတ်သားနေတယ်။

 

“ဒီမယ်..မင်းငါ့အတွက် တိုက်ပွဲဝင်ခဲ့သလို..ခု မင်းအတွက်ငါ တိုက်မှာကွ..။”

 

 

**************************

 

14 comments

  • မောင်ဘလိူင်

    October 23, 2013 at 2:35 pm

    ဖုန်‌းနဲ့ တင်‌ လို့ အကျအ‌ပေါက်‌ သိပ်‌မ‌ကောင်‌းလှဘူး။ သည်‌းခံ ဖတ်‌ရှု‌ပေးကြပါ ခင်‌ဗျာ။

    😀

  • Mr. MarGa

    October 23, 2013 at 3:14 pm

    ဟမ်… ဖုန်းနဲ့တင်တယ် ဆိုပါလား
    ဟီးးး ဦးဆာမိရေ ဒီမှာ အဖော်တစ်ယောက် ထပ်ရပြီ။
    ဇာတ်လမ်းက ဆွဲဆောင်မှု အတော်ကောင်းတယ်ဗျ။ အကျအပေါက် မကောင်းတာကို သတိတောင် မထားမိဘူးဗျို့
    မပြောရင် သိမှာတောင်မဟုတ်။
    လောလောဆယ်တော့ ဆုငွေ ရသွားပြီ။
    သိပ်မလိုတော့ဘူး။ အဆုံးသတ်တော့မယ်

      • Mr. MarGa

        October 24, 2013 at 4:47 pm

        နိဂျုံးခုပ်ရင် နောက်တစ်ပုဒ် ဗျာ…. 😉

  • Ma Ma

    October 23, 2013 at 3:33 pm

    ဖတ်ပြီး နားသိပ်မရှင်းဘူး ဖြစ်နေတယ်။
    ပြန်ဖတ်ကြည့်အုံးမယ်။
    လက်ရဲဇက်ရဲရှိတဲ့လူတွေအတွက် လူသတ်ရတာ လွယ်ပေမယ့်……..
    တော်ရုံလူတစ်ယောက်အနေနဲ့ လူသတ်ဖို့ မလွယ်ဘူး ဆိုတာကို သရုပ်ဖော်သွားတာလေး သဘောကျတယ်။ 🙂

      • Ma Ma

        October 24, 2013 at 8:43 am

        စမီတာနဲ့တွေ့တဲ့ အခန်းအကူးအပြောင်းမှာ နားမရှင်းဖြစ်သွားလို့။
        ပြန်ဖတ်ပြီးသွားပါပြီ။
        မူရင်းစာရေးဆရာက ကွက်ကျော်တွေ ရေးတတ်တယ်နော်။

        ဒီထဲမှာပါတဲ့ စကားလုံးတွေ ….
        (မျက်လုံးတွေအကုန်လုံး မြောက်တက်သွားတဲ့ အကြွေစေ့မှာ ကပ်ပါကုန်တာပေါ့။) ဆိုတဲ့ အရေးအဖွဲ့လိုမျ ိုးတွေ အတော်လေးကို ကြိုက်မိတာ အများကြီးပဲ။

        နောက်တစ်ပိုင်းဆို နိဂုံးချ ုပ်မယ်ဆိုလို့ စိတ်တောင် မကောင်းဘူး မောင်ဘလှိုင်ရေ။
        နောက်တစ်ပုဒ်လောက် ထပ်တင်ပေးအုံးလေ။
        🙂

        • မောင်ဘလိူင်

          October 24, 2013 at 12:32 pm

          မူရင်းက ဒီလိုပါ All eyes are riveted as it goes up.
          နောက်ထပ် ဘာဇာတ်လမ်း ပြန်ရမလဲ စဉ်းစားနေတယ်။
          ဖတ်မိတဲ့သူများ ဒုက္ခပေးမိမှာစိုးသေး။ အဟီး။

          🙂

        • Ma Ma

          October 24, 2013 at 4:26 pm

          ဘာသာပြန်ပေးမယ်ဆိုရင် ဖတ်ပေးဖို့ တာဝန်ယူပါတယ်။
          ဝတ္ထုရှည်ကြီးတွေက တာဝန်ကြီးနေရင် ဝတ္ထုတိုလေးတွေ ပြန်ပါလား။ 🙂
          ဟိုးတုန်းက စာပေဗိမာန်ဘာသာပြန်စာပေဆုရတဲ့ စာအုပ်ဖတ်ဖူးတယ်။
          ဝတ္ထုတိုလေးတွေ ၃ ပုဒ် (ထင်တယ်) ပါတယ်။
          မှတ်မိသလောက်ကတော့
          တစ်ပုဒ်က လက်ဝှေ့အကျော်တစ်ယောက်ရဲ့ ကျဆုံးချိန်မှာ လက်ဝှေ့ထိုးဖို့ အမဲသားဝယ်မစားနိုင်တာရယ်၊
          နောက်တစ်ပုဒ်က အက်စကီးမိုးတွေ သက်ကြီးရွယ်အိုတွေကို ရာသီအကူးအပြောင်း နေရာရွှေ့တဲ့အခါ ခေါ်မသွားနိုင်ပဲ ထားခဲ့ရတာကို ရေးထားတာ အရမ်းဖတ်လို့ ကောင်းတယ်။
          ဖတ်ပြီး ထားခဲ့ခံရတဲ့သူနေရာကို ဝင်ခံစားကြည့်တာ ရင်ထဲကို ဆို့နစ်နစ်ဖြစ်သွားတာပဲ။ :'(

  • kai

    October 23, 2013 at 3:56 pm

    ဇတ်ရှိန်တော်တော်မြင့်နေတာပဲ..
    တောင့်ထား… :mrgreen:

  • padonmar

    October 23, 2013 at 8:29 pm

    အလာဘတ်က ပထမဆုံနေရာဖြစ်လို့ က ကိုရွေးတာလား
    ကောင်မလေးဂူဒီယာ ဆိုတာမေ့သွားပြီ။

    • မောင်ဘလိူင်

      October 24, 2013 at 12:16 pm

      ဒီလိုပါ အန်တီ ပဒုမ္မာရေ။ အင်္ဂလိပ်လိုက အေဘီစီဒီ ရွေးခိုင်းတာပေါ့။
      ကျွန်တော်က ကကြီး ခခွေး လုပ်လိုက်တယ်။ (က) ဘာ (ခ)ညာ ဆိုပြီး
      လေ။ ခု ပရမ်ကူးမားက မြို့နာမည်လေးတွေနဲ့ သဲလွန်စပေးတော့ နည်း
      နည်း လွဲတာပေါ့။Allahabad, Baroda, Cochin and Delhi ။အမှီးဝတ္ထု
      ဆိုရင်တော့ က နဲ့စတာ ၊ ခနဲ့စတာ စသည်ဖြင့် မြို့နာမည်ထည့်လို့ရမယ်။
      တိုက်ရိုက် ဘာသာပြန်ဆိုတော့ ဂွကျကုန်တယ်။ ဒီလိုဆန်ဆန်မျိုး ဥပမာ
      လေး ပြောချင်သေးတယ်။ Happy Tampy ဆိုတဲ့ကောင်လေးကို အတို
      ကောက် H.T လို့ အင်္ဂလိပ်လိုပါတယ်ဆိုပါစို့။ ဘာသာပြန်သူက ပျော်တဲ့
      တမ်ပီ (ပတ) ပြန်မယ်။ Before Christ ကို BC။ ဘာသာပြန်တော့
      ခရစ်တော် မတိုင်မီ (ခမ)။ ရုတ်တရက်တော့ ဘာပါလိမ့်စဉ်းစားရတယ်။
      ဗမာဆန်ချင်ပေမဲ့ ဆန်လို့မရတာလည်း ရှိသပေါ့။

  • surmi

    October 24, 2013 at 1:01 pm

    ဖတ်​​ကောင်​း​ကောင်​းနဲ့ ဖတ်​ပြီး အဆုံးသတ်​​တော့မှာကိုနှ​မျောမိ​ပေမယ်​့
    ပြီးသွားရင်​ စာအုပ်​ထုတ်​ဖြစ်​​တော့မှာကို​တွေးပြီး ဝမ်​းသာမိတယ်​ ….
    စာအုပ်​ထွက်​ရင်​ ဝယ်​မယ်​့​သူစာရင်​းထဲ
    ကျုပ်​ကိုထည်​့ထားပါဗျို့ ….

  • kyeemite

    October 24, 2013 at 4:17 pm

    မောင်ဘလှိုင်ရေ..
    အခြေအနေအရ
    အပိုင်းတိုင်းမဖတ်ဖြစ်ခဲ့လို့
    စာအုပ်ထုတ်ရင်တော့
    ဝယ်ယူအားပေးမယ်ဖြစ်ကြောင်း.. 🙂

Leave a Reply