မိုးအကုန် ဆောင်းအကူး အလှထူးပါတဲ့ ရွှေမိုးတိမ်

အဲ…. အလှထူးပါတဲ့ ရွှေမိုးတိမ်ဆိုတော့ ကွကို ပြောတယ်ထင်နေကြဦးမယ် ။ (ထင်ချင်လည်း ထင်ပါစေလေ … ထင်ခံရနည်းလားဆိုပြီး ဒီလိုခေါင်းစဉ်ပေးခဲ့တာပဲ မဟုတ်လား 🙂  )

ရန်ကုန် မန်းလေး အမြန်လမ်းပေါ် ရောက်ဖြစ်တုန်း ဖုန်းကင်မရာလေးနဲ့ ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေပါ။ မိုးတိမ်တွေဟာ အဲ့နေ့ က တကယ်ကိုလှတယ် ။ တကယ် ကို ချစ်စရာကောင်းနေခဲ့တယ် ။

 

တောင်ပူစာလေးရယ် ... တိမ်ဖြူဖြူ တွေရယ် ကောင်းကင်ပြာကြီးရယ် .... ကျနော့် မျက်လုံးထဲတော့ အကုန်လှနေတာပဲ ဗျာ
တောင်ပူစာလေးရယ် … တိမ်ဖြူဖြူ တွေရယ် ကောင်းကင်ပြာကြီးရယ် …. ကျနော့် မျက်လုံးထဲတော့ အကုန်လှနေတာပဲ ဗျာ
အဝေးက မြင်ရတဲ့ အညာထန်းတော လေး
အဝေးက မြင်ရတဲ့ အညာထန်းတော လေး
ဒီပုံထဲမှာတော့ အလှထူးတဲ့ ရွှေမိုးတိမ် တင် မကဘူး  ဟယ်လီကော်ပတာလည်းပါတယ်ဗျ :)
ဒီပုံထဲမှာတော့ အလှထူးတဲ့ ရွှေမိုးတိမ် တင် မကဘူး ဟယ်လီကော်ပတာလည်းပါတယ်ဗျ 🙂
တိမ်ပန်းချီ ၊ စေတီ ၊ သစ်တော...
တိမ်ပန်းချီ ၊ စေတီ ၊ သစ်တော…

 

ခရီးသွားရင် ဒီလိုစေတီပုထိုးလေးတွေ ဖူးမျှော်ရတာလည်း တစ်မျိုးစိတ်ကြည်နူးစရာပါ။
ခရီးသွားရင် ဒီလိုစေတီပုထိုးလေးတွေ ဖူးမျှော်ရတာလည်း တစ်မျိုးစိတ်ကြည်နူးစရာပါ။

 

ပုံလေးတွေ ကြည့့်ရှု့အားပေးတဲ့ ရွာသူ ရွာသားများ ကျေးဇူးကမ္ဘာပါ ။ သွားရင်းလာရင်း ဖုန်းကင်မရာလေးနဲ့ လျှပ်တစ်ပြက်ရိုက်ရတာမို့ လက်ရာညံ့ဖျင်းမှုကို ခွင့်လွှတ်ပြီး မြန်မာပြည်ရဲ့ အလှတရားလေးတွေကို ရှုမြင်ခံစားကြပါကုန် 🙂

 

 

 

27 comments

  • KZ

    October 25, 2013 at 1:17 pm

    ဘာလို့ ဒီ ပို့(စ) ကျော်သွားမိပါလိမ့်။
    ခေါင်းစဉ်ကြည့်တော့ တကယ်ကို ကိုယ့် ဓာတ်ပုံတွေ ပြမယ်မှတ်နေတာ။
    လှပါပေ့ ရွှေမိုးတိမ်

    😀

    • ရွှေမိုးတိမ်

      October 26, 2013 at 10:08 am

      ရွှေမိုးတိမ် ကို လှဒယ်ပြောလို့ ရွှေမိုးတိမ် က ကျေးဇူးပါညော် 😀

  • ကျော်စွာခေါင်

    October 25, 2013 at 1:41 pm

    ရွှေညာသူလေး ရွှေမိုးတိမ်
    ၁..၃..၄..ပုံလေးတွေ အရမ်းလှတယ်…
    ၁ ကို အကြိုက်ဆုံးဘဲ…။

    • ရွှေမိုးတိမ်

      October 26, 2013 at 10:10 am

      ကိုကျော်စွာ အားပေးတာ ကျေးဇူးပါရှင့် ။ 🙂

  • Mr. MarGa

    October 25, 2013 at 1:47 pm

    အလှထူးတဲ့ ရွှေမိုးတိမ်
    တိမ်တမန် လေဆန်ကာ တက်ပါလို့
    အထက်အညာကိုဖြင့် ဝင်ကာရယ်….
    ရွာလိုက်စမ်းမယ်…..သည်းကာ၊ သည်းကာရယ်…… :mrgreenn:
    နောက်ခါ ရွှေမိုးတိမ်ဆိုရင် ကိုယ့်ပုံ ကိုယ်တင်…..ဟီဟိ

    • ရွှေမိုးတိမ်

      October 26, 2013 at 10:11 am

      မောင်သိကြား မြှောက်ပေးဒယ်နော် … မြှောက်ပေးဒယ်နော် ။

  • Char Too Lan

    October 25, 2013 at 3:01 pm

    ပုဇင်းကတစ်ကောင်ထဲဟုတ်ဝူး နှစ်ကောင်တောင်
    ဘယ်တွားတာလဲတိဝူး 🙂

    • ရွှေမိုးတိမ်

      October 26, 2013 at 10:12 am

      ပုဇင်းကနိမ့်နိမ့်ကလေးပျံတာဗျ ။ ပုဇင်း စိမ်း ရော ပုဇင်းဖြူရော တွေ့ခဲ့တယ် ။ ငယ်ငယ်ကဆို လေယာဉ်ပျံတွေ့ရင် ဟေး ဟေး နဲ့အော်ပြီး တာ့တာ ပြတာပဲ ။

      • sorrow weaver

        October 26, 2013 at 10:19 am

        ရွာထဲက ဆြာတစ်ယောက်ပြောသွားတာလေး ပြန်ကိုးကားလိုက်ပါအုံးမယ်…
        ဓါတ်ပုံဆိုတာ ပြန်မရတော့တဲ့အခိုက်အတန့်တွေကို မှတ်တမ်းတင်တာပါတဲ့…..
        တိမ်တွေရဲ့အလှတရားကို မြင်ရတဲ့အခိုက်အတန့်က ခဏလေးမဟုတ်လား…..ငယ်ငယ်ကဆို လေယာဉ်ပျံတွေ့ရင် ဟေး ဟေး နဲ့အော်ပြီး တာ့တာ ပြတာပဲ ..အဲ့တာလေး အလွန်တူပါတယ်..ခံစားချက်ချင်း….လယ်ကွင်းထဲက ပက်လက်လှန်ပြီး ပျံသွားတဲ့လေယဉ်ကြီးကို ကြည့်ပြီး စိတ်ကူးယဉ်တာ…အဲ့အကောင်ကြီး မောင်းချင်လိုက်တာပေါ့….အဲ့တာနဲ့ တောသားလေးတစ်ယောက် ကြီးလဲလာရော…မမောင်းရပါဘူး…နီးစပ်တာဆိုလို့ ..လေယဉ်မယ်ဖက်တီးကြီးတစ်ယောက်ပဲ ကိုယ့်ကိုလာမောင်းနေတာ..ခုထိ….အဟင့်ဟင့်

        • ရွှေမိုးတိမ်

          October 26, 2013 at 11:08 am

          လေယာဉ်ကြီးမောင်းဖို့ စိတ်ကူးယာဉ်ပြီး လေယာဉ်မယ်နဲ့ ဖူးစာဆုံတာ ဒါ တော်တော်နီးစပ်တာပဲဗျ ။ ကြိုးစားအားထုတ်မှုကောင်းပါတယ်ဗျာ ။ ကျနော် ဆို ငယ်ငယ် က ဖေဖေ လက်သမားလုပ်တာကို အရမ်းသနားပြီး ကြီးလာရင် သစ်တောဝန်ကြီးကိုယူမယ်ဆိုပြီး အသံကောင်းဟစ်တာကိုးဗျ ။။။။ ခုတော့ ခုတော့ …. သီတင်းလဲကျွတ်ပြီဗျနော် … 😀

  • Ma Ma

    October 25, 2013 at 5:01 pm

    ဟုတ်ပ့ါ လှလိုက်တဲ့ ရွှေမိုးတိမ်။
    (တိမ်ကို ပြောတာနော်) 😀

    • ရွှေမိုးတိမ်

      October 26, 2013 at 10:12 am

      မမ …. တိမ်ကို ပဲပြောတာပေါ့နော် ။ မီး ကို ပြောတာမှုတ်ဖူးပေါ့နော် ။

  • alinsett

    October 25, 2013 at 8:51 pm

    ကျွန်တော်လေ..ရွှေမိုးတိမ်ကို…ချစ်တယ်..။

    မိုးတိမ်….ရွှေရောင်လေးတွေကို..ပြောတာပါ..။

    အဟိ ။

    :kwi:

    • ရွှေမိုးတိမ်

      October 26, 2013 at 10:14 am

      ချွေမိုးတိမ် ကို ဂျစ်ဒယ်ဆိုဘာာာလားးး ။

      အော်……
      မိုးတိမ် ရွှေရောင်လေးတွေကို ပြောတာဘာာ တဲ့ ။ ဟွင့် ဒီက စောစောစီးစီး ရင်တွေဘာဒွေတုန်သွားတာဘဲ ။ 😀

      • alinsett

        October 26, 2013 at 11:08 am

        အဟိ

        ပြောသာပြောရတယ်
        စိတ်ဆိုးမှာ စိုးနေသေးတယ်

        🙂

        • ရွှေမိုးတိမ်

          October 26, 2013 at 12:00 pm

          ရွာနဲ့ ရင်းနှီးကျွမ်းဝင်ချင်တာကြာပါဘီ ။ သို့သော်ငြား ရောက်ခါစ က ဘာမှသိပ်မသိတော့ ဒီလိုပဲ ဟိုကွန်မန့်ဖတ် ဒီကွန်မန့်ဖတ်ပေ့ါ ။ ဝင်လည်းမရေးတတ်သေးဘူး ။ ခုတော့ နည်းနည်းအကြောင်းသိလာလို့ ခုလို ပျော်ပျော်ရွှင်ရွှင် စစနောက်နောက် နေရတာ ဝမ်းသာပါတယ် ။ သမီး က ချိတ် မချိုးပါဘူး လို့ 😛

      • ကိုရင်စည်သူ

        October 27, 2013 at 4:09 pm

        ဒီကလည်း မိုး အသံကြားရင်ကိုလေ.. မိုးတိမ်လေးကို…… သိပ်ပီး
        စစနောက်နောက် ချစ်ချစ်တောက်တောက် နေတတ်တာလေ..
        ချိတ်ချိုးပါနဲ့နော်… ဂျိုကာပါမှ.. တစ်ထွေအောင်တာပါကွယ်.. ငိ.. :mrgreen:

        • ရွှေမိုးတိမ်

          October 28, 2013 at 9:37 am

          ဂုရော မိုး ကို ချစ်သေးသလားငွင် ကိုရင်စည် ။ တစ်နေ့လုံး တစ်ညလုံး မနားတမ်းရွာနေလို့ ရုံးတောင်မလာချင်ဘူးးးးး 😡

  • alinsett

    October 26, 2013 at 3:43 pm

    ချိတ် မချိုးဘူးဆိုရင်
    အဖြေ ပေးပါ

    :kwi:

  • အရိပ်စစ်

    October 26, 2013 at 5:06 pm

    ဒါ့ပုံထဲက
    မိုးတိမ်လေးတွေလည်း လှပါတီ
    ရွှေမိုးတိမ်လေးက ဒါ့ ထက် ပို လှ မယ် ထင်ပါတီ

    ( တိမီးကို ဟိုရိုးရာမုန့်လေးတွေ ဝယ်ကျွေးရင် ချိတ်မချိုးပါဝူးနော်…)

    • ရွှေမိုးတိမ်

      October 28, 2013 at 9:42 am

      ဟိဟိ …. အရိပ်စစ်လေး က ခန့်မှန်းတာ တော်ထှာ … တိမီးကို မုန့်ဝယ်ကျွေးရမှာပေ့ါ ရိုးရာမုန့်တင်မကဘူး ချားချင်တာ အကုန်သာပြော တိလား 😛

  • Crystalline

    October 27, 2013 at 2:34 pm

    အဲဒီလမ်းကိုသွားရင် မြင်ကွင်းက ရှင်းလင်းနေတော့ ရွှေမိုးတိမ်ရဲ့အလှတွေကို တစ်မျော်တစ်ခေါ် အပြည့်အဝခံစားရတာ သတိပြုမိတယ်.. ရန်ကုန်မြို့ထဲနေရတာ..အဲဒီအလှတွေမခံစားရတာကြာပေါ့.. ငယ်ငယ်ကဆို လသာသာညတွေမှာကောင်းကင်မော့ကြည့်ပြီး ကြယ်တွေကိုမှတ်ရတာ.. အခုတော့ အဲဒီကြယ်တွေတောင်မေ့ကုန်ပြီး..ခုနှစ်စင်ကြယ်ဘယ်လိုပုံလည်းတောင်ပြန်ဖမ်းမမိတော့ဘူး.. :))

    • ရွှေမိုးတိမ်

      October 28, 2013 at 9:48 am

      ဟုတ်တယ် ။ မြို့ထဲက မြင်နေကျ လို မဟုတ် ထူးထူးခြားခြား အလိပ်လိုက်လေးတွေ ကိုယ်နဲ့နီးနီးကပ်ကပ်မှာ လှရက်လွန်းလို့ နောက်ခန်းကနေ လက်ကြီးထွက်ထွက်ပြီး တလမ်းလုံးရိုက်လာတာ ။ အိမ်မှာဆို ဓူဝံကြယ်လည်းမမြင်ရ ခုနှစ်စင်ကြယ်လည်းမမြင်ရ လပြည့်ည လမင်းကြီး ကြည့်ချင်ရင်တောင် ဝရန်ကနေ ကိုယ်တစ်ပိုင်း အတင်းစောင်းခေါင်းထွက် ကြည့်ရတဲ့ ဘွ 🙁

  • Ma Ei

    October 28, 2013 at 10:00 am

    တိမ်ကလေးတွေ လှလိုက်တာ ရွှေမိုးတိမ်ရေ…
    ပုံဆိုဒ် နဲနဲသေးလို့ ကြည့်ရတာ အားမရဘူးရယ်…
    နောက်တင်ရင် နဲနဲကြီးပေးနော်…
    :chit:

  • ရွှေမိုးတိမ်

    October 28, 2013 at 10:17 am

    ဟုတ် မအိ …. အားပေးတာကျေးဇူးပါနော် … ပုံတွေမတက်မှာ စိုးလို့ ချုံ့လိုက်တာ လက်လွန်သွားတယ် မအိရယ်။ နောက်ခါတင်ရင် ကြီးကြီးတင်မယ်နော့ 😀

  • ဗုံဗုံ

    October 28, 2013 at 12:13 pm

    တိမ်ညိုမိလ္လာ..တိမ်စူကာနှင့်…တိမ်ပြာရောယှက်…မရမ်းဖက်သို့
    အဲ…အဲ..နောက်ထပ်အတိဒေါ့ဘူး….
    ချွေမိုး..ဆိုပြတော့.. :hee:

  • ရွှေမိုးတိမ်

    October 28, 2013 at 2:24 pm

    တိမ်ညို မိလ္လာ၊ တိမ်စူကာနှင့်
    တိမ်ပြာရောယှက်၊ မရမ်းဖက်၍
    တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်
    မှောင်ခဲ့တစ်ခါ၊ ပြာခဲ့တစ်လီ
    ရီခဲ့တစ်ချို့…

    အဟိအဟိ … ဝုတ်ရားးး အာ့လို 😀

Leave a Reply