တစ်​ခါကနှင်​့ အိမ်​မက်​လိုလိုမျက်​ဝန်​းညို

ေမာင္ရိုးOctober 23, 20131min46346

 

ညို …

ဟိုး ….. ​တောင်​ထိတ်​မှာ

မိုးရိပ်​ညိုညို

မိုှင်​းပြီဆိုလျှင်​

ပိုလို့တမ်​းတ

သတိယလျှက်​

​ဖြေ​ပြေခက်​လို့

မျက်​ဝန်​းထဲမှာ မိုး​တွေရွာပြီ… ညိုှ ….။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အချစ်​နဲ့ပတ်​သက်​ပြီး သတ္တိ နဲ့ ဆင်​ခြင်​တုံတရား ဘယ်ဟာရှိသင်​့သလဲဟုဆိုပါလျှင်​ ကျ​နော်​က​တော့ ကံ ကိုသာပုံချမိ​ပါလိမ်​့မည်​။

ကံဇတ်​ဆရာ၏ ကြိုတင်​​ရေးထား​သောဇတ်​ညွှန်​းထဲမှ ကျ​နော်​မရုန်​းနိုင်​ခဲ့ပါ။

ကိုယ့်​ကိုကိုယ်​ ခတ်​ညံ့ညံ့လူတစ်​​ယောက်ဟ​ုမှတ်​ယူထား​သောကျ​နော်​၏ဘဝဖြစ်​စဉ်​များသည်​ က​သောင်​းကနင်းဖြင်​့ရယ်​ရွှင်​ဖွယ်​လည်​း

ဖြစ်​ခဲ့ဖူးပါသည်​ ။ ထို့အတူ လွမ်​း​မောတသ သတိယစရာများလည်​းရှိခဲ့သည်​ ။

 

သတိယစရာများကိုပြန်​တူးဆွလျှင်​ ရွှန်​းလဲ့ညို ဆို​သော… ညို ကို ဖယ်​ထား၍ရမည်​မထင်​။

ညို သည်​ ကျ​နော့ဘဝထဲမှ အစိတ်အပိုင်းတစ်​ခုအဖြစ်​ရှိခဲ့ဖူးပါသည်​ ။

ကမ္ဘာရပ်​ဝန်​းတစ်​​နေရာတွင်​ရှိ​နေနိုင်​​သော ညို သည်​ ဒီစာကိုဖတ်​မိပါက

ကျ​နော်​သည်​အချစ်​အတွက်​ စွန်​့လွှတ်​ခဲ့ခြင်​းလား… ဒါမှမဟုတ်​ စွန်​့စားခဲ့​လေသလား ..ဟု နားလည်​နိုင်​မည်​ထင်​၏။

ညို မမြင်​ ညို မသိခဲ့​လေ​သော ကံတရား၏အလှည်​့အ​ပြောင်​းများကို နှစ်​ ၂ဝ ​ကျော်​ မြီုသိပ်​ခဲ့ပြီးပါပြီ ။

ယခု​တော့ …. ညို သိနိုင်​ပါ​စေ ..ဟု ….

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၈၉ ခုနှစ်​ ….. န ဝ တ ​ခေတ်​ …

 

” ချာတိတ်​…ချာတိတ်​….. ညဘက်​နှိတ်​စက်​အိပ်​လို့မရတဲ့အရိပ်​က​လေး. × × × × နှလုံးသားထဲထိ မင်​း အပြုံး​လေး​တွေ … ​နေရာယူ ထားတယ်​.. ×××× မင်​း ကိုယ်​့ကိုစိုးမိုးလွန်​းပါတယ်​..♥♥♥♥ …”

အဆို​တော်​​ဂျော်​နီရဲ့ ချာတိတ်​ သီချင်​းကို အားပါးတရ​အော်​ဆို​နေတုန်​း….

” ​ဟေ့ ..​ဟေ့ .. ဟိုမှာတံခါး​လေးပွင်​့လာပြီကွ… ​တွေ့လားနိုင်​မိုး.. ”

 

ကိုဦးက မ​နေနိုင်​မထိုင်​နိုင်​လက်​တို့ပြီးပြသဖြင်​့ သီချင်​းဆိုရင်​းလှမ်​းကြည်​့မိသည်​ ။

ဟုတ်​ပါသည်​။ တံခါးတစ်​ချပ်​ ခတ်​ဟဟ​လေးပွင်​့​နေသည်​ ။

ပြူတင်​း​ပေါက်​​နောက်​ကွယ်​အ​မှောင်​ထုထဲတွင်​ ကျ​နော်​ရည်​ရွယ်​​သော နတ်​မိမယ်​​လေး ရှိ​နေပါလိမ်​့မည်​။

စိတ်​အားတက်​ကြွစွာပင်​ ​နောက်​ထပ်​သီ​ချင်​း​တွေဆိုမိသည်​ ..

အဆို​တော်​​အောင်​နိုင်​ရဲ့…. ​မောင်​့သီရိ​မေ သီချင်​း …

” ​မောင်​့..သီရိ​မေ…​မောင်​့ သီရိ​မေ.. သု ယူ ပါ​စေ… ​မောင်​့ရဲ့သီရိ​မေ…×××​မောင်​့ရဲ့သီရိ​မေ….​ပျော်​ရွှင်​ပါ​စေ.♥♥♥♥ ငြိမ်​းချမ်​းမုှအ​ပေါင်​း​တွေ..ခ​ ​ညောင်​းနိုင်​ပါ​စေ…”

 

ပြီး​တော့… အဆို​တော်​ ပက်​ထရစ်​ရဲ့ .. လွမ်​းတယ်​ခင်​ ….

” … လဝန်​းရိပ်​မြင်​…မကြည်​့ချင်​​မေရယ်​ ××× .. မင်​းမျက်​နှာ​လေး လွမ်​းးးတယ်​ခင်​ ♥♥♥♥ ….”

 

​နောက်​ဆုံး နှုတ်​ဆက်သီချင်​းက​တော့…

အဆို​တော်​ ခင်​ဝမ်​း၏ .. နှုတ်​ဆက်​ခဲ့ပါတယ်​ ..

” …… နှုတ်​ဆက်​ ခဲ့ပါတယ်​ .××× ကျ​နော်​သွား​း..​တော့မယ်​.××× လမ်​းရဲ့သယ်​​ဆောင်​ရာ… ဟိုအ​ဝေးးကို…♥♥♥♥ လွမ်​းတတ်​ရင်​လည်​း …လမ်​းမှာဘဲ ××× လွမ်​းး​တော့မယ်​..××♥♥ ..”

 

ဒီလိုနဲ့ပဲ.. … ဂစ်​တာတစ်​လုံးထမ်​းပြီး လမ်​း​ဘေး ၊အုပ်​ခုံ ၊သစ်​ပင်​​အောက်​၊​မှောင်​ရိပ်​တို့တွင်​ ​တေးသီငှက်​လုပ်​​နေတတ်​​သော ကျ​နော်​နှင်​့ …..

“ကျ​နော်​တို့ နယ်​မြို့​လေး၏ မြိုု့နယ်​အဆင်​့အုပ်​ချုပ်​​ရေးအရာရှိကြီးတစ်​ဦး၏သမီး ညို … သို့မဟုတ်​.. ရွှန်​းလဲ့ညို .. တို့ ဆုံဆည်​းခဲ့သည်​ ။

 

 

ညဘက်​ဆိုလျှင်​ ညို တို့အိမ်​နားက တံတား​ပေါ်မှာ ဂစ်​တာတီး…

နံနက်​.. ညို​ဈေးသွား ​ဈေးပြန်​ လက်​ဘက်​ရည်​ဆိုင်​ကထိုင်​​ချောင်​း …

ညို တို့အိမ်​က ထမင်​းချက်​အ​ဒေါ်ကြီးကိုလက်​​ဆောင်​​ပေးပြီး​ပေါင်​း….

ဒီလိုနည်​းလမ်​း​ဟောင်​း​တွေနဲ့ဘဲ ညိုနဲ့ နီးစပ်​ရန်​ကြိုးပမ်​းခဲ့သည်​ …။

အချစ်​မီးလျှံကိုမှ ​ချော့မြှူလို​သော ၁ရ နှစ်​အရွယ်​ ညိို သည်​ ကျ​နော်​၏ ခတ်​ရိုးရိုးဗျူဟာ​အောက်​တွင်​ မျက်​စိလည်​သွား​လေပြီ ။

လွယ်​လွယ်​​ပြောရလျှင်​ ကျ​နော်​တို့ ချစ်​သူ​တွေဖြစ်​ခဲ့ကြပါသည်​ ။

နယ်​မြို့ တစ်​မြို့တွင်​ ​ချော​ချောလှလှ​လေး​တွေ​​ပြောင်​းလာတိုင်​း ကာလသားတို့ ဝိုင်​း လိုက်​ ကြသည်​မှာ ထုံစံပင်​ဖြစ်​​နေသည်​ ။

ယခု​တော့ … ကျ​နော်​ ​အောင်​လံထူခဲ့ပါပြီ ။

ထိုင်​​နေကျလက်​ဘက်​ရည်​ဆိုင်​ထဲသို့ဝင်​လိုက်​တိုင်​း အားကျ​သောအကြည်​့ .. မနာလို​သောအကြည်​့များကို ​ကျေ​ကျေနပ်​နပ်​ခံယူရင်​း … ကျ​နော်​​ပျော်​ခဲ့ပါ၏ ။

နယ်​မြို့ဖြစ်​​သော​ကြောင်​့ … ညို သည်​ ထင်​ရှား၍လူသိများသည်​။

ထို့​ကြောင်​့ … ညိုနှင်​့ ချစ်​သူ​တွေဖြစ်​​သော်​ငြား နှစ်​ကိုယ်​တူ​တွေ့ဖို့​ဝေးစွ … လက်​ဖျား​လေးပင်​​ယောင်​၍မက်​ုင်​စဖူး ။

မှတ်​မှတ်​မိမိဆိုရလျှင်​ အ​အေးဆိုင်​တွင်​ တစ်​ခါသာထိုင်​ခဲ့ဖူးသည်​ ။

လူ​တွေ့မှာစိုးရိမ်​လွန်​း​သော ညိုသည်​အပြင်​သို့တစ်​ခါမှ ချိန်​း၍မရ။

 

” ဘယ်​​လောက်​ချစ်​တာ သိ​နေတာဘဲမဟုတ်​လား ​မောင်​ရယ်​”…. တဲ့ ..

 

 

 

 

 

 

 

 

 

ဒီလို​လေး​တွေ စာထဲဖတ်​ပြီးကြည်​နူး​နေမိပြန်​သည်​။

ရိုမန်​့တစ်​ ခတ်​ဆန်​ဆန်​ အချစ်​ဇတ်​လမ်​းသည်​ ​လျောက်​ပြန်​သံ​ပေး..​ခြေ​အေးဝမ်​း​ယောင်​အ​ခြေအ​နေဖြင်​့ပင်​ ပတ်​လည်​ရိုက်​လို့​နေသည်​ ။

သူတပြန်​ ကိုယ်​တပြန်​စာ​တွေ​ရေးလျှက်​ စိတ်​ကူးနှင်​့ရူး​လေ​သော

ကျ​နော်​တို့အား သူငယ်​ချင်​းများက​ပြောကြ​လေပြီ။

 

” …. နတ်​​တွေကမှ အ​ငွေ့ရှူဦးမယ်​…မင်​းတို့က အ​ငွေ့လည်​းမရှူ ၊ အပူလည်​းမထိ.. ဘာကြီးတုန်​းကွာ…” တဲ့…

ရှိပါ​စေ​တော့ ..

တကယ်​​တော့လည်း ကျ​နော်​ကိုယ်​တိုင်​က ​တွေ့မှ ၊ထိမှ၊နမ်​းရမှ..အချစ်​လို့ထင်​တာမဟုတ်​ပါ။

မြတ်​မြတ်​နိုးနိုး တန်​ဘိုးထားခဲ့သည်​မို့ စိတ်​ခြင်​းနီးဖို့က အဓိက ဟုမှတ်​ယူထားခဲ့မိသည်​။

ညို လည်​းဒီလိုမျိုးပဲ ​တွေး​နေမည်​ထင်​သည်​ ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဒါပါပဲကွယ်​…

ပုံပြင်​ရယ်​ထား

အိမ်​မက်​များလို

​မေ့သွားနိုင်​ရိုး

အဖြစ်​မျိုးလား

မြတ်​နိုး​နှောင်​ရစ်​

​သောကမြစ်​လျှံ

ချစ်​ခြင်​းဆင်​းရဲ

မိုးသားမဲညို

ပြိုမည်​အုန်​းအုန်​း

မိုးထစ်​ချုန်​းပြီ

နှလုံးသား​တောင်​ထိတ်​က

အလွမ်​းမိုးရိပ်​​တွေပါ…ညို ….။

 

 

ညိုရယ်​…. ဘယ်​သူ​တွေမှ နားလည်​မ​ပေးနိုင်​​ပေမယ်​့ ကိုယ်​တို့​ပျော်​ရွှင်​ကြည်​နူးခဲ့ကြတယ်​​နော်​…

အချစ်​ဆိုတာ နှလုံးသားရဲ့ခံစားမုှလို့ဆိုရင်​…

ရင်​ထဲကဘဲ ချစ်​​နေလို့ရတာပဲ​လေ…

ဘယ်​သူမြင်​မြင်​ ဘယ်​လိုထင်​ထင်​ အကြင်​နာဆိုတာ မမြင်​သာလည်​းရတာမို့

အရိပ်​​လေးပဲ​တွေ့ရရင်​​တောင်​ ​ကြေနပ်​​နေသူပါ​လေ…

 

ဒါ​ပေမယ်​့… မှတ်​မိ​သေးတယ်​ညို…

အဲဒီ​နေ့က​ပေါ့ …

ညိုတို့အိမ်​က ထမင်​းချက်​အ​ဒေါ်ကြီး​ဈေးအပြန်​မှာ ညို ​ရေးလိုက်​တဲ့စာကိုရပါတယ်​ …

 

” ​….. ​မောင်​.. ​ဖေ​ဖေရာထူးတက်​ပြီးနယ်​​ပြောင်​းရ​တော့မယ်​… ​မောင်​နဲ့မခွဲနိုင်​ဘူး.. ​နောက်​​နေ့မနက်​အ​စောကြီးထွက်​ကြရမှာ…။ ဒီည ​မောင်​နဲ့လိုက်​ခဲ့​တော့မယ်​ ်​​မောင်​ရယ်​… ညို​စောင်​့​နေမယ်​​နော်​ ..”တဲ့..

 

ကိုယ်​ ရုတ်​တရက်​ အံ့ဩသွားမိတယ်​ ညို ..။

စိုးရိမ်​ထိတ်​လန်​့တတ်​တဲ့ ညို ဟာ သတ္ထိ ​တွေ​ကောင်​း​နေလို့ပါ ။ ကိုယ်​လည်​း သတ္ထိ​မွေးပြီ …..ညို​ရေ…

ဒီလိုနဲ့ပဲ …..

သူငယ်​ချင်​း​တွေနဲ့ တိုင်​ပင်​ကြတယ်​​လေ… ။ ကားတစ်​စင်​းငှါး..ပြီး​တော့.. သူငယ်​ချင်​းတစ်​​ယောက်​ရဲ့ အမျိုး​တွေရှိတဲ့အညာကို​ပြေးကြမယ်​​ပေါ့..

​ငွေ​ကြေးအဆင်​သင်​့မဖြစ်​တဲ့ ကို့ယ်​့ကို သူငယ်​ချင်​း​တွေစုပြီးရှိတာ​လေး​တွေ​ပေးကြတယ်​​လေ..

နာရီ နှစ်​လုံး ၊ လက်​စွပ်​တစ်​ကွင်​း ၊ ဆွဲကြိုးပါးပါး​လေးတစ်​ကုံး…ပြီး​တော့ ​ပိုက်​ဆံ နှစ်​ရာ ….

အဲဒီ​နေ့ ည​နေမှာဘဲ နာရီ​တွေဆွဲကြိုးနဲ့လက်​စွပ်​​တွေကိုအ​ပေါင်​ဆိုင်​ပို့ပြီး ကားတစ်​စင်​းငှါးထားလိုက်​တယ်​ ..

အစီအစဉ်​ကို ညု်ိသိ​အောင်​လို့ ထမင်​းချက်​အ​ဒေါ်ကြီးကို​ပြောခိုင်​းလိုက်​တယ်​​လေ….

ညို​ရေ… ကိုယ့်​ ရင်​​တွေခုန်​လိုက်​တာညို​ရယ်​…

မကြာခင်​ ညိုနဲ့ ဘဝတစ်​ခုတည်​​ဆောက်​ရ​တော့မှာ​ပေါ့​နော်​…

…….လာ​ခေါ်မယ်​ ညို​ရေ….

ဒီည ..ဆယ်​့နှစ်​နာရီ မှာ ညို့ ကို ​မောင်​လာ​ခေါ်ပါ့မယ်​…..

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

” ရွှီးးးး………”

 

ရုတ်​တရက်​ ညို တို့​နေ​သောလမ်​းထဲသို့အဝင်​… ဝီစီမုှတ်​သံကြားလိုက်​ရပြီး ကားကို တားထား​လေသည်​။

ရဲ တပ်​ဖွဲဝင်​များနှင်​့ ရ ဝ တ လူကြီးများကို​တွေ့လိုရ၏..။

 

” ​ဟေ့..​ကောင်​​တွေ..မင်​းတို့ထဲမှာ နိုင်​မိုးသူ ဆိုတာပါလား”

 

ကျ​နော်​နာမည်​​မေးသံ​ကြောင်​့အံ့ဩသွားမိ​သော်​လည်​း ….

 

” ကျ​နော်​ပါ”..

” ​ကောင်​းပြီ….ကားဆရာ..ရဲစခန်​းကို​မောင်​း​တော့”

” ဗျာ…. ဘာလုပ်​မလို့လဲဗျ.. ​နေပါဦး…”

 

ကျ​နော်​အလန်​့တကြား​မေးမိသည်​။ ရဲ အရာရှိမှာ ခတ်​တည်​တည်​နှင်​့ ..

 

” စခန်​း​ရောက်​မှ ​ပြောတာ​ပေါ့ကွာ..” တဲ့

 

ဒီလိုဖြစ်​ခဲ့ကြမည်​ ဟုကျ​နော်​မထင်​ထားပါ ။ ​ယောင်​၍ပင်​ အိမ်​မက် မမက်​ခဲ့ဖူးပါ….

တကယ်​​တော့ ကျ​နော်​တို့အဖြစ်​သည်​ ကျား​ရှေ့ ​မှောက်​လိက်​လဲသည်​ထက်​ပင်​ဆိုးပါ​သေးသည်​ ။

ကိုယ်​့ကို သတ်​မည်​သူ​ရှေ့တွင်​ ​ခေါင်​းထိုး​ပေးခဲ့မိ​လေပြီ ။

 

ကျ​နော်​တို့ ငှါးထား​သောကားပိုင်​ရှင်​သည်​ ချစ်​လှစွာ​သောညို့​ဖေ​ဖေ၏ မိတ်​​ဆွေဖြစ်​​နေသည်​ ။

ဖြစ်​​ကြောင်​းကုန်​စင်​ ညို့​ဖေ​ဖေသိ​သွားသဖြင်​့ ရဲစခန်​းတွင်​ အမုှဖွင်​့ပြီး ကျ​နော်​တို့ကို​စောင်​့ဖမ်​းခိုင်​း​လေ၏ ။

အသက်​မပြည်​့​သေး​သော ချစ်​သမီးရွှန်​းလဲ့ညို ကိုခိုးယူ​ပေါင်​းသင်​းရန်​ဖျား​ယောင်​း​သွေး​ဆောင်​မုှ …..ဟူ၍…

ထိုညက ကျ​​နော်​တို့အဖွဲ့ ရဲစခန်​းတွင်​အိပ်​ရသည်​ ။ မနက်​လင်​း​သောအခါမှ မိဘများက ခံဝန်​ချုပ်​ ၊ အာမခံ များဖြင်​့အသီးသီးလာထုတ်​ကြ​လေသည်​ ။

ထို​နေ့ နံနက်​​လေးနာရီ ခန်​့တွင်​ ညို တို့တစ်​မိသားစုလုံး ကိုယ်​ပိုင်​ကားဖြင်​့

​ပြောင်​း​ရွှေ့သွားကြ​လေပြီ ။

ညို သည်​ ကျ​နော်​့အဖြစ်​ကိုသိဟန်​မတူ။

​ ကျ​နော်​ချိန်​းထား​သောအချိန်​ကို​စောင်​့​နေပါလိမ်​့မည်​။ ပြီး​တော့…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ညို တို့​ပြောင်​းသွားပြီး (၅) ရက်​​လောက်​အကြာမှာဘဲ ထမင်​းချက်​အ​ဒေါ်ကြီးနဲ့​တွေ့တယ်​ ညို​ရေ…

ညို မသွားခင်​​နောက်​ဆုံးအချိန်​​လေးမှာ ​ရေး​ပေးခဲ့တဲ့ ညိုရဲ့စာကို လာ​ပေးတာပါ ။

 

ကိုယ်​ ရူးပြီ ညို ………

ညိုရဲ့ ဝိုင်​းစက်​​နေတဲ့ လက်​​ရေးလှလှ​လေး​တွေနဲ့ ကိုယ်​့နှလုံးသားကို ထိုးဆွ​နေသလိုပါပဲလ….

ကိုယ်​ အခုထိမှတ်​မိ​နေပါတယ်​ ညို …..

 

 

​မောင်​….

အချစ်​အတွက်​ သတ္ထိနဲ့ ဆင်​ခြင်​တုံတရားကို မခွဲခြားတတ်​တဲ့ ညိုအဖြစ်​ မှတ်​ယူထားလိုက်​ပါ​တော့​နော်​…

​မောင်​့ ကို​လေးစားပါတယ်​ ။ ဖြစ်​ချင်​တာထက်​ ဖြစ်​သင်​့တာကို ဦးစား​ပေးဆုံးဖြတ်​တတ်​သူအဖြစ်​နဲ့​ပေါ့။

​မောင်​့ကို အပြစ်​မတင်​ပါဘူး​..​မောင်​…

​မောင်​့ ကို ချစ်​​နေဆဲပါ …

​နောင်​နှစ်​ဘယ်​​လောက်​ကြာကြာအထိ ​မောင်​့ကို ချစ်​​နေမှာလား …

​မောင်​့ကို ဒီည လာမခိုးဖြစ်​ခဲ့လို့​ကျေးဇူးတင်​​နေမှာလားဆိုတာ​တော့… ညို မ​တွေးတတ်​​တော့ဘူး​မောင်​ရယ်​….

အခုချိန်​မှာ​တော့ ..

ညု်ိ့ မျက်​ဝန်​းမှာ မိုး​တွေရွာပြီ… ​မောင်​…….

 

 

 

​တစ်​ခါက

​မောင်​ဆာမိ

 

ဆရာ​မောင်​စိန်​ဝင်​း (ပုတီးကုန်​း)၏ ကဗျာကို ခံစား၍ ယူသုံးထားပါသည်​။

 

 

 

 

 

 

 

 

 

 

 

 

46 comments

  • alinsett

    October 23, 2013 at 3:09 pm

    မျောသွားတယ်

    ဦးဆာရယ်

    ပြန်ဆယ်ပေးပါဦး

    • surmi

      October 23, 2013 at 3:20 pm

      ပြန်​​ရောက်​ပြီလား ညီ​လေး..
      ​အလွမ်​း​မျောရင်​ အလွမ်​းနဲ့လိုက်​​လေ… 🙂

  • surmi

    October 23, 2013 at 3:21 pm

    ပြန်​​ရောက်​ပြီလား ညီ​လေး..
    ​အလွမ်​း​မျောရင်​ အလွမ်​းနဲ့လိုက်​​လေ… 🙂

  • ဦးကျောက်ခဲ

    October 23, 2013 at 3:28 pm

    ဟမ်း… ကိုရင်ဆာ၊ ကျောက်စ်တို့ခေတ်က သိချင်းတွေကိုအမှတ်ရမိသလို…
    ကံဇာတာမွဲတဲ့ အတိတ်မြို့ဟောင်းကို ပြန်ရောက်သွားတယ်…
    အခုတော့ ကိုငှက်ကြီးရဲ့ သီချင်းကို ဆိုရပြီပေါ့ဗျာ…
    “ချစ်တိုင်းလည်း… မညား… စကားကိုသာ တီးတိုးရေရွတ်မိတာ…
    ကိုယ့်နှလုံးသား အသည်းအိမ်မှာ… အချစ်များစွာ”
    😥

    • surmi

      October 23, 2013 at 4:02 pm

      ဘာရယ်​မဟုတ်​ပါဘူးကို​ကျောက်​ရယ်​…
      ပျင်​းပျင်​းရှိတာနဲ့ ဟို​မွှေဒီ​မွှေ လုပ်​ရင်​း ဆရာ​မောင်​စိန်​ဝင်​းကဗျာ​လေး​တွေ့လိုက်​လို့ပါ…
      အဖြစ်​အပျက်​က ​ပြောထားဖူးတဲ့အတိုင်​းဆို​ပေမယ်​့
      သူငယ်​ချင်​းတစ်​​ယောက်​ရဲ့ ကိုယ်​​တွေ့ပါ..လို့ 🙂

      အခု​တော့လည်​း….
      ဟဲ ဟဲ ….

  • KZ

    October 23, 2013 at 3:40 pm

    😥

    မျက်ဝန်းထဲမှာ မိုးရွာပြီ ညို !!!
    မရင့်ကျက်သေးတဲ့ အရွယ်က အချစ်က ပိုပြီး သန့်စင်ပြီး
    မေ့ပျောက်ခဲလေသလားးး

    • surmi

      October 23, 2013 at 4:06 pm

      ​မေ့ပါပြီ ဂျီး​တော်​ရယ်​…
      ဖြူစင်​ကြတာ​တော့အမှန်​ပါ
      အရီးလတ်​​တောင်​မှ​ပြောဖူး​သေးတယ်​
      ဘာတဲ့… ဖိုးချိုရဲ့ ချစ်​သူကို ဆိုတဲ့သီချင်​းအတိုင်​းဘဲ​လေ..

  • Ma Ma

    October 23, 2013 at 3:45 pm

    ကဆာမိတို့ စွံချက်။ 😉
    ခုနေများ ညို တစ်ယောက် ပြန်ပေါ်လာလို့ရှိရင်…… :loll:

    • surmi

      October 23, 2013 at 4:13 pm

      အန်​တီမမ​ရေ..
      ကျ​နော်​ အဲ့​လောက်​မစွံပါဗျာ 🙂
      သူများအ​ကြောင်​း​တွေ​လျောက်​​ရေးတာ ဟဲဟဲ

  • မဟာရာဇာ အံစာတုံး

    October 23, 2013 at 3:59 pm

    အော် .. ညို .. ညို .. ညို ..
    တစ်ချိန်က … ညို …
    သူ့ မျက်ဝန်းမှာလည်း မိုးတွေ ရွာနေသလို
    ကိုယ့်ရင်ထဲမှာလည်း ရေတွေရစ်ဝိုင်းလို့ … စို ….။

    ညိုရယ် ….
    အခြားအခြားသောသူတွေရဲ့ မနာလို​သောအကြည်​့များကို ​ကျေ​ကျေနပ်​နပ်​ခံယူတတ်ခဲ့ပေမယ့် …
    ကံတရားရဲ့ အဲ့ဒီ ရိုက်ချက်မှာတော့ …
    ကိုယ့်နှလုံးသား ပြုတ်ထွက်လို့ သွားခဲ့ရပါတယ် ညို …..။
    😥

    ဒါတွေကို ညို တစ်ယောက် သိပါစေလေ …..။
    လွန်ခဲ့တဲ့ အနှစ် ၂ဝ က အဖြစ် …
    အခုဆို ညို့ အသက်က ၃ဝ နဲ့မှ ရ နှစ် …
    အကယ်၍ အပြိုကြီး ဖြစ်ခဲ့ရင်လေ ….
    ဒီစာကို ညို ဖတ်မိပါစေလေ ………………။
    :mrgreen:

    • surmi

      October 23, 2013 at 11:57 pm

      ၃ရ မ​ဟုတ်​ဘူး​မောင်​အံ​ရေ..
      ၄ဝ ​ကျော်​ပဟ … 🙂
      အန်​တီ​လေးအရွယ်​​ပေါ့ကွာ…
      အင်​း… သူ့သမီးလည်​း​ကျောင်​းပြီး​တော့မယ်​ထင်​့…
      ​နောက်​တာပါ… အတည်​​ပြောတာ…
      အဲ့ဒါ… တခြားလူရဲ့ ညို … ယုံတယ်​ဟုတ်​

  • အရီးခင်

    October 23, 2013 at 4:00 pm

    ဟိ ဟိ။ 😉

    • အရီးခင်

      October 23, 2013 at 4:02 pm

      စောရီးပါ။
      သများတွေ လွမ်းနေတာကို ပြုံးမိသွားလို့။
      သေချာပါတယ် ….
      ညို လဲ လွမ်းနေတော့မှာ ဟုတ်ပါဘူး။
      စိတ်လျှော့ ကဆာမိ။ စိတ်လျှော့။ 😛

      • surmi

        October 24, 2013 at 12:13 am

        အရီး​ရေ…
        လွတ်​လွတ်​လပ်​လပ်​ ရီလို့ရပါတယ်​…
        ဇတ်​လမ်​းက ရီစရာလည်​း ဖြစ်​ခဲ့သကိုး..
        အရီး​ပြောသလို သူတို့လွမ်​း​တော့မှာမဟုတ်ဘူး…
        ကြားထဲက ဇတ်​စုံသ်​​နေတဲ့​မောင်​ဆာမိဘဲ အငှါးခံစား​နေတာ 🙂
        တကယ်​့ ဖြစ်​ရပ်​မှန်​ပါ အရီး​ရေ…
        နာရီနှစ်​လုံးထဲက တစ်​လုံးက ကျ​နော့နာရီပါ ။
        ကျ​နော်​့သူငယ်​ချင်​းရဲ့ ဇတ်​လမ်​း​လေးပါဗျာ…
        ဟဲ ဟဲ …..

  • ခင် ခ

    October 23, 2013 at 4:28 pm

    ခုတော့လည်း ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီ ပြီး ခဲ့ ပြီ
    ဒါပေမယ့်လည်း တစ်ရံတစ်ခါတော့ သတိရနေပါသည်
    ဪ …… ဟို အကိုကြီးရဲ့ ………………….။

    • surmi

      October 24, 2013 at 7:43 am

      သူဘယ်​မှာလဲ….သတိယ​နေတယ်​ ♥♥♥♥
      တခါတ​လေ​တော့လည်​း××××..လွမ်​းမပါတယ်​♥♥♥
      🙂 သီချင်​းဆို​တာ​နော်​ ကိုခ…

  • Mr. MarGa

    October 23, 2013 at 5:49 pm

    အင်
    ဦးဆာ အလွမ်းထဲမှာ တလည်လည်ဖြစ်တာ များနေပီနော့ :mrgreenn:
    ဒါပေမင့် ဖတ်ကြည့်ပြီး ဝေဖန်ရရင် (အဟီး)
    နှစ်ဖက်လုံးအတွက်
    ကြားက ဗီလိန်လုပ်သွားတဲ့ မတော်ရသော ယောက်ခမဂျီးကတော့ အတော် စေ့စပ်တယ်လို့ ထင်တာပဲ…
    :mrgreen: :mrgreen: :mrgreen:

    • surmi

      October 24, 2013 at 7:50 am

      ​မောင်​သဂျား​ရေ..
      အဲဒါသာကြည်​့​တော့​နော်​..
      ဘယ်​​လောက်​များအကွက်​​ရွေ့​ကောင်​းလဲဆိုတာ..
      ကျုပ်​က သိပ်​မလွမ်​းတတ်​ပါဘူးကွယ်​
      ပါးပါး​လေးပါ…. ဟဲ ဟဲဟဲ

  • ရွှေ ကြည်

    October 23, 2013 at 7:23 pm

    သူများသားသမီးကို ရဲစခန်းမှာ အိပ်ခိုင်းတယ် လာခိုးမှာသိမှတော့ ကိုယ့်သမီးကိုယ်ပဲ အပြင်ထွက်မရအောင်ထိန်းပေါ့ ဆိုးပါ့ အဲဂလို မိဘချင်းကိုယ်ချင်းမစာတာတွေကို မုန်းတယ် ဒါပဲ
    ဟဲ ကိုရင်ဆာမိ အရေးအသားမှာ တွေဝေငေးမောသွားတယ်
    အတွေးတို့က အဝေး သို့………………………………

    • surmi

      October 24, 2013 at 8:09 am

      ​ပြောပလိုက်​စမ်​းပါမ​ရွှေကြည်​​ရေ.. 🙂
      ကျ​နော်​ ဘယ်​​ခေတ်​ဆိုတာကို​ပြောထားတယ်​မဟုတ်​လား
      ဒီ​တော့..
      အဲဒီလူကြီးဘယ်​သူဆိုတာ​တွေးကြည်​့​ပေါ့ဗျာ…

  • မောင်
    ညို မောင်နဲ့ မခွဲနိုင်ဘူး
    ဒီည ၁၂ နာရီ မောင့်အိမ်ရှေ့ကစောင့်နေနော်။ မောင့်ကို ညိုလာခေါ်မယ်

    ဟိ . . . သာမီးသာဆို အိုက်လိုလုပ်ပလိုက်မယ်လို့ :mrgreen:

    • surmi

      October 24, 2013 at 8:12 am

      ​ပြောတဲ့အတိုင်​း လုပ်​ရဲပါ​စေလုံမ​ရေ့ …
      မှတ်​ထားလိုက်​ပြီ​နော 🙂
      အမှန်​က အဲဒီလိုလုပ်​လိုက်​ရင်​ပြီး​ရော…
      အခု​တော့ …..

  • padonmar

    October 23, 2013 at 9:01 pm

    အတော်ဒါးထက်တဲ့ ယောက်ခမမတော်လိုက်မိတာ ကံကောင်းလို့ ကိုယ် အခုအောက်မေ့နေပြီ ညို

    • surmi

      October 24, 2013 at 8:16 am

      အစ်​မပဒုမ္မာ​ရေ..
      ဒါးခက်​တာ​တော့​သိတဲ့အတိုင်​းပဲ..
      သူတို့​ခေတ်​ကိုးဗျ..
      အင်​းးး…. ကျ​နော့သူငယ်​ချင်​းလည်​း ၃နှစ်​​လောက်​​တော့ လွမ်​း​နေပါ​သေးတယ်​..
      အခု​တော့…အိမ်​​ထောင်​ကိုယ်​စီဖြစ်​​နေကြပြီထင်​ပါရဲ့ …

  • ကိုရင်စည်သူ

    October 24, 2013 at 12:16 am

    အူးဆာရယ်.. ရေးရက်တယ်ဗျာ.. ရင်ခွင်မှာ ညိုမှိုင်းနေပါဒယ်ဆိုမှ…
    ကျော့်စိတ်ကလေ.. ဒုတ်ခရောက်နေတာ တူတူတောင် အသက်မပြည့်သေးတဲ့
    သာမီလေးတွေကို ပိုသနားတတ်တာ…
    ဂယ်ဆို ကျော့်ဘွက အသက်ကျော်နေတဲ့ သာမီးဂျီးကို ခိုးဖို့ကျံရင်းနဲ့
    အူးကြောင်တို့လို လပြိုဘဝကို ရောက်နေဘာဘီဗျာ.. :mrgreen:

    • surmi

      October 24, 2013 at 12:25 am

      တိန်​¡¡!!
      ဘယ်​့နှယ်​​ကြောင်​့လက်​​နှေး​နေသတုန်​းဗျ…
      အသက်​​ကျော်​မှ​တော့ ခိုးစရာရှိခိုး​တော့​လေဗျာ ဟဲဟဲ
      ဒီတခါမပြန်​ခင်​ မြင်​ချင်​တယ်​ဗျို့ … 🙂

      • ကိုရင်စည်သူ

        October 24, 2013 at 12:53 am

        အဘဆာရယ်… လူလေး ကောင်းရောင်းကောင်းဝယ်ပဲ လုပ်စားပါတော့မယ်..
        အဘဆာမြင်ချင်လဲ.. ကိုယ်ရောင်ပြဖို့ ကျော့်က အသင့်ဘာ..
        ဘဆာတို့ဆီက ဘုသုတတွေ ကြားချင်ပါတယ်… ကျော့်လည်း
        သမုတ်ဒရာထဲကို ပြန်ကြွပါတော့မယ်… ဘကြီးမိုက် ပွဲတော့ အားလုံးတွေကျဖို့အားခဲထားပါတယ်ဗျာ..
        ဘဆာတို့ပဲ လူလေးရဲ့ ဘွကို ချွတ်ပေးပါတော့.. 😥

        • surmi

          October 24, 2013 at 8:29 am

          ​စော​စောက​ပြောတာမဟုတ်​ဘူး..
          ခယ်​မနှစ်​​ယောက်​​တောင်​ရှိပါ့ဗျာ
          အခု​တော့…
          ​ယောက်​ကျားရသွားပြီ 🙂

  • ကျော်စွာခေါင်

    October 24, 2013 at 1:50 am

    ကိုဆာ
    တစ်ခြားသူရဲ ့ဇာတ်လမ်းလေး ဆိုပေမယ့် ဖတ်ရတာ ရိုးရိုးလေးနဲ ့ စိတ်မကောင်း ဖြစ်မိတယ် ကိုဆာ…။
    ဖတ်နေရင်းနဲ ့ကိုယ်ပါ လွမ်းချင်ချင် ငိုချင်ချင် ကြီး ဖြစ်သွားတယ်..။

    • surmi

      October 24, 2013 at 8:22 am

      ဆရာ​ခေါင်​​ရေ …..
      တခါတ​လေပြန်​​တွေးမိရင်​ အဲ့ဒီလို ​ပေါ့​ပေါ့ပါးပါး ဘဝ​လေးကိုလွမ်​းမိသားဗျ
      အခုလည်​း အထက်​ပြောခဲ့သလိုပါပဲ …ကဗျာ​လေးဖတ်​မိရာက
      ငယ်​ငယ်​က စွန်​့စားခန်​း​တွေသတိယလာလို့ပါ။
      အမှန်​တကယ်​လည်​း… ​ကောင်​မ​လေး(ညို) က ြြြဖြစ်​ပျက်​ခဲ့တာတွသိမသွားပါဘူး​
      ​​

  • kyeemite

    October 24, 2013 at 9:21 am

    ကိုရင်ဆာမိ လက်ရာကတော့ရှယ်ပဲ..
    ကာယကံရှင်တွေများဖတ်မိရင်တော့
    ဘယ်အရွယ်ရောက်နေရောက်နေ
    မျက်ရည်တောက်တောက် ကျသွားလောက်တယ်ဗျာ.. 😥
    အတွေ့အကြုံခါးခါးတွေ ကို အရွယ်နဲ့ ရင့်ကျက်မှုက မဖျောက်ဖျက်ပစ်နိုင်ပါဘူးထင်ရဲ့…
    ကျုပ်တောင် ငယ်ဘဝ ကိုပြန်လွမ်းသွားတယ်…ကိုရင်ဆာရေ့….
    🙂

  • surmi

    October 24, 2013 at 9:36 am

    ဦးမိုက်​ရယ်​..
    အ​တွေ့အကြုံခါးခါးဆို​ပေမယ်​့ အခု​တော့လည်​း
    လက်​ဘက်​စားရသလိုပါဘဲဗျာ..ဟဲဟဲ …
    ခါးသက်​သက်​​လေးနဲ့ကိုစိမ်​့​နေတာ…
    အင်​း…
    အ​ကောင်​းဘက်​ကပြန်​​တွေးရင်​ ဒီလိုဖြစ်​ခဲကြတာပဲခတ်​​ကောင်​း​ကောင်​း …လို့..
    ဒါမှ.. ကျ​နော်​လည်​း​ရေးစရာကုန်​ကြမ်​းရှိမှာ​လေ 🙂

  • sorrow weaver

    October 24, 2013 at 10:03 am

    ဦးဆာရယ်…ဘယ်လိုပြောရမှန်းတောင်မသိ….အဲ့မြို့မှာ ကားအဲ့လောက်ရှားသလား…..ကံကိုပဲ အပြစ်တင်ရမလို….ဟက်ကော့ ဆိုတာအဲ့မျိုးမှအစစ်….ပီတိတွေရဲ့ ရင်တွေခုန်နေတုန်း..ရဲစခန်းရောက်တာ…အဟိဟိ

    • surmi

      October 24, 2013 at 10:29 am

      ညီ​လေး​ဆောရိုး​ရေ…
      ၁၉၈၉ ဝန်​းကျင်​မှာ ဗမာပြည်​ရဲ့​နောက်​ဆုံးကားနံပါတ်​​တွေက လ/သ ​လောက်​ဘဲရှိ​သေးတယ်​​လေ..
      နယ်​မြို့တစ်​မြို့မှာ ကားဆိုတာ လက်​ချိုး​ရေလို့ရသ​ပေါ့…
      အဲလို​တွေ ြြဖြစ်​ ခဲ့ကြတာ​လေ….. 🙂

  • Myo Thant

    October 24, 2013 at 10:23 am

    ဪ ညိုရယ်
    ကံဇာတ်ဆရာ အလိုကျ
    ကိုယ်တို့က ကနေရတာ မဟုတ်လားကွယ်

    • surmi

      October 24, 2013 at 10:31 am

      ဦးမျိုး​ရေ..
      ကံဆိုတာ တစ်​ခါတရံ မျက်​နှာအ​တော်​လိုက်​သလားပဲ …

  • ဗုံဗုံ

    October 24, 2013 at 10:38 am

    (​မောင်​….
    အချစ်​အတွက်​ သတ္ထိနဲ့ ဆင်​ခြင်​တုံတရားကို မခွဲခြားတတ်​တဲ့ ညိုအဖြစ်​ မှတ်​ယူထားလိုက်​ပါ​တော့​နော်​…
    ​မောင်​့ ကို​လေးစားပါတယ်​ ။ ဖြစ်​ချင်​တာထက်​ ဖြစ်​သင်​့တာကို ဦးစား​ပေးဆုံးဖြတ်​တတ်​သူအဖြစ်​နဲ့​ပေါ့။
    ​မောင်​့ကို အပြစ်​မတင်​ပါဘူး​..​မောင်​…
    ​မောင်​့ ကို ချစ်​​နေဆဲပါ …)

    အောင်မလေး..လုပ်ရက်လိုက်လေခြင်း အူးဆာရဲ့….. 😥
    ဒီလိုစာသားတွေဒီလိုအချိန်မှာမမြင်ချင်ပါဘူး…ဆိုမှ… 😥 😥 😥

    • surmi

      October 24, 2013 at 10:45 am

      တိုက်​ဆိုင်​မှုဖြစ်​သွားရင်​ တည်​့တည်​့​ပြော….အဲ… ​ယောင်​လို့ 🙂

      မသိဘူး​လေဗျာ…. ရမ်​းပစ်​တာတည်​့တည်​့ထိတယ်​ဆို​တော့
      ​ဆောဒီးးးးးးးးးး…… 🙂 ​

  • TNA

    October 24, 2013 at 2:58 pm

    အချစ်ဦးဆိုတာမြေးဦးရတာတောင်မေ့ဘူးဆိုလား။ အင်း အိုက်ဒုန်းကညိုနဲ့ဆိုရင် အခုချိန်လောက်ဆို အင်းးးးးးးးးးးးးးးးးးးးးးးးးးးး အိုက်လိုလေးများတွေးမိနေမလား။ :mrgreen:
    အခုတော့ အဟောင်းအဟောင်းတွေ အသစ်အသစ်ဖြစ်ပြီး လေးဆယ်ကျော်အလွမ်းပေါ့နော် ကိုဆာမိ 😥

    • surmi

      October 24, 2013 at 3:07 pm

      အချစ်​​ဦးလား .??? ….. နှာ​စေး​နေတယ်​ 🙂

      အကယ်​၍များ အဲဒီအချိန်​က ထိုသူနှစ်​ဦး လက်​ထပ်​ဖြစ်​ခဲ့မည်​ဆိုပါလျှင်​ ……

      ” ​မြေး​လေး​ရေ… ဖွားဖွားညိုကိုချစ်​လား”
      :mrgreen:

      • TNA

        October 24, 2013 at 6:03 pm

        ဟင့်အင်း ဒလိုဖစ်ရမာ

        မြေးလေးရေ ဘိုးဘိုးဆာနဲ့ဖွားဖွားညို အဒု့ဂို ပိုချစ် အဟစ်အဟစ် :mrgreen:

        • surmi

          October 24, 2013 at 10:31 pm

          ​အောင်​မ​လေးဂျီး​တော်​မသဲနုရယ်​
          ဘိုးဘိုးဆာ​တော့မလုပ်​လိုက်​ပါနဲ့..
          ကျုပ်​က ြ ကားလူပါဗျာ 🙂

  • Nyein Nyein

    October 24, 2013 at 9:53 pm

    ဇာတ်လမ်းလေးက လွမ်းစရာလေး ဦးဆာရယ်။ တော်တော်ဆိုးတဲ့ ညို့ဖေဖေရယ်။
    ဒါပေမယ့် ညိုပေးခဲ့တဲ့ စာလေးကို ကြည့်ခြင်းအားဖြင့် ညိုက နားလည်ပေးခဲ့တယ်ဆိုတဲ့ သဘောပေါ့နော်…….. 🙄

    • surmi

      October 24, 2013 at 10:21 pm

      မငြိမ်​းငြိမ်​း​ရေ…
      ဟိုတုန်​းက​တော့အဖိုးကြီးကို ကျိတ်​ဆဲကြတာ​ပေါ့​လေ..
      အခုလို သား​တွေသမီး​တွေရလာ​တော့လည်​း
      ကိုယ်​ချင်​းစာမိပါရဲ့…
      ၁ရ နှစ်​အရွယ်​သမီး​လေးကို ​ယောက်​ကျား​​တောက်​လိုက်​​ပြေးဖိုူ့ ဘယ်​ခွင်​့ပြုနိုင်​ပါ့မလဲ​လေ
      နိုင်​မိုးသူ( အမည်​လွှဲ) က​တော့ အခုထိ လူပျိုကြီးပါဘဲ …

  • nozomi

    October 25, 2013 at 9:49 am

    ဆရာဆာ အပြင်မှာ ဘာလုပ်လဲတော့ မသိ
    စာရေးဆရာ လုပ်ရင်တော့ အောင်မြင်မှာ သေချာတယ်

    ဆရာ ဆာ့ စာတွေ ဖတ်ရင်း
    နှလုံးသား နု တုန်းက ဖတ်ခဲ့ရတဲ့ ဆရာ ငြိမ်းကျော် တို့ ဆရာမောင်စိန်ဝင်း တို့ ရဲ့ ကဗျာတွေ စာတွေ သတိရသွားတယ်

  • surmi

    October 25, 2013 at 11:11 am

    မင်္ဂလာပါဦးနိုရေ
    အပြင်မှာကတော့ စာပေနဲ့အလွန်ဝေးတဲ့အလုပ်ဗျာ
    ဝါသနာအလျောက်လက်ဆော့ရုံလောက်ပါဆရာရယ်
    အခုလည်း ဆရာမောင်စိန်ဝင်းကဗျာလေးပြန်ဖတ်မိရင်း…..
    လာအားပေးသွားတာကျေးကျေးပဲဗျို ့
    ကံမကြုံလို့လွဲခဲ့ကြတဲ့အတွဲတွေကို ပြန်သတိယရင်း
    ငယ်ဘဝပြန်လွမ်းမိသွားတာ
    ကံကြုံရင်လည်း အစ်ကိုတို့နဲ့ဆုံချင်သေးတယ်ဗျို ့ …..

Leave a Reply