အောင်လံမြို့နယ်တွင် ဇနီးဖြစ်သူအားလူမှုရေးဖောက်ပြန်သည်ဟုသံသယဖြင့် ဇနီးဖြင့်ကလေးငယ်အား ရဲဒင်းဖြင့်ခုတ်မှုဖြစ်၍ကလေးငယ်သေဆုံးမှုဖြစ်ပွား

Hlaing Zar ChiOctober 23, 20131min1780

             အောင်လံမြို့နယ် အနောက်(၈)မိုင်ခန့်အကွာရှိ အလယ်ရွာတွင် အောက်တိုဘာ(၂၀)ရက်နေ့က အမျိုးသားတစ် ဦးမှဇနီးဖြစ်သူအား လူမှုရေးဖောက်ပြန်သည်ဟုသံသယဖြင့် ဇနီးဖြစ်သူနှင့်ကလေးငယ်အား ရဲဒင်းဖြင့်ခုတ်၍ ကလေးငယ်သေဆုံး မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေ့ အလယ်ရွာနေ တရားလိုမိန်းကလေးသည် ရွာဦးဘုန်းကြီးကျောင်းတွင်ဥပုဒ်စောင့်နေစဉ်တစ်ရွာတည်းနေနိုင်ဝင်းရောက်ရှိ လာပြီး ၎င်း၏ညီမဖြစ်သူ မဌေးဌေးဝင်၊အသက်(၃၈)နှစ် နှင့်တူဖြစ်သူ (၁၀)လသားကလေးငယ် သားညီ တို့အား မဌေးဌေးဝင်း၏ခင်ပွန်းဖြစ်သူ မြင့်အေး မှ ရဲတင်းဖြင့်ခုတ်၍ ဒဏ်ရာများရရှိကြောင်း လာရောက် သတင်း ပေးသဖြင့် နေအိမ်သို့ပြန်လာကြည့်ရာ မဌေးဌေးဝင်းတွင် ယာမျက်ခုံးအထက်နဖူးတွင်(၂)လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ယာဂျိုစောင်းတွင်(၄)လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်ရရှိပြီး တူဖြစ်သူ သားညီတွင် ယာဂျိုစောင်းကြေမွဒဏ် ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မဌေးဌေးဝင်းတို့သားအမိအားဆေးရုံသို့ပိုရန်ခေါ်လာစဉ် သားညီမှာ စခန်းကြီးရွာအနီးတွင်သေဆုံးသွား ၍  မြင့်အေးအား အရေးယူပေးပါရန်တိုင်တန်း သဖြင့်သက်ဆိုင်ရာ အောင်လံမြို့နယ်၊ရွှေပန်းတောနယ်မြေရဲစခန်း မှ(ပ) ၂၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ /၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။