ပေါက်မြို့နယ်တွင် လင်မယားချင်းရန်ဖြစ်ရာမှ ဇနီးဖြစ်သူကဓါးဖြင့်ခုတ်၍ လင်ဖြစ်သူအားမြေမြှပ်ဟုဆို

Hlaing Zar ChiOctober 23, 20131min920

     ပခုက္ကူခရိုင်၊ပေါက်မြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု ထန်းတောလယ်ကျေးရွာအနောက်ဘက်(၃)မိုင်ခန့်အကွာရှိ သုံးမွှာချောင်းတောတဲတိုက်တွင် အောက်တိုဘာ(၂၁)ရက်နေ့နံနက်(၉)နာရီချိန်က အဆိုပါတဲတိုက်နေ မသီတာဌေး အသက်(၂၇)နှစ်သည်၎င်း၏ခင်ပွန်းဖြစ်သူ အသက်(၇၈)ရှိ ဦးငသန်း တို့သည်လင်မယားချင်းရန်ဖြစ်ရာမှ ဦးငသန်းသည် ဓါးဖြင့်ခုတ်ခံရ၍လဲနေသည်ကို မသီတာဌေး၏ အစ်ကို ဇော်ဝင်းမောင်နှင့် ရဲဝင်းတို့နှစ်ဦးမှ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင်ထံသို့သွားရောက်အကြောင်းကြားရာ အခင်းဖြစ်နေရာသို့ ဦးဇော်မင်းနိုင်သွားရောက်ကြည့်ရှုရာ ဦးငသန်း ၏ အလောင်းအား  ၎င်းတို့တဲ၏ နွားတင်းကုတ်အနီးတွင်မြုပ်နှံထားသည်ကိုတွေ့ရှိရသဖြင့် ကိုင်းလယ်ရဲကင်းစခန်းသို့အကြောင်း ကြားသဖြင့် သက်ဆိုင်ရာကိုင်းလယ်ရဲကင်းစခန်းမှူး ဒုရဲအုပ် ဝင်းဆွေနှင့် အဖွဲ့အခင်းဖြစ်နေရာ တောတဲတိုက်သို့သွားရောက် စစ်ဆေးရာ ဦးငသန်း ၏အလောင်းမှာ နွားတင်းကုတ်အနီးတွင်မြေမြှပ်ထားသည်ကိုတွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူ မသီတာဌေး သည် စိတ်ရှုးသွတ်နေ သူဖြစ်ကြောင်းသိရှိရသည်။အဆိုပါအမှုနှင့်ပက်သက်၍ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင် မှဦးငသန်းအားဓါးဖြင့်ခုတ်သူ မသီတာဌေးအား တိုင်တန်းသဖြင့် သက်ဆိုင်ရာ ပေါက်မြို့မရဲစခန်းမှ (ပ)၈၆/၂၀၁၃၊ ပုဒ်မ ၃၀၂  ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။