မင်းလှမြို့နယ်တွင် ခြောက်ကောင်လောင်းကစားပြုသူများအားဖမ်းဆီး

Thiha Phone MoOctober 23, 20131min940

မင်းလှမြို့မရဲစခန်းမှ ဒုရဲအုပ် နေမျိုးအောင် နှင့် ထန်းကိုင်းရေနံမြေရဲကင်းမှူး ဒုရဲအုပ် မင်းသူအောင်တို့သည် ထန်းကိုင်ရေနံ မှော်အနောက်ဘက်(၁)ဖာလုံ ခန့်ရှိ ချောင်းအတွင်း ခြောက်ကောင်ခုံလောင်း ကစားပြု လုပ်နေကြောင်း သတင်းအရ အောက်တိုဘာ (၂၀)ရက်နေ့နေလည်(၂)နာရီ(၃၀)မိနစ်ချန်က သွားရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားဒိုင်အဖြစ်ဆောင်ရွက်သူ ဝင်းမြင့်၊အသက် (၅၀)နှစ်၊ပြန်ကပြေးကျေးရွာအုပ်စု ပျဉ်းမနားမြို့နေသူထံမှ ခြောက်ကောင်ခုံလောင်းကစားပစ္စည်းကိရိယာများနှင့်လောင်းကြေးငွေ ကျပ်(၁၁၂၅၀၀)တို့အားသိမ်းဆည်းရမိခဲ့ပြီးဆက်လက်၍ ရှာဖွေရာ၎င်းချောင်းအတွင်း လောင်းကစားဒိုင်အဖြစ်ပြုလုပ်သူ သန်းဦး ၊အသက်(၄၂)နှစ်၊ထိန်တောကျေးရွာ မင်းဘူး-(စကု)မြို့နယ်နေသူအား ခြောက်ကောင်ခုံ လောင်းကစားပစ္စည်း ကိရိယာများနှင့် လောင်းကြေး ငွေ(၇၀၀၀၀)အားသိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါလောင်းကစားပြု လုပ်သူများအား မင်းလှမြို့နယ်၊မင်းလှမြို့မရဲ စခန်းမှ (ပ)၁၀၅/၁၀၆/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က)ဖြင့်ဖြင့်အမှုဖွင့်ထားကြောင်းသက်ဆိုင်ရာမှသိရှိရသည်။