အောင်လံမြို့နယ်တွင် ဇနီးဖြစ်သူအားလူမှုရေးဖောက်ပြန်သည်ဟုသံသယဖြင့် ဇနီးဖြင့်ကလေးငယ်အား ရဲဒင်းဖြင့်ခုတ်မှုဖြစ်၍ကလေးငယ်သေဆုံးမှုဖြစ်ပွား

Hlaing Zar ChiOctober 23, 20131min680

အောင်လံမြို့နယ် အနောက်(၈)မိုင်ခန့်အကွာရှိ အလယ်ရွာတွင် အောက်တိုဘာ(၂၀)ရက်နေ့က အမျိုးသားတစ် ဦးမှဇနီးဖြစ်သူအား လူမှုရေးဖောက်ပြန်သည်ဟုသံသယဖြင့် ဇနီးဖြစ်သူနှင့်ကလေးငယ်အား ရဲဒင်းဖြင့်ခုတ်၍ ကလေးငယ်သေဆုံး မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေ့ အလယ်ရွာနေ တရားလိုမိန်းကလေးသည် ရွာဦးဘုန်းကြီးကျောင်းတွင် ဥပုဒ်စောင့်နေစဉ် တစ်ရွာတည်းနေ နိုင်ဝင်း ရောက်ရှိလာပြီး ၎င်း၏ညီမဖြစ်သူ မဌေးဌေးဝင်၊အသက်(၃၈)နှစ် နှင့်တူဖြစ်သူ (၁၀)လသားကလေးငယ် သားညီ တို့အား မဌေးဌေးဝင်း၏ခင်ပွန်းဖြစ်သူ မြင့်အေး မှ ရဲတင်းဖြင့်ခုတ်၍ဒဏ်ရာများရရှိကြောင်း လာရောက်သတင်းပေးသဖြင့် နေအိမ်သို့ပြန်လာကြည့်ရာ မဌေးဌေးဝင်းတွင် ယာမျက်ခုံးအထက်နဖူးတွင်(၂)လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ယာဂျိုစောင်းတွင်(၄)လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး တူဖြစ်သူ သားညီတွင် ယာဂျိုစောင်းကြေမွဒဏ် ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မဌေးဌေးဝင်းတို့သားအမိအားဆေးရုံသို့ပိုရန်ခေါ်လာစဉ် သားညီမှာ စခန်းကြီးရွာအနီးတွင်သေဆုံးသွား ၍  မြင့်အေးအားအရေးယူပေးပါရန်တိုင်တန်းသဖြင့်သက်ဆိုင်ရာ အောင်လံမြို့နယ်၊ရွှေပန်းတောနယ်မြေရဲစခန်း မှ(ပ) ၂၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ /၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။