စိတ်ခွန်အားစာစုများ

Mr WorldWideOctober 24, 20131min1707

တဖန်ပြန်လည်နုတ်ဆက်ပါတယ်..ရွာသူရွာသားများခင်ဗျာ

ကျနော်လည်း အလုပ်ကရှုပ်တာတစ်မျိုး၊ ရွာမှာ စာလာတင်ရင် အင်တာနက်မကောင်းတာတစ်မျိုး၊ ဘာသာပြန်ပြီးတာကို စာရိုက်ဖို့ အချိန်မရတာက တစ်မျိုး၊ ဒီထက်ပိုဆိုးတာက ရွာကလူတွေက နည်းပညာသတင်းတွေကို စိတ်မဝင်စားကြဘူးလား ဆိုတာကို တွေးမိတဲ့ အတွေးက ရွာနဲ့ဝေးကွာဖို့များ ဖြစ်လာတာကြောင့် ရွာကို ပစ်ထားခဲ့မိပါတယ်။ တစ်နည်းအားဖြင့်တော့ ကျနော် အရှုံးပေးမိတာပေ့ါ။ ငါဘာသာ ပြန်ပြီးတင်ပေးလည်း စိတ်ဝင်စားချင်မှ ဝင်စားတာ။ တင်လည်း လူနည်းစုပဲဖတ်တာ..တင်မနေတော့ပါဘူးဆိုပြီး စိတ်ဓာတ်ကျစရာတွေ ခဏခဏဝင်လာတာကြောင့် လာမတင်ဖြစ်တော့တာပါ။

ဟိုနေ့က စာအုပ်လေးတစ်အုပ်ဖတ်ပါတယ်။
ဆရာမြတ်ငြိမ်းဘာသာပြန်ထားတဲ့…““ ပွဲကျပ်လျှင် ဇွဲခတ်သူတို့သာစမြဲ ”” ဆိုတဲ့ စာအုပ်လေးဖတ်ပြီးတော့ ကျနော် ရွာမှာ စာပြန်ရေးချင်တဲ့စိတ် ပြန်ဖြစ်လာပါတယ်။ ဒီအတွက် မူရင်းစာရေးဆရာကိုကျေးဇူးတင်သလို..ဆရာမြတ်ငြိမ်းကိုလည်း ကျေးဇှူးတင်ပါတယ်။ ဒီနေ့က စပြီး..ကျနော် စာတွေ ပြန်လည်တင်သွားမှာ ဖြစ်ကြောင်းနဲ့ မဖတ်ရင်လည်း အရင်လို စိတ်ထဲမကောင်းဖြစ်တော့မှာ မဟုတ်ကြောင်း ကြေငြာလိုက်ပါတယ် 🙂

““ လျှောက်ရမယ့်လမ်းက ခက်ခဲကြမ်းတမ်းနေတဲ့အခါကျရင် ဒူပေနာပေနဲ့ အကြမ်းခံနိုင်တဲ့ သူတွေသာ ရှေ့ဆက်တိုးနိုင်တယ် ””

(ကရွတ်ရော့ခနေ)

7 comments

  • KZ

    October 24, 2013 at 12:54 pm

    ဖတ်ကြပါတယ်ဗျ။
    ကော်မန့်မပေးဖြစ်တာနေမှာပါ။
    ကျနော်ကဖတ်တယ်။
    ခါတလေ နည်းပညာကျ ကျနော်မသိတာ ဝေးတာများလို့ မမန့်ဖြစ်တာပါ။
    🙂

  • kyeemite

    October 24, 2013 at 2:48 pm

    ဆရာခိုင်ခင်ဗျား..ရွာမှာက လူတော်တော်များများက စာဝင်ဝင်ဖတ်ပြီး
    လော့အင်မဝင် ကွန်မန့်မပေးသူတွေများသားဗျ….
    ဒီကြားထဲ ကိုယ်နားမလည် ၊ မခံစါးတတ်တဲ့ စာမျိုးဆိုကွန်မန့်ပေးရခက်လို့
    မပေးကြပြန်ဘူး…ဥပမာ..အချစ်ကဗျာလိုဟာမျိုး ကျနော့လို အဖိုးဂျီးက
    ဖတ်တော့ကြည့်တာပေါ့..ကွန်မန့်တော့မရေးနိုင်ပြန်ဘူး…
    နောက်တစ်ချို့က စာရေးသူက ကွန်မန့်အပေါ်တုန့်ပြန်မှကြိုက်ကြတာလည်းရှိသေးသကိုးဗျ..
    ဒီတော့ ရေးတင်တာ၊ ဖြန့်ဝေတာကိုယ့်အလုပ်မို့..ဆက်လုပ်ပါဆရာရေ.. 🙂

  • Ma Ma

    October 24, 2013 at 5:25 pm

    ပြန်လာတာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။
    ထူးဆန်းတဲ့တွေ့ရှိချက်တွေ နည်းပညာတွေကို ကိုယ့်ဆရာရေးလို့ သိနေရတာမို့ ဆက်ရေးဖို့ အားပေးပါတယ်။
    ပွဲကျပ်လျှင် ဇွဲခတ်သူတို့သာစမြဲ ဆိုတဲ့ စာအုပ်လည်း စာမြည်းလေး ကျွေးပါအုံး။ 🙂

  • alinsett

    October 24, 2013 at 5:59 pm

    အခုတလောတော့
    ကျွန်တော်
    ပိုစ့်တိုင်းလိုလိုကို ဖတ်ဖြစ်နေပါတယ်

    တင်သာတင်ပါဗျာ
    အားပေးလျက်ပါ

  • Mr. MarGa

    October 24, 2013 at 7:15 pm

    ဝင်ဖတ်ပါတယ်ခင်ဗျ
    ကွန်မန့် မပေးဖြစ်တာပါ။
    ဘာသာပြန် သတင်းတွေကို မျှော်နေပါတယ်။
    မဟုတ်ရင် မဖတ်ဖြစ်လို့ပါ။

  • Nyein Nyein

    October 24, 2013 at 9:44 pm

    ရွာပြင်ကနေတော့ ပို့စ်တွေကို ဖတ်ဖြစ်ပါတယ်။ တခါတလေတော့လည်း ဘယ်လို မန့်ရမလဲမသိတာရယ်။ မန့်နေတုန်း ကွန်မကောင်းတာရယ်နဲ့ မမန့်ဖြစ်တာပါလို့။ ဆက်သာရေးပါ။ အားပေးနေပါတယ်။ 🙂

  • Mr WorldWide

    October 25, 2013 at 1:50 pm

    ကျေးဇူးပါ..ခင်ဗျာ။ အင်တာနက်က တော်တော်လေးတော့ တော်တော်လေးကိုဒေါသထွက်နေရပါတယ်။
    စာမတင်ဖြစ်တာ ဒင်းကြောင့်လည်းပါပါတယ်။
    ဒုက္ခ ဒုက္ခ

Leave a Reply