တာဝတိံသာက ရည်းစားစာ

Mr. MarGaOctober 24, 20131min56873
ဦးမာဃ (အဲ) မောင်မာဃရဲ့ ရည်းစားစာ

တာဝတိံသာက ရည်းစားစာ

ရည်းစားစာ ပေးဖူးကြပါသလားဗျာ

ကြားဖူး၊ ဖတ်ဖူးတာ တစ်ခုကတော့ ရည်းစားစာ ဆိုတာ ဖွင့်မပြောရဲတဲ့ ကောင်ကလေးတွေ တခြားနည်းလမ်းကြံကြရင်းနဲ့ ထွက်လာတယ် ဆိုလား။
ဒီနေ့ ဟိုတွေး ဒီတွေး တွေးရင်းနဲ့ ရည်းစားစာအကြောင်း ရောက်သွားတော့
ပေးဖူးတဲ့ စာကလေးတွေအကြောင်း သတိရလာလို့ အတိတ်ကို နည်းနည်း ပြန် တူးဆွကြည့်မိတယ်။
ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမှာ ခပ်ရှက်ရှက်ပဲ အဟီး။

မှတ်မှတ်ရရ ပထမနှစ်ကပေါ့ ရည်းစားစာ ပေးဖူးတယ်။ အတိအကျ ပြောရရင်တော့ ပေးတာမဟုတ်။
ရည်းစားစာ ပေးတယ် ဆိုလို့ သူများတွေလို အချစ်ဝတ္ထုတွေလိုက်ရှာ၊ စကားလုံး အနုအရွလေးတွေကို လိုက်ကူး၊ လက်ရေး အလှဆုံးဖြစ်အောင် ရေး အဲလိုမျိုး မမှတ်နဲ့ဗျ။
ကျွန်တော် ပေးတဲ့ ရည်းစားစာကို လက်နဲ့တောင် ရေးထားတာမဟုတ်။
နောက် စာလည်း စီတာမဟုတ်။
တိုတိုရှင်းရှင်းပဲ လုပ်တယ်။

အဲဒီ ရည်းစားစာ ဖန်တီးဖြစ်သွားပုံက အကြောင်းလေး ရှိသေးတယ်။
တစ်ရက်ပေ့ါဗျာ သူငယ်ချင်းတစ်ကောင် ပေါက်ချလာတယ်။
ပြီးတော့ မေးတယ်။ မင်း အချစ်တောင်းခံလွှာ ဖတ်ဖူးလား တဲ့။

အဲ…အဲဒီ အချစ်တောင်းခံလွှာ ဆိုတာ မသိတဲ့သူတွေအတွက် ပြောပြရရင်
အဲဒါ ဝတ္ထုတစ်အုပ်ပါ။
သိုးဆောင်း ရေးပါတယ်။
သူ့ရဲ့ ပထမဆုံး ဝတ္ထု ဖြစ်ပါတယ်။
ကျွန်တော်တို့ လူငယ်ထုအကြား အတော်လေး လှုပ်ခတ်မှုဖြစ်သွားတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။
အထူးသဖြင့် တက္ကသိုလ်ကျောင်းသား လူငယ်ထုကြားမှာပေါ့ဗျာ။

စာအုပ်အကြောင်း အဲလောက်နဲ့ တစ်ခန်းရပ် အပေါ်ကဇာတ်လမ်း ပြန် ဆက်ရမယ်ဆိုရင်
သူ အဲဒီစာအုပ် ဖတ်ဖူးလား မေးတုန်းက ကျွန်တော် ဖတ်ပြီးပြီ။
မတော်တဆ အိမ်မှာ တွေ့တာနဲ့ ဆွဲဖတ်ဖြစ်လိုက်တဲ့ စာအုပ်ပေါ့။
ဖတ်ပြီး ကိုယ်တိုင်လည်း သဘောကျမိတဲ့ စာအုပ်လို့ ပြောချင်ပါတယ်။ (ပုံမှန်ဆို အဲလိုဝတ္ထုတွေ ဖတ်လေ့ဖတ်ထ မရှိဘူးရယ်)
အဲဒါနဲ့ အေး ဖတ်ဖူးတယ် ပေါ့။ ကောင်းတယ် ပေါ့။

အဲဒီကျ ဒီကောင်က တစ်ဆင့် ထပ်တက်လာတယ်။
ငါ အဲဒီထဲကလို စာပေးချင်တယ် တဲ့။
ဒါပေမင့် သူပြထားတဲ့ ပုံစံကို ကိုယ်တွေက သိပ်မကြိုက်ဘူး။
သူလဲမကြိုက် ကျွန်တော်လဲ မကြိုက်ဘူးလေ။
(မကြိုက်ပေမင့် အဲဒီစာရွက်ကတော့ ကိုယ်တော်ချော မ သွားပါသေးတယ်)
မကြိုက်တော့ ပုံစံတစ်မျိုး ထွင်ကြမယ် ပေါ့။

ထွင်မယ် ဆိုတော့ လမ်းဟောင်းဖြစ်တဲ့ စု တု ပြု နည်းလမ်းကိုပဲ လိုက်လိုက်တယ်။
သူ့ စာအုပ်ထဲမှာ ပြထားတဲ့အထဲက ပုံစံလေး တစ်ခုကို သွား တွေ့တယ်လေ။
သိပ်တော့ အမှတ်ထင်ထင် ရှိတဲ့ ပုံစံလေး မဟုတ်ပါဘူး။ ဒီအတိုင်းရိုးရိုးလေးပါပဲ။
ဒါပေမင့် ကျွန်တော်တို့ ရှာနေတာနဲ့ ကွက်တိ ဖြစ်သွားတယ်။
ဒါနဲ့ နှစ်ယောက်သား တိုင်ပင် ဆုံးဖြတ်ဖြစ်တာကတော့ puzzle ပုံစံလေးပေါ့။
ကိုယ်တွေက ပေးဖို့တောင် မတွေးရသေးဘူး ပေးရမယ့် ကောင်မလေး အမျိုးအစားကို ကြို တွက်နေကြပြီ။
ပြီးတော့ မာနကလေးကလည်း ရှိနေပြီ။

ဘာလို့လဲ ဆိုတော့ တွေးမိတဲ့အတွေး လုပ်မယ့် ပုံစံနဲ့ဆိုရင် သာမန်မိန်းကလေးတစ်ယောက် ဘယ်လိုမှ မတွေးနိုင်မယ့် အရာလေ။
အိုင်ကျူ မမြင့်ဘဲနဲ့ကတော့ ဖော်နိုင်မှာမဟုတ်တာ သေချာသလောက် ရှိတဲ့ puzzle တစ်ခုကို ထွင်လိုက်တယ်။
အဲ…မှားလို့ ထွင်တာမဟုတ်ဘူး အကိုးအကား တစ်ခုကိုယူပြီး ဆန်းသစ်အောင် လုပ်လိုက်တာ။
နှစ်ကောင်လုံးလဲ အဲဒီ ရည်းစားစာအတွက် အတော် ခေါင်းစားသွားပါတယ်။
ဒီလိုနဲ့ ခေါင်းနှစ်လုံးပေါင်း ကြံစည်လိုက်တာ စာတစ်စောင် ထွက်လာပါတယ်။

ထွက်လာပြန်တော့ ကိုယ်တွေက မကြိုက်ချင်ဘူး။ သပ်သပ်ရပ်ရပ် မရှိဘူးလေ။
ဒါနဲ့ပဲ ဘယ်လိုလုပ်လဲ ဆိုတော့
နှစ်ကောင်သား ကွန်ပျူတာဆိုင် ပြေးရတာပေါ့ဗျာ။
ကိုယ်လိုချင်တဲ့ ပုံစံကို စာရွက်နဲ့ ရေးပြီးသား၊ အဲဒါကို စာစီမယ့် အစ်မကြီးကို ပြပြီး ကျွန်တော် ဘေးကနေ အနီးကပ် ကြီးကြပ်လိုက်တာ လေးခါလောက် မျက်စောင်းဒဏ် ခံရပြီးနောက်မှာတော့
လိုချင်တဲ့ပုံစံအတိုင်း ရည်းစားစာတစ်စောင် ထွက်လာပါတယ်။ အဲဒါကို နှစ်ကောင်သား တစ်ယောက်တစ်စောင်စီ ခွဲယူကြ ပေါ့။
အဲဒါကတော့ ကျွန်တော့်ရဲ့ ရည်းစားစာ ဖန်တီးပုံ အပိုင်းကလေးပေါ့။

နောက်တစ်ခါ လာမှာက ပေးတဲ့ပုံစံ။
အသေအချာ ပြောရရင်တော့
အဲဒီ ရည်းစားစာကို လုပ်သာလုပ်တာပါ ကိုယ်တိုင် လက်နဲ့ ကိုယ်တိုင်ကိုယ်ကျတောင် မပေးလိုက်ရဘူး။
ကံဇာတာ စန်းလဂ်က တက်တာလား ကျတာလားတော့ မပြောတတ်ဘူး။ ကိုယ်တိုင် မပေးလိုက်ရတာတော့ တကယ်ပါ။
ဖြစ်ပုံက ဒီလိုလေးဗျ။

အဲဒီစာကို နှစ်ကောင်သား ဖန်တီးခွဲဝေယူပြီးသကာလ ကျွန်တော့်စာရွက်ကို ကျောင်းလွယ်အိတ်ထဲမှာ ထည့်ထားလိုက်တယ်။
အလွယ်တကူ နေရာမဟုတ်ပါဘူး။ အတွင်းအိတ်ထဲမှာ ထည့်ထားတာ။
အဲဒီအထဲမှာ ဒီစာကလေး လပေါင်းများစွာနီးပါး နေလိုက်ရတယ်ဗျ။
မှတ်မှတ်ရရ ဇွန်လ ရဲ့ သာယာလှတဲ့ ကျောင်းဖွင့်ရက် မနက်ခင်းတစ်ခုမှာ
ကျောင်းကားစောင့်နေတုန်း သူငယ်ချင်းတွေ ရောက်လာတယ်။
ကျောင်းလစ်ပြီး လျှောက်လည်ကြမှာ၊ လိုက်ချင်လိုက်ခဲ့ဖို့ ပေါ့။
အစကတော့ အင်တင်တင်ပါ ဒါပေမင့် ချိန်ထားတဲ့ တစ်ယောက် ပါနေတယ်လေ။
အဲဒီတော့ သည်ကောင် အဲဒီနေ့ ကျောင်းကို မရောက်တော့ဘူးပေါ့။ ဟဲဟဲ။
တစ်ရက်တာ ခြေလျင်နှင့် တောင်တက်အသင်းဝင်အဖြစ် မန္တလေးတောင်ကို တက်လိုက်တယ်။
တောင်ပေါ်မှာ ဒီအုပ်စု တရုန်းရုန်းနဲ့ တစ်နေကုန်ပါပဲ။ ကျွန်တော်ကတော့ ဘုရားလည်းဖူးရင်း လိပ်ဥလည်း တူးရင်း ပေါ့။
ညနေပိုင်းရောက်တော့ ပြန်ဆင်းပြီး အလယ်မှာ နားကြတယ်။

ကျန်တဲ့သူတွေကတော့ ပတ် ဆော့နေကြတုန်း ကျွန်တော်တို့တွေ အေးအေးဆေးဆေး စကားပြောဖြစ်ကြတယ်။ ဟိုအကြောင်း၊ ဒီအကြောင်းပါ။
ပြောနေရင်းနဲ့ မချောက ဘာဓာတ်ဖောက်တယ်မသိ ကျွန်တော့် လွယ်အိတ်ကို ယူပြီး မွှေပါလေရော။
(သူ့လွယ်အိတ် မသိမသာ မွှေတာတွေအတွက် လက်စားချေတာလို့တော့ ထင်တာပဲ…အဟီး)
အဲဒီမှာ လွယ်အိတ်မှာ ပါသမျှ အိတ်အားလုံးကို အငြိုးနဲ့ မွှေတာဆိုတော့ ဟို စာ ကလေးကို တွေ့သွားပါလေရောဗျာ။
ကျွန်တော်တို့နှစ်ကောင် ဘယ်လောက် တော်တယ်၊ မတော်တယ် အဲဒီစာကို ဟိုကလေးမ သုံးခေါက်လောက် ဖတ်တာတောင် ရည်းစားစာမှန်း မသိ။
(ကိုယ်တိုင်လဲ တွက်ပြီးသား ဘယ်သူဖတ်ဖတ် ရည်းစားစာလို့ မထင်ရအောင် တမင်လုပ်ထားတာကိုး)
ကျွန်တော်ကလဲ မပြောဘူးလေ၊ ပြောရင် ယူမှာမဟုတ်ဘူးကိုးဗျ။
ဒါနဲ့ မေးတယ် အဲဒါ ဘာလဲပေါ့။
ပြောပြလိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးပါပဲ။ အဲဒါ puzzle တစ်ခုပါ လို့။
စိတ်ဝင်စားရင် ဖြေကြည့်ဖို့ ယူသွားလိုက်၊ နင့်အတွက် လုပ်ထားတာ လို့။ :hint:

ဒါနဲ့ပဲ အဲဒီစာဟာ ဘာ ကြိုးစားအားထုတ်မှုမှ မလုပ်လိုက်ရဘဲ အပေးခံရမယ့်သူကိုယ်တိုင် လိုလိုလားလား ရှာဖွေလို့ ယူသွားပါလေရော။
အဲဒါကြောင့် အချင်းချင်းကို တစ်ခါတစ်ခါ ကပ် ကြွားတတ်တယ်။ ငါက ရည်းစားစာ ပေးတာတောင် အပေးခံရမယ့်သူကိုယ်တိုင် ရှာယူရတာကွ လို့ အဟီး။
အဲဒါကတော့ ပေးခဲ့ဖူးတဲ့ ရည်းစားစာ တစ်စောင်အကြောင်းပါ။
အပတ်တကုတ် ကြိုးစား ဖန်တီးခဲ့ပေမင့် ပေးလိုသူ လက်ထဲကိုတော့ သူ့အလိုလို ရောက်သွားတာ တစ်မျိုးတော့ တစ်မျိုးကြီး။
အဲဒါရဲ့ နောက်ဆက်တွဲကို နည်းနည်း ဆက် ပြောရရင်
အဲဒီစာကို သူ ဖော်ဖို့ အချိန် နှစ်ပတ်လောက် ယူလိုက်ရပါတယ်။ (ဒါတောင် ဘေးကနေ မဖော်ရုံတမယ် ပြောလိုက်ရတယ်)
ဘာကြောင့်လဲဆိုတော့ ဖန်တီးရှင်များ လက်ကုန်ဖွင့်တာ လက်လွန်သွားတာကိုး။ :mrgreenn: :mrgreenn:

အခုတော့
ဒီဇာတ်လမ်းတွေလည်း အတိတ်မှာပဲ ကျန်ခဲ့ပါပြီ။
တခါတခါတော့ အဲဒီစာလေးကို လွမ်းမိတယ်။
ကိုယ်တိုင် အပတ်တကုတ် လုပ်ပြီး ပေးထားရတာမို့ပါ။
သူလဲ အဲဒီစာလေးကို သိမ်းထားဦးမယ် ထင်ပ။
အမှတ်တရအနေနဲ့ အဲဒီစာလေးကို ရွာထဲမှာ တင်လိုက်ပါတယ်။

နှစ်တွေကြာမှ ပြန်ကြည့်မိလို့လားတော့မသိ တစ်ခုခု လိုနေသလိုပဲ။ 🙁

ဒါပေမင့် ငယ်လက်ရာလေးပေါ့ဗျာ။

ဒုတိယနှစ် ကုန်ခါနီးမှာ နောက်ထပ် puzzle တစ်ခု (ပြောရရင် ရည်းစားစာတစ်စောင်) ကို ကို်ယ်တိုင် creation တစ်ခု အနေနဲ့ လုပ်ဖူးပါတယ်။

ဒါပေမင့် အဲဒီတုန်းက နည်းနည်း ဖုတ်ပူမီးတိုက် ဖြစ်သွားတော့ လက်ထဲမှာ ပြစရာ ဘာ ကော်ပီမှ မကျန်ခဲ့။

ရည်းစားစာတွေ ဆိုတော့ ပြန်တောင်းလို့လည်း မကောင်းဘူးကိုးဗျ။

အခါအခွင့်သင့်လို့ အဲဒီ ဒုတိယစာလေးပါ ပြန်ရရင်တော့ ပို့စ် တစ်ပုဒ်နဲ့ ထပ် ပြောပြပါဦးမယ်လေ။

အခုတော့ ကျွန်တော့်ရဲ့ ပထမဆုံး ဖန်တီးမှုလေးကိုပဲ ဝေဖန်ကြပါဦး။

ဦးမာဃ (အဲ) မောင်မာဃရဲ့ ရည်းစားစာ
ဦးမာဃ (အဲ) မောင်မာဃရဲ့ ရည်းစားစာ

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

73 comments

  • sorrow weaver

    October 24, 2013 at 12:13 pm

    တမူးသာထ .စာဆန်းသဟ..အရူးနှာပွ…ဦးမာဃ…အဟိဟိဟိ

    • Mr. MarGa

      October 24, 2013 at 1:04 pm

      တမူး ဆိုတာ ဟိုနားကမြို့
      စာဆန်းတာကတော့ မရိုးလို့
      အရူး ဆိုတာက နင်
      ဦးမာဃ ကတော့
      ဟဲဟဲ… သိတယ်မဟုတ်လား…. :mrgreenn:

  • KZ

    October 24, 2013 at 12:19 pm

    ခရီးသည်ကြီးလည်းပါတယ်။
    အမတ်မင်းလည်း ပါတယ်။
    တဂျီးနာမည်လည်းပါတယ်။
    တထုထုပဲ။

    :kwi:

    • Mr. MarGa

      October 24, 2013 at 1:09 pm

      တထုထု ဟုတ်ပါဝူး
      ရီးဇားစာပါ ဆိုနေမှ
      ဒါနဲ့ အိုက်စာကို နားရော လည်ရဲ့လား ဟင်… 😛

      • KZ

        October 24, 2013 at 1:16 pm

        လည် ဘူးးးး
        ဂလောက် ကြောင်တဲ့ စာမျိုး တခါမှ ရဘူးဘူးးးး
        ခိခိ!
        😀

        • Mr. MarGa

          October 24, 2013 at 1:44 pm

          ဟီးးးးး
          တကယ်က လွယ်လွယ်လေးပါ
          အတွေး လွန်နေကြတာ ငိငိ

  • surmi

    October 24, 2013 at 1:27 pm

    ကြိုတင်​သာ မသိထားရင်​
    ဗားမဲ့ဆရာ​တော်​ရဲ့ လဘ်​ရွှင်​အင်​း လို့ထင်​မိ​လေမလားပဲ….
    အသာလုပ်​ပါကိုယ်​့လူရယ်​..
    မသ်ိရင်​ရတနာ​မြေပုံလို့ထင်​ပြီး လူသတ်​မုှ​တောင်​ဖြစ်​နိုင်​တယ်​ 🙂

    • Mr. MarGa

      October 24, 2013 at 1:40 pm

      ပြောပါတယ်
      ကိုယ်တွေ လက်လွန်တာက အဲလိုပါ ဆိုမှ :mrgreenn:

  • alinsett

    October 24, 2013 at 2:15 pm

    နီ ့ဟာက ရီးဇားစာမှ မဟုတ်တာ
    သိုက်စာဂျီး

    🙂

    • Mr. MarGa

      October 24, 2013 at 2:37 pm

      ဪ….
      အကောင်ပြတာတောင် ဘယ်မလဲ မေးနေသေးတယ်
      သိုက်စာဆိုလဲ ရအောင်ဖော်ဟေ့ :kwi:

  • sorrow weaver

    October 24, 2013 at 2:22 pm

    အဖြစ်မရှိပုံများနှယ့်…ပြောလဲမခံချင်….နာကနာတတ်သေး….နာတို့က မင်းနန်ပျို့ တောင်တဝက်ကျိုးနေပြီ…အဟိဟိ …..ဘာတဲ့ …ဒေါင်းဥခန့်မျှ အိမွမွကို ..ဘာတဲ့ …အဟိဟိ

    • Mr. MarGa

      October 24, 2013 at 2:39 pm

      ဪ….သနားစရာ…
      အခုမှ ဒေါင်းဥခန့်မျှ အိမွမွကို လေးနဲ့ ကျေနပ်နေတယ်…ဟီဟိ
      မကြာခင် ဘယ်ကားတွေ ကျော်တက်သွားမလဲ မသိ…….

    • Mr. MarGa

      October 24, 2013 at 3:40 pm

      ခွိခွိ
      ထုုတ်တဲ့သူတောင် ခေါင်းမူးအောင် ထုတ်ထားရတာ ဖော်တဲ့သူက လွယ်မလား
      ဒါပေမင့် တကယ်ကတော့ လွယ်လွယ်လေးပါ
      သိချင် အဲ့ထဲမှာ ပြောထားတဲ့ စာအုပ် အရင်ဖတ် ငိငိ

  • TNA

    October 24, 2013 at 2:42 pm

    အောင်မယ်လေး အိုက်လိုရီးစားစာမျိုးရလို့ကတော့ ရှိထားတဲ့မစ်တာလေးတောင်ပျက်တွားမလားဘဲ။ :mrgreen: အဖြေပြန်ပေးအုံးလေအေ။ ဘာမှန်းကိုမသိတာရယ်။ :byee:

    • Mr. MarGa

      October 24, 2013 at 3:42 pm

      ဟီးးးးးး
      ပေးပါ့မယ်
      ဒါပေမင့် အခုတော့ ဟုတ်သေးဘူး :mrgreenn:

    • Ma Ma

      October 24, 2013 at 3:51 pm

      မသဲကို ထောက်ခံပါတယ်။
      ဒီရည်းစားစာ ကြည့်ရတာ စွံမယ့်ပုံ မပေါ်ဘူး။ :mrgreen:

      • Mr. MarGa

        October 24, 2013 at 4:18 pm

        အဆင်ပြေရင်
        မနက်ဖြန်ကျ ပြောပြပါ့မယ် လို့
        အဟီးးးး
        နည်းနည်းလေး များသွားတယ်ထင်တယ်

  • အရီးခင်

    October 24, 2013 at 3:20 pm

    ဖိုးသိကြား ရဲ့
    ပွဲ က ၂ပွဲ ဖြစ်နေတာ။
    ဘယ်ပွဲ မှာ သွားရှာရမှာ တုန်း။ 🙄

    • Mr. MarGa

      October 24, 2013 at 3:44 pm

      အဲ…အဲဒါသာကြည့်တော့
      အရီးပြောမှ သတိထားမိတယ်။
      နည်းနည်းလေး ပို ထင်ထင်ရှားရှား ဖြစ်နေတဲ့
      ဘယ် ဘောင်ထဲမှာမှ မပါတဲ့ ပွဲ ပါဗျာ
      ရှာကြည့်လိုက်ဦးနော် 😉

      • အရီးခင်

        October 24, 2013 at 4:02 pm

        ဘယ်လမ်းတွေကို ရှောင်ရမယ်၊ ဘယ်လိုလမ်းက သွားသင့်တယ်။ ပြောရဦးမယ်လေ။
        တုံးတိကြီး မေး လို့ ကတော့ တစ်သက်လုံး တစ်ကိုယ်တည်း သာ နေတော့။
        မရှင်း မရှင်း နဲ့။ 😛

        ဒါထက် ရီးစားလိုချင် လို့ စာပေးမှာလား။
        စာကို အဆင့်မြင့်မြင့် ပေးချင် လို့ ရီးစား လိုချင်တာလား။
        😉

        • Mr. MarGa

          October 24, 2013 at 4:14 pm

          အဆင့်မြင့်မြင့် ရီးဇား လိုချင်လို့ စာပေးတာပါခည :mrgreenn:
          စစ်တုရင်နဲ့ တိုက်ရိုက်သွယ်ဝိုက် ဆက်စပ်မှု ရှိပါကြောင်း :mrgreenn:

  • ဗုံဗုံ

    October 24, 2013 at 3:42 pm

    အို…ဘယ်လိုဘဲဖစ်ဖစ်
    ဖော်မနေတော့ပါဘူး.
    တစ်ခါတည်းအဖြေပြန်ပေးလိုက်တော့မယ်..
    ညနေကျရင်….တမာပင်အောက်ကစောင့်… :mrgreen: :mrgreen:

    • Mr. MarGa

      October 24, 2013 at 3:49 pm

      အင်းးးဒွတ်ခ ဒွတ်ခ
      ဒါမျိုးတွေလည်း ရှိသေးတယ်ဟ
      ဒါပေမင့်
      တမာပင်က အခုမှ အပင်ပေါက်ပဲရှိသေးတာ ဆိုတော့
      လူတက်နင်းလို့ သေရောပေါ့ :mrgreenn:

      • Ma Ma

        October 24, 2013 at 3:53 pm

        ပြောတာမှားသွားလို့တဲ့။
        စတော်ဘယ်ရီပင်အောက်က စောင့်တဲ့။ :loll:

        • Mr. MarGa

          October 24, 2013 at 3:56 pm

          ဒါဆိုရင်တော့
          အပင်ပျောက်လို့ နေရာပါ မှားမယ့်ပုံ :mrgreenn:

  • အရီးခင်

    October 24, 2013 at 4:23 pm

    အဖြေ က
    “မင်း ကြီးတော် ကို ချစ် လှ တယ်” တဲ့ အရပ်ကတို့ ရေ။
    😛

    • Mr. MarGa

      October 24, 2013 at 4:43 pm

      လွဲနေသေးတယ် အရီးရဲ့
      1 အကွက်က စ ရမှာလေ
      စာလုံး အဲလောက် များဝူး ရယ် အဟီးး

  • MAUNG

    October 24, 2013 at 5:34 pm

    ခရီးသည် ကို ပွဲမှာ ထည့်
    စစ် တုရင်ကစား သလို တစ် ကနေ မြင်းခုန် ခုန် ကြည့်

    ဟီးဟီး ဟုတ်လား ?
    ရမ်းတုတ် ကြည့်တာ 🙂

  • MAUNG

    October 24, 2013 at 5:52 pm

    ဟိုလေ.. ဘယ် တစ်ချက် ညာတစ်ချက် ခုန် လို့ပြောတာ

    မဟုတ်ရင်တော့ ပြောတတ် တော့ဘူး ၊ ခေါင်း တွေလဲ ခြောက်နေပြီ
    နေ့လည် နှစ်နာ ရီထဲကစဉ်းစား တာ၊ ခု ခြောက် နာရီ ခွဲပြီ
    ကန်တော့ ပါရဲ့ အိမ်သာ ထဲသွားတာတောင် အဲဒီ သိုက်စာ ကြီး . ….အဲလေယောင် လို့ ရည်းစားစာကြီး ကို ပရင့်ထုတ် ယူသွား တာ
    ကို သကြား လူဇိုး

    • အရီးခင်

      October 24, 2013 at 6:21 pm

      1 ကနေ အပေါ် ၂ကွက် တက် ပြီးတော့ ဘေး တစ်ကွက်ကို သွား “မင်း”
      နောက် အပေါ် ၂ကွက် တက် ပြီးတော့ ဘေး တစ်ကွက်ကို သွား “ကို”
      ထပ်ပြီး အပေါ် ၂ကွက် တက် ပြီးတော့ ဘေး တစ်ကွက်ကို သွား “ချစ်”
      ပြီးတော့ ဘေး ၂ကွက်ရွှေ့ အောက်တစ်ကွက် ဆင်း “တ”
      ထပ်ပြီး တစ်ကွက်ဆင်း ဘေး ၂ကွက် ရွှေ့ “ယ်”။

      မောင် ဆိုတဲ့ မိန်းကလေး တော်တယ်။ 😛

      ငါ့မလဲ ဒီ အရွယ်ကျမှ ရီးစားစာ ဖော်ပြီး ဖတ်ဖူးတော့တယ်။ 😉

      • Mr. MarGa

        October 24, 2013 at 7:16 pm

        အရီး
        မောင်ပဲ တော်တာလား
        သားကရော တော်ဝူးလား ဟင် :mrgreenn:

    • Mr. MarGa

      October 24, 2013 at 6:55 pm

      ဪ…..
      အတော် ကြိုးစားလိုက်ရတာပဲ….
      ကျေးဇူးပါဗျာ အဲလောက် ဂရုတစိုက် ဖော်ပေးလို့
      ဒါဆို တခါထဲ ရဲဇားစကား ပြောလို်က်ရင် ကောင်းမလားမသိ ဟီဟိ :mrgreen:

      • MAUNG

        October 25, 2013 at 5:12 am

        ပလုပ်တုတ် ငုတ်တုတ်
        ကျွန်တော် မိန်းကလေး ဟုတ်ရပါဘူး ဗျ
        ဟား ဟား 😀

        • Mr. MarGa

          October 25, 2013 at 9:04 am

          ဟီဟီ
          ဒါဆိုလည်း မျက်စိလေးမှိတ်ပြီး မမြင်ချင်ယောင် ဆောင်လိုက်ဗျာ
          မသိဘူး သဘောထားလိုက် :mrgreenn: :mrgreenn:
          သိကြားလည်း အမှားနဲ့ မကင်းဘူးလေကွယ်..

  • အက်ဒါ ဆုဒိုခု လို့ခေါ်တယ်
    😀
    သူ့အဖေဦးမာဂက အဖြေမှန်တဲ့လူတွေထဲက မဲနှိုက်ပြီး ၃၂လက်မ 3D TV ပေးမှာတဲ့..
    😀
    ဒီမယ်တဂျား ညည်းရဲဇားဇာက ကျုပ်တို့တုန်းကလောက်မိုက်ဘူး..
    ကျုပ်တို့၉တန်းတုန်းကဆို ဗလာစာရွက်ပြောင်ကို ရေစိမ်ဖတ်မှစာတွေပေါ်တာ…
    😀

    • Mr. MarGa

      October 25, 2013 at 9:07 am

      ဒီမယ် ယောက်ခမ
      ဒါ ဆုဒိုခု မဟုတ်ဘူး ဗျ
      ဆုဒိုခုကတော့ ကျွမ်းပြီးသား ငိငိ
      အဲဒီ ၃၂ လက်မ 3D tv ကတော့ တာဝတိံသာမှာ အဆင်သင့်ပဲ။ လာယူကြပါ လို့
      ယောက်ခမတို့တုန်းကလောက် မမိုက်ဘူးလို့ ပြောပါနဲ့
      ဒါက ရဲဇားစာလို့ ထုတ်မပြောရင် ဘယ်သူမှ မသိဘူး မယုံရင် စမ်းကြည့် ငိငိ
      မသိမသာလေး ပေးလိုက်လို့ရတယ်

  • တညင်သား

    October 24, 2013 at 9:10 pm

    ဦးမာဂ ရီးစားစာတွေ့ရတော့ ကျွန်တော်လဲ ရီးစားစာပေးချင်မိတယ် ဘု့ကိုပေးရမလဲမသိ…..
    ကြုံတုန်းလေး မေးကြည့်ပါရစေ ကမန်တော်ရီးစားစာပေးလို့ရပြီလားဗျာ မှတ်ပုံတင်တော့ ရပြီးသွားပြီ.. :hee:

    • Mr. MarGa

      October 25, 2013 at 9:08 am

      မှတ်ပုံတင် ရပြီးမှတော့
      ဘာကိုများ စောင့်နေတာလဲ ကိုရင် ရဲ့
      ပေးလိုက်ဗျာ
      လက်မခံ ကားတင်ပြေး
      တာဝတိံသာက စောင့်နေမယ် :mrgreen:

  • Nyein Nyein

    October 24, 2013 at 9:58 pm

    puzzle လိုမျိုးဆိုတော့ စိတ်ဝင်စားဖို့တော့ကောင်းတယ်။
    ကြံကြံဖန်ဖန်လည်း တွေးတတ်ပါ့ သိကြားရယ်။ 🙂

    • Mr. MarGa

      October 25, 2013 at 9:24 am

      အများနဲ့ မတူအောင် ခွဲထွက်ကြည့်တာပါ။
      နောက်ပြီး အဲဒီတုန်းက လူကလည်း အတော်လေး စိတ်အားထက်သန်နေချိန်ကိုး
      အသစ်အဆန်း တစ်ခုအနေနဲ့ လုပ်ချင်နေတာ ဆိုတော့
      ဖြစ်ချင်တာ၊ လုပ်ချင်တာကို စိတ်ဝင်တစား လုပ်မိလိုက်တာပေါ့။

  • lele kyi

    October 25, 2013 at 5:55 am

    တိဂျား ရယ် ရီးစား စာဆိုမှတော့ အထာပေါက်ပါတယ်။ဟိ။ သူများအဖြေကိုစောင့်နေတာ။ ကျမ စဉ်းစားပုံ က ဗျူဟာမကျဘူး။ ဖြစ်နိုင်ခြေ possibility ကိုစဉ်းစားပြီး ရှာကြည့်လိုက်တာ တခွန်းတောင်ပိုသွားတယ် ။ မင်း ကိုချစ်တယ် ခိုင်။ သူကြီးကိုချစ်တာများ စကားဝှက်တွေသုံးနေသေးတယ်။ 🙂 ဒါနဲ့ သူကရော အဲ့လိုပြန်စာ ပေးလား။ တဂျား ခုထိဖေါ်လို့ ရသေးဘူးလား။

    • Mr. MarGa

      October 25, 2013 at 9:32 am

      ပြန်စာလားးး
      ပေးတယ်
      စာလုံး ငါးလုံးပဲ ပါတယ်
      ITALY တဲ့
      ဘာပြောတာလဲတော့ တွေးပေါ့ဗျာ… 😉

      • KZ

        October 25, 2013 at 9:40 am

        I trust and love you တော့ မဖြစ်နိုင်ဘူးးးး
        အီစီကလီ လာမလုပ်နဲ့၊ အီတလီရောက်အောင် ပန်ကိတ်ကျွေးလိုက်မယ် လို့ ပြောတာနေမှာ။

        😀

        • Mr. MarGa

          October 25, 2013 at 9:47 am

          အယ်…ဒီဂျီးဒေါ် တော်ချက်……
          ဘာပဲဖြစ်ဖြစ်ဗျာ
          အဓိပ္ပါယ် ဖွင့်ချင်သလို ဖွင့်မယ် ဟီဟိ

      • sorrow weaver

        October 25, 2013 at 11:36 am

        i tear & lambaste you အဲ့လိုပြောတာ…အဟိဟိ …

        • Mr. MarGa

          October 25, 2013 at 1:19 pm

          အိုကွယ်…
          အဂျစ်လေးအတွက်ပဲကို
          ဘာလုပ်လုပ်ပေါ့ ငိငိ

  • lele kyi

    October 25, 2013 at 6:04 am

    ဗျူဟာ အရဆိုရင် ကြိုင် ဖြစ်ရမှာ ။ ဟိ။ စိတ်ဝင်စားတယ်အဲ့စာအုပ်။ ဆြာတာရာ့ ရေးဟန်နဲ့ ဆင်တယ်ထင်တယ်။

    • Mr. MarGa

      October 25, 2013 at 9:35 am

      အဲဒီ ကြိုင် ဖြစ်ပုံလေးကို နည်းနည်း ရှင်းပေး
      ဘယ်လိုတွေး ဘယ်လိုယူလိုက်တာလဲ မသိလို့
      အဲ့စာအုပ်ရော စာရေးသူကိုပါ လေးစားမိပါတယ်။
      နောက်ထပ် ဆယ်အုပ်လောက်အထိ စွဲစွဲမြဲမြဲ ဖတ်ခဲ့တယ်။
      အခုတော့ ကင်းကွာခဲ့တာ ကြာပေါ့
      သံယောဇဉ်ဖြတ်တာ ပြတ်တယ်မပြတ်တယ် အိမ်မှာ ရှိတဲ့ သူ့စာအုပ် မှန်သမျှကို စာကြည့်တိုုက် ပို့ပလိုက်တယ်။ အေးရော

  • အရိပ်စစ်

    October 25, 2013 at 6:27 am

    စိုင်းစိုင်းခမ်းလှိုင် ရဲ့ ရည်းစားစား လားလို့ဟာ…
    ခိခိ…

    • Mr. MarGa

      October 25, 2013 at 9:38 am

      ဒါက
      စိုင်းစိုင်း ရေးတဲ့ ရည်းစားစာ မဟုတ်
      သိကြားမင်း ရဲ့
      တာဝတိံသာက ရည်းစားစာ……. 😉
      ဖတ်ကြည့်ပါ။ ကွာခြားချက်ကို တွေ့မှာပါ။ ငိငိ

  • sorrow weaver

    October 25, 2013 at 11:46 am

    အတော်ရှုပ်တဲ့ကောင်…နာသာ မိန်းခေးဆို ..နာသယ်ချည်းကျွေးပစ်မှာ..”” .ဟင်..နင်က ..ပရိုပို့စ်လုပ်တာကို အုံးစားသေးတယ်…နင့်ကိုနာ့ဘဝတခုလုံးဘယ်လိုပေးရမတုန်းဆိုပြီး…””

    • Mr. MarGa

      October 25, 2013 at 1:36 pm

      ဟာဟ
      သေချာတွေးကြည့်ပေါ့
      ဪ…..ရှင်းရှင်းလင်းလင်း ပြောလိုက်လည်း ရနေတာကို
      အရေးတယူနဲ့ ခေါင်းအစားခံပြီး ပေးရှာတယ် ဆိုပြီး
      လေးစား အားကျ သွားမှာ
      သူ့အချစ်ကို ရဖို့
      ဂလောက်တောင် ကြိုးစားရှာတယ် ဆိုပြီးတော့လေ…ငိငိ

  • ဦးကျောက်ခဲ

    October 25, 2013 at 11:54 am

    ကောင်မလေးကတော့ စဉ်းစားမှာပဲ…
    “ရည်းစားစာပေးတာတောင် အုံးစားပြီး စစ်တုရင်ကစားသလို မြင်းခုန်ခိုင်းသေးတယ်…
    မတော် ယူမိရင် ဘယ်လိုခုန်ခိုင်းမယ်မသိ” ဆိုပြီး…
    …..နိကို ဘတ်သွားလိမ့်မယ် သဂျားမဲ…
    😀

    • Mr. MarGa

      October 25, 2013 at 1:38 pm

      ဟီးးးအဲလိုမျိုးလေး ဆိုရင်လည်း
      အဲဒီကတည်းက ဇာတ်လမ်းပြတ်သွားတာပဲ ကောင်းပါတယ်လေ
      မဟုတ်ရင် တကျက်ကျက် ဖြစ်နေမှာ…ဟီဟိ

  • မောင်ဘလိူင်

    October 25, 2013 at 12:36 pm

    ရည်းစားစာလို့ မပြောရင် ဘယ့်နှယ်မှ စဉ်းစားတတ်မှာ ဟုတ်ဘူးဟ မောင်သိကြားရ။
    ခု ရည်းစားစာဆိုတော့ အကွက်ထဲ ချစ်တာတွေ မေတ္တာတွေ လိုက်ရှာကြည့်တယ်။
    အကွက် ဆက်စပ်မှုကို စဉ်းစားကြည့်တယ်။ မြင်းခုန် တာသွားတွေ့တယ်။ သူများ
    အဖြေမှန်မှ ကိုယ်တွေ့ထားတာ တိုက်ကြည့်တယ်။ ဟီဟိ။

    😀

    • Mr. MarGa

      October 25, 2013 at 1:45 pm

      ဟဲဟဲ……
      ဘယ်လိုပြောရမလဲ
      လက်ကုန် လွှတ်လိုက်တော့
      အတော်ကို လည်ထွက်သွားတာကိုး ဗျ
      ရည်းစားစာလို့ မပြောရင်တော့လား
      စိတ်ချ…ဘယ်သူမှ မသိဘူး ဟီဟိ

  • ကျော်စွာခေါင်

    October 25, 2013 at 2:08 pm

    ဖိုးသကြားတို ့သူငယ်ချင်း ၂ယောက်လဲ တော်တယ်..
    မောင်လဲ တော် တယ်..
    ကိုဆာက ဗားမဲ ့ဆရာတော် အင်း အထိ စဉ်းစားမိပြီး ဆက် မတွေးလို ့ပါ ..နည်းနည်းလေးဘဲ လိုတော့တာ..
    အဲလို အင်းသွား အင်းလာ တွေကို ဇရက်ခုန်လို ့လဲ ခေါ်တယ်..မြင်းသေ မြင်းကိုက်လို ့လဲ ခေါ်တယ်…
    စတဲ ့ စာလုံးကနေ ၂ ကွက် ခုန်ရတယ်.. ဖိုးသကြားတို ့က အင်းချတာ မဟုတ်တော့ နောက်ဆုံး တယ်ကို တဝမ်းပဲူ ့ ယသတ်ကို
    အကွက်ခွဲ လိုက်တာ… တစ်ကယ် အင်းချရင် အင်း စည်းကမ်းမှာ ခွဲ ရေးလို ့မရဘူး…
    ဒါပေမယ့် ဖားသဂျိူးတို ့ မောင်တို ့တော်တယ်..

    • Mr. MarGa

      October 25, 2013 at 2:40 pm

      ကိုကြီးကျော်ရေ
      အကွက် ခွဲလိုက်တာက
      ခွဲချင်လို့ရယ်တော့ ဟုတ်လှဘူးရယ်
      မခွဲရင် ပို လုပ်ရခက်လို့ ခွဲလိုက်တာပါ
      အင်းတွေ အကြောင်းလဲ ဖတ်ဖူးပါတယ်။ မြင်းသွား တို့ ဘာတို့ပေါ့
      ဒါပေမင့် ထဲထဲဝင်ဝင်ကတော့ မသိဘူးဗျ

  • Crystalline

    October 25, 2013 at 3:03 pm

    ဖိုးသကြားတို့များ တာဝတိသာမှာနတ်သမီးတစ်ဖက်ငါးရာနဲ့အားမရ..လူပြည်လာခြေရှုပ်ချင်သေး :mrgreenn: လက်ရေတူမရှိလို့ စစ်တုရင်မကစားရတာကြာလှပေါ့ :))

    • Mr. MarGa

      October 25, 2013 at 3:40 pm

      ဟီးးး
      စစ်တုရင်က အကျွမ်းကြီးတော့ မဟုတ်
      နောက်ပိုင်းမှာ မကစားဖြစ်တော့ဘူး ကစားစရာ လူမရှိလို့ ဟီဟိ
      လူ့ပြည်လာတာကတော့ ခြေရှုပ်ဖို့ ဟုတ်ပါဘူးဗျာ
      ဒီ မောင်သိကြားက လူရိုးလေးပါ ဟီဟိ

  • ရွှေ ကြည်

    October 25, 2013 at 6:40 pm

    သိကြားမင်း တာဝန်ယူပါ တာဝန်ယူပါ နဂိုကမှ အလုပ်ကအပြန် ရီဝေဝေကိုယ့်ခေါင်းထဲ့မှာ ချာချာလည်နေပါတယ်ဆိုမှာ အခုတော့
    ဒီပို့စ်ဖတ်မိတော့ ပိုမူးးးးးးးးးးးးးး

    • Mr. MarGa

      October 25, 2013 at 6:55 pm

      တိန်
      ဒါဆို ကန့်သတ်ချက် ထုတ်ရတော့မယ်ထင်တယ်
      မူးတတ်သူများ မဖတ်ရန်..ဆိုပြီးတော့ 🙂

  • ရွှေမိုးတိမ်

    October 26, 2013 at 10:56 am

    ဒီလိုစားမျိုးမရခဲ့ဖူးတာ ဝ အားကြီး ကံကောင်းဒယ် 😀

    • Mr. MarGa

      October 26, 2013 at 11:01 am

      ဘယ်လို စား မျိုးလဲဝေ့
      ဂယ် က ဝ အားဂျီး ကံဆိုးဒါ
      ဂလို လူတော်လေးတွေက ရှားဒယ်ကွယ့် ဟီဟိ

      • ရွှေမိုးတိမ်

        October 26, 2013 at 11:38 am

        စာ ပြောဒါဘာာကွယ် ။။ ဝတ်စိပေါက် ပိုသွားဒါ ။ ဟိဟိ

  • Nay Chi

    October 26, 2013 at 11:18 am

    ကျုပ်လာပေးလို့ကတော့ အင်းစာရွက်ထင်ပြီး ဘုရားစင်ပေါ်တင်ထားလိုက်မှာပဲ..။ 😛 😛

    • Mr. MarGa

      October 26, 2013 at 11:22 am

      ဒါဆို လာပေးတဲ့သူကိုရော ဘယ်လိုထင်မှာလဲဟင် :mrgreenn:

      • ရွှေမိုးတိမ်

        October 26, 2013 at 11:40 am

        ဘိုးတော် ၊ ဓါတ်ဆရာ အင်းဆရာ ရို့ ထင်ကြမှာပေါ့ညော် … နာမည်ကို က သိကြားဆိုတာကိုးလို့ ။

        • Mr. MarGa

          October 26, 2013 at 11:49 am

          ဒါဆို ထိုင်ကန်တော့မသွားရင် ကံကောင်း ပေါ့နော်…… :mrgreenn:

  • စစ်တုရင်ကွက် ..
    မြင်းခုန် ခုန်သလိုရေးထားတယ်..
    အဟိဟိ … ငပေါပါဂျို့ အားပေးသည်
    မိန်းကလေးက ဂေါက်သီးပြောမသွားတာ ကံကောင်း
    ဒါမျိုးနဲ့တော့ ရဖို့မလွယ်.. :mrgreen:

    • Mr. MarGa

      October 28, 2013 at 3:23 pm

      အင်း
      ငပေါကို အားပေးတယ်ဆိုတော့
      ငပေါပဲ နေမှာနော်
      ဒါမျိုးနဲ့ တော့ ရဖို့မလွယ်
      မှန်ပါ၏
      ထပ်ဖြည့်ချင်တာက
      ရရင်လဲ စွဲစွဲမြဲမြဲ ခြောက်ပစ်ကင်း သဲလဲစင် လေးနဲ့သာ.. လို့ :mrgreenn:

Leave a Reply