အကြမ်းဖက်တွေရဲ့ နောက်ကွယ်မှာ

moethuzarOctober 24, 20131min1586

သဗြုချိုင်ကျေးရွာတွင် အောက်တိုဘာလ ၂၃ ရက်နေ ့နေ ့လည် ၁၁နာရီခွဲအချိန်ခန် ့က တွေ့ရှိခဲ့ ရသော ဗုံးကို ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ သိမ်းယူသွားပြီး အဆိုပါ ဗုံးမှာ မီးလောင်ဗုံး သို ့မဟုတ် မီးခိုးဗုံးဖြစ်သ သည်ဟု အတည်ပြုပြောကြားခဲ့ပြီးဖြစ်သည်။ အဆိုပါ မီးခိုးများထွက်နေသော ဗုံးကို ဒေါ်ဝိုင်းကြီး နေအိမ် အနီး(သဗြုချိုင် ဗလီ တက်လမ်း)အနီးတွင် ဦးမောင်ပုက ရေဖြင့် ငြိမ်းသတ်လိုက်ရသည်ဟု သ တင်းပို ့ခဲ့သည်။ ရခိုင်အစွန်းရောက်အကြမ်းဖက်သမားများ လက်နက် စုဆောင်းနေသည်ဟု သတင်းပေါက်ကြားထားသော သဗြုချိုင်ရွာတွင် ယခုလို အရပ်ဖက်သုံးလက်လုပ်မ ဟုတ်သော ဗုံတလုံးတွေ့ရှိရသည်မှာ စဉ်းစားသင့်ပေ သည်။ယခုလ လဆန်းရက် ၂ရက်နေ့ ၃ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒေသခံ ကမန်တိုင်းရင်းသား မွတ်စလင်မ်များအပေါ်အကြမ်းဖက်မှုတွင် အာဏာပိုင် အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည်ဟု သတင်း အတိအကျရှိထားပြီးဖြစ်သဖြင့် ယခု ဗုံးသည် ရက်ပေါ င်း ၂ဝကျော်ကြာပြီးမှ ထွက်ပေါ်လာသနည်း။ ဆင်ခေါင်း၊ညောင်ခြေထောက်၊အင်တိုင်းကြီး ကျေး ရွာတို ့မှ အကြမ်းဖက်ရန်ချီတက်လာသော လူအုပ်စု ကြီးကို ခေါင်းဆောင်သူ ဖြူလုံးကိုမြို့နယ် အုပ်ချုပ်ေ ရးမှူးမှ လူတွေ့ဆွေးနွေးပြီး မည်သည့်ဖြိုခွဲမှုမျိုးမျှ မပြုလုပ်သလို၊ယခု ကဲ့သို ့ဗုံးမျိုးသုံးစွဲခဲ့ခြင်းလဲမရှိေ ကြာင်း ဒေသခံများက ပြောကြားသည်။ယခု အချိန် တွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ တာဝန်ရှိသူများက အကြမ်းဖက်သမားများတွင် လက်နက်မရှိကြောင်းကို ဖုံးကွယ်စေလိုသော သဘောရှိပြီး လှည့်ကွက် ဖန်တီး နေကြပြီဖြစ်သည်။

 

boomb
boomb

6 comments

  • အရိပ်စစ်

    October 25, 2013 at 6:07 am

    ဗုံးသံ ကင်းဝေးတဲ့ အခါသမယ ဆီ မြန်မြန် ရောက်ပါစေ…

  • kyeemite

    October 25, 2013 at 9:49 am

    သတင်းဆို သတင်းပဲတင်ပါဗျာ..“အတင်း”တွေ မထည့်ပါနဲ့

  • Aye Lwin Oo

    October 25, 2013 at 11:13 am

    အတိအကျရရှိထာတဲ့ သတင်းကရော
    – – – သတင်း လား
    – – – အတင်း လား
    – – – အဖျင်း လား

  • TNA

    October 25, 2013 at 12:54 pm

    ရန်ကုန်မယ် ဗုံးထားဖို့နေရာလေးတွေလုပ်ထားတယ်။ အဲဒါလေးလာပြောဒါ။

  • Char Too Lan

    October 25, 2013 at 2:50 pm

    အာနာပိုင်တွေပါဝင်ပက်သက်လို့ကတော့
    ရခိုင်အဖွဲ့အစည်းတွေကလည်းအစိုးရကိုဆဲတော့မှာမဟုတ်ဘူး
    အဲ့လူတွေလဲပြာကျနေလောက်ဘီ ဟိဟိ 😀
    တွေ့ဒယ်မှတ်လား ၂၀၀ရ နဲ့ လဘဒေါင်းမှာ
    အဲ့အာနာပိုင်တွေ ဘလိုရှင်းလဲဆိုတာ လွယ့်လွယ်လေး 😀

  • alinsett

    October 25, 2013 at 8:17 pm

    ဘာပဲဖြစ်ဖြစ်..ဗျာ..။
    သတင်းပီသသော သတင်းများကိုသာ..မြင်ရလိုပါအိ…ပေါ့ ..။

Leave a Reply