အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၈၄) နိဂုံး

                                                          နိဂုံး

 

ဘဝမှာ အရှည်ကြာဆုံးဖြစ်တဲ့ အဲဒီညကိုလွန်ခဲ့တာ ခြောက်လရှိခဲ့ပြီ။

 

စမီတာက သူ့စကား သူတည်တယ်။ အမေတစ်ယောက်က သူ့ရင်သွေးအတွက် တိုက်ပွဲဝင်သလိုမျိုး

ကျွန်တော့်အတွက် ရင်ဆိုင်ခဲ့တာ။ အရင်ဆုံးရဲတွေနဲ့ သူ ပြောဆိုရတာပေါ့။ ကျွန်တော့်ကို ဖမ်းစရာ

ဘာအခြေခံအကြောင်းတရားမှ မရှိဘူးဆိုတာ သက်သေပြခဲ့တယ်။ နောက်တစ်ခုက ရထား

ပေါ်မှာ သေသွားတဲ့ဓားပြ အကြောင်း ဘယ်သူမှ မကြားဖူးဘူးဆိုတာရယ်၊ အဲဒီကိစ္စအတွက် ဆိုင်းငံ့

စုံစမ်းစစ်ဆေးမှု လည်း မရှိဘူး ဆိုတာသူ သတင်းရခဲ့တယ်။ ဆိုတော့ ဒီ အမည်မသိ ဓားပြဟာ သေ

သွားတာတောင် အမည်မဲ့မြဲပေါ့ဗျာ။

 

နောက် ပြိုင်ပွဲလုပ်တဲ့ ကုမ္ပဏီနဲ့ ရင်ဆိုင်ရတယ်။ သူတို့က ကျွန်တော် လိမ်ညာတယ်၊ မသမာဘူး

ဆိုတဲ့ စွပ်စွဲချက်တွေနဲ့  ခြိမ်းခြောက်တာ။ ပြိုင်ပွဲတုန်းက ရိုက်ထားတဲ့ ဒီဗီဒီ အရ ကျွန်တော် ဒီပွဲမှာ

တရားဝင် မှန်မှန်ကန်ကန် အနိုင်ရခဲ့ကြောင်း စမီတာက သက်သေပြခဲ့တာပေါ့။ လေးလလောက်

ဝေ့လည်ကြောင်ပတ်လုပ်နေပြီး သူတို့အနေ ဆုငွေမထုတ်ပေးစရာ အကြောင်းရှာမတွေ့တော့မှ

လက်လျှော့သွားတာ။

 

ရူးပီး တစ်ဘီလျံ အပြည့်တော့ မရဘူးဗျ။ နည်းနည်းတော့ လျော့တာပေါ့ ။ အစိုးရက တချို့တစ်ဝက်

မ သွားတယ်လေ။ အဲ..ပွဲခွန်ဆိုလား ပြောတာပဲ။ကျွန်တော့်ကို အဲဒီဆုငွေတွေ ထုတ်ပေးပြီးတော့

ကုမ္ပဏီလည်း ခေါက်သွားတယ်။ အဲဒီတော့ ကျွန်တော်က အဲဒီအစီအစဉ်မှာ ပထမဆုံးနဲ့ နောက်ဆုံး

အောင်နိုင်သူပေါ့ဗျာ။

 

ပရမ်ကူးမားကတော့ လွန်ခဲ့တဲ့နှစ်လလောက်က သေရှာတယ်။ ရဲတွေ အပြောအရတော့ ကားထဲမှာ

အလုံပိတ်ပြီး ဓာတ်ငွေ့တစ်ခုခုလွှတ်လို့ ကိုယ့်ကိုယ်ကို သတ်သေတာတဲ့။ မသမာတဲ့ လုပ်ပွဲ အကြောင်း

လည်း သတင်းစာထဲ ထည့်ရေးကြသေးတယ်။ ကျွန်တော့်အထင်ကတော့ ဒီပွဲအတွက် ငွေကြေးကိုင်

တွယ် ထောက်မတဲ့ လူရမ်း တချို့က သူ့ကို လက်စားချေသွားသလားပဲ။

 

ဟိုတုန်းက ကျွန်တော်သိခဲ့တာ အိပ်မက်ဆိုတာ ကိုယ့်စိတ်ကိုပဲ လွှမ်းမိုးနိုင်စွမ်းတာလို့လေ။ အဲ..ခု

ငွေကတော့ တစ်ပါးသူတွေရဲ့ စိတ်ကိုပါ လွှမ်းမိုးနိုင်တာကလားဗျ။ ဆုငွေထုတ်လို့ရတော့ အဲဒီငွေ

တန်ခိုးနဲ့ ရဲတွေအပေါ်တောင် ဩဇာလေး ရှိလာတာ။ အဲဒါနဲ့ တော်တော်လေး တောင့်တင်းတဲ့ ရဲ

တပ်ဖွဲ့တစ်ဖွဲ့ကို တာဝန်ခံလို့ ဂေါ်ဂါအွန်ကို အရင်လတုန်းက သွားတယ်။ ပန်းခြံလေးတစ်ခုရယ်၊

အုန်းပင် နှစ်ပင်ရယ် ရှိတဲ့ ဝင်းထဲမှာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဆောက်အအုံကြီး တစ်လုံး

အခြေချထားတဲ့ နေရာကိုပေါ့။ ရဲတွေက လူငါးယောက်ကို ဖမ်းလိုက်တယ်။ ဒုက္ခိတ လူငယ်လေး

သုံးဆယ့်ငါးယောက်ကိုတော့ လွှတ်ပေးလိုက်တာပေါ့။ ခုတော့ နာမည်ရှိတဲ့ အပြည်ပြည်ဆိုင်

ကလေးစောင့်ရှောက်ရေး အဖွဲ့တစ်ခုက သူတို့ကို စောင့်ရှောက်ထောက်ပံ့ထားပြီလေ။

 

ပြီးခဲ့တဲ့လကပဲ လဂျ်ဝန်တီ လွတ်မြောက်ရေး ဆောင်ရွက်ရသေးတယ်။ ခုတော့ သူလည်း

မွမ်ဘိုင်းမှာ ကျွန်တော်နဲ့ အတူတူနေတာပေါ့။ အဲ..အရင်အပတ်ကတော့ သူ့ညီမ လက်ချ်မီး

မင်္ဂလာဆောင်လို့ ပြန်သွားသေးတယ်။ ဒေလီမှာ ဆောင်တာ။ အိန္ဒိယ အစိုးရအုပ်ချုပ်ရေး

ဌာနက ထိပ်တန်း အရာရှိတစ်ယောက်နဲ့လေ။ သတို့သားဘက်က ဘာမှ မင်္ဂလာကြေးတွေ

ဘာတွေ မတောင်းပါဘူး။ ဒါပေမဲ့ လဂျ်ဝန်တီက ပေးတယ်လေ။တိုယိုတာ ကိုရိုလာ ကားတစ်စီး၊

သုံးဆယ့်နှစ်လက်မ ဆိုနီတီဗွီတစ်လုံး၊ ရေးမွန် က ဝတ်စုံ အစုံနှစ်ဆယ်၊ ရွှေငွေ လက်ဝတ်လက်

စား တစ်ကီလို။

 

ဆလင်းကတော့ ဆယ့်ခုနှစ်သား ကောလိပ်ကျောင်းသား ဇာတ်လိုက် အဖြစ် ရုပ်ရှင်တစ်ကား

ရိုက်နေပြီ။  ဒါရိုက်တာက ချင်ပူး ဒါဝမ်လေ။ ဒီရက်တွေတော့ မဲဘုဘ် စတူဒီယိုမှာ ရိုက်ကူးရေးနဲ့

ရှုပ်နေမှာ။ သူကတော့ ထင်မယ်၊ ဒီကားရဲ့ ပရိုဂျူဆာက မိုဟာမက် ဘာ့တ် ဆိုတဲ့ လူတစ်ယောက်

လို့။ တကယ်တော့ အဲဒါ ကျွန်တော်ရယ်။

 

ကျွန်တော့် သက်လျာလေးကတော့ မွမ်ဘိုင်းကို လိုက်လာတာပေါ့။ အခု သူက ကျွန်တော့်ရဲ့ တရားဝင်

ဇနီးဖြစ်သွားပြီ။ မိသားစုနာမည်ကလေးကျကျနန နဲ့ဗျ။ နီတာ မိုဟာမက် သောမတ်စ် တဲ့ဗျ။ ဟဲဟဲ..။

 

 

                                                                 

                                                                    ***********************

 

 

စမီတာနဲ့ ကျွန်တော် ကမ်းခြေပတ်လမ်းအတိုင်း လမ်းလျှောက်နေကြတယ်။ လေကလေးက

သုန်သုန် သာသာလေးတိုက်လို့။ တစ်ခါတစ်ရံကျတော့ကျောက်ဆောင်တွေကို လှိုင်းတဝုန်းဝုန်း

ရိုက်နေတဲ့ ပင်လယ်ဘက်က ရေငွေ့ပါတဲ့ မြူမှုန်မွှားတွေ ကျွန်တော်တို့ဘက် လွင့်တက် ပြန့်ကျဲ

လာတတ်သေး။ယူနီဖောင်းနဲ့ ယာဉ်မောင်းက မာစီဒီး ဘင့်ဇ် ကို မရိုင်းလွန်းတဲ့အကွာအဝေးနဲ့

နောက်ကနေ တလိမ့်ချင်း လိုက်ပါနေတယ်။ ကားရဲ့နောက် ဘန်ပါမှာ စတစ်ကာတစ်ခုကပ်ထား

တယ်။ ဘာလဲဆိုတော့ ငါ့ကား နောက်တစ်စီးက ဖာရာရီ တဲ့။

 

ကျွန်တော် စမီတာ့ကို စကားစလိုက်တယ်။

 

            “ကျွန်တော် မမကို မေးစရာလေးရှိလို့ ဗျာ။”

          

             “မေးစေရှင်။”

         

              “အဒီညနေတုန်းက ကျွန်တော့်ကို ရဲစခန်းက ကယ်လာပြီးတော့ ဘာဖြစ်လို့ ငါဂူဒီယာဟဲ့ လို့

              ချက်ချင်းတန်း မပြောတာလဲဗျ။”

           

             “အေး..ဘာဖြစ်လို့လဲဆိုတော့ ငါ မင်းဇာတ်လမ်းကို နားထောင်ပြီး အမှန်တရားကို ရှာချင်လို့ပေါ့

            ကွာ။ ငါ့အကြောင်း မင်းပြန်ပြောတဲ့ အခါကျလို့ရှိရင် ငါ မင်းရှေ့မှာ ငုတ်တုပ်ထင်ရှား ရှိနေပါလား

            ဆိုတာ မသိမှ မင်း အမှန်ကို အမှန်အတိုင်း၊ အမှန်တရားမှလွဲလို့ တခြားမဟုတ်တာ မင်းပြော မ

             ပြော ငါသံသယကင်းတော့ မပေါ့။ ဒါ့ကြောင့် မင်းကျိန်ဆိုဖို့ ဘာစာအုပ်မှ မလိုခဲ့တာလေ။

            ဘာလို့ဆိုတော့ ငါက မင်းသက်သေ ဖြစ်သလို မင်းကလည်း ငါ့သက်သေကိုး။”

 

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ ဟုတ်တယ်။ တန်းလျားမှာ နေတုန်းက ကိစ္စက သူရော ကျွန်တော်ပါ

ကြုံတွေ့ခဲ့တာလေ။ ကျွန်တော် ဖြီးတာနဲ့သူ ချက်ချင်းသိမှာပေါ့။ သူက ကျွန်တော့်သက်သေပဲ။

 

            “ဒါနဲ့ မင်းကိုလည်း မေးစရာ ရှိသေးတယ်။”

           

             “မေးပါဗျာ..။”

           

            “အဲဒီ ညနေပဲ၊ မင်းကို ငါ အိမ်ခေါ်လာတော့လေ.. မင်းဇာတ်ကြောင်းကို မပြောမီ အကြွေစေ့တစ်စေ့

            နဲ့ ခေါင်းပန်းလှန်သေးတယ် မို့လား..။ ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲ?”

           

            “ကျွန်တော် မမ ကို ယုံရမလား မသေချာလို့ပါ။ ခေါင်းပန်းလှန်တာ ကျွန်တော် ဆုံးဖြတ်ချက်ချရင်

             သုံးတဲ့ နည်းပေါ့။ ခေါင်း ဆိုရင် ကျွန်တော် အကုန်ပြောမယ်။ ပန်းဆိုရင် တာ့တာပဲ။ ခေါင်းပန်းလှန်

            လိုက်တော့ ခေါင်းကျတယ်လေ။”

           

             “အယ်..ခေါင်းမကျဘဲ ပန်းသာကျမယ်ဆို ငါ့ကို မင်းဇာတ်ကြောင်း မပြောပြတော့ဘူးပေါ့..။”

           

            “ပန်း ဘယ်ကျလိမ့်မလဲ မမရယ်။”

 

            “မင်း ကံကို မင်း သိပ်ယုံနေသပေါ့လေ..။”

 

            “ဟား..မမကလည်း ဘယ်..ကံကောင်းတာနဲ့ ဟောဒီအကြွေစေ့ ဘာဆိုင်မှာလဲ။ ဒီမှာ ..ရော့..၊ ကြည့်ပါဦး။

ကျွန်တော့် အပေါ်အင်္ကျီအိတ်ထဲက အကြွေစေ့လေးထုတ်ပြီး စမီတာ့ကို ကမ်း လိုက်တယ်။

 

သူ ဟိုဖက် သည်ဖက် လှန်ကြည့်တယ်။ နောက်တစ်ခါ ထပ်လှန်ကြည့်ပြီးတော့ –

 

            “ဟဲ့..နှစ်ဘက်လုံး ခေါင်းချည်းပါလား။”

          

            “အစစ်ပေါ့ဗျာ..။ အဲဒါ ကျွန်တော့်ရဲ့ ကံကောင်းစေတဲ့ အကြွေစေ့လေးပေါ့။ အဲ..ခုနက ကျွန်တော်ပြော

             ခဲ့သလိုပဲကံကောင်းတာနဲ့ ဟောဒီ အကြွေစေ့လေးဟာ ဘယ်လိုမှတော့ မသက်ဆိုင်ဘူး။”

 

သူ့ဆီက အကြွေစေ့လေး ပြန်ယူပြီး လေထဲကို ပစ်မြှောက်လိုက်တယ်။ မြောက်မြောက်ပြီး တက် တက်

သွားလိုက်တာ စိမ်းပြာရောင် ကောင်းကင်နောက်ခံနဲ့ အကြွေစေ့ကလေးက ဖျတ်ခနဲ ဖျတ်ခနဲတောင်

လက်သွားသေး။ နောက် ပင်လယ်ထဲကို အရှိန်နဲ့ ထိုးကျ၊ သူ့ရဲ့ နက်ရှိုင်းတဲ့ ရင်ခွင်ထဲတစ်ခါတည်း

နစ်မြုပ်သွားတော့တယ်။

 

            “ဟယ်…ဘာလို့ နင့် ကံကောင်းစေတဲ့အကြွေစေ့လေးကို လွှင့်ပစ်လိုက်ရတာလဲ?”

           

          “ကျွန်တော် နောက်ထပ်မလိုတော့ပါဘူးဗျာ..။ ဘာဖြစ်လို့လဲဆိုတော့ ကံကောင်း

            တယ်ဆိုတာ အတွင်း အဇ္ဈတ္တက လာတာ။”

*************************************************************************

                                                                      ပြီးပါပြီ။

21 comments

  • surmi

    October 24, 2013 at 7:20 pm

    ဟားးးး….
    အခုကျုပ်​ဘာဖြစ်​ချင်​လဲသိလား…
    ဒီဝတ္ထုကိုအစက​နေပြန်​ဖတ်​ချင်​​နေမိတယ်​…
    ထပ်​​ပြောဦးမယ်​​နော
    စာအုပ်​ထုတ်​ဖြစ်​ရင်​ဝယ်​မယ်​့စာရင်​းထဲကျုပ်​နာမည်​ထဘ်​့ထားလိုက်​ဗျာ…

  • Mr. MarGa

    October 24, 2013 at 7:55 pm

    ဝေးး ပြီးပဟ
    ပြီးပြီ ဆိုတော့
    အစအဆုံး တထိုင်တည်း ဖတ်ချင်ပြန်ရော..
    နောက်ပြီး နောက်ထပ် ဘာလာမလဲ ဆိုတာကိုလည်း စိတ်ဝင်စားနေတယ်
    စာအုပ်ထွက်ရင် ဝယ်မယ်ဗျိုု့
    လက်ဆောင်လည်း တောင်းမယ် 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 24, 2013 at 10:46 pm

    အမှန်တိုင်းပြောရရင် မဖတ်ရသေးတာတွေကို ပြန်ကိုဖတ်ရဦးမှာ
    သူက ပြိုင်ပွဲမှာ ကွက်ရှင် တွေကို ( ဘိုလိုရေးခြင်တာ မဂိန်လို့ )
    ဖြေသွားတာတွေက ဆိုစ့် သဘောဖြစ်နေတယ်
    ( ဘယ်အပိုင်းလဲမသိ သူမသိလို့ တစ်ယောက်ကိုမေးတယ် ဟိုလူလည်းမသိရော
    သူ့ဘါသာ ရန်းချတာ ဗီဒီယိုထဲကအတိုင်း ကွက်တိ မှန်သွားတာ 😀 )
    ရူးတယ်ပြောခြင်ပြော ရုပ်ရှင်ဆို
    အက်ရှင်ကားတွေအလွန်ကြိုက်တာ
    ပေါမှန်းသိတယ်
    အကျပ်အတည်းထဲ ဘယ်လို ဖြေရှင်းသွားသလဲ သိပ်သဘောကျတာ
    ဘါဘဲဖြစ်ဖြစ်
    မန်ဘာတစ်ယောက်အနေနှင့်
    ဒီလို ရှည်လမျှော ဇာတ်ထုပ်ကြီးရေးပေးတာ
    ဟို
    တေဂျင်းဇိုး ကါလနာ မွေဗွေးကိုက် သဂျီးမင်းအစား ကျေးဇူးတင်ဒယ် 😀
    ကြုံလို့ပြောရရင် ကျူပ်ကို တွင်းဟောင်းရေကြည်အေးမြသည်
    ပေါချောင်ကောင်းလိုက်သည်ပြောတဲ့
    တေဂျင်းဂျိူးကာလနာ မွေဗွေးကိုက် လည်း ခွီးဘဲ 😀

  • Ma Ma

    October 25, 2013 at 7:37 am

    အတူတူအားပေးခဲ့ကြတဲ့ သိကြားလိုပဲ။
    ဇာတ်မသိမ်းခင်က ဘယ်လို သိမ်းမလဲ သိချင်တယ်။
    ဇာတ်သိမ်းသွားတော့လည်း ထပ်မဖတ်ရတော့ဘူးဆိုပြီး နှမျောသွားတယ်။

    ဇာတ်လမ်းအစက တိုးလို့တန်းလန်းတွေကို ဇာတ်သိမ်းမှာ သာသာညှင်းညှင်းလေး ဖြတ်ပြလိုက်နိုင်တယ်။
    Happy Ending လေးမို့လည်း ပိုကြိုက်တယ်။

    အင်မတိ အင်မတန် စာအုပ်ဝယ်ခဲတဲ့သူတစ်ယောက် ဒီစာအုပ်ထွက်ရင် မဖြစ်မနေဝယ်ပါမည့်အကြောင်းးးးးးး 🙂

  • kyeemite

    October 25, 2013 at 10:44 am

    ဇတ်ရည်မလည်ဘူးဖြစ်နေတယ်..စာအုပ်ထွက်မှ ဝယ်ဖတ်မယ် ကိုဘလှိုင်ရေ… 🙂

  • kai

    October 25, 2013 at 12:03 pm

    ပြီးပဟ…
    ဆိုတော့…

    “ဘာဖြစ်လို့လဲဆိုတော့ ကံကောင်းတယ်ဆိုတာ အတွင်း အဇ္ဈတ္တက လာတာ။”

    ကိုစွဲသွားကြောင်း…. :mrgreen:

    • မောင်ဘလိူင်

      October 25, 2013 at 12:38 pm

      မူရင်း စာကြောင်းလေးပါ ကြည့်လိုက်ပါဦး သဂျီး ရေ ..။
      “Because luck comes from within” တဲ့။

      • alinsett

        October 27, 2013 at 3:06 pm

        ဇာတ်သိမ်း အဆုံးသတ်ဝါကျက
        တကယ် ဂွတ်တယ်ဗျ

        တွေးဆစရာတွေနဲ့ တသသ ဖြစ်ကျန်ခဲ့တယ်

  • မောင်ဘလိူင်

    October 25, 2013 at 12:31 pm

    ကျွန်တော့်ရဲ့ အခြေအနေမဲ့ သန်းကြွယ်သူဌေး နိဌိတံပါပြီ။
    နှစ်နှစ်ကျော်လောက် ရေးခဲ့တာကို မပျင်းမရိဘဲ အားပေးဖတ်ရှုခဲ့ကြသော
    စာဖတ်သူ အပေါင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း။ စာအုပ်ထုတ်ဖို့
    တော့ နည်းနည်းကြိုးစားရဦးမယ်။ ထုတ်ပေးမဲ့ သူငယ်ချင်းလည်း စိတ်
    မရှည်တော့လို့ထင်ပါ့။ စကားတောင်မပြန်ချင်တော့ဘူး ဟီဟိ။ ဘာသာ
    ပြန်ချက်တွေ၊ စကားလုံးတွေ၊ သတ်ပုံတွေ စတာတွေကို ပြန်စိစစ်ရဦး
    မယ်။ နောက် ဘာဇာတ်လမ်း၊ ဘာဝတ္ထုများ ရမ်းတုတ်ရင် ကောင်း
    မလဲ စဉ်းစားနေပါကြောင်း။

  • nozomi

    October 25, 2013 at 1:13 pm

    စာအုပ် ထုတ်မယ် ဆို ကောင်းမယ် တအုပ်လုံး စိတ်အေးလက်အေး ဖတ်လို့ ရမယ်

    တော်တော်နဲ့ မထွက်နိုင်သေးဘူးဆိုလဲ သကြား လုပ်သလို အီးဘွတ် လေး လုပ်ပေးရင် ကောင်းမယ်
    ဒီ ရွာထဲမှာ ဒီ က အမြန်နှုန်းနဲ့ အစ အဆုံး ဖတ်ဖို့ တော့ မလွယ်

  • sorrow weaver

    October 25, 2013 at 2:03 pm

    စာအုပ်ထုတ်လျှင် တအုပ်ယူပါမည် ဆြာ …

  • အရီးခင်

    October 25, 2013 at 3:51 pm

    အဆုံးသတ် ဖတ်ပြီးပြီးချင်း သူကြီးလိုဘဲ
    {ကံကောင်းတယ်ဆိုတာ အတွင်း အဇ္ဈတ္တက လာတာ။}
    ဆိုတာလေး သဘောကျမိတာ။
    အဲဒါအမှန်ပါဘဲ။

    ရုပ်ရှင်မှာတော့ အစမှာ
    How did he do it?
    Four answer choices are presented:
    (A) He cheated,
    (B) He’s lucky,
    (C) He’s a genius, and
    (D) It is written.
    လို့ မေးထားပြီး အဆုံးမှာ အဖြေ က “It is written.” တဲ့။
    “အားလုံးက ရေးထားခဲ့တာ”။
    ဘာဘဲဖြစ်ဖြစ် အတွင်း အဇ္ဈတ္တ သန့်စင် နေနိုင်ဖို့ “မှန်ကန်တဲ့ နည်းလမ်းကျတဲ့” ဘာသာရေး (ဒါမှမဟုတ်) ဘဝနေနည်း မှာ မပြတ် လိုက်စားနေသင့်ကြတယ်။
    အတွင်း အဇ္ဈတ္တ သန့်စင် နေတာလဲ “It is written.” ဘဲဆိုမလား။
    ဘာလို့ လဲ ဆိုတော့ အတွင်း အဇ္ဈတ္တ သန့်စင် နေသင့်တာ ဆိုတာ သိရက် နဲ့ မလုပ်နိုင်ကြတာ ဆိုကထဲက ……………………. 🙄

    ဒီ ဘာသာပြန် ဝတ္တုကို ၂၀၁၁ ဧပြီလ ၃ဝ ထဲ က စပြီး ၂၀၁၃ အောက်တိုဘာ ၂၄ ထိ
    နှစ်ပေါင်း ၂ နှစ် ခွဲ နီးပါး (လပေါင်း သုံးဆယ်) ဇွဲကောင်းကောင်း နဲ့ ကြိုးစား တင်ပေး ခဲ့ တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
    ဒီစာအုပ်လဲ အများကြီး ရောင်းရပြီး ကျော်ကြားပါစေ။
    မောင်ဘလှိုင် လဲ ဝါသနာပါရာ စာရေးတဲ့ အလုပ်မှာ ပိုအောင်မြင်ပြီး သန်းကြွယ်သူဌေးကြီး ဖြစ်ပါစေ။
    (ဒေါ်လာနဲ့ ပေါ့)
    😛

    • Ma Ma

      October 25, 2013 at 3:56 pm

      မလတ် နောက်က လိုက်ပါတယ်။ 🙂

  • ဦးဦးပါလေရာ

    November 6, 2013 at 12:54 am

    ဘယ်လိုစကားနဲ့ မှတ်ချက်ပြုရမယ်လို့ မဝေခွဲတတ်တော့ဘူး…

    ကောင်းတယ် လို့ ပြောရအောင် ကလဲ …. အေးလေ အစကတည်းက ကောင်းတာကို

    ကြိုက်တယ် လို့ ပြောရအောင်ကလဲ… ကြိုက်လို့ပဲဖတ်လာတာ ဆုံးတောင်ဆုံးနေပြီ…

    အဲ… အဲ… တစ်မျိုးတော့ ပြောလို့ဖြစ်မယ်…

    တကယ်လို့ ဒီဝတ္ထုသာ စာအုပ်အဖြစ်ထွက်လာရင်

    ကျုပ်ခင်တဲ့သူငယ်ချင်းတစ်ယောက်ကိုမွေးနေ့လက်ဆောင်ပေးမယ်…

    သူ သိပ် ကျေနပ်သွားလိမ့်မယ်လို့ ရာနှုံးပြည့် ယုံကြည်တယ်…။

  • Foreign Resident

    November 6, 2013 at 5:34 am

    ” ဒီ ဘာသာပြန် ဝတ္တုကို ၂၀၁၁ ဧပြီလ ၃ဝ ထဲ က စပြီး ၂၀၁၃ အောက်တိုဘာ ၂၄ ထိ
    နှစ်ပေါင်း ၂ နှစ် ခွဲ နီးပါး (လပေါင်း သုံးဆယ်) ဇွဲကောင်းကောင်း နဲ့ ကြိုးစား တင်ပေး ခဲ့ တဲ့ အတွက် ကျေးဇူးတင်ပါတယ် ”

    Comment ပေးခဲပေမယ့် အမြဲ ဖတ်ဖြစ်နေပါတယ် ။

  • kyeemite

    November 6, 2013 at 9:46 am

    မဆုတ်မနစ်ကြိုးပမ်းဘာသာပြန်ခဲ့တဲ့ ဇွဲကိုတော့ အသိအမှတ်မပြုပဲမနေနိုင်ဘူးဗျာ…
    ကိုဖေါပြောတာ“ ၂ နှစ် ခွဲ နီးပါး (လပေါင်း သုံးဆယ်)” တဲ့ နဲတဲ့အချိန်မဟုတ်ဘူး… 🙂

  • ဦးကျောက်ခဲ

    November 6, 2013 at 10:00 am

    စိတ်သာချ ကိုဘလှိုင်ရေ…
    စာအုပ်ထုတ်ဖြစ်ရင် လက်တို့လိုက်ပါ… ၂အုပ် သေချာပါ၏…
    ကျောက်စ်လည်း ဝင်ဖတ်ဖြစ်ပေမည့် ကွန်မန့်မပေးဖြစ်ဘူး…
    ခင်ဗျားရဲ့ စ မိရင် အဆုံးသတ်အထိသွားတဲ့ ဇွဲ ကို လေးစားတယ်ဗျို့…
    😀

  • ဝင့်ပြုံးမြင့်

    November 6, 2013 at 2:50 pm

    အလုပ်ကြီးတစ်ခု ပြီးစီးအောင်မြင်အောင် လုပ်ဖို့ တော်ရုံဇွဲနဲ့ မရပါ။ ကွန်ဂရက်ကျူလေးရှင်းပါ ဆရာဘလှိုင်။

  • KZ

    November 6, 2013 at 3:46 pm

    မယုံမရှိနဲ့။
    အစက အဲဒီ ကားကို ကြည့်တာ ၃ ခါ။
    ပျင်းလို့ ရပ်ရပ်ပစ်တာ၊ (အနုပညာနဲ့ အတော် နီးတာကလားးးးး) :mrgreenn:

    ခု ဇာတ်သိမ်းပိုင်း ဖတ်မိပြီးတော့မှ ကြည့်ချင်လာလို့ ပြန်ရှာနေရတယ်။

    😀

Leave a Reply