ပလက်ဖောင်းပေါ်က ပျိုးခင်း
ပလက်ဖောင်းပေါ်က ပျိုခင်း
…………………………………….
အရောင်ကမှိန်ဖျော့ဖျော့
ကောင်ကင်အရောင်လား
မီးအရောင်လား
ဝေခွဲမရဒဏ္ဍာရီဆန်ဆန်
တွေ့စရာ၊နေစရာ၊စားစရာ
ဘယ်မှာမလဲဘယ်မှာလဲ
တွေးတောပူပန်နေရတဲ့ဒီစိတ်
ဟိုအတိတ်ကတည်းကပါခဲ့လေရောသလား
တစ်ညတစ်ညပလက်ဖောင်ဆိုတာချည်းကိုမုန်းပေမယ့်
ပလက်ဖောင်းနဲ့ပျော်ခဲ့ရတယ်
ပလက်ဖာင်းနဲ့အိပ်ခဲ့ရတယ်
ပလက်ဖောင်းနဲ့အတူစားခဲ့ရတယ်
ကျေးဇူးကမ္ဘာပါပလက်ဖောင်းရယ်လို့ဆိုရမလားဘဲ
ဘဝတွေပျောက်ဆုံးနေခဲ့ရတယ်
ရည်ရွယ်ချက်တွေပျောက်ဆုံးနေခဲ့ရတယ်
ရည်မှန်းချက်တွေပျောက်ဆုံးနေခဲ့ရတယ်
ပလက်ဖောင်းပေါ်မှာမီးလုံးတွေလင်းနေပေမယ့်
ပလက်ဖောင်းလေးတွေရဲ့ဘဝတွေကတော့
မှိန်ရောင်နေဆဲ၊မှိန်နေဆဲ
အို……………ပလက်ဖောင်းကြီးရယ်
သင်ကိုယ်တိုင်ကပဲအထီးကျန်တာလား
ကျွန်ုပ်တို့ကိုယ်တိုင်ကပဲအထီးကျန်နေတာလား
ခွဲခြားတိုင်းတာရမည့်အချိန်တစ်ခုကိုတော့ရခဲ့ပြီ
အဲဒီညက………………ကုမုဒြာပွင့် တဲ့ ည
ကုမုဒြာကြာပန်းတော့မဟုတ်ခဲ့ဘူး
ဒါပေမယ့်…………………….
မြင့်မြတ်တဲ့ ကုမုဒြာတော့ဖြစ်နေခဲ့တယ်
အသွင်ဆန်းကိုယ်ကမြင့်မြတ်သူတို့ရဲ့အသွင်
စိတ်ဓာတ်မြင့်မြတ်လိုက်ပုံက
သူမတူအောင်ထူးကဲလှပါဘိ
မွေးဖွားပုံမွေးမြူလိုက်ပုံကြည့်လိုက်ခြင်းက
ပလက်ဖောင်းပျိုးခင်း တဲ့
ပျိုးခင်းတစ်ကာပျိုးခင်းထဲကဖြစ်သင့်ဆုံးပျိုးခင်းတစ်ခု
ကျွန်ုပ်………………………..
ဂုဏ်ယူလို့မဆုံး
ပျော်ရွှင်လို့မဆုံး
ကျေးဇူးတင်လို့မဆုံး
ဖြစ်နိုင်မယ်ဆိုရင်ချမ်းသားကြွယ်ဝသူတွေရဲ့ရင်ထဲဝယ်
ဒီပျိုးခင်းလေးရှင်သန်စေချင်တယ်
ကုမုဒြာကြာပန်းတွေနဲ့အတူတူပေါ့
အို………..ပလက်ဖောင်းကြီးရေ
ခင်ဗျားလည်းအထီးမကျန်တော့ဘူး
ကျွန်ုပ်တို့လည်းအထီးမကျန်တော့ဘူး
ပလက်ဖောင်းပေါ်မှာအရောင်တွေတောက်ပလာခဲ့ပြီ
ပလက်ဖောင်းပေါ်မှာရည်ရွယ်ချက်တွေမွေးဖွားလာခဲ့ပြီ
ပလက်ဖောင်းပေါ်မှာရည်မှန်းချက်တွေမှန်လာခဲ့ပြီ
ပလက်ဖောင်းပေါ်မှာဘဝတွေရှင်သန်လာခဲ့ပြီ
အို………….ပလက်ဖောင်းကြီးရေ
သင်နဲ့ကျွန်ုပ် ကုမုဒြာတွေပွင့်တဲ့ညကစပြီး
ဘဝကိုစိန်ခေါ်ရဲပြီ
ဘဝကိုစိန်ခေါ်လိုက်ပြီဗျ………………….။ ။
ဇွဲမာန်(အင်းဝ)
28.9.13(5း04PM)
မှတ်ချက်= ဤကဗျာသည် ယဉ်ကျေးလိမ္မာသင်ကြားပေးသောကုမုဒြာပရဟိတအသင်းမှ ရဟန်းတော် ဦးကုမုဒ၊ပလက်ဖောင်းပျိုးခင်းကို အစပျိုးခဲ့တဲ့ဆရာဦးစိန်ဝင်း၊ပလက်ဖောင်းပျိုးခင်းလေးသို့လာရောက်စာသင်ပေးကြသောဆရာ ဆရာမများ၊လာရောက်၍လှူဒါန်းကြသောအလှူရှင်များ၊ငွေအားလုပ်အားအရာအားလုံးကိုကူညြီ ကြသောမိတ်ဆွေအပေါင်းများစာသင်ကြားသောကလေးသူငယ်များနှင့်အတူပရဟိတ အသင်းသူ/သားအားလုံးကို ဂုဏ်ပြုရေးသားခဲ့ပါသည်။
ကုမုဒြာကြာသည် ည ခင်းမှပွင့်သော ပန်းဖြစ်သလို ယခု ပျိုးခင်းလေးဟာလည်း ည ခင်းမှ သင်ကြားသော ပျိုးခင်းလေးဖြစ်ပါတယ်၊ ဒါကြောင့်အားလုံးအားလုံး ပါဝင်စေချင်တယ်၊ ကုမုဒြာကြာသည် မြင့်မြတ်သောပန်းတစ်ပွင့်၊ တန်ဘိုးရှိသော ပန်းတစ်ပွင့်ပါ၊ ပျိုးခင်းလေးမှာစာသင်ကြားပေးသောဆရာဦးစိန်ဝင်နှင့်အတူ ဆရာ ဆရာမတို့ရဲ့ နှလုံးသားတွေဟာလည်း မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်တွေပါ၊ ထို့အတူ ကလေးတွေဟာလည်း တန်ဘိုးရှိလှတဲ့ကုမုဒြာကြာပန်းလေးတွေဆိုရင် မမှားပါဘူး။
Was this answer helpful?
LikeDislikeကုမုဒြာ ကြာပန်းလေး တွေ ထာဝစဉ် လန်းဆန်းပါစေ
Was this answer helpful?
LikeDislikeဒီ ပလက်ဖောင်းပေါ်က ပျိုးခင်းကို
မန်း ကနေ
မြန်ပြည်တဝှမ်းအထိ လွှမ်းစေချင်တယ်ဗျာ
ဒါနဲ့ အစ်ကိုရေ
ခေါင်းစဉ်မှာ ပျိုခင်း ဖြစ်နေတယ်ဗျ
Was this answer helpful?
LikeDislikeကုမုဒြာကြာသည် ည ခင်းမှပွင့်သော ပန်းဖြစ်သလို ယခု ပျိုးခင်းလေးဟာလည်း ည ခင်းမှ သင်ကြားသော ပျိုးခင်းလေးဖြစ်ပါတယ်၊ ဒါကြောင့်အားလုံးအားလုံး ပါဝင်စေချင်တယ်၊
ဆိုတော့..ဘယ်နေရာ ၊ ဘယ်ဒေသက ကျောင်းလဲ
ဘယ်လိုပါဝင်နိုင်သလဲ..လုပ်ပါအုံးဗျ….
Was this answer helpful?
LikeDislikeကဗျာ ကောင်းလေးမို့ 
ကျေနပ်အားရစွာ ဖတ်ရှုလိုက်ပါတယ်
Was this answer helpful?
LikeDislike