ပလက်ဖောင်းပေါ်က ပျိုးခင်း

ပလက်ဖောင်းပေါ်က ပျိုခင်း
…………………………………….
အရောင်ကမှိန်ဖျော့ဖျော့
ကောင်ကင်အရောင်လား
မီးအရောင်လား
ဝေခွဲမရဒဏ္ဍာရီဆန်ဆန်
တွေ့စရာ၊နေစရာ၊စားစရာ
ဘယ်မှာမလဲဘယ်မှာလဲ
တွေးတောပူပန်နေရတဲ့ဒီစိတ်
ဟိုအတိတ်ကတည်းကပါခဲ့လေရောသလား
တစ်ညတစ်ညပလက်ဖောင်ဆိုတာချည်းကိုမုန်းပေမယ့်
ပလက်ဖောင်းနဲ့ပျော်ခဲ့ရတယ်
ပလက်ဖာင်းနဲ့အိပ်ခဲ့ရတယ်
ပလက်ဖောင်းနဲ့အတူစားခဲ့ရတယ်
ကျေးဇူးကမ္ဘာပါပလက်ဖောင်းရယ်လို့ဆိုရမလားဘဲ
ဘဝတွေပျောက်ဆုံးနေခဲ့ရတယ်
ရည်ရွယ်ချက်တွေပျောက်ဆုံးနေခဲ့ရတယ်
ရည်မှန်းချက်တွေပျောက်ဆုံးနေခဲ့ရတယ်
ပလက်ဖောင်းပေါ်မှာမီးလုံးတွေလင်းနေပေမယ့်
ပလက်ဖောင်းလေးတွေရဲ့ဘဝတွေကတော့
မှိန်ရောင်နေဆဲ၊မှိန်နေဆဲ
အို……………ပလက်ဖောင်းကြီးရယ်
သင်ကိုယ်တိုင်ကပဲအထီးကျန်တာလား
ကျွန်ုပ်တို့ကိုယ်တိုင်ကပဲအထီးကျန်နေတာလား
ခွဲခြားတိုင်းတာရမည့်အချိန်တစ်ခုကိုတော့ရခဲ့ပြီ
အဲဒီညက………………ကုမုဒြာပွင့် တဲ့ ည
ကုမုဒြာကြာပန်းတော့မဟုတ်ခဲ့ဘူး
ဒါပေမယ့်…………………….
မြင့်မြတ်တဲ့ ကုမုဒြာတော့ဖြစ်နေခဲ့တယ်
အသွင်ဆန်းကိုယ်ကမြင့်မြတ်သူတို့ရဲ့အသွင်
စိတ်ဓာတ်မြင့်မြတ်လိုက်ပုံက
သူမတူအောင်ထူးကဲလှပါဘိ
မွေးဖွားပုံမွေးမြူလိုက်ပုံကြည့်လိုက်ခြင်းက
ပလက်ဖောင်းပျိုးခင်း တဲ့
ပျိုးခင်းတစ်ကာပျိုးခင်းထဲကဖြစ်သင့်ဆုံးပျိုးခင်းတစ်ခု
ကျွန်ုပ်………………………..
ဂုဏ်ယူလို့မဆုံး
ပျော်ရွှင်လို့မဆုံး
ကျေးဇူးတင်လို့မဆုံး
ဖြစ်နိူင်မယ်ဆိုရင်ချမ်းသားကြွယ်ဝသူတွေရဲ့ရင်ထဲဝယ်
ဒီပျိုးခင်းလေးရှင်သန်စေချင်တယ်
ကုမုဒြာကြာပန်းတွေနဲ့အတူတူပေါ့
အို………..ပလက်ဖောင်းကြီးရေ
ခင်ဗျားလည်းအထီးမကျန်တော့ဘူး
ကျွန်ုပ်တို့လည်းအထီးမကျန်တော့ဘူး
ပလက်ဖောင်းပေါ်မှာအရောင်တွေတောက်ပလာခဲ့ပြီ
ပလက်ဖောင်းပေါ်မှာရည်ရွယ်ချက်တွေမွေးဖွားလာခဲ့ပြီ
ပလက်ဖောင်းပေါ်မှာရည်မှန်းချက်တွေမှန်လာခဲ့ပြီ
ပလက်ဖောင်းပေါ်မှာဘဝတွေရှင်သန်လာခဲ့ပြီ
အို………….ပလက်ဖောင်းကြီးရေ
သင်နဲ့ကျွန်ုပ် ကုမုဒြာတွေပွင့်တဲ့ညကစပြီး
ဘဝကိုစိန်ခေါ်ရဲပြီ
ဘဝကိုစိန်ခေါ်လိုက်ပြီဗျ………………….။ ။
ဇွဲမာန်(အင်းဝ)
28.9.13(5း04PM)

မှတ်ချက်= ဤကဗျာသည် ယဉ်ကျေးလိမ္မာသင်ကြားပေးသောကုမုဒြာပရဟိတအသင်းမှ ရဟန်းတော် ဦးကုမုဒ၊ပလက်ဖောင်းပျိုးခင်းကို အစပျိုးခဲ့တဲ့ဆရာဦးစိန်ဝင်း၊ပလက်ဖောင်းပျိုးခင်းလေးသို့လာရောက်စာသင်ပေးကြသောဆရာ ဆရာမများ၊လာရောက်၍လှူဒါန်းကြသောအလှူရှင်များ၊ငွေအားလုပ်အားအရာအားလုံးကိုကူညြီ ကြသောမိတ်ဆွေအပေါင်းများစာသင်ကြားသောကလေးသူငယ်များနှင့်အတူပရဟိတ အသင်းသူ/သားအားလုံးကို ဂုဏ်ပြုရေးသားခဲ့ပါသည်။

5 comments

  • ဇွဲမာန်(အင်းဝ)

    October 25, 2013 at 12:52 am

    ကုမုဒြာကြာသည် ည ခင်းမှပွင့်သော ပန်းဖြစ်သလို ယခု ပျိုးခင်းလေးဟာလည်း ည ခင်းမှ သင်ကြားသော ပျိုးခင်းလေးဖြစ်ပါတယ်၊ ဒါကြောင့်အားလုံးအားလုံး ပါဝင်စေချင်တယ်၊ ကုမုဒြာကြာသည် မြင့်မြတ်သောပန်းတစ်ပွင့်၊ တန်ဘိုးရှိသော ပန်းတစ်ပွင့်ပါ၊ ပျိုးခင်းလေးမှာစာသင်ကြားပေးသောဆရာဦးစိန်ဝင်နှင့်အတူ ဆရာ ဆရာမတို့ရဲ့ နှလုံးသားတွေဟာလည်း မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်တွေပါ၊ ထို့အတူ ကလေးတွေဟာလည်း တန်ဘိုးရှိလှတဲ့ကုမုဒြာကြာပန်းလေးတွေဆိုရင် မမှားပါဘူး။

  • အရိပ်စစ်

    October 25, 2013 at 6:13 am

    ကုမုဒြာ ကြာပန်းလေး တွေ ထာဝစဉ် လန်းဆန်းပါစေ

  • Mr. MarGa

    October 25, 2013 at 9:43 am

    ဒီ ပလက်ဖောင်းပေါ်က ပျိုးခင်းကို
    မန်း ကနေ
    မြန်ပြည်တဝှမ်းအထိ လွှမ်းစေချင်တယ်ဗျာ
    ဒါနဲ့ အစ်ကိုရေ
    ခေါင်းစဉ်မှာ ပျိုခင်း ဖြစ်နေတယ်ဗျ

  • kyeemite

    October 25, 2013 at 10:30 am

    ကုမုဒြာကြာသည် ည ခင်းမှပွင့်သော ပန်းဖြစ်သလို ယခု ပျိုးခင်းလေးဟာလည်း ည ခင်းမှ သင်ကြားသော ပျိုးခင်းလေးဖြစ်ပါတယ်၊ ဒါကြောင့်အားလုံးအားလုံး ပါဝင်စေချင်တယ်၊

    ဆိုတော့..ဘယ်နေရာ ၊ ဘယ်ဒေသက ကျောင်းလဲ
    ဘယ်လိုပါဝင်နိုင်သလဲ..လုပ်ပါအုံးဗျ…. 🙄

  • alinsett

    October 26, 2013 at 4:27 pm

    ကဗျာ ကောင်းလေးမို ့
    ကျေနပ်အားရစွာ ဖတ်ရှုလိုက်ပါတယ်

Leave a Reply