သတိ

သတိ
…………………………………….
မဖြစ်သေးတာတွေနဲ့
မဖြစ်သင့်တာတွေမရောထွေးစေဖို့
ဖြစ်သင့်တာတွေဦးစားပေးနေရတယ်
တခါတခါအမှားနောက်ပျော်မိတက်တဲ့
ဒီစိတ်က…..
အမှန်တရားကိုအမှားလို့မြင်နေမိတယ်
ကိစ္စတစ်ခုကိုသေးသွယ်နေတယ်လို့မြင်နေကြပြီး
အမှားကြီးတွေကိုဖြေရှင်နေရတယ်
ပြဿနာဆိုတာသေးသွယ်တဲ့ကိစ္စလေးကနေပေါက်ဖွားခဲ့တာ
ပေါ့ဆမှုနဲ့တန်ဖိုးမထားမှုကအရေးကြီးဆုံးပဲ
ကိစ္စတိုင်းကိုလိုက်ကြည့်ရမယ်လို့မဆိုလိုဘူး
ကိစ္စတိုင်းကိုတော့လစ်လျူမရှု့သင့်ဘူးလေ
ဖြစ်သွားမှဖြစ်သွားခဲ့ပြီလို့ပြောနေမယ့်အစား
မဖြစ်ခင်ကကြိုတင်တားဆီးထားလိုက်ရင်
ဘယ်လောက်များကောင်းလိုက်လေမလဲ
မဖြစ်သေးတာနဲ့မဖြစ်သင့်တာရောထွေးဖို့ကော
အခွင့်ရေးဆိုတာရှိနိုင်ပါအုံးမလား
ပြဿနာဆိုတာလူတစ်ယောက်အတွက်
တွေ့ကြုံနေရမှာပဲဆိုပေမယ့်
မဖြစ်သင့်မဖြစ်ထိုက်တဲ့ပြဿနာကိုတော့
ကြိုတင်ကာကွယ်ထားကြဖို့လိုအပ်နေပြီ…..။ ။
ဇွဲမာန်(အင်းဝ)

One comment

  • alinsett

    October 26, 2013 at 3:58 pm

    ဖတ်ခဲ့ဖူးတာလေးတစ်ခုထဲမလည်း

    နန်းမတော်မယ်နုရဲ့ ထမီတစ်ထည်က သီပေါနန်းကျတဲ့အထိ
    ခရီးရောက်ခဲ့တယ်တဲ့

    အမှိုက်ကစ ပြသဒ်မီးလောင်ပုံ ပြောပါတယ်။

    အတွေးအခေါ်နဲ့ ဗဟုသုတ ရစေတဲ့ စာစုလေးဖတ်ရလို ့ဝမ်းသာပါအိ

Leave a Reply