မူကြိုကျောင်းသူ ဘ၀…
ကျောင်းသွားဖို့ တအားကြောက်နေတာ
ကြောက်တာက ကျောင်းကို မဟုတ်ဘူး အတန်းထဲက ကောင်မလေး တစ်ယောက်ကို
သူက တိမီး ကို လာလာဆိတ်တယ် အဲဒါကြောင့် မသွားချင်ဘူး
ပြီးတော့ မျက်လုံးတွေ ကို လည်း ကြောက်တယ် ကောင်လေးတစ်ယောက်က
သူ့ ဆွဲကြိုးလေး မရှိတော့ဘူးတဲ့ ယူတဲ့ သူ ဘယ်သူလဲ ဆိုပီး ဆရာမတွေက
လက်ညိုးထိုးပြခိုင်းတော့ အဲလက်ညိုးက တိမီးဆီ တည့်တည့် ရောက်လာတယ်
ဘာမှလည်း မယူရပဲနဲ့ အဲဒီချိန်က ပြန်ကြည့်လိုက်တဲ့ အားလုံးရဲ့ အကြည့်တွေကို
ကြောက်တယ်

နောက်နေ့
အမေက လွယ်အိတ်ကိုင်ပီး ကျောင်းလိုက်ပို့တယ်
ကျောင်းကို လှမ်းမြင်ရတော့တာနဲ့ ထွက်ပြေးတာပေါ့
အဖေ ရောက်လာပြန်တယ် ကရေကရာကို အလုံးအလုံးလေးတွေ
လုပ်ထားတဲ့ မုန့်လေး ကိုင်လို့ အဲမုန့်စားချင်ရင် ကျောင်းသွားရမယ်တဲ့
မုန့်ကို ယူပီး သွားမယ်ပေါ့ မုန့်လည်း လက်ထဲရောက်ရော မသွားတော့ဘူးဆိုပြီး
ငိုတာ အဖေက ရိုက်တယ် အဲနှစ်က မူကြို တစ်ဝက် နဲ့ ကိုယ့်ဟာကို မူကြိုပီးလိုက်လို့
သူများတွေလို တိမီးမှာ မူကြိုမှာ သူငယ်ချင်းတွေ တပြုံတခေါင်းကြီးနဲ့ ရိုက်ထားတဲ့ ပုံမရှိဘူး

ရှစ်တန်းနှစ်ရောက်တော့ အတန်းထဲမှာ အဆင့်တွေ အများကြီးရနေပီ
တိမီးက အလုပ်တွေ ရှုပ်တာကိုး ကာတွန်းဖတ် မဂ္ဂဇင်းဖတ်နဲ့လေ
အဖေက ဆယ်တန်းအောင်မှ ၀တ္တု ဖတ်ရမယ်တဲ့ အဖေက မဂ္ဂဇင်းတွေထဲက
စာများများပါ တဲ့ ၀တ္ထုတိုလိုမျိုးတွေ ဖတ်နေရင်ကို မကြိုက်ဘူးရယ်
အဖေက သူ့တိမီး အိမ်နားက အစ်မ တွေ ဆီ အလည်သွားရင်း ၀တ္ထုစာအုပ်တွေ
စဖတ်နေပီ ဆိုတာ မသိဘူး…ဟက်ဟက်

ကျောင်းရောက်တော့ အတန်းပိုင်ဆရာမက ခေါ်ပြီး စကားပြောတယ်
အဆင့်တွေ အများကြီး ရနေလို့ တဲ့ အမှတ်တွေလည်း မကောင်းဘူးတဲ့
သူ့ အိမ်မှာ စာလာကျက်ပါလားတဲ့ တိမီး ပျော်သွားတာပဲ ဆရာမက တိမီးကို အရမ်းဂရုစိုက်တာပဲ ဆိုပီးပေါ့ အိမ်ရောက်တော့ အမေ့ကို ပြောပြတော့
အမေက လွှတ် တယ် အစက စိတ်ပူနေတာ စာဖတ်ဝိုင်းခ နည်းနည်းများတော့လေ
အဲနှစ်က စာကျက်လို့ အကောင်းဆုံးနှစ်ပဲ အပြင်စာဖတ်ချိန်တွေ နည်းသွားတယ်
စာတော်တဲ့ သူငယ်ချင်းတွေ နဲ့လည်း ခင်ရတယ် နောက်နှစ်တွေပါ
အဲက သူငယ်ချင်းတွေနဲ့ တွဲဖြစ်သွားတယ်

တိမီး ဆယ်တန်းအောင်ပီး ဘွဲ့လေး တစ်ခုရတော့ အမေ နဲ့ စကားစပ်မိရင်း
ပြောမိတယ် ရှစ်တန်းတုန်းက ဆရာမ ကျေးဇူးအရမ်းကြီးတာပဲလို့
ဆရာမက ညစာဖတ်ဝိုင်း ခေါ်လိုက်လို့ တိမီး စာတွေ ကျက်တာ အကျင့်ပါသွားတာလို့
အမေက လျှို့ဝှက်ချက်တစ်ခုပြောပြတယ် တိမီး ကျောင်းမှာ အဆင့်တွေ အများကြီးရမှန်း
သိလို့ ဆရာမ အိမ်ကိ သွားပီး ဆရာမက တကူးတက ခေါ်တဲ့ ပုံစံ အကူညီတောင်းထားတာတဲ့
အမေက ပို့တာမျိုးဆို မသွားပဲနေမှာ စိုးလို့တဲ့ တိမီးက အမေပြောတာကို
လက်မခံနိုင်သေးပါဘူး နှစ်တွေ အကြာကြီး အမေ ရေငုံနှုတ်ပိတ်နေနိုင်တာကို
အံ့သြတာ ဒါ နဲ့ စာဖတ်ဝိုင်း အတူတူ တက်ခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်ကို
မေးကြည့်တော့ ဟုတ်တယ်တဲ့ သူတို့လည်း ရှိနေတဲ့ အချိန် အမေ လာပြောတာတဲ့

အမေ့ကိစ္စပြောပြတဲ့ ကောင်မလေးက ဘယ်တူလဲ တိလားဟင်
မူကြိုတုန်းက တိမီးကို လာလာဆိတ်နေကျ ကောင်မလေးလေ…
အဲကောင်မလေးနဲ့ တော့ အသက်တွေ ကြီးလာတာနဲ့ အမျှ အရမ်းချစ်
အရမ်းခင်တဲ့ သူငယ်ချင်းတွေကို ဖြစ်လို့ အမေကတော့ ရှစ်တန်းကျောင်းသူ သမီးကို
ကျောင်းပျင်းတဲ့ မူကြိုကျောင်းသူ ကလေးပေါက်စလေးကို ထင်နေခဲ့တာပဲနော….ခ်ခ်

 

 

About အရိပ်စစ်

hninnu zin has written 23 post in this Website..