အမေ့ တိမီး…..

အရိပ္စစ္October 25, 20131min30125
မူကြိုကျောင်းသူ ဘဝ…
ကျောင်းသွားဖို့ တအားကြောက်နေတာ
ကြောက်တာက ကျောင်းကို မဟုတ်ဘူး အတန်းထဲက ကောင်မလေး တစ်ယောက်ကို
သူက တိမီး ကို လာလာဆိတ်တယ် အဲဒါကြောင့် မသွားချင်ဘူး
ပြီးတော့ မျက်လုံးတွေ ကို လည်း ကြောက်တယ် ကောင်လေးတစ်ယောက်က
သူ့ ဆွဲကြိုးလေး မရှိတော့ဘူးတဲ့ ယူတဲ့ သူ ဘယ်သူလဲ ဆိုပီး ဆရာမတွေက
လက်ညိုးထိုးပြခိုင်းတော့ အဲလက်ညိုးက တိမီးဆီ တည့်တည့် ရောက်လာတယ်
ဘာမှလည်း မယူရပဲနဲ့ အဲဒီချိန်က ပြန်ကြည့်လိုက်တဲ့ အားလုံးရဲ့ အကြည့်တွေကို
ကြောက်တယ်

နောက်နေ့
အမေက လွယ်အိတ်ကိုင်ပီး ကျောင်းလိုက်ပို့တယ်
ကျောင်းကို လှမ်းမြင်ရတော့တာနဲ့ ထွက်ပြေးတာပေါ့
အဖေ ရောက်လာပြန်တယ် ကရေကရာကို အလုံးအလုံးလေးတွေ
လုပ်ထားတဲ့ မုန့်လေး ကိုင်လို့ အဲမုန့်စားချင်ရင် ကျောင်းသွားရမယ်တဲ့
မုန့်ကို ယူပီး သွားမယ်ပေါ့ မုန့်လည်း လက်ထဲရောက်ရော မသွားတော့ဘူးဆိုပြီး
ငိုတာ အဖေက ရိုက်တယ် အဲနှစ်က မူကြိူ တစ်ဝက် နဲ့ ကိုယ့်ဟာကို မူကြိူပီးလိုက်လို့
သူများတွေလို တိမီးမှာ မူကြိုမှာ သူငယ်ချင်းတွေ တပြုံတခေါင်းကြီးနဲ့ ရိုက်ထားတဲ့ ပုံမရှိဘူး

ရှစ်တန်းနှစ်ရောက်တော့ အတန်းထဲမှာ အဆင့်တွေ အများကြီးရနေပီ
တိမီးက အလုပ်တွေ ရှုပ်တာကိုး ကာတွန်းဖတ် မဂ္ဂဇင်းဖတ်နဲ့လေ
အဖေက ဆယ်တန်းအောင်မှ ဝတ္တု ဖတ်ရမယ်တဲ့ အဖေက မဂ္ဂဇင်းတွေထဲက
စာများများပါ တဲ့ ဝတ္ထုတိုလိုမျိုးတွေ ဖတ်နေရင်ကို မကြိုက်ဘူးရယ်
အဖေက သူ့တိမီး အိမ်နားက အစ်မ တွေ ဆီ အလည်သွားရင်း ဝတ္ထုစာအုပ်တွေ
စဖတ်နေပီ ဆိုတာ မသိဘူး…ဟက်ဟက်

ကျောင်းရောက်တော့ အတန်းပိုင်ဆရာမက ခေါ်ပြီး စကားပြောတယ်
အဆင့်တွေ အများကြီး ရနေလို့ တဲ့ အမှတ်တွေလည်း မကောင်းဘူးတဲ့
သူ့ အိမ်မှာ စာလာကျက်ပါလားတဲ့ တိမီး ပျော်သွားတာပဲ ဆရာမက တိမီးကို အရမ်းဂရုစိုက်တာပဲ ဆိုပီးပေါ့ အိမ်ရောက်တော့ အမေ့ကို ပြောပြတော့
အမေက လွှတ် တယ် အစက စိတ်ပူနေတာ စာဖတ်ဝိုင်းခ နည်းနည်းများတော့လေ
အဲနှစ်က စာကျက်လို့ အကောင်းဆုံးနှစ်ပဲ အပြင်စာဖတ်ချိန်တွေ နည်းသွားတယ်
စာတော်တဲ့ သူငယ်ချင်းတွေ နဲ့လည်း ခင်ရတယ် နောက်နှစ်တွေပါ
အဲက သူငယ်ချင်းတွေနဲ့ တွဲဖြစ်သွားတယ်

တိမီး ဆယ်တန်းအောင်ပီး ဘွဲ့လေး တစ်ခုရတော့ အမေ နဲ့ စကားစပ်မိရင်း
ပြောမိတယ် ရှစ်တန်းတုန်းက ဆရာမ ကျေးဇူးအရမ်းကြီးတာပဲလို့
ဆရာမက ညစာဖတ်ဝိုင်း ခေါ်လိုက်လို့ တိမီး စာတွေ ကျက်တာ အကျင့်ပါသွားတာလို့
အမေက လျှို့ဝှက်ချက်တစ်ခုပြောပြတယ် တိမီး ကျောင်းမှာ အဆင့်တွေ အများကြီးရမှန်း
သိလို့ ဆရာမ အိမ်ကိ သွားပီး ဆရာမက တကူးတက ခေါ်တဲ့ ပုံစံ အကူညီတောင်းထားတာတဲ့
အမေက ပို့တာမျိုးဆို မသွားပဲနေမှာ စိုးလို့တဲ့ တိမီးက အမေပြောတာကို
လက်မခံနိုင်သေးပါဘူး နှစ်တွေ အကြာကြီး အမေ ရေငုံနှုတ်ပိတ်နေနိုင်တာကို
အံ့ဩတာ ဒါ နဲ့ စာဖတ်ဝိုင်း အတူတူ တက်ခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်ကို
မေးကြည့်တော့ ဟုတ်တယ်တဲ့ သူတို့လည်း ရှိနေတဲ့ အချိန် အမေ လာပြောတာတဲ့

အမေ့ကိစ္စပြောပြတဲ့ ကောင်မလေးက ဘယ်တူလဲ တိလားဟင်
မူကြိုတုန်းက တိမီးကို လာလာဆိတ်နေကျ ကောင်မလေးလေ…
အဲကောင်မလေးနဲ့ တော့ အသက်တွေ ကြီးလာတာနဲ့ အမျှ အရမ်းချစ်
အရမ်းခင်တဲ့ သူငယ်ချင်းတွေကို ဖြစ်လို့ အမေကတော့ ရှစ်တန်းကျောင်းသူ သမီးကို
ကျောင်းပျင်းတဲ့ မူကြိုကျောင်းသူ ကလေးပေါက်စလေးကို ထင်နေခဲ့တာပဲနော….ခ်ခ်

 

 

25 comments

  • KZ

    October 25, 2013 at 11:50 am

    တိမီး မေမေက ချစ်ရှာလေးတော့။

    :chit:

    • အရိပ်စစ်

      October 26, 2013 at 11:26 am

      မေမေ တွေ အားလုံးက အဲလိုပဲ ချစ်စရာကောင်းကြတယ်နော်

  • ဦးကျောက်ခဲ

    October 25, 2013 at 12:04 pm

    အမေ့ တိမီးတော့ တိဝူး…
    အမေ့ တား ဦးကျောက်ခဲ…သူငယ်တန်းစတက်တော့…
    သနပ်ခါးအဖွေးသားနဲ့ ကောင်မလေး ၂ယောက်ကို…အာဘွားရွှတ်ရှလူးမိလို့…
    သူတို့ အဖေကြီးတွေ မျက်ထောင့်နီနဲ့ကြည့်တာ ခံခဲ့ဖူးတယ်… ဟီး ဟီး
    😀

    • Wow

      October 25, 2013 at 12:32 pm

      ကျောက်စ်တို့က ငယ်ငယ်တဲက ဇနဲ့ ကျန်းးးးးး :mrgreen:

  • ကျော်စွာခေါင်

    October 25, 2013 at 1:04 pm

    အမေ့ တိမီး လဲ တော်တယ်..
    တိမီး အမေလဲ တော်တယ်…

    • အရိပ်စစ်

      October 26, 2013 at 11:30 am

      ကျန်းးးးတူ့ဂ
      အမှန်တွေ ပြောတတ်တယ်တော့…

  • kai

    October 25, 2013 at 2:01 pm

    ၈တန်းကျောင်းသူတဲ့…
    ယူအက်စ်မှာဆို.. တော်တော်”ဟုတ်”နေပြီ…
    မာမီလည်းဘေးခေါက်နေလောက်ပြီ… :mrgreen:

    • အရိပ်စစ်

      October 26, 2013 at 2:43 pm

      တော်သေးဒါ
      တောချုံအုံကြားလေးမှာ
      လူလာဖြစ်နေသေးဒါမို့..
      အဲဒီယူအက်စ် ဆိုတာဂျီးမှာ ဆိုရင်တော့
      ဒီချိန် တွေးရဲတော့ဝူးးးး

  • sorrow weaver

    October 25, 2013 at 2:09 pm

    တာမီး..ရော့ချိုချဉ် …..ကြီးရင် ဦးကိုချစ်နော်…ခုခွိခုခွိ

    • အရိပ်စစ်

      October 26, 2013 at 2:27 pm

      တိမီးက ချိုချဉ် ကြိုက်ဝူးးးး
      ကပ်စီးနဲ စားချင်တယ်
      ခု ဘယ်မှာမှ ရောင်းတာတွေ့ဝူးး
      အဲဒါ ကျွေးညော်….

  • Mr. MarGa

    October 25, 2013 at 2:38 pm

    တိမီးရဲ့ မေမေက
    တိမီးကို ရမ်းရမ်း ချစ်တာပဲနော်….
    တိမီးလေး တော်စေချင်လို့
    နောက်ကနေ supporting အရမ်း လုပ်ပေးဒယ်
    သဂျီးကတော့ ပြောဦးမှာ
    ဒါတွေက သားသမီးကို ဖျက်ဆီးနေတာ လို့ ဟီဟိ

    • အရိပ်စစ်

      October 26, 2013 at 3:01 pm

      မနေ့ကလည်း ကထိန် ခင်း ချင်တဲ့ စိတ်ပေါက်လာလို့
      မျက်ရည်တွေ ကျပြ ပီး ပူ ဆာလိုက်တာ
      ကထိန် ခင်း မယ့် ကျောင်း မရရအောင်
      ရှာပေးပါ့မယ် ဆိုပြီး အမေ့က
      တီမီး ကို ပြုံးပြုံးလေး နဲ့ ပြောသေးတာ
      အရမ်းချစ်စရာကောင်းတဲ့ မေမေညော်…

      • Foreign Resident

        October 26, 2013 at 5:23 pm

        အရိပ်စစ် says:
        ” မနေ့ကလည်း ကထိန် ခင်း ချင်တဲ့ စိတ်ပေါက်လာလို့
        မျက်ရည်တွေ ကျပြ ပီး ပူ ဆာလိုက်တာ
        ကထိန် ခင်း မယ့် ကျောင်း မရရအောင် ရှာပေးပါ့မယ် ”

        ကထိန် ခင်းတယ်ဆိုရင် တစ်ကျောင်းလုံး ခင်းရတာ ။
        ပိုက်ဆံ တော်တော် ကုန်မှာဘဲ ။

        • အရိပ်စစ်

          October 26, 2013 at 10:33 pm

          အရမ်း ခမ်းခမ်းနားနားကြီးတော့ မဟုတ်ပါဘူး
          အာသီသ ရှိလွန်းလို့ နိုင်သလောက်လေး လုပ်မှာ
          အားနာစရာကောင်းမယ့် မြို့ပေါ်က ကျောင်းတွေတော့
          မရတော့ဘူး အခုလည်း တစ်ကျောင်းတစ်လေများ
          ကျန်နေတာ ရှိမလားဆိုပီး စုံစမ်းနေကြတုန်းရယ်

        • Foreign Resident

          October 27, 2013 at 4:25 am

          အရိပ်စစ် says:
          ” အခုလည်း တစ်ကျောင်းတစ်လေများ
          ကျန်နေတာ ရှိမလားဆိုပီး စုံစမ်းနေကြတုန်းရယ် ”

          အဟွန်း ဟွန်း ဟွန်း ဟွန်း ။
          ဗုဒ္ဓ သာသနာ ရောင်ဝါ နေသို့ ထွန်းပြီး
          ( အဲလိုပဲ ကြားကောင်းရုံ ပြောကြတာပဲလေ ) ၊
          အလှူအတန်း သဒ္ဓါတရား ရက်ရောလှတဲ့
          ( အဲလိုပဲ ကြားကောင်းရုံ ပြောကြတာပဲလေ ) ၊
          မဟာ့ မဟာ ( ဆင်းရဲ မွဲတေမှု ဖွတ်ကြား ထိပ်ခေါင်တင် )
          မြန်မာ နိုင်ငံတော်ကြီးမှာ ၊
          ကထိန် မရတဲ့ ဘုန်းကြီးကျောင်းတွေများ ပေါ ပေါ လွန်းလို့ ။

          ရန်ကုန်က ဆိုရင် သိပ်ဝေးဝေး ရှာနေစရာကို မလိုဘူး ။
          တောင်ဥက္ကလာ ဝိုင်း ( ၁ ) ဝိုင်း ( ၂ )
          ပါတ်ပါတ်လည် သာ သွားမေးကြည့်လိုက် ။

          ကျနော်တို့က ရန်ကုန်တိုင်း တစ်တိုင်းလုံးက ၊
          ရှိရှိသမျှ ကထိန်ကျန် ကျောင်းတွေကို ၊
          နှစ်စဉ် မိုးပေါ်ကျ ကထိန် ခင်းပေးနေကျ
          ( တက်လမ်း ) အဖွဲ့တွေပါ ။
          ဒါကြောင့် ကထိန်ကျန် ကျောင်းတွေ အကြောင်း ၊
          ကောင်းကောင်း သိသပေါ့ကွယ် ။

  • lele kyi

    October 25, 2013 at 3:49 pm

    တိမီးကို လာလာဆိတ်တဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းလေးဖြစ်ပါရစေ။ ဟိ။ ကလေး လေးတွေက အဲ့လိုပဲထင်တယ် ကိုယ်ခင်တဲ့ သူဆိုအဲ့လို ထိုးမိထိုးရာလက်ညှိုုးထိုးတတ်တာရယ်။

    • အရိပ်စစ်

      October 26, 2013 at 4:54 pm

      အဲတုန်းက
      တူနဲ့ ခင်တာတော့ သိပ်ခင်တာ ဟုတ်ဝူးရယ်
      လက်ညိုးက ဟိုရမ်း ဒီရမ်း နဲ့
      နောက်ဆုံး တိမီး ဆီရောက်လာတာယေ
      တူ က တော့ အဲကိစ္စ မှတ်တောင် မှတ်မိပုံရပါဝူးးးးးး

  • ကိုရင်စည်သူ

    October 25, 2013 at 4:33 pm

    အဲ့လို ချစ်ချာကောင်းတဲ့ တိမီးလေးကို မုန့် ဒွေများကြီး ကျွေးပြီး
    ချွဲချိတ်ချင်လိုက်ဒါကွယ်…။ 😳

    • အရိပ်စစ်

      October 26, 2013 at 2:39 pm

      အမေငေး
      တူချစ်ချရာကောင်းတာကလည်း
      ကြောက်စရာဂျီးးးးးပါလားညော်

  • alinsett

    October 25, 2013 at 8:34 pm

    အမေ့တီမီးလေးက…ကဗျာလေးတွေ တင်..အရေးကောင်းတာမဟုတ်…။
    စာလေးတွေလည်း..ချစ်စရာကောင်းအောင်..ရေးတတ်ပါတယ်..လို ့…။

  • kyeemite

    October 26, 2013 at 12:35 pm

    မိဘမေတ္တာ ဆိုတာ ဒါပဲပေါ့ တိမီး လေးရယ် 😀

  • အရိပ်စစ်

    October 26, 2013 at 2:34 pm

    တားတိမီးမေတ္တာ ကြတော့ ဘယ်တူ့မှ ရေးဂျသေးဘူးနော်

  • ဗုံဗုံ

    October 27, 2013 at 9:32 am

    တမီး..အခုလိမ်မသွားရင်..
    မေမေ…ကျောင်းထားရကျိုးနပ်ပါတယ်ကွယ်..
    ဒဒင်းကျွတ်ရင်..တမီးကို မေမေ ယောက်ဂျားပေးစားတော့မှာနော်
    :mrgreen:

  • အရိပ်စစ်

    October 27, 2013 at 9:31 pm

    မေမေဗုံ…ခု ဒဒင်းကျွတ်ပီးတွားပီနော်
    မေမေ့တာဝန်ပဲ ကျန်ဒေါ့ဒါ…

  • ရွှေမိုးတိမ်

    October 28, 2013 at 10:26 am

    မေမေ့ မေတ္တာတွေ ….

    ဒါနဲ့ အဲ့ကောင်မလေးကို စာကျက်ဝိုင်းမှာ ပြန်မဆိတ်ခဲ့ဘူးရားးးးး တိချင်ရို့ဘာာ 😀

Leave a Reply