ဘာငှက် လဲ မှန်မှန် ပြော

MAUNGOctober 25, 20131min27621

ရွာသူ ရွာ သားတွေပျင်းနေမှာစိုးလို့၊ ပုံ ပြောပြမယ် ဗျာ။

ဟိုး ရှေးရှေ့ တုံးကပေါ့ဗျာ …..

သမီး ရည်းစား နှစ်ယောက် ရှိတယ်တဲ့ ။
တစ်ယောက် နဲ့ တစ်ယောက် လဲချစ်လိုက် ကြတာ …အိုး ဘာပြော ကောင်းမလဲ၊ မိုးမမြင်၊ လေမမြင် ပေါ့ဗျာ ..။

ဒီလိုနဲ့ သွားရင်းလာ ရင်းလမ်းမှာ ဥဩ ငှက်ကလေး တစ်ကောင် တွေ့တော့ ….ကောင်မလေး က ကောင်လေးကို ဒီလို မေးသဗျ …။
“မောင် ..အဲဒါဘာငှက်လေး လဲ ?”

သိရက်မေးတာ မှန်းသိပေမဲ့ ကောင်လေးက ဒီလိုပြန်ပြောတယ် ” အချစ်ရယ်၊ အဲဒါ ချစ်တေးသီ တဲ့ငှက်လေး ပါ။ ” ချစ်စ ခင်စ၊ ကြင်နာစ မှာကဗျာဆန်ချက် များ ပြောပါတယ် ။

ဒီလိုနဲ့ .
.
.
.
.
.
.
.
.
.
.
.
.
.
.
ဒီလို နဲ့ သူတို့နှစ်ယောက် လက်ထပ်ပြီး အိမ်ထောင်သယ် ဘဝ မှာ
အဲလို ဘဲ သွားရင်း လာ ရင်း ဥဩ ငှက် ကလေးကိုတွေ့တော့ သိရက် နဲ့ မိန်းမ က ထပ်မေးပြန်ရော “မောင် ..အဲဒါဘာငှက်လေး လဲ ?”
ယောက်ျား လုပ်တဲ့ သူက ” ဪ….မိန်းမ ရယ် ..အဲဒါ ဥ ဩ ငှက် ပေါ့ ” တဲ့ ။

.
.
.
.

နှစ်လ ရာသီတွေပြောင်း လို့………
.
.
.
.
နှစ်လ ရာသီတွေပြောင်း လို့၊ သူတို့ လင်မယား လဲ ကလေး တွေဘာတွေရ လို့….
အဲလို ဘဲ သွားရင်း လာ ရင်း ဥဩ ငှက် ကလေးကိုတွေ့တော့ သိရက် နဲ့ မိန်းမ က ထပ်မေးပြန်ရော ….
“မောင် ..အဲဒါဘာငှက်လေး လဲ ?”  ပေါ့
.
.
ယောက်ျား လုပ်တဲ့ သူကဘာများ ဖြေ တယ်ထင် လဲ … ” ဟဲ့ ..မသေမ ချင်းမှတ်ထား …အဲဒါ နင့် အမေလင် ငှက် ဟဲ့” တဲ့ ။
.
.
.
ကဲ …မေးပြီ ရွာသူ ရွာသား တွေရော

ဘာငှက် အဆင့် ရောက်နေပြီ လဲ ဖြေ ပါ၊  ဟီး ဟိ 😀

21 comments

  • kyeemite

    October 25, 2013 at 9:26 am

    “အမေလင် ငှက် ” အဆင့်လို့ထင်တာပဲဗျ 😀

  • Myo Thant

    October 25, 2013 at 9:58 am

    ဒီ သောက်ငှက်ကိုသိလို့ ဘာလုပ်ဖို့လဲ

    အဲ အဲ အဲဒီလို အဆင့်လို့ ဆိုရမလား 🙂

  • Mr. MarGa

    October 25, 2013 at 10:21 am

    ငှက် က ငှက်ပေါ့
    ဘာလို့ မေးနေသေးတုန်း
    အတော် လျှာရှည်တယ် အဟီးးး

  • TNA

    October 25, 2013 at 10:34 am

    အင်း နောက်ဆုံးငှက်အဆင့်တော့ရောက်နေဘီထင်ဘာ့ 😥

  • sorrow weaver

    October 25, 2013 at 11:11 am

    ကျော်တို့က ဌက်အဆင့်တောင်မရောက်သေးဘူး…ဒေါင်းဥအဆင့်ပဲရှိသေးတယ်..အဟိဟိ

    • ဦးကျောက်ခဲ

      October 25, 2013 at 11:25 am

      ခင်ဗျားပြောတော့… ဟိုတလောက ကျွဲကောသီး ခွါကျွေးတယ်ဆို…
      ဟီ ဟိ 😀

      • KZ

        October 25, 2013 at 11:45 am

        ရွာသား တွေက အသီးတွေ ကြိုက်တတ်တာ အရမ်းများတယ်နော်။
        ဒူးရင်းသီးတို့ ကျွဲကောသီးတို့။
        ဒူးရင်းသီးတောင် မတွေ့တာကြာပေါ့။

        😀

      • sorrow weaver

        October 25, 2013 at 1:22 pm

        အလိုလေး …သမခံရပြီ…အဟင့်ဟင့် …ဦးကျောက်စ်ရယ်…ဘုရားစူး ဒေါင်းဥပါ..ကျွဲကောသီးဟုတ်ပါဘူးဗျာ….အဟိဟိ

  • KZ

    October 25, 2013 at 11:36 am

    ငှက် ကို မကြည့်အားပါဘူးအေ။

    😀

    • Wow

      October 25, 2013 at 12:44 pm

      အာ့ပေါရာပေါ့ အဓိကနဲ့ သာမည ခွဲမသိတာ.. ငှက် မသိ ဘာအရေးလဲ :mrgreen:

      • KZ

        October 25, 2013 at 12:53 pm

        ငှက် မ သိ တော့ ချိုး ကို ခို ထင်မှာစိုးလို့ နေမှာ။
        ဟိ။
        :mrgreen:

        • Wow

          October 25, 2013 at 1:07 pm

          တကူကူးကူ က ဘာငှက်လဲ မောင် :mrgreen:

        • KZ

          October 25, 2013 at 1:10 pm

          ခို ညည်းသံ ပါ အချစ်ရယ်။

          :mrgreen:

    • Char Too Lan

      October 25, 2013 at 1:25 pm

      ဘယ်အားမယဲ ဝါးတီးတွေချည်းငုံ့ဆွဲနေဒါဂိုးးးးး 😛
      ကျော်တို့ဂ တော်ကြာအချစ်ငှက် တော်ကြာဥဩငှက်ပေါ့ကွီ 🙁
      လွမ်းထှာအေ…. :'(

  • surmi

    October 25, 2013 at 11:44 am

    ငှက်နဲ့ ကျုပ်နဲ့ ဘယ်ဟာပိုအရေးကြီးသဒနြ်း

    အဲဒီလိုမေးလိုက်မှာ 🙂

  • ကျော်စွာခေါင်

    October 25, 2013 at 12:59 pm

    အဲဒါ နင့်အမေလင်ရဲ ့မယားပါ သမီးရဲ ့မောင် ၂ ဝမ်းကွဲရဲ ့နောက်မိန်းမ…..ဟဲ့
    အဲ့အဆင့်….. းဝ)

  • ဗုံဗုံ

    October 25, 2013 at 3:27 pm

    ဘာငှက်လဲလို့ မေးချင်တာတောင်မှ..
    ငှက်တောင်ရှာမတွေ့သေးတဲ့ ဘွပါကွယ်…. :mrgreen:

  • alinsett

    October 25, 2013 at 5:59 pm

    သားကတော့ ခလေးပဲ ရှိသေးတော့
    ဘာငှက်လဲမေးရင် တိဝူးလေ လို ့ပဲ ဖြေလိုက်မှာ

    🙂

  • MAUNG

    October 25, 2013 at 7:49 pm

    ဟားဟား ငှက် တွေအများကြီးပါလား ဗျို့

    ပျော်ပျော်ရွှင်ရွှင် နဲ့အားလုံး ဝိုင်းမန့် ပေးကြတာ ကျေးဇူးပါဗျာ

  • ကိုရင်စည်သူ

    October 27, 2013 at 10:54 pm

    ငှက်ဆိုတာ မွေးရဘာ အော်ဒဲ့ သတ္တဝါဘာဗျာ..
    အဲ့ဒါတွေနဲ့ လိုက်နှိုင်းရင်တော့.. ဒချိ.. ဒချိ.. ပဲဖြစ်နေမှာပဲ..
    လူဆိုတာ..အချိန်အခါအလိုက်ပြောင်းလဲတတ်တဲ့ သတ္တဝါဟုတ်ဘူးလား.. ငိငိ.. :mrgreen:

  • ရွှေမိုးတိမ်

    October 28, 2013 at 11:20 am

    တော်သေးဒါပေ့ါ …. လဒ ဟေ့ လဒ လို့ မဖြေလို့ 😀

Leave a Reply