“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်းနှစ်

 

“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင်   “(အခန်းဆက်ဝတ္တုရှည်) အပိုင်းနှစ်

အပိုင်း-၂ ပင်လယ်ပြင်မှ ဆီးကြိုခြင်း

နောက်နာရီဝက်လောက်အကြာမှာ ကိုတင့် က သူတို့အလုပ်က                                                                                                                 ကားအပြာလေးနဲ့ရောက်လာပါတယ်။
သူ့ကိုအရင်ဆုံးပူဆာရ တာကတော့ ဗိုက်ဆာပြီဆိုတာပါဘဲ။
ဆာဆို နေမွန်းတည့်ချိန်တောင်ရောက်နေပြီလေ။
ကားလေးကမြို့လယ်ပန်းခြံကြီးကိုဖြတ်
နာရီစင်ကြီးကိုလှမ်းမြင်ရတဲ့လမ်းပေါ်မှာ တငြိမ့်ငြိမ့်၊
ပျားပန်းခတ်သလို ဆူညံရှုပ်ယှက်ခတ်နေတဲ့ရန်ကုန်ကနေ
တည်တည်ငြိမ်ငြိမ်သွားလာနေကြတဲ့ ပုသိမ်မြို့အရောက်မှာတော့ စိတ်တွေအလိုလိုတောင်
အေးဆေးငြိမ်သက် ပြီး  ငြိမ်းချမ်းလို့သွားပါတယ်။
ကိုတင့် ကတော့ ကျမ တစ်ခါမှ မရောက်ဘူးတဲ့မြို့မှန်းသိနေတော့
မြို့ကိုလှည့်ပါတ်ပြီးမောင်းပြပါတယ်။
နောက်တော့ ဈေးတန်းလေးတစ်ခုအရောက် ကားရပ်လိုက်ပါတယ်။
“ထမင်းစားရအောင်”လို့ကိုတင့်ပြောလို့ ကြည့်လိုက်တော့
“ခခကြီးထမင်းဆိုင်”ပါတဲ့။
“စိတ်အေးလက်အေးစား ချောင်းသာကားကို (၂)နာရီကားဖြတ်ထားတယ်။
ပြီးရင် ရွှေမုဌောဘုရား ကို သွားဖူးပြီးမှ ကားဂိတ်လိုက်ပို့မယ်”
ထမင်းဆိုင်လေးကအတော့်ကို သပ်သပ်ရပ်ရပ်။
ဆိုင်နံရံမှာတော့ ဒီဆိုင်ကိုလာစားဘူးတဲ့
မြန်မာပြည်မှာလူသိများတဲ့အနုပညာရှင်တွေရဲ့ဓါတ်ပုံတွေ
တန်းစီလို့ချိတ်ထားပါတယ်။
ဆိုင်ရှေ့မှာတော့ ပုသိမ်ထီး ဟာလဝါ ပင်လယ်ထွက်
အခြောက်အခြမ်းတွေခင်းကျင်းလို့ထားပါတယ်။
ထမင်းစားကြတော့ ဟင်းချက်ကလဲ ကောင်းပါတယ်။
အသားဟင်းနူးအိအိ ချဉ်ရေဟင်းလေးက အအီပြေပြေ။
ပိုကောင်းတာကတော့  ငပိရေကျိုမွှေးမွှေးလေးနဲ့ စုံလှတဲ့ အသီးအနှံအတို့အမြုှတ်တွေပါဘဲ။
ထမင်းစားပြီးတော့ အဲဒီမှာဘဲ ကော်ဖီသောက်ရင်းစကားထိုင်ပြော။
နောက်တော့ ပိုးအိစံရဲ့ မမပုသိမ်သူ သီချင်းထဲက ရွှေမုဌော ဘုရားကို
သွားလို့ဖူးမျှော်ကြပါတယ်။
မိုးရွာထားတော့ ရင်ပြင်တော်ပေါ်မှာရေစပ်စပ်။
ဒါပေမယ့် ကြည်ညိုစရာကောင်းပါတယ်။
ကိုတင့်က “နင်ယောကျာ်းလိုချင်ရင်ဆုတောင်းသွား ဒီဘုရားက ဆုတောင်းပြည့်တယ်နော်”
ဆိုပြီး စနေပါသေးတယ်။
“တော်ပါပြီဟာ နင်တို့ယောက်ျားတွေကို မီးမီး ကြောက်ကြောက်” လို့ဆိုတော့
“ မိနဒီရယ် နင် ထန်းရေအမူးမပြေသေးလို့ မော့မကြည့်သေးတာနေမှာပါ”
လို့ပြောတော့ ကျမ မှာပြန်ဖြေစရာစကားမရှိသလို။
ဘုရားကအပြန်မှာတော့သူက ကမ်းနားလမ်းကိုပါတ်မောင်းပြီး ကားဆိပ်ကိုလိုက်ပို့ပါတယ်။
“ဒီကနေချောင်းသာကို မိုင်သုံးဆယ်ကျော်ကျော်လေးဘဲဝေးတာ၊
အလွန်ဆုံးမောင်းရလှ နှစ်နာရီဘဲ။
ငါမအားလို့ အားရင် ကိုယ်တိုင်လိုက်ပို့ပါတယ်။
ဟိုရောက်ရင် ဟိုတယ်ကြီးတွေတည်းမယ်ဆိုရင် သုံးသောင်းတော့ ရှိမယ်။
ရွာထဲက တည်းခိုခန်းလေးတွေမှာတည်း။
အခုလို ဧည့်ပါးတဲ့ရက်ဆိုရင် အခန်းခက ငါးထောင် ထက်မပိုဘူး။
ကားရပ်တာနဲ့ ဧည့်ကြိုကောင်လေးတွေလာမေးမယ်။
ဈေးဆစ်ပြီးတော့ တည်း။
ထမင်းက သူတို့ကိုချက်ခိုင်းမနေနဲ့ နင် တစ်ယောက်ထဲဆိုတော့ ကုန်မှာမဟုတ်ဘူး။
ရွာထဲကထမင်းဆိုင်သာ သွားစားလိုက်။
တစ်ယောက်ထဲဆိုပြီး ဘာမှကြောက်မနေနဲ့ ။
ချောင်းသာမှာ ဘာအန္တရာယ်မှ မရှိဘူး။
အေးရေဆင်းကူးရင်တော့ သတိထား အခုလိုရက်က လှိုင်းအဆွဲနည်းနည်းကြမ်းတယ်”
လို့ မှာသံတွေက နားထဲမှာကြားတစ်ချက်မကြားတစ်ချက်။
ကျမစိတ်တွေက မြစ်ထဲမှာသွားလာနေတဲ့
ပေါင်းမိုးတွေနဲ့လှေသမ္ဗာန်တွေကိုစိတ်ဝင်စားနေလို့ပါ။
ချောင်းသာကအပြန်မြစ်ကမ်းတစ်လျောက်ဓါတ်ပုံလိုက်ရိုက်မယ်လို့ စိတ်ထဲမှာတေးထားပါတယ်။
ကျမတို့ကားဂိတ်ရောက်တော့ ကားပေါ်ရောက်တဲ့လူတွေရောက်နေပါပြီ။
ချောင်းသာကားက ဘီးလှိမ့်လို့အထွက်မှာတော့
“နဒီ နင်ပုသိမ်ပြန်ရောက်ရင်ဖုန်းဆက်လိုက် ငါလာကြိုမယ်”လို့လှမ်းပြောနေတဲ့
ကိုတင့် ကိုလက်ပြရင်း
“စိတ်ချ ငါ့မှာအားကိုးစရာဆိုလို့ နင်ဘဲရှိတာပါဟယ်”လို့ရီကျဲကျဲနဲ့ပြန်ပြောတော့
ကျမကို လက်သီးဆုပ်ပြရင်း ကိုတင့် တစ်ယောက်ကျန်ခဲ့ပါတယ်။
တစ်ခါမှ မရောက်ဘူးသေးတဲ့ ကျမအရမ်းမြင်ဘူးချင်လှတဲ့ ပင်လယ်ပြင်ကြီးဆီကို
တကယ်ရောက်တော့မယ်ဆိုတဲ့ အသိကြောင့်လား၊
ကိုတင့်က ကျမကို ဂရုစိုက်တာကြောင့်ဘဲလားမခွဲခြားနို်င်ပေမယ့် စိတ်ထဲမှာကြည်နူး
နေတာတော့အမှန်ပါဘဲ။
#################################################                                                                                               ပုသိမ်ကနေထွက်လာတော့ ကျမစီးလာတဲ့ကားကလူမပြည့်သေးပါဘူး။
ကျမထိုင်ရတဲ့ခုံက ကားအလယ် လောက်မှာပါ။
ခုံလေးတွေက အတော်လေးကိုသေးပါတယ်။
ကျမဘေးနားကအဒေါ်ကြီးက အတော်လေးဝတော့ ထိုင်ရတာကျဉ်းကျပ်ကျပ်။
နောက်ဆုံးတန်းခုံရှည်ကြီးကတော့ထိုင်မယ့်သူတစ်ယောက်မှမရှိ။
ကျမရဲခရီးဆောင်အိပ်ကို လဲပေါင်ပေါ်မှာတင်ထားရပါတယ်။
သိပ်မကြာခင်မြို့ထွက်ခါနီးလေးမှာလူတစ်စုကလက်ပြတားတော့ ကားရပ်ပေးပါတယ်။
“စပယ်ယာလေးက လက်မှတ်ဖြတ်ပြီးသား လမ်းတက်ငါးယောက်”လို့အော်ပါတယ်။
အဲဒါနဲ့စပယ်ယာလေးကို နောက်ဆုံးတန်းသွားထိုင်လို့ရလားမေးတော့ ခေါင်းငြိမ့်ပြတာနဲ့
ကျမလဲနောက်ဆုံးတန်းကိုရွှေ့ထိုင်လိုက်တော့ အတော်လေး လွတ်လပ်သွားသလိုပါဘဲ။
ကျမနေသားတကျထိုင်ပြီးမှအစောက တက်လာတဲ့သူတွေကိုကြည့်လိုက်တော့                                                                                                                    ပုသိမ်ကိုအလာတုန်း က ကားတစ်စီးထဲစီးခဲ့တဲ့ ကောင်လေးတို့
အုပ်စုဖြစ်နေတာတွေ့လိုက်တော့စိတ်ထဲမှာအားရှိသွားသလိုလို
ဝမ်းသာသွားသလိုလို တစ်ယောက်ထဲမဟုတ်တော့ဘူးလို့ ခံစားရမိသလိုလိုပါဘဲ။
ကောင်လေးက လဲနောက်လှည့်အကြည့် ကျမကို ပြုံးပြပြီး
ကျမနားကိုလာထိုင်မယ်လို့ လက်ဟန်ခြေဟန်နဲ့
အချက်တွေပြပြီး ကျမထိုင်နေတဲ့ခုံတန်းရှည်ပေါ်ကိုသူရောက်လာပါတယ်။
ကျမတို့စီးတဲ့ကားက လူနှစ်ဆယ်ကျော်ကျော်လောက်တော့ပါ ပါတယ်။
ဒါပေမယ့် ခုံအောက်မှာ ကုန်တွေအပြည့်ထိုးထားပါတယ်။
ပီနံအိတ်တွေရော ဂျဒ်ဖာတွေရော အသားကြမ်းနဲ့ရိုက်ထားတဲ့သေတ္တာတွေရော
ပုံးတွေရောစုံနဖာစီ။
ကားလေးကတော့ မြစ်ကမ်းနဲ့ယှဉ်ထားတဲ့ လမ်းကျဉ်းလေးပေါ်မှာ တအိအိ။
ကျမကတော့ ကားလမ်းရဲ့ဘယ်ဘက်ခြမ်းမှာရှိတဲ့ မြစ်ပြင်ပေါ်မှာ လှေသမ္မာန်လေးတွေ
သွားလာနေကြ ကမ်းစပ်မှာကုန်တင်ကုန်ချလုပ်နေကြတာ
ငဝန်မြစ်ရိုးတစ်လျောက်ဆန်တက်လာကြတဲ့ အုန်းသီးလှေကြီးတွေကို ငေးမောလို့မဝနိုင်။
အဲဒီအချိန် နုတ်သွက်အာသွက်ရှိလှတဲ့ကောင်လေးက ကျမတို့ခုံရှေ့ကဦးလေးကြီးနဲ့
စကားတွေဖောင်ဖွဲ့လို့နေပါတယ်။
“ဧည့်ပါးတဲ့ အချိန်မို့ အခုလိုကားချောင်တဲ့အကြောင်း၊
ခါတိုင်းဆိုရင်လူရောကုန်ရော ငပိသိပ် ငါးချဉ်သိပ်လိုက်ရတဲ့အကြောင်း၊
ခါတိုင်းဆိုသူတို့လဲ ချောင်းသာကနေဆိုင်ကယ်နဲ့လာတဲ့အကြောင်း၊
အခုရက် မိုးမိမှာကြောက်လို့သာ ကားနဲ့လိုက်လာခဲ့တဲ့အကြောင်း၊
ခပ်မှန်မှန်မောင်းရင် (၂)နာရီသာသာလောက်ဘဲမောင်းရတဲ့အကြောင်း၊
ကားလမ်းက ပုသိမ်ကအထွက်သာနည်းနည်းကြမ်းတဲ့အကြောင်း
ကြိုးတံတားကိုဖြတ်ပြီးတာနဲ့ ကျောက်လမ်းမဖြစ်သွားတဲ့အကြောင်း
အဲဒီနေရာကစပြီး တောင်တက်လမ်းဖြစ်ပြိး အကွေ့ (၃၃)ကွေ့ရှိတဲ့အကြောင်း”
နယ်ခံဦးလေးကြီးကရှင်းပြပါတယ်။
သိပ်မကြာခင်မှာဘဲ ဦးလေးကြီးပြောတဲ့ကြိုးတံတားကိုရောက်လာပါတယ်။
အဲဒီရှေ့နားမှာဓါတ်ဆီဆိုင်လေးတစ်ဆိုင် မှာဆီဝင်ထည့်ပါတယ်။
အဲဒီဆိုင်လေးက ချောင်းသာနဲ့ ငွေဆောင်လမ်းခွဲပါဘဲ။
လမ်းဘယ်ဘက်ကွန်ကရစ်ခင်းထားတဲ့လမ်းက ငွေဆောင်ကိုသွားတဲ့လမ်းဖြစ်ပြီး
ညာဘက်ခြမ်း က ကတ္တရာလမ်းခင်းထားတာက ချောင်းသာကိုသွားတဲ့လမ်းပါဘဲ။
ဒီနေရာကနေ ချောင်းသာသွားသွား ငွေဆောင်ဆောင်သွားသွား
မိုင်(၃၀)ကျော်ကျော်လောက်ဘဲဝေးပါ တော့တယ်။
*****************************************************************
ဒီကြိုးတံတားလေးအလွန်ကစပြီး တောင်တက်တောင်ဆင်းလမ်းစပါတော့တယ်။
ကြည့်လေရာရာတိုင်းမှာ သစ်ပင်တွေမရှိ။
ခုတ်ထားတာ သိပ်မကြာသေးတဲ့အတိုင်း။
တောင်ကုန်းပေါ်မှာပေသုံးလေးဆယ်မြင့်တဲ့နှစ်ရှည်ပင်ကြီးတစ်ပင်နှစ်ပင် လောက်သာတွေ့ရပါတယ်။
လမ်းနံဘေးက ခြံထဲမှာတော့ မော်ဒယ်မြင့်အိမ်စီးကားလေးတွေရပ်ထားတာတွေ့ရပါတယ်။
အဲဒီခြံလေးတွေတွေထဲမှာတော့ အပင်ပေါက်လေးတွေမြင်ရနေပြန်ပါတယ်။
ကျမတို့ရှေ့ခုံက အဒေါ်ကြီးကို အဲဒီအပင်လေးတွေအကြောင်းမေးတော့
“ရာဘာပင်ပေါက်တွေလေသမီးရဲ့။
အဲဒီရပ်ထားတဲ့ကားလေးတွေက မြို့ကလာတဲ့ ခြံပိုင်ရှင်တွေပေါ့။
သူတို့တတွေကဒီပါတ်ဝန်းကျင်က မြေတွေကိုဈေးပေါပေါနဲ့ ဝယ်ပြီး သစ်ပင်တွေခုတ် တောရှင်း နှစ်ရှည်ရာဘာပင်တွေစိုက်ကြတော့တာ၊
ဒီနားရှိသမျှခြံအားလုံးရာဘာခြံတွေဘဲဖြစ်တော့မှာလေ။
တောခုတ်လိုက်တော့ ဆင်တွေတောင် ညည ဆိုလမ်းပေါ်တက်လာတယ်။
ပြီးခဲ့တဲ့သင်္ကြန်ရက်က အမေ့သားတွေ ပုသိမ်ကနေ ညပိုင်းပြန်လာတာ။
လမ်းအကွေ့မှာ ဆင်ကြီးနှစ်ကောင်ကိုဘွားကနဲ့တွေ့လိုက်တော့ အရမ်းကိုလန့်သွားကြတာတဲ့အေ။
ဟိုကနှာမောင်းနဲ့လှမ်းဆွဲတာ ကို ဆိုင်ကယ်ကိုအကြမ်းမောင်းပြီးလွတ်အောင်                                                                                                                   မနည်းပြေးခဲ့ရတာတဲ့ သမီးရေ။
အဲဒီကစပြီး ညဆို ဒီလမ်းကိုဖြတ်ရဲတဲ့သူမရှိတော့ဘူးလေ”
ကျမတို့စီးလာတဲ့ကားလေးကတော့ ဟွန်းသံတဘော်ဘော်ပေးရင်း လမ်းကျဉ်းကျဉ်းလေးမှာရှောင်ရင်းတိမ်းရင်း
ခရီးသွားတွေကိုတင်ရင်းချရင်း မိုးလေးတဖွဲဖွဲအောက်မှာခရီးဆက်ခဲ့ပါတယ်။
ကောင်လေးကတော့ သူသိချင်သမျကို လက်ညိုးတထိုးထုးိနဲ့မေးရင်းပေ့ါ ။
ချောင်းအကျယ်ကြီးကို ကျော်ဖြတ်အပြီး အိမ်စုလေးနားမှာကားရပ်လို့ပစ္စည်းတွေချပါတယ်။.
ကားပြန်ထွက်မယ်အလုပ်မှာ ဂီးကနဲတစ်ချက်မြည်ပြီးကားရပ်သွားပါတော့တယ်။
ကလပ်ဘရိတ်ပေါက်သွားတာပါတဲ့။
ဆယ့်ငါးမိနစ်လောက်ကြာမယ်ပြောပါတယ်။
ဒါနဲ့ကားပေါ်ကနေအောက်ဆင်းပြီး ဓါတ်ပုံရိုက်ဘို့ ပြင်ပါတော့တယ်။
တံတားအောက်က ချောင်းထဲမှာကလေးတွေကစားနေတာမြင်တော့ ဓါတ်ပုံရိုက်။
ပြန်အလာမှာ ဆော့နေတဲ့ကလေးတွေရယ် အိမ်ထဲမှာ ထင်းမီးမွှေးပြီး ထမင်းအိုးတည်
နေတဲ့ကလေးမလေးကို အမိအရလိုက်ရိုက်နေမိပါတယ်။
အုးိးးးးးးးးးကြည့်လိုက်တော့ ကောင်လေးကလဲ ကျမလိုဓါတ်ပုံလိုက်ရိုက်နေတာကိုမြင်ရ။
ကျမ ကိုမြင်တေ့ာသူကလဲ ကင်မရာလေးကိုမြှောက်ပြီး လက်မလေးထောင်ပြပါတယ်။
သူကိုင်ထားတာက ကင်နွန်ကင်မရာအကြီး ကျမကိုင်တာက အိမ်သုံးဒစ်ဂျစ်တယ်ပေါက်စက။
ရီစရာတော့ ကောင်းနေသလိုလို။

ခဏနေတော့ကားပြင်ပြီးသွားပြီဆိုတော့အားလုံးကားပေါ်ပြန်တက်လို့ခရီးဆက်ကြပါတယ်။
ဒီတစ်ခါကားပေါ်အရောက်မှာတော့သူနဲ့ကျမကြားမှတစိမ်းဆိုတဲ့ အလွှာပါးပါးလေး ကွာကျသွားသလို။
နှစ်ယောက်လုံးက တူညီတဲ့ဝါသနာရှိသူကိုး။
ထိုင်ခုံမှာအတူယှဉ်ထို်င်မိတဲ့အချိန်ကစပြီး သူနဲ့ကျမ အစောကရိုက်လာတဲ့ပုံတွေကို
အပြန်အလှန်ပြကြပါတယ်။
တို်က်ဆိုင်စွာသူနဲ့ကျမ ပုံတစ်ပုံကိုရဘို့ကြိုးစားကြတဲ့ အမြင်ဒေါင့်တွေက တူနေပါတယ်။
အဲဒီကစပြီးတစ်ယောက်နဲ့တစ်ယောက် ဟိုးနှစ်ပေါင်းများစွာကတည်းကခင်မင်ရင်းနှီးခဲ့တဲ့                                                                                                       မိတ်ဆွေများတွေလို ဓါတ်ပုံအကြောင်းတွေ ပြောကြပါတော့တယ်။
ကျမကလဲ ဖေစ်ဘုတ်မှာ ဓါတ်ပုံတင်သလို သူကလဲ တင်ပါတယ်၊
ကျမတို့နှစ်ယောက်ဓါတ်ပုံအကြောင်း ဖွဘုတ်အကြောင်းပြောလိုက်ကြတာ
သူနဲ့ပါလာ တဲ့အတွဲနှစ်တွဲက လည်ပြန်ပြီးကြည့် ယူရတဲ့အထိပါဘဲ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ဥတိုချောင်းကိုလွန်လာတဲ့အခါ ချောင်းသာနဲ့သိပ်မဝေးတော့ဘူးလို့ဆိုပါတယ်။
ဦးလေးကြီးက ကျမတို့ကို ဘယ်မှာတည်းမှာလဲမေးတဲ့အခါ မသိသေးဘူးလို့ဖြေမိပါတယ်။
အဲဒီအခါ ဦးလေးကြီးက “ကျနော်တည်းခိုခန်းကိုလိုက်တည်းပါလား”လို့ပြောရင်း
အားလုံးဘယ်နှစ်ယောက်လဲလို့မေးတဲ့အခါ ကောင်လေးက
ခြောက်ယောက်လေးခန်းလို့အမြန်ဝင်ဖြေပါတယ်။
ကျနော့်တည်းခိုခန်းက ရွာအဝင်စမှာရှိတာ.။
ကမ်းခြေနဲ့လဲသိပ်မဝေးဘူး အခန်းတိုင်းမှာရေချိုးခန်းအိမ်သာပါမယ်။
အသစ်ပြင်ထားတာမကြာသေးဘူး.။
နှစ်ယောက်ခန်းငါးထောင် တစ်ယောက်ခန်းသုံးထောင်ဘဲပေးလို့ပြောပါတယ်။.
သူ့မိန်းမကတော့ ကဲပါ လိုက်ကြည့်ပြီးမှ တည်းပါလို့ဝင်ပြောပါတယ်။
ဒါနဲ့ဘဲတည်းခိုးခန်း ကိစ္စက ပြီးသွားသလိုပါဘဲ။

ပင်လယ်ကမ်းစပ်ကိုသွားတယ်ဆိုပေမယ့် တောင်တွေကို သာ တစ်တောင်ပြီးတစ်တောင်
တစ်ကွေ့ပြီးတစ်ကွေ့ဖြတ်လာတယ် ပင်လယ်နဲ့တူတဲ့အရိပ်အယောင်တောင်မမြင်ရ။
အဲဒါနဲ့ အဒေါ်ကြီးကိုမရောက်သေးဘူးလားမေးတော့
“နောက်တောင်တစ်လုံးကိုကျော်ပြီးရင်ရောက်ပြီ သမီးရေ “လို့ပြုံးစစနဲ့ ပြန်ဖြေပါတယ်။
သိပ်မကြာခင်မှာဘဲ ကျမတို့ကားလေးက ချောင်းသာ ကမ်းခြေကိုဝင်လာပါတယ်။
လမ်းညာဘက်ခြမ်းက ဟော်တယ်ကြီးတွေကြားထဲမှာ ပင်လယ်ကို လှမ်းမြင်နေရပါတယ်။
အဲဒီအချိန်ကောင်လေးက ကင်မရာထုတ်ပြီး ကားနံရံကိုရိုက်နေတာကိုကြည့်လိုက်တော့
“မေ့ကျန် မှားကျန် တာဝန်မယူ”ဆိုတာကိုမြင်မိတော့ပြုံးမိပြန်ပါတယ်။
ချောင်းသာကိုရောက်လို့ပျော်မိပေမယ့် စိတ်ညစ်တာက မိုးဖွဲဖွဲကျနေတာကိုပါဘဲ။
မိုးရွာနေရင်ကျမ ရိုက်ချင်လွန်းတဲ့ ပင်လယ်ပြင်ရဲ့နေဝင်ချိန် ကို ရနိုင်မှာမဟုတ်တော့လို့ပါ။
ရွှေချောင်းသာ ဟိုတယ်အလွန်မှာကျမတို့အဖွဲ့ကားပေါ်ကဆင်းကြပါတယ်။
တည်းခိုခန်းပိုင်ရှင်လင်မယားကရှေ့ကသွား။
ကျမတို့က နောက် ကတန်းစီလိုက်ပေါ့။
ရွာလမ်းကလေးအတိုင်းဝင်ပြီးသုံးအိမ်အကျော်လောက်မှာ ညာဘက်ကိုချိုးလိုက်တော့
သူတို့တည်းခိုခန်းကိုရောက်ပါတယ်။
ဘိုလိုရေးထားတဲ့ တည်းခိုးခန်းရဲ့နာမယ် ကိုမြန်မာလိုပြန်လိုက်ရင်တော့
“ချစ်အိပ်မက်”ပါတဲ့။
တည်းခိုခန်းက နှစ်ထပ်။
အပေါ်ထပ်မှာနေကြလို့ပြောလို့ အပေါ်တက်ပြီး
အခန်းထဲကိုဝင်ကြည်လိုက်တော့ သပ်သပ်ရပ်ရပ်။
အခန်းလေးတွေကသိပ်တော့မကျယ်ပေမယ့်အခန်းတိုင်းမှာ ရေချိုးခန်းအိမ်သာတွဲလျက်။
ကျမက မြောက်ဘက်အစွန်ဆုံးအခန်းကိုယူလိုက်ပါတယ်။
အဲဒီမှာလေသာဆောင်လေးလို အဆောင်လေးပါလို့ပါ။
ကောင်လေးတို့အဖွဲကကျမရဲ့တောင်ဘက်အခန်းတွေမှာယူကြပါတယ်။
တည်းခိုးခန်းကဦးလေးကြီးကိုနက်ဖြန်ပြန်ဘို့လက်မှတ်ဘယ်လိုဝယ်ရသလဲမေးတော့
“စိ်တ်မပူနဲ့ပြန်မယ့်အချိန်ပြော ကျုပ်ဖုန်းဆက်ပြိးမှာပေးထားမယ်ဗျာ”လို့ဆိုတော့
စိတ်အေးသွားပါတယ်။
ဒါနဲ့ကျမလဲ ပေါ့ပါးလွတ်လပ်တဲ့ ချည်ထည်ဘောင်းဘီနဲ့ တီရှပ်လဲနေတုန်း
ကိုတင့်ဆီက ဖုန်းဝင်လာပါတယ်။
ရောက်ပြီလား အဆင်ပြေလားပေါ့။
“နင့်အတွက်ဘာလက်ဆောင်ဝယ်ခဲ့ရမလဲ”မေးတော့
“ကျောက်မျှော့”ဆယ်ကောင်လောက်ဝယ်ခဲ့”လို့ပြောရင်းရီနေပါတယ်။
သူနဲ့စကားနည်းနည်းပါးပြောပြီး
ကင်မရာ ပိုက်ဆံအိတ် ဖုန်းနဲ့ ထီးကိုယူပြီးတည်းခိုခန်းကနေ ပင်လယ်ဘက်ကိုထွက်လာခဲ့ပါတယ်။
ကျမအောက်ကိုဆင်းလာတဲ့အချိန်ကောင်လေးတို့အဖွဲ့က အခန်းတံခါးတွေကပိတ်ထားပါတယ်။
တည်းခိုခန်းကနေ လမ်းမကိုအရောက် ကမ်းခြေဘက်ကိုဆင်းမယ်အလုပ် ဟိုတယ်ကြီးတွေရဲ့
ဝင်ပေါက်တိုင်းမှာ “တည်းခိုသူမှအပ ဖြတ်သန်းခွင့်မပြု “ဆိုတဲ့စာတန်းတွေက ဆီးကြိုလို့နေပါတယ်။
အဲဒါနဲ့ကမ်းခြေကိုဘယ်နားကဆင်းရမယ်ဆိုတာ မသိဖြစ်နေတုန်း ပုံးလေးလွယ်ထားတဲ့ကလေး တစ်ယောက်က သူနဲ့လိုက်ခဲ့ဘို့ခေါ်ပါတယ်။
သူလွယ်ထားတဲ့ပုံးထဲမှာတာ့ ဂဏန်းအရှင်လေးတွေက ရွစိထိုးနေတာကိုမြင်ရ
တာအူယားစရာကောင်းလှပါတယ်။
ဟိုတယ်ဝင်းအကျယ်ကြီးတွေကိုကျော်ပြီးတောင်ဘက်ကိုပြန်သွားမှ ဟိုတယ်နှစ်ခုကြားမှာ
ကမ်းခြေကိုဆင်းဘို့လမ်းကျဉ်းကျဉ်းလေးတစ်ခုကိုတွေ့ရပါတော့တယ်။
ကမ်းခြေအရောက်မှာတော့ ကျယ်ပြန့်လှတဲ့ ပင်လယ်ပြင်ကြီးကို လှိုင်းသံတွေတဝုန်းဝုန်းကြားမှာ မြင်နေရပါတယ်။
ပင်လယ်ဆိုတာကိုရုပ်ရုင်ထဲမှာမြင်ဘူးတဲ့ကျမအဖို့တော့မြင်ကွင်းအသစ်ကိုငေးမောမဆုံး။
ကမ်းခြေကလဲအရှည်ကြီး။
ကျမရောက်နေတဲ့နေရာရဲ့ဘယ် ဘက်မှာတော့ ရွှေရောင်ဝင်းနေတဲ့စေတီလေးတစ်ဆူ။
အဲဒီစေတီလေးရဲ့ အဝေးမှာတော့သစ်ပင်တန်းလေးနဲ့ နောက်ထပ်စေတီတစ်ဆူကိုမြင်နေရပြန်ပါတယ်။
ညာဘက်ကိုလှမ်းအကြည့်မှာတော့ ဟိုးအဝေးမှာတောတန်းလေးတစ်ခု။
ပင်လယ်ကမ်းစပ်ကတော့ ပစောက်ပုံသဏ္ဍာန်ခပ်ကွေးကွေးဝိုက်ဝိုက်.။
ပင်လယ်ပြင်ကြီးရဲ့ဟိုးအဝေးမှာတော့ ကျွန်းပုံသဏ္ဍန်အစက်ကလေးနဲ့စေတီဖြူဖြူလေးကို ပြပြလေးမြင်နေရပါတယ်။
သဲဖြူကျွန်းလို့ခေါ်ပါသတဲ့။
အဲဒီကျွန်း ကရေက ချောင်းသာကရေလို့ နောက်မနေဘဲကြည်လင်ပါသတဲ့။
ရေအောက်ကလှပတဲ့မြင်ကွင်းတွေကို လဲကြည့်နိုင်ပါသတဲ့။
အခုချိန်သွားမယ်ဆိုရင် စက်လှေစင်းလုံးငှားမှ သွားလို့ရမယ်။
လေးငါးသောင်းလောက်ပေးမှလိုက်ပါသတဲ့။
ဧည့်ပေါတဲ့ အချိန်မှာတော့ မော်တော်တွေက သဲဖြူကျွန်းကိုသွားပေးပါသတဲ့။
အဲဒီအချိန်ဆိုရင်တော့ ငါးထောင်လောက်ဘဲရှိတယ်လို့ ကျမကိုလိုက်ပို့ပေးတဲ့ ကလေး ကပြောပြပါတယ်။
သူပြောချင်တာတွေလဲ ပြောပြီးရော သူ့ဆီကနေ ဂဏန်းဝယ်လွှတ်ဘို့နားပူပါတော့တယ်။
မဝယ်မချင်းကို တတွတ်တွတ်ပြောတာပါ။
ဒါနဲ့ဘဲ ဂဏန်း ငါးရာဘိုး ဝယ်လွှတ်ပေးလိုက်ရပါတယ်။
ကျမလက်ထဲလွတ်တာနဲ့ သဲပြင်ပေါ်လျောက်ပြေးနေတဲ့ဂဏန်းကောင်ကို အမိအရလိုက်ပြီး ဓါတ်ပုံရိုက်။
အံမယ် သောင်ပြင်ပေါ်ပြေးနေရာင်း လက်မတထောင်ထောင်နဲ့ မာန်ဖီပြနေပုံက ချစ်စရာ။
ဂဏန်းကောင်လေးတွေရိုက်ကောင်းတုန်းရှိသေးတယ် သောင်ပြင်ပေါ်လှိုင်းတက်လာပြီး
ပြန်အကျ မှာဂဏန်းကောင်လေးတွေလဲပင်လယ်ထဲပြန်ပါသွားပါတော့တယ်၊
ဘယ်အချိန်မှာပြန်အဖမ်းခံရပြီးဂဏန်းရောင်းတဲ့ကောင်လေးရဲ့ပုံးထဲပြန်ရောက်မယ် ဆိုတာတော့ မသိနိုင်ဘူးပေါ့နော်။
ကျမကို ရောင်းလဲပြီးရော ဂဏန်းသည်လေးလဲနောက်လူရောင်းဘို့ ကျမအနားကပြေးထွက်သွားပြီဆိုတော့ သောင်ပြင်ပေါ်မှာတစ်ယောက်ထဲ လွတ်လွတ်လပ်လပ်။
အဲတော့ မှ ဖိနပ်ကိုချွတ် ထီးလက်ကိုင်မှာချိတ်၊
သောင်ပြင်အစပ်မှာခြေဗလာနဲ့လမ်းလျောက်ကြည့်တဲ့အခါသဲနုနုမွမွလေးတွေရဲ့ အတွေ့ကနူးနူူးညံ့ညံ့၊
လှိုင်းပုတ်လို့ရောက်လာတဲ့ ပင်လယ်ရေကတော့ အေးအေးစိမ့်စိမ့်။
လှိုင်းတွေပြေးလာသံက တဝုန်းဝုန်း တဝေါဝေါ ။
သန့်ရှင်းလတ်ဆတ်တဲ့လေရဲ့ အနော့ကြောင့် ဆံပင်တွေကလေထဲဝဲနေတာကလဲအရသာတစ်မျိုးပါဘဲ။
ညနေခင်းလေးမှာ ပင်လယ်လှိုင်းစီးနေသူတွေအများကြီးပါဘဲ။
ဘောကွင်းလေးတစ်ခုထဲ ကို ချစ်သူစုံတွဲအတူတွဲလို့စီးသူစီး။
ဘောကွင်းထဲဝင်ပြီး ပင်လယ်လှိုင်းအစုန်အဆန်စီးသူကစီး။
ဘာမှမပါဘဲ အလွတ်ကူးပြီး လှိုင်းစီးသူစီး။
ရေဆင်းမကူးရဲတဲ့ ကျမ လိုလူတွေကတာ့ သောင်ပြင်အစပ်ကရေထဲမှာလမ်းလျောက်သူလျောက်။
မြင်ရတာနဲ့တင်အလိုလိုပျော်လာပါတယ်။
အဲတော့ကျမလက်ထဲက ကင်မရာလေးမှာလဲ လုံးဝအနားမရ ကျမလက်ဆော့သမျှ ပုံရိပ်ထင်အောင် ကြိုးစားနေရရှာပါတယ်။

မိုးရိပ်ရှိတော့ ပင်လယ်ပြင်က သိပ်တော့ကြည့်လင်မူ့မရှိသလိုနေရာကနေ သိပ်မကြာခင်လေးမှာ ကောင်းကင်ကြီးက အပြာရောင်သန်းလို့လာပါတယ်။
ဘောကွင်းတွေငှားတဲ့နားလေးမှာအုန်းသီးစိမ်း သည်လေးတွေကိုတွေ့ရပါတယ်။
ကျမလဲအုန်းရေ သောက်ချင်လာတာနဲ့ အုန်းသီးတစ်လုံးမှာပြီး
ပလပ်စတစ်ထိုင်ခုံလေးပေါ်မှာထိုင်ရင်း ပင်လယ်ပြင်ကြီးကိုငေးကြည့်
ပင်လယ်ရဲ့ရင်ခွင်ထဲမှာ ပျော်ရွှင်စွာ လှိုင်းစီးနေတဲ့သူတွေကိုငေးကြည့်
နေရင်းက စိတ်ထဲမှာလွတ်လပ်ပေါ့ပါးလာသလိုပါဘဲ။
ရေမကူးတတ်တဲ့ အညာသူကျမကတော့ သူများတွေ ပင်လယ်ရေစိမ်နေတာကိုငေးမောနေရုံကလွဲလို့
ရေဆင်းမဆော့ရဲတာအမှန်ပါဘဲ။
မတော်လို့ရေနစ်သွားရင် ကျမကိုဆယ်မယ့်သူမရှိဘူးလေ။
အဲဒီအချိန်မှာ ကောင်လေးက ကျမအနားကိုရောက်လာတာပါဘဲ။
သရီးကွားတားကာကီရောင် တီရှပ်ခဲရောင်ဝတ်ထားတဲ့ကောင်လေးက သူ့အသားလတ်လတ်နဲ့တော့ အတော်လေးလိုက်ဖက်တယ်ပြောနိုင်ပါတယ်။
အရပ်ကတော့ သိပ်မမြင့် နုတ်ခမ်းမွှေးစစ မျက်လုံးကပြုံးယောင်ယောင် ဆိုတော့
ချောတယ်မဆိုနိုင်ပေမယ့်လူရည်သန့်ကလေးလို့ပြောရင်ရနိုင်ပါတယ်။

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
“မမ” တစ်ယောက်ထဲလား ”
“ဟုတ်ပ အစက မန်းလေးက သူငယ်ချင်းနှစ်ယောက်နဲ့ဒီမှာချိန်းထားတာလေ၊
သူုတို့က မလာနို်င်တော့ မမ တစ်ယောက်ထဲဖြစ်သွားတော့တာပေါ့ ”
“အော် မမ ကလဲ မန်းလေးက ဘဲလား၊ ကျနော်က စိန်ပန်းထဲမှာနေတာ ”
“် မမ က အောင်တော်မူ မှာနေတာ ”လို့
အပြန်အလှန်ပြောကြတော့မှ တစ်မြို့ထဲသားတွေဖြစ်နေပါတယ်။                                                                                                                                              ဒါပေမယ့် မြု့ိအရှေ့ဖျားနဲ့ အနောက်ဖျား။
အဝေးရောက်နေချိန်မှာ တစ်မြိုထဲ တစ်နယ်ထဲသားချင်း တွေ့ကြရင် ဆွေမျုးိတွေ တွေ့သလို
ဘဲ ဆိုတဲ့စကားကို ပိုသဘောပေါက်သွားပါတယ်။ အဲဒီက စပြီး ကျမ နဒီငြိမ်း နဲ့ လင်းဝေအောင်                                                                                                                  ဆိုတဲ့ အငယ်လေးတို့ ပိုရင်းနှီးသွားပါတယ်။
သူနဲ့ကျမစကားပြောနေရင်း အုန်းရေသောက်မလားမေးတော့ ဘုရားနားရောက်မှ
သောက်မယ်ဆိုပြီး ဘုရားဘက်ကို သွားရအောင်ပြောပါတယ်။
အဲဒါနဲ့ကျမနဲ့သူဘယ်ဘက်ခြမ်းမှာရှိနေတဲ့စေတီလေးဆီကိုလမ်းလျောက်သွားကြပါတယ်။
ချောင်းသာရောက်တုံးရောက်ခို်က်အမှတ်တရ ဓါတ်ပုံရိုက်နေသူတွေလဲအများကြီး။
ကမ်းခြေမှာမြင်းစီးချင်တယ်ဆိုရင် မြင်းငှားသူတွေ ကအဆင်သင့်။
စက်ဘီးငှားစီးချင်တယ်ဆိုလဲရနိုင်ပါသေးတယ်။
ကျမတို့လမ်းလျောက်နေတဲ့ ကမ်းခြေတစ်ခုလုံးမှာတော့ ဟိုတယ်ကြီးတွေက
နေရာအပြည့်ယူထားပါတယ်။
သူတို့ဟိုတယ်မှာတည်းသူတွေပင်လယ်ပြင်ကိုကြည့်ရအောင်ခုံတွေချပေးထားပါတယ်။
ကျမတို့နှစ်ယောက်ပင်လယ်ပြင်ကိုငေးမောနေရင်း တဖြည်းဖြည်းလျောက်လာခဲ့ပါတယ်။
အဲဒီအချိန်မိုးတိတ်သွားပြီးကောင်းကင်ကကြည်လင်စပြုလာပါတယ်။
ဘုရားရှေ့နားက ကျောက်ဆောင်တွေကို အရှိန်နဲ့ ပြေးလာတဲ့လှိုင်းတွေထိခတ်မိချိန်မှာ
ဖွားကနဲ ဖွားကနဲ ရေမူန်ရေမွှားတွေလေထဲမှာလွင့်ပြီး လက်လက်ထ နေတာကြည့်လို့မဝနို်င်အောင်ပါဘဲ။
ကျမကတော့အဲဒီလှိုင်းတွေကို အမိအရမှတ်တမ်းတင်မိနေပါတယ်။
မြင်ရခဲတဲ့ မြင်ကွင်းဖြစ်နေတာကိုး။
သူကတော့ အုန်းသီးစိမ်းရောင်းတဲ့ဆိုင်လေးမှာထို်င်ရင်းအုန်းရေ သောက်နေပါတယ်။
ကျမလှိုင်းတွေကို ဓါတ်ပုံရိုက်နေရင်း ရေပြင်အရောင်ကရုတ်တရက်ပြောင်းသွားလို့
ကောင်းကင်ကို မော့အကြည့် အိုးးးးးးးးးးးးးးးးးးးးးးးအလွန်လှပသော လိမ္မော်နဲ့အနီအဝါအပြာ
ရောင်စုံယှက်သန်းနေတဲ့ ကောင်းကင်ပြင်ကြီးကို မြင်လိုက်ရတဲ့အခါ အရမ်းပျော်သွားပါတယ်။
ပျောက်ဆုံးသွားတဲ့ ရတနာတစ်ပါး ဒါမှမဟုတ် မရနို်င်တော့ဘူးလို့ထင်ထားတဲ့အရာတစ်ခုကို ပြန်ုရလိုက်သလိုပါဘဲ။
ကောင်လေးကိုလှမ်းကြည့်လိုက်တော့ ပင်လယ်ထဲမှာသွားနေတဲ့စက်လှေတစ်စီးကိုငေးမော။
“ဟေးးးးးးးးးးးးးးးးးးအငယ်လေးရေ” လို့ ကျမသတိလက်လွတ်အော် လိုက်မိပါတယ်။
သူက ကျမ အသံကြားလု့ိ လှည့်အကြည့် ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်တဲ့အခါ
သူလည်းဝမ်းသာအားရ ဖြစ်သွားပုံနဲ့ ထရို်င်ပေါ့တွေထောင်ကင်မရာတွေထုတ်နဲ့ အလုပ်တွေ
ရှုပ်ကုန်ပါတယ်။
သူက ဘုရားမြောက်ဘက်ခြမ်းကနေ ပင်လယ်ပြင်နဲ့ ကောင်းကင်ကို အရအမိဖမ်းနေပါတယ်။
ကျမကတော့ ဘုရားရဲ့ အရှေ့ဘက်အောက်ခြေ ကျောက်ဆောင်ပေါ်ကနေ ပင်လယ်ပြင်
ပေါ် အရောင်တွေစွန်းထင်းနေတာကို ရအောင်ယူနေပါတယ်။

တစ်ယောက်နဲ့တစ်ယောက်လှည့်တောင်မကြည့်အားဘဲ သဘာဝအလှကို                                                                                                                                   အရအမိဖမ်းဆုပ် နေမိကြပါတယ်။
တစတစနဲ့ နေရောင်ခြည်တွေကိုရုပ်သိမ်းတော့ အရောင်တွေလျေ့ာ့ကျလို့သွားပါတယ်။
နောက်တော့ အမှောင်တွေဖုံးလွှမ်းချိန်ရောက်မှ ဓါတ်ပုံရိုက်တာကိုရပ်ခဲ့ကြပါတယ်။
နှစ်ယောက်သား ပြန်ဆုံကြတဲ့အခါ ရိုက်ခဲတဲ့ဓါတ်ပုံတွေကိုအပြန်အလှပြနေကြတာ
လောကကြီးမှာ  ကျမတို့နှစ်ယောက်ထဲရှိနေသလို။                                                                                                                                                            ဒါကို ကျမတို့လို့ ဓါတ်ပုံခရေဇီများကတော့ သဘောပေါက်ကြပါလိမ့်မယ်။

ဓါတ်ပုံတွေကို ကြည့်မဝ ပြောမဝဖြစ်နေတုံး
အငယ်လေး ဖုန်း က အသံမြည်လာလို့ ကိုင်လိုက်တဲ့အခါ သူ့သူငယ်ချင်းတွေဖြစ်နေပါတယ်။
အဲတော့မှ ကျမဖုန်းကိုပါ  ဖွင့်ကြည့်လိုက်တော့ မစ်စ်ကောတွေရော မတ်စိတွေရောပြည့်နှက်.။
ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်တော့ ကိုတင့်နဲ့ကေသီ။
အဲတော့ကျမကလဲကေသီတို့ ကိုတင့်တို့ကိုပြန်ခေါ်ပြီး စကားတွေပြော။
သူတို့နှစ်ယောက်လုံးမေးလာကြတဲ့တူညီတဲ့ မေးခွန်းကတော့ “နင်တစ်ယောက်ထဲဘာတွေလုပ်နေလဲ”ဆိုတဲ့မေးခွန်းကိုတော့
ကျမအတွက်အဖြေခက်လှပါတယ်။
ကျမတစ်ယောက်အခုမှတွေ့တဲ့တစိမ်းတစ်ယောက်နဲ့အတူရှိနေတယ်ဆိုတာကို                                                                                                                သူတို့မသိစေချင်ပါဘူး။
အဲတော့လဲသူတို့သိချင်လွန်းတဲ့ အဖြေကို မသိချင်ယောင်ဆောင်ပြီး

နေဝင်ချိန်သာယာတဲ့အကြောင်း ဓါတ်ပုံလှလှတွေအများကြီးရတဲ့အကြောင်း    ပေါက်ပန်းဈေးလျောက်ပြောရပါတော့တယ်။

အငယ်လေး ကလဲ သူ့ သူငယ်ချင်းတွေနဲ့ ဖုန်းပြောပြီးတဲ့အခါ
“သူငယ်ချင်းတွေက ထမင်းစားဘို့လိုက်ရှာနေကြတာ၊
ဖုန်းခေါ်မရလို့သူတို့စားလိုက်ကြပြီတဲ့။
ရွာထဲက အိမ်ကို ချက်ခိုင်းလိုက်တာ၊
ဘာမှ မကျန်တော့ဘူး ကိုယ့်ဘာသာကို ဝယ်စားခဲ့တော့လို့ လှမ်းပြောတာ”
“ရတယ်လေ ညနေက အုန်းသီးဆိုင်ကကောင်မလေးကတောင်
ချက်ပေးရမလားမေးနေသေးတယ်။
မမ က ဆိုင်မှာဘဲစားဘို့ စိတ်ကူးထားတော့ မချက်နဲ့လို့ပြောလိုက်တာ။
အခုဆာပြီလား ၊
အငယ်လေး နဲ့ မမ ဆိုင်သွားစားကြရအောင်လေ”
ဆိုပြီး ကမ်းခြေကနေသွားဘု့ိပြင်ကြပါတယ်။
ဒါပေမယ့် မှောင်မဲနေတဲ့ ကမ်းခြေကနေ ထွက်ပေါက်ရှာမတွေ့။
ကျမတို့လမ်းပျောက်နေတော့ ခုံတန်းမှာထိုင်နေတဲ့ ဟိုတယ်ဝန်ထမ်းတစ်ယောက်ကို
ထွက်ပေါက်မေးတော့ သူ့နောက်ကလိုက်ခဲ့ဆိုပြီး သူတို့ဟိုတယ်ထဲကနေဖြတ်ပြီးထွက်ခိုင်းလိုက်ပါတယ်။
ထမင်းဆိုင်ဘယ်နားရှိလဲ မေးတော့ ဒီအတိုင်းတည့်တည့် သွား မီးတွေလင်းနေတဲ့ နေရာရောက်ရင် အနောက်ဘက်ကိုဆင်း ထမင်းဆိုင်တွေရှိတယ်ပြောပါတယ်။
သွားရမယ့် နေရာက နည်းနည်းလေးတော့လှမ်းပါတယ်။

ဒါနဲ့နှစ်ယောက်သား စကားပြောနေရင်းထမင်းဆိုင်အသွား မှာမိုးဖွဲလေးတွေကျလာတော့
သူကို့ကျမထီးအောက်ကိုအဝင်ခိုင်းပြီးနှစ်ယောက်အတူလျောက်လာခဲ့ကြပါတယ်။
ထမင်းဆိုင်အသွားလမ်းမှာ အမှတ်တရအရောင်းဆိုင်လေးမြင်တော့ သူကဝင်ကြည့်ရအောင်ပြောပါတယ်။
ပင်လယ်ထွက်ပစ္စည်းလေးတွေနဲ့ လုပ်ထားတဲ့အရုပ်ကလေးတွေကချစ်စရာ။
အဲဒီဆိုင်ရောက်တော့မှာကိုတင့်မှာတဲ့ ကျောက်မျှေ့ာဆိုတာကိုမေးကြည့်မိပါတယ်။
ဆိုင်ရှင်ကောင်လေးက အပွေးတွေထနေတဲ့ ရှည်ရှည်မျောမျောကျောက်တုံးလေးယူလာပါတယ်။
“အမပြောတဲ့ကျောက်မျှော့” မြင်ရ တာကြက်သီးထစရာ။
ကြည့်ရတာအတော်လေး လေးမယ့်ပုံပေါက်ပါတယ်။                                                                                                                                   ဆယ်ခုသာဆိုပုသိမ်ထိသယ်ရမယ်ဆိုရင် မချောင်လောက်ဘူး။
အဲတော့မှ ကိုတင့်ကျမကိုတမင်နောက်ပြီး ကျောက်မျှော့ ဝယ်ဘို့                                                                                                                                                     မှာလိုက် တယ်ဆိုတာသိလိုက်ပါတယ်။
ရန်ကုန်ရုံးက ကလေးမလေးတွေအတွက်လဲဖုန်းထဲ့တဲ့အိတ် ကလေးတွေဝယ်လာခဲ့ပါတယ်။
ကိုတင့်အတွက်ဘာဝယ်ရင်ကောင်းမလဲလို့စဉ်းစားမိတဲ့အခါငှက်ကလေးနှစ်ကောင်
ယောက်သွားခွံပေါ်တက်နေတဲ့အရုပ်ကလေးကိုဝယ်မယ်လို့စိတ်ကူးပေမယ့်
တော်ကြာ သူ့ကို နိမိတ်တွေပေးသလိုဖြစ်နေမှာစိုးမိပါတယ်။
ဒါနဲ့ဘဲ ကိုတင့်အတွက်ဘာမှ မဝယ်ဖြစ်တော့ပါဘူး။
ကျမလက်ဆောင်ပစ္စည်းတွေကိုရွေးနေတာကိုတွေ့တော့ အငယ်လေးက
ဘေးကရပ်ပြီးကျမကိုထီးမိုးပေးထားပါတယ်။
ကျမဝယ်ပြီးတော့ အငယ်လေး ရော မဝယ်ဘူးလားလို့အမေးမှာ
“ကျနော့်မှာလက်ဆောင်ပေးရန်လူမရှိ”လို့ရယ်ကျဲကျဲနဲ့ပြောတော့
“ကြော်ငြာတွေတော့ ဝင်နေပြီထင်တယ်” လို့ကျမကသူ့ကိုစလိုက်ပါတယ်။
ဖြစ်ချင်တော့ ကျမတို့ကဓါတ်ပုံတွေ တဖျပ်ဖျပ်ရိုက်နေတဲ့အချိန် နောက်ဝင်လာတဲ့စုံတွဲက
“ကြော်ငြာတွေရိုက်နေတာလားမသိဘူး”လို့သူတို့အချင်းချင်းပြောသံလဲကြားရော
ကျမတို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးရီမိကြပါတယ်။

အဲဒီလက်ဆောင်ရောင်းတဲ့ဆိုင်ရှင်ကောင်လေးကို ထမင်းသွားစားမလို့ဘယ်ဆိုင်ကောင်းလဲ
လု့ိမေးတဲ့အခါ “တိုးတက်အောင်”က စားကောင်းတယ် လို့ပြောပေးပါတယ်။
အဲဒါနဲ့ မိုးဖွဲဖွဲကြားမှာကျမတို့နှစ်ယောက်ထီးအတူဆောင်းပြီး ထမင်းဆိုင်ဘက်ကိုထွက်ခဲ့ကြပါတယ်။
ဟိုတယ်တွေဘက်ကတော့ မီးတွေလင်းထိန်နေပြီး ရွာဘက်ကတော့ ဘက်ထရီမီးရောင်သာရှိတော့နည်းနည်းမှောင်ပါတယ်။
အခုချိန်မှာအသိတစ်ယောက်နဲ့တွေ့ရင်တော့ ကောင်လေးတစ်ယောက်နဲ့တွဲလာတယ်ဆိုပြီး
စိတ်ဝင်စားနေကြမှာလို့ တွေးမိပြီး အမှောင်ထဲမှာပြုံးမိပါသေးတယ်။
သူက ဒါကို မြင်ဖြစ်အောင်မြင်ပြီး “ မမ ဘာတွေသဘောကျပြီး ပြုံးနေတာလဲ”လို့မေးတော့
“ဟင့်အင်း ဘာမှ မဟုတ်ပါဘူး” လို့ဖြေလိုက်ရပါတယ်။
ဘယ်ပြောပြလို့ဖြစ်မလဲနော်။

 

 

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး

26-10-2013

18 comments

  • KZ

    October 26, 2013 at 10:15 am

    ဝတ္ထုထဲကကို ဗဟုသုတ တစ်လှေကြီးရလိုက်တယ်။
    🙂

    ဒါနဲ့ ဟာလဝါစားချင်တယ်။
    ငပိရည်ကျိုစားချင်တယ်။
    ဂဏန်းစားချင်တယ်။
    :sar:

  • Mr. MarGa

    October 26, 2013 at 10:20 am

    လေးပေါက် စာကို ဖတ်ပြီး
    သတိရသွားမိတာက သူငယ်ချင်းများနဲ့ ချောင်းသာ သွားတုန်းကအကြောင်းတွေ
    ရန်ကုန်က ချောင်းသာအသွား
    ည ဆိုတော့ ဘာမှတော့ မသိ
    ဒါပေမယ့် အိပ်စ်ပရက်စ် တစ်ကားလုံးမှ ကျွန်တော်တို့ တစ်ဖွဲ့တည်းရယ်
    လုပ်ချင်တာလုပ်၊ အော်ကြဟစ်ကြ၊ ပျော်ကြပါးကြ နဲ့
    ပြန် လွမ်းသွားပြီ ဗျာ

  • sorrow weaver

    October 26, 2013 at 12:53 pm

    ကမ်းခြေကြီးကိုပါမြင်လာသလိုလိုပါပဲ..ဦးပေါက်ရေ….

  • kyeemite

    October 26, 2013 at 1:35 pm

    ချောင်းသာ မရောက်ဖူးသူတွေအတွက် ကိုပေါက်ရဲ့ ဝတ္ထုဖတ်ပြီး
    လွယ်လွယ်သွားလို့ ရအောင်ကိုပြည့်စုံပါရဲ့ဗျာ…
    ဇတ်လမ်းကိုတော့ ဆုံးအောင်ဖတ်မယ်ဗျာ.. 🙂

  • alinsett

    October 26, 2013 at 4:40 pm

    ချောင်းသာကိုလည်း ပြန်သွားချင်လာတယ်
    ချောင်းသာ ရောက်ဖြစ်ရင်လည်း
    ဒီဇာတ်လမ်းလေးကို သတိရနေတော့မှာပဲ ။

  • Ma Ma

    October 26, 2013 at 9:15 pm

    ကင်မရာပိစိလေးနဲ့လို့ ပြောတော့ ကိုပေါက်က မိန်းကလေးနေရာဝင်သရုပ်ဆောင်နေတယ်လို့ မြင်ယောင်မိပြီး ပြုံးမိတယ်။ :kwi:
    တစ်ယောက်တည်း ပင်လယ်ကမ်းစပ်သွားရတာ အတော်စိတ်ပျက်စရာကောင်းမယ်လို့ စဉ်းစားမိတယ်။
    နောက်မှတွေ့တဲ့ ဝါသနာတူ အဖော်မပါလဲ သူနဲ့အတူပါသွားတဲ့ စိတ်ကူးယဉ်စိတ်ကလေးရယ် ကင်မရာတစ်လုံးရယ်က အဖော်ကောင်းပဲ။ 🙂

  • မမ ပြောမှဘဲ သတိထားမိတော့တယ်။
    ဟုတ်ပ မမရေ။
    ဒါပေမယ့် ကင်မရာပိစိလေးက ကျပျောက်သွားပြီဗျာ။
    ကျနော်ကိုပညာတွေသင်ပေးခဲ့တဲ့ ကင်မရာလေးက ကျနော်ကို အပြီးတိုင်ခွဲထွက်သွားပါပြီ
    အင်မတန်နှမျောမိပါတယ်။

  • kai

    October 27, 2013 at 12:59 am

    “နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “..

    လှိုင်းကလေးရဲ့သောင်… ဆိုတော့… မြစ်လှိုင်းကလေးပေါ့…။ (စုနမိ )ပင်လယ်ကမ်းရိုက်လှိုင်းလိုမကြမ်းဘူးပေါ့လေ..

    နာမယ်ရွေးလှပါပေ့..။
    ဖွဲ့နှောင်ကလေးက သင်းပါပေ့…

    • ကိုခိုင်ရေ
      ဒီနာမည်လေး လဲ ပြင်လိုက်ဖျက်လိုက်နဲ့ ဆယ်ကြိမ်လောက်လုပ်ပြီးမှ အတည်ဖြစ်သွားခဲ့တာ

  • ကျော်စွာခေါင်

    October 27, 2013 at 9:09 pm

    ကိုပေါက်
    အဲဒီကို သွားလည်ရင် ကိုပေါက်ရဲ ့ပို ့စ်ကို ပရင့်ထုတ်သွားရမလိုပါဘဲ…
    တကယ် ဗဟုသုတရပါတယ်..။
    နောက် ဘာဖြစ်လာဦးမှာပါလိမ့်……
    အမျှင်လေးတွေ စ…….နေသလိုလို။

    • ကိုခေါင်ရ
      ကျနော်က ချောင်းသာကို ညနေငါးနာရီရောက် နောက်နေ့ မနက် ဆယ်နာရီပြန်ခဲ့ရတာ။
      တကယ့် ခဏလေးပါဘဲ

  • ရွှေမိုးတိမ်

    October 28, 2013 at 3:00 pm

    တိုးတက်အောင် ထမင်းဆိုင်လေးကိုတောင် လွမ်းသွားမိ …
    စာဖတ်ရင်း ချောင်းသာကအမှတ်တရတွေ ပြန်သတိရလာတယ် ကိုပေါက်ရေ 🙂

  • အခုရောက်နေတဲ့အရပ်နဲ့သိပ်မကွာခြားတဲ့သဘာဝဆိုပေမယ့် ဖေပေါက်အရေးသွက်ပုံကြောင့်
    ဇာတ်လမ်းလေးက ဖတ်လို့ကောင်းတယ်။
    အခန်းဆက်ဝတ္ထုရှည်အနေနဲ့ပုံနှိပ်ပို့သင့်တယ်။

  • သမော်ဒီးရေ
    ဖေပေါက်က ဂျာနယ်တိုက်တွေကို ပို့ရမှာ စိတ်မရှည်ပြန်ဘူး
    စောင့်ရတာကို

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 2:12 pm

    မိုးလေးကလည်း
    ကဗျာဆန်ဆန် ဖွဲဖွဲလေး ကျနေတယ်
    ထီးကလေး တစ်ချောင်းအောက်မှာ
    နှစ်ယောက်တည်း ….
    ဂလု .. ဘီလောက် ရင်ခုန်စရာ ကောင်းလိမ့်မလဲ … ငှဲငှဲ …

    ဒက်ဒီပေါက်ဂျီးရေ …
    နောက်ဆုံး အဆုံးသတ်နားက စာကြောင်းလေးကို ဖတ်မိတော့
    ပြုံးတောင် ပြုံးသွားမိသေးတယ် …
    တကယ် ….
    ရေးလည်း ရေးတတ်တဲ့ လူဂျီးဘဲ …

Leave a Reply