သောမက်စ် အလ်ဘာ အက်ဒီဆင်အနေဖြင့် လျှပ်စစ်ကို စတင်တီထွင်နိုင်ခဲ့ပြီးသည့် နောက်ပိုင်းတွင် သိပ္ပံပညာရပ်များနှင့် နည်းပညာများ၏ အကူအညီဖြင့် ပိုမိုအားကောင်းသော မီးလုံးများကို ဖန်တီးတီထွင်လာခဲ့ ကြပါသည်။ ယခုတွင် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များအနေဖြင့် ကမ္ဘာ့ပထမဆုံး WiFi ထုတ်လွှတ်နိုင်သော မီးလုံးကို တီထွင်နိုင်ခဲ့ပါသည်။
Wifi-emitting-Lightbulb

အဆိုပါနည်းပညာအား Li-Fi ဟုခေါ်ပြီး မီးလုံးတွင် Microchip တပ်ဆင်ထားကာ ၄င်းမှ အချက်အလက်များ ထုတ်လွှင့်ပြီး အမြန်နှုန်းမှာ ၁၅၀  Mbps ရှိပါသည်။ မီးလုံးမှ ထုတ်လွှတ်လိုက်သော WiFi အား တစ်ချိန်တည်းတွင် ကွန်ပျူတာလေးလုံးမှ အသုံးပြုနိုင်ပါသည်။ ၄င်းမီးလုံးများသည် ဈေးကြီးနိုင်သည်ဟု ထင်မြင်ယူဆလျက်ရှိသော်လည်း ယူဆသကဲ့သို့ မမြင့်မားနိုင်ကြောင်း သိရသည်။
တရုတ်သိပ္ပံပညာရှင်များအနေဖြင့် Li-Fi  မီးလုံး ၁၀ လုံးကို နိုဝင်ဘာလတွင် နမူနာပြသသွားမည်ဟု ဆိုသည်။

Source:www.thetechjournal.com

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)