မီးလုံးမှ Wi-Fi ထုတ်လွှတ်နိုင်ခြင်းကို တရုတ်တွေထွင်လိုက်ပီ

Mr WorldWideOctober 25, 20131min1775

သောမက်စ် အလ်ဘာ အက်ဒီဆင်အနေဖြင့် လျှပ်စစ်ကို စတင်တီထွင်နိုင်ခဲ့ပြီးသည့် နောက်ပိုင်းတွင် သိပ္ပံပညာရပ်များနှင့် နည်းပညာများ၏ အကူအညီဖြင့် ပိုမိုအားကောင်းသော မီးလုံးများကို ဖန်တီးတီထွင်လာခဲ့ ကြပါသည်။ ယခုတွင် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များအနေဖြင့် ကမ္ဘာ့ပထမဆုံး WiFi ထုတ်လွှတ်နိုင်သော မီးလုံးကို တီထွင်နိုင်ခဲ့ပါသည်။
Wifi-emitting-Lightbulb

အဆိုပါနည်းပညာအား Li-Fi ဟုခေါ်ပြီး မီးလုံးတွင် Microchip တပ်ဆင်ထားကာ ၎င်းမှ အချက်အလက်များ ထုတ်လွှင့်ပြီး အမြန်နှုန်းမှာ ၁၅၀  Mbps ရှိပါသည်။ မီးလုံးမှ ထုတ်လွှတ်လိုက်သော WiFi အား တစ်ချိန်တည်းတွင် ကွန်ပျူတာလေးလုံးမှ အသုံးပြုနိုင်ပါသည်။ ၎င်းမီးလုံးများသည် ဈေးကြီးနိုင်သည်ဟု ထင်မြင်ယူဆလျက်ရှိသော်လည်း ယူဆသကဲ့သို့ မမြင့်မားနိုင်ကြောင်း သိရသည်။
တရုတ်သိပ္ပံပညာရှင်များအနေဖြင့် Li-Fi  မီးလုံး ၁ဝ လုံးကို နိုဝင်ဘာလတွင် နမူနာပြသသွားမည်ဟု ဆိုသည်။

Source:www.thetechjournal.com

5 comments

  • Mr. MarGa

    October 25, 2013 at 2:00 pm

    အင်းးး
    ထွင်တော့ ထွင်လိုက်ပြီ
    နည်းပညာကတော့ အမြဲ ပြောင်းလဲနေတာပဲ။
    ဒီတစ်ခါ တရုတ် ပညာရှင်များ ဆိုတော့
    ဈေးနည်းမယ်လို့ ယူဆပါတယ် :mrgreenn:

  • ကျော်စွာခေါင်

    October 25, 2013 at 2:14 pm

    အဲဒီ ပညာရှင်တွေရဲ ့ဦးဏှောက်ကို ရွှေချထားချင်တယ်
    တော်လိုက်ကြတာ…။

  • kai

    October 25, 2013 at 3:10 pm

    အဘိဓမ္မာမှာ.. ရုပ်ရောနာမ်ရော..ဖြစ်တဲ့နေရာပျက်တယ်ဆိုပေမယ့်… ဝီထိအစဉ်တန်းနဲ့.. ကူးလူးသွားလာနိုင်တဲ့သဘောရှိတယ်တဲ့..။

    အဲဒါမှန်ကန်ကြောင်းကို.. အခုဝိုင်ဖိုင်.. လိုင်ဖိုင်တွေသက်သေပြနေကြောင်းရယ်.. :kwi:

  • ကျော်စွာခေါင်

    October 25, 2013 at 4:14 pm

    သူကြီးကို ကျနော် ခင်မင်လေးစားမိတာ အဲဒါလေးတွေကြောင့်..။
    ဗဟုသုတ ဟင်းလေးအိုးကြီး…
    နီးနီးနားနားမှာဆို ကျနော် သင်ယူလေ့လာစရာတွေ သူကြီးဆီမှာ အများကြီးဘဲဗျ..။

    • Ma Ma

      October 25, 2013 at 4:37 pm

      ဒီရွာသူားတွေထဲမှာ ခေါင်က အတော်ဆုံးပဲ။ (သဂျီးစိတ်ထဲက ပြောနေတာ) :kwi:
      ဒီရွာမှာ ဒီသဂျီးနဲ့ ဒီရွာသူားတွေ ဦးရာလူက နှက်သွားကြတာချည်းပဲ။ :mrgreen:

Leave a Reply