ကမ္ဘာကြီးအနေဖြင့် ၂၀၄ရ ခုနှစ်အထိသာ နောက်ဆုံးအေးမြနိုင်တော့မည်

Mr WorldWideOctober 25, 20131min19913

ကမ္ဘာ့အပူချိန်မြင့်တက်မှုနှုန်းသည် တစ်ဖြည်းဖြည်းဖြင့် သတိပေးမှုအဆင့်ကိုပင် ကျော်လွန်ရောက်ရှိခဲ့ ပြီဖြစ်ပါသည်။ ”လူတို့၏ မရပ်တန့်နိုင်သော အပြုအမှုများကြောင့် လာမည့် နှစ်ပေါင်း ၁၀ဝ အတွင်း ပတ်ဝန်းကျင်ပျက်စီးမှုနှင့် ရာသီဥတုဖောက်ပြန်မှုများ ကြုံတွေ့ရတော့မည်” ဟု ဇီဝဗေဒပညာရှင် ပါမောက္ခ Frank Fenner ကဆိုသည်။
တွေ့ရှိချက်အသစ်များအပေါ်အခြေခံ၍ စာဖတ်သူအနေဖြင့် မိဘများ၏ လက်ရှိအသက်ကို ပိုင်ဆိုင်လာသည့် အချိန်မျိုးတွင် အေးမျှသောရာသီဥတုကို ခံစားရတော့မည် မဟုတ်ကြောင်း သိရပါသည်။

Impact-Of-Global-Warming-800x465

၂၀၀၈ ခုနှစ် တွေ့ရှိမှုများအရ  သမုဒ္ဒရာထဲတွင် အက်ဆစ်ပါဝင်မှုနှုန်းသည် ၁၈၆ဝ မှ ၂၀၀၅ ခုနှစ်အတွင်း တိုင်းတာမှုထက် ပိုမိုများပြားနေသည်ကို တွေ့ရသည်ဟုဆိုသည်။ စက်ရုံများနှင့် လူတို့မှ ထုတ်လွှတ်လိုက်သော စုစုပေါင်း ကာဗွန်ဒိုင်အောက်ဆိုဒ်၏ ထက်ဝက်ခန့်အား သမုဒ္ဒရာများမှ စုပ်ယူထားပြီး ထိုကာဗွန်များကြောင့် ရေအက်ဆစ်ဓာတ်များဖြစ်ပေါ်လာကာ ရေထုအားညစ်ညမ်းစေမှုများ ဖြစ်ပေါ်စေပါသည်။
ထို့အပြင် တွေ့ရှိမှုများအရ ကမ္ဘာကြီးပူနွေးလာမှုသည် နေရာဒေသနှင့်အချိန်ကွဲပြားမှုပေါ် မူတည်၍ ဖြစ်ပေါ်နေသည်ဟု ဆိုပါသည်။ အပူပိုင်းဒေသရှိနိုင်ငံများအနေဖြင့် အပူချိန်မြင့်တက်လာမှုကြောင့် ရာသီဥတုများ ပြောင်းလဲလာပြီး သဘာဝဘေးအန္တရာယ်များလည်း ပိုမိုကျရောက်နိုင်ပါသည်။
လေ့လာသူများအဆိုအရ ” ကာဗွန်ထုတ်လုပ်မှုအား ထိန်းချုပ်ခြင်းမပြုလျင် ၂၀၄ရ ခုနှစ်အထိသာ အေးမြသော ရာသီဥတုအား ကြုံတွေ့နိုင်ဖွယ်ရှိပြီး ၎င်းနောက်ပိုင်းခုနှစ်များတွင် အပူချိန်သည် တစ်နှစ်ပြီးတစ်နှစ် မြင့်သထက်မြင့်လာမည် ဖြစ်သည် ” ဟုဆိုပါသည်။

Source:www.thetechjournal.com

 

13 comments

  • KZ

    October 25, 2013 at 2:38 pm

    အဲ အချိန်
    အနော် အသက် ၆၆ အထိ ရှင်နိုင်သေးရင် ကြုံနိုင်ကောင်းရဲ့။

    😀

    • ဦးကျောက်ခဲ

      October 25, 2013 at 2:43 pm

      ဟယ်… ကျန်း… ၁၈ ၁၉ အပျိုဖျန်းလေး…
      သစ်ရွက်လှုပ်ရင် မကြည့်ရဘူးနော်… အူတက်ပြီး တေလိမ့်မယ်…
      😀

      • KZ

        October 25, 2013 at 2:47 pm

        တမီး က ခရေးပဲ ချိတေးတာ။
        တစ်ယောက်!

        😀

      • ဦးကျောက်ခဲ

        October 25, 2013 at 3:11 pm

        ဟီ ဟိ… စချင် နောက်ချင်ဇောကပ်နေလို့…
        အခု ၂၀၁၃ ဆိုတာမေ့ပြီး မန့်လိုက်မိတယ်…
        ဟယ်… မိဇာဂျီး အရွယ် မလွန့် တလွန်ကိုးးးးး… အား ဟိ
        😀

    • ကျော်စွာခေါင်

      October 25, 2013 at 2:58 pm

      ဆိတ်သားကြိုက်တဲ့ ခြင်္သေမလေးက
      ချာတိတ်မလေးကိုးးးးး

      • KZ

        October 25, 2013 at 3:05 pm

        ဒီလူဂျီးတွေ အနော့ကို ရွဲ့နေကြသလားဟမ်?
        ကျောက် ကော်မန့်တွေ့ပြီး ကယ်ကူလေတာ တခါနှိပ်။
        ခေါင် ကော်မန့်တွေ့ပြီး ကယ်ကူလေတာ တခါနှိပ်နဲ့။
        မှန်ပါတယ်ဟ။

        :boss:

        • Ma Ma

          October 25, 2013 at 3:51 pm

          ဟုတ်ပ့ါ။
          ကိုယ်တောင် ကယ်ကူလေတာ ဝိုင်းနှိပ်လိုက်ရသေးတယ်။
          စိတ်တွက်က မှားနေတယ်ထင်လို့။ 😀

        • ကျော်စွာခေါင်

          October 25, 2013 at 4:08 pm

          မရွဲ ့ပါဘူး ဆိတ်သားကြိုက်တဲ့ ခြင်္သေ့မလေးရယ်..
          ကိုယ့်ထက်ငယ်လို ့ ခင်လို ့ စ တာပါ.။
          ……
          …..

        • အရိပ်စစ်

          October 26, 2013 at 4:27 pm

          တိမီးလည်း ကယ်ကူလေတာ နှိပ်လိုက်ရသေးတာ
          ဆုပ်ကပ် ကတော့ တဖြည်းဖြည်း နီးလာပီနော့

  • Mr. MarGa

    October 25, 2013 at 2:43 pm

    အခု ကတည်းက
    အဲဒီအချိန် ဘာလုပ်ရင် ကောင်းမလဲ ဆိုတာ တွေးပြီးတော့
    ကြို စီစဉ်မှနဲ့ တူတယ်ဗျ။
    ဒါပေမင့် သိပ်တော့ စိုးရိမ်စရာ ရှိဘူးရယ်
    ဒီနိုင်ငံက အပူပိုင်းထဲမှာ ပါတယ် ဆိုတော့
    ဒီထက် အေးတဲ ့နိုင်ငံတွေ ဘက် ပြောင်းနေရင် သက်သာနိုင်ချေ ရှိသေးတယ်…..

  • Ma Ma

    October 25, 2013 at 3:23 pm

    အတွေးခေါင်တယ်ပဲ ပြောရမလား မသိဘူး။
    မကုန်နိုင် မခမ်းနိုင်တဲ့သဘောကို ပင်လယ်ရေလို့ ဆိုကြတယ်မဟုတ်လား။
    ရှိသမျှ စွန့်ပစ်ပစ္စည်းတွေကို သမုဒ္ဒရာထဲ မျှေ ာလိုက်ရင် ပျေ ာက်သွားမယ်လို့ ထင်နေကြတာ။
    အခုလို သမုဒ္ဒရာကြီးထဲမှာ စုမိပြီး ဒုက္ခဖြစ်စေမယ်လို့ မထင်မိဘူး။

    အကုသိုလ်ပြု မိရင်လည်း အဲဒီလိုပဲ သူ့အလိုလိုသူ မကျေပျက်နိုင်ပဲ ကြာရှည်လာတဲ့အခါ စုမိပြီး အချိန်တန်ရင် သူ့အကျ ိုးသူ ပေးလိမ့်မယ်လို့ တွေးမိသွားတယ်။ 🙁

    • alinsett

      October 25, 2013 at 6:31 pm

      အဆုံးသတ်ချိန်ဆီကို
      တရွေ့ရွေ့ ကပ် ကပ် သွားနေကြရုံပဲလာား

  • kyeemite

    October 26, 2013 at 12:50 pm

    အခုတောင် ရာသီဥတုထဲ ဆောင်းတွင်းပျောက်သလောက်ဖြစ်နေပြီ…
    အနွေးထည်ဆိုတာ ဖျားမှပဲဝတ်ရတော့တယ်… :boss:
    ဖီရား..ဖီရား…နာတောင်မှီနိုင်ပါအုံးမား.. 😀

Leave a Reply