“ မိုက်မဲသူတစ်ယောက်အကြောင်း”

“ မိုက်မဲသူတစ်ယောက်အကြောင်း”

 လူမိုက်ဆိုတဲ့လူမို်က်မှာ

နောင်တ တရားတွေကတော့များမှများ။

သူတို့ရဲ့လက်သုံးစကားတွေကတော့

“ဆုံးရှုံးမယ်မှန်းသိရင် စကတည်းက မယူခဲ့ပါဘူး။

 ခွဲရမယ်ဆိုတာသိခဲ့ရင် စကတည်းက လွဲအောင်နေမိမှာပါ။

အဆုံးသတ်မှာ ဝေးရမယ်ဆိုရင် ပြေးတွေ့ဘို့ကြိုးစားမိမှာမဟုတ်ဘူး။

မုန်းသွားမယ်ဆိုတာကြိုသိရင် ချစ်မိအောင်မနေခဲ့ပါဘူး။ “

ဆိုတာပါဘဲ။

 

မသိစိတ်ရဲ့ချဉ်ခြင်းကို

သိစိတ်ရဲ့ ဆင်ခြင်ခြင်းက

အရှုံးပေးလိုက်ရတဲ့အခါ

ကိုယ်ကိုကိုယ် မကျေနပ်

မှန်ရှေ့မှာရပ်ရင်း

စွတ်စွဲငြင်းခုံခြင်းတွေနဲ့

ရန်ဖြစ်တတ်တာကလဲ

အဲဒီလိုလူမိုက်ပါဘဲ။

ဟော…………….

ကျနော်လဲအခုမှန်ရှေ့မှာရပ်

ရန်ဖြစ်နေမိပြန်ပြီ။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

25-10-2013

 

11 comments

  • ဦးကျောက်ခဲ

    October 25, 2013 at 5:26 pm

    ကျောက်စ်တော့ မိုက်လိုက်ဦးမယ်… အကိုပေါက်
    စိုးလွင်လွင်ရဲ့ သီချင်းလိုပေါ့…
    “ချစ်လူမိုက်… ချစ်လို့မိုက်ခဲ့တယ်…”
    😀

  • Mr. MarGa

    October 25, 2013 at 6:16 pm

    သိစိတ်နဲ့ မသိစိတ်အားပြိုင်တော့
    မသိစိတ်ကို အနိုင်ပေးတာကလဲ ကိုယ်တိုင်ပဲ
    ပြီးတော့မှ သိစိတ်ရဲ့ ရှုံးနိမ့်မှုကို အပြစ်တင်တာကလည်း ကိုယ်ပဲ
    နည်းနည်းလေး လွဲသလိုလို ဖြစ်နေပေမင့်
    အလွဲတွေနဲ့ နေထိုင်ရတာ လူ့ဘဝ ကိုး ဗျ :mrgreenn:

  • kyeemite

    October 26, 2013 at 9:05 am

    ခေါင်းစဉ်ဖတ်မိလိုက်စတော့ ကိုပေါက် ကျနော့ အကြောင်းရေးထားတယ်မှတ်လို့… 😀

    မသိစိတ်ရဲ့ချဉ်ခြင်းကို
    သိစိတ်ရဲ့ ဆင်ခြင်ခြင်းက
    အရှုံးပေးလိုက်ရတဲ့အခါ……..
    မှန်ပါ၏။ ဦးနှောက်နဲ့ နှလုံးသား အပြိုင်ကြဲတဲ့အခါ
    နှစ်လုံးသားက အသာစီးရတာများတယ် ကိုပေါက်ရေ
    ဦးနှောက်ကိုသာ ဦးစားပေးသူတွေလည်းရှိမှာပါ..ရှားတော့ရှားတာပေါ့ :mrgreenn:

  • sorrow weaver

    October 26, 2013 at 9:42 am

    “” ဦးနှောက်နဲ့ နှလုံးသား အပြိုင်ကြဲတဲ့အခါ
    နှစ်လုံးသားက အသာစီးရတာများတယ် “” ဦးမိုက် နောက်ကလိုက်တာ…မှန်ချက်ဗျ…ကျော်နဲ့ကျောက်စ်ကိုကြည့် ….အဟိဟိ …နိုင်ခံရမယ်မှန်းသိသိနဲ့…အဟိဟိ

  • KZ

    October 26, 2013 at 9:50 am

    ကိုယ့်ကိုယ်ကို မိုက်မဲ တယ်လို့
    လုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးဝ
    ဝန်မခံနိုင်ပါဘူးးးး

    :mrgreen:

  • TNA

    October 26, 2013 at 4:58 pm

    မိုက်ခဲ့ဖူးပါအိ မိုက်နေဘာအိ မိုက်လိမ့်အုံးမည်
    လူဖြစ်နေသမျှတော့ မိုက်နေမိပါအုံးမည်

  • alinsett

    October 26, 2013 at 5:49 pm

    ကျွန်တော် ့ မှန်ထဲက အရိပ်နဲ့
    ကျွန်တော် ရန်ဖြစ်မလို ့
    မှန်ထဲကို ကြည့်လိုက်တော့
    မှန်ထဲက ကျွန်တော်က
    မှန်ပြင်က ကျွန်တော့်ကို ကျောခိုင်းထားတယ်

  • ဗုံဗုံ

    October 27, 2013 at 9:28 am

    မီး…ကိုဘဲစောင်းပြောနေကြတယ်….. 😥

Leave a Reply