ပွင့်ဖြူမြို့နယ်တွင် အတန်းခေါင်းဆောင် မှကျောင်းသားချင်းခိုင်းသည်ကိုမကျေနပ်၍ဓါးဖြင့်ခုတ်မှုဖြစ်ပွား

Hlaing Zar ChiOctober 25, 20131min680

ပွင့်ဖြူမြို့နယ်၊မဲဇလီအုပ်စု၊ကျွဲခြံရွာနေ (၁၀)တန်းကျောင်းသား သော်ဇင်မင်းသူ သည်အောက်တိုဘာ(၂၁)ရက်နေ့ ည(၁၀) နာရီ(၃၀)မိနစ်ချိန်က မဲဇလီရွာရှိ အမေ့အိမ်ဘော်ဒါဆောင် စာသင်ခန်းနောက်ဆုံးခုံ၌တစ်ဦးတည်း စာကြည့်နေစဉ် ဘော်ဒါဆောင် တစ်ဆောင်တည်းနေ အေးချမ်းအောင်(၁၀)တန်းကျောင်းသား ဖလံကျင်းရွာနေသူမှ ကျောင်းသားအချင်းချင်း သန့်ရှင်းရေးလုပ်ခိုင်းသည်ကိုမကျေနပ်သဖြင့် အေးချမ်းအောင် မှ သော်ဇင်မင်းသူ အားဓါးဖြင့်ခုတ်သဖြင့်  သော်ဇင်မင်းသူတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အေးချမ်းအောင်အားအရေးယူပေးပါရန်တိုင်တန်းသဖြင့် သက်ဆိုင်ရာ ပွင့်ဖြူမြို့နယ်၊ပွင့်ဖြူမြို့မရဲစခန်း မှ (ပ)၇၅ /၂၀၁၃ ၊ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာမှသိရှိရသည်။