မကွေးတိုင်းဒေသကြီးအတွင်း လျှို့ဝှက်စိုက်ပျိုး ဘိန်းပင်များအားသက်ဆိုင်ရာမှဖော်ထုတ်ဖျက်ဆီးနေ

Thiha Phone MoOctober 25, 20131min720

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ် နှင့် မင်းလှမြို့နယ်အတွင်း လျှို့ဝှက်စိုက်ဘိန်းပင်များအား ဖော်ထုတ်ဖျက်ဆီးရန်အတွက်မကွေးတိုင်းရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှုဖြင့် ရဲတပ်ဖွဲ့စစ်ကြောင်း(၅)ကြောင်းဖွဲ့စည်းကာ ယခုအောက်တိုဘာလ(၂၃)ရက်နေ့မှစတင်ပြီး ကွင်းဆင်းရှာဖွေခဲ့ရာ အောက်တိုဘာ(၂၄)ရက်နေ့နံနက်(၇)နာရီချိန်ခန့်တွင် မင်းဘူးခရိုင် ငဖဲမြို့နယ် လိုင်ကျေးရွာအုပ်စု၌ညအိပ် အခြေပြုရပ်နားခဲ့သည့် ဒုရဲမှူး ထွန်းစိုးသိန်းခေါင်းဆောင် သည့်ဘိန်းခင်းများဖော်ထုတ်ဖျက်ဆီးရေးစစ်ကြောင်း(၂)သည်လိုင်ကျေး ရွာမှထွက်ခွာလာခဲ့ရာ အဆိုပါရွာ၏အနောက် တောင်ဘက်(၁၄)မိုင်ခန့်အကွာတွင် အမြင့်(၆)လက်မနှင့်(၁)လက်မခန့်ရှိ ဘိန်းစိုက် ခင်း (ဝ.၅)ဧက ပထမစိုက်ခင်းအား ရှာဖွေတွေ့ရှိသဖြင့်ဖျက်ဆီးခဲ့ပြီးဆက်လက်ရှာဖွေခဲ့ရာ ပထမစိုက်ခင်း၏မြောက်ဘက်(၂)ဖာ လုံခန့်အကွာတွင် အမြင့်(၃)ပေ(၄)ပေခန့်ရှိ ဆေးခြောက်ပင်(၅၀)ပင်နှင့်အမြင့်(၃)လက်မခန့်ရှိဘိန်းစိုက်ခင်း(၁)ဧက အားရှာဖွေ တွေ့ရှိခဲ့သဖြင့်ဖျက်ဆီးခဲ့ကြောင်း အဆိုပါဒုတိယစိုက်ခင်းမှဆက်လက်ထွက်ခွာခဲ့ရာဒုတိယစိုက်ခင်း၏ အနောက်တောင်ဘက်(၁) ဖာလုံခန့်အကွာတွင် အမြင့်(၁)လက်မခန့်ရှိ ဘိန်းစိုက်ခင်း (ဝ.၇၅)ဧက တတိယစိုက်ခင်းအားရှာဖွေတွေ့ရှိခဲ့သဖြင့်ဖျက်ဆီးခဲ့ ကြောင်းအဆိုပါစိုက်ခင်းမှဆက်လက်ထွက်ခွာခဲ့ရာစိုက်ခင်း၏တောင်ဘက်(၂)ဖာလုံခန့်အကွာတွင် အမြင့်(၂)လက်မခန့်ရှိ ဘိန်းစိုက်ခင်း(ဝ.၅၀)ဧက စတုတ္ထစိုက်ခင်းအားတွေ့ရှိခဲ့သဖြင့်ဖျက်ဆီးခဲ့ကြောင်း ကျန်စစ်ကြောင်း(၄)ကြောင်းမှာတော့လက်ရှိ ရှားဖွေနေသော်လည်းမတွေ့ရှိသေးကြောင်း ယခင်ကလည်းမကွေးတိုင်းဒေသကြီးအတွင်း ဘိန်းစိုက်ပျိုးနိုင်သည့်အမြင့်ပေ (၃၀၀၀)အထက်လူသူအရောက်အပေါက်နည်းပါးကာသွားလာမှုခက်ခဲသည့် ရခိုင်ပြည်နယ်နှင့်နယ်စပ်နေရာများဖြစ်သော ငဖဲမြို့နယ် ဂုတ်ကြီးရဲစခန်းပိုင် တောတောင်လျှိုမြှောင်များနှင့် မင်းလှမြို့နယ်၊လက်ပံတံခါးရဲစခန်းပိုင် တောတောင်လျှိုမြှောင်များ တွင် လျှို့ဝှက်ဘိန်းစိုက်မှုများအား တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် လျှို့ဝှက်ဘိန်းစိုက်ပျိုးမှုများအား နယ်မြေရှင်းလင်းဖော်ထုတ်နိုင်ရေးစစ်ကြောင်းများ ဖြင့်ကွင်းဆင်းစစ်ဆေးခဲ့ရာ ငဖဲမြို့နယ်အတွင်း(၁၉၉၇-၉၈)ခုနှစ်ဘိန်းစိုက်ရာသီတွင် ဘိန်းခင်းဧက(၁၂၇.၈၀)ဧက၊ကိုလည်း ကောင်း၊(၂၀၀၁-၀၂)ခုနှစ်ဘိန်းစိုက်ရာသီတွင် ဘိန်းခင်းစိုက်ဧက(၈.ဝ၆)ဧက ကိုလည်းကောင်း၊ (၂၀၀၆-၀၇)ခုနှစ်ဘိန်းစိုက်ရာသီ တွင် ဘိန်းခင်းစိုက်ဧက(၈၃.၃၀၆၉)ဧက၊ကိုလည်းကောင်း၊ (၂ဝ၁၁-၁၂)ခုနှစ်ဘိန်းစိုက်ရာသီတွင် ငဖဲမြို့နယ်နှင့်မင်းလှမြို့နယ် တို့တွင် ဘိန်းစိုက်ဧ(၃.၃၅)ဧကကိုလည်းကောင်း၊(၂၀၀၆-၀၇)ခုနှစ်ဘိန်းစိုက်ရာသီတွင် မင်းလှမြိုု့နယ် လက်ပံတံခါးရဲစခန်းပိုင် နယ်မြေအတွင်းဘိန်းစိုက်ခင်းဧက(၄)ဧကကိုလည်းကောင်း၊(၂၀၀၈-၀၉)ခုနှစ်ဘိန်းစိုက်ရာသီတွင် ဘိန်းစိုက်ခင်းဧက(၄.၈၅)ဧက ကိုလည်းကောင်း၊(၂၀၁၂-၁၃)ခုနှစ်ဘိန်းစိုက်ရာသီတွင် ဘိန်းစိုက်ခင်းဧက(၁၅.၁၄)ဧကကိုဖော်ထုတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယခုနှစ်တွင်လည်း လူသားမျိုးနွယ်စုတစ်ရပ်လုံးကိုလူညွှန့်တုုံးစေနိုင်သည့် မူးယစ်ဆေးဝါးချုပ်ငြိမ်းပပျောက်သွားစေရန်ရည်ရွယ် ၍သက်ဆိုင်ရာမူးယစ်ဖော်ထုတ်ဖျက်ဆီးရေးစစ်ကြောင်းအဖွဲ့မှမူးယစ်ဆေးဝါးထုတ်ယူရရှိနိုင်သည့်ဘိန်းပင်များအားဖော်ထုတ် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံးမှတာဝန်ရှိသူမှပြောကြားသည်။