ကျွန်တော် ရန်ကုန်က ပြန်လာတော့ ကားက Auto ကော Manual ကော တွဲလျှက်ပါတဲ့ ကားမောင်းပြန်လာတာဆိုတော့… Autoမောင်းလိုက်… ဆီကုန်တယ်ထင်ပြီး… Manual ပြန်ပြောင်းမောင်းလိုက် ဂီယာချိန်းလိုက်နဲ့ အလုပ်ရှုတ်ပြီး တော်တော်ဗျာများခဲ့တာပါကလား…ဟိုပြောင်း ဒီပြောင်းနဲ့ ရှုတ်ရှက်ခတ်နေခဲ့ပြီး တခါတလေ ကိုယ်ဘာနဲ့ မောင်းလို့ မောင်းနေမှန်းတောင် မသိတော့ပါဘူး…

အရင်တုန်းကတော့ဗျာ… Manual ပဲ ရှိတဲ့ခေတ်ကိုး…အဲ့ဒီတုန်းကတော့ ကားမောင်းရတာ အလုပ်တော်တော် ရှုပ်တယ်…ကလပ်နင်း…ဂီယာထိုး… ကလပ်ပြန်လွှတ်…လီဗာနင်း… နည်းနည်းလေးသွား…အရှိန်လေး နည်းနည်းမြန်လာရင်…ဒီအတိုင်းပြန်လုပ်… လက်နှစ်ဖက် ခြေနှစ်ဖက်…မျက်စိ…နား…တစ်ခုမှ မအားရပါဘူး… ကားမောင်းသင်ပေးရရင်လဲ ဒီကလပ် အလွှတ် လီဗာ အနင်း Balance မကိုက်တာနဲ့ ဆောင့်ထွက်သွားရတာနဲ့ စက်ထိုးရပ်သွားရတာနဲ့ တကယ့် အစုံမှ အစုံပါပဲ…တတ်အောင် တော်တော်သင်ပေးရတယ်…ပျမ်းမျှခြင်းဆို တစ်ယောက် တစ်ယောက် တစ်ပတ် ဆယ်ရက်လောက်တောင် သင်ပေးရမယ် ထင်တယ်…

အခု Auto တွေ ထွက်လာတော့ အရင်က ရှုတ်ခဲ့သမျှ တော်တော် ရှင်းသွားတယ်…စက်လေးနှိုး ဂီယာတံက ဘုသီးလေး နှိပ်ပြီး D မှာထား…လီဗာနင်း မောင်းပေရော့…ဘယ်ကွေ့ချင်ရင် လက်ကိုင် ဘယ်ဘက်လှည့်…ညာကွေ့ ချင်ရင် ညာလှည့် လို့ လောက်ပဲ သင်ပေးလိုက်ယုံပဲ…အရင်တစ်ပတ် ဆယ်ရက်တောင် မတတ်ခဲ့တဲ့ သူတွေတောင် နှစ်ရက်လောက်ဆို တတ်ရော…ဘယ်ဘက်ခြေထောက် ဘယ်ဘက်လက်ဆို အားလွန်းလို့တောင် ခက်နေသေး… Manual တုန်းကလို မီးပွိုင့်တွေမှာ စက်ထိုးရပ်သွားတာတွေ…ကုန်းတက်ကြီး ယာဉ်ကြောပိတ်နေလို့ ကလပ်ကြီးနဲ့ လီဗာကြီးတွဲနင်းထားရတာတွေ တော်တော် သက်သာသွားတယ်…

Manual က အလုပ်ရှုတ်တယ်…ဒါပေမယ့် ဆီစား သက်သာတယ်…ဘယ်နေရာ ဘာဂီယာ ဆိုတာ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ချရတယ်…ကိုယ်စွမ်းကိုယ်စ ကို ပိုတိုးတက်စေတယ်…

Auto ကျတော့ လူသက်သာတယ်…ဆီပိုစားတယ်…အလိုက်ကန်းဆိုး မသိဘူး…သူ့အတွက် ပိုကြည့်တယ်…4 နဲ့ ခိုးမောင်းလို့ ရမယ့်နေရာ 3 နဲ့ပဲ သွားတယ်…2 နဲ့ သွားလို့ရတာကို 1 နဲ့ သွားတယ်…အရာရာ သူ့ သဘောချည်းပဲ…ကိုယ်စွမ်းကိုယ်စ တောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး…ပိုင်ရှင်ခမျာမှာလဲ ဆီဖိုးနဲ့တောင်မသက်သာရှာပါဘူး…

Manual မောင်းရတာက ဘာနဲ့တူလဲ ဆိုတော့ မယားကြီးနဲ့ ပေါင်းရသလိုပဲ….သားရေး သမီးရေး ဆွေရေး မျိုးရေး စီးပွားရေး လူမှုရေး ပွဲလမ်းသဘင် တကယ့် အစုံမှ အစုံပဲ…ဗဟီရတွေ များလိုက်တာ….ဒါပေမယ့် မယားကြီးကျတော့ ငယ်ပေါင်းဆိုတော့ ကိုယ့်ကို နားလည်တယ်…စီးပွားရေး မကောင်းရင်လဲ သူ့ဘာသာ သူ အဆင်ပြေအောင် နေတတ်တယ်…နားပူနားဆာ မလုပ်ဘူး…ထိုက်သင့်သလောက်ပေးရင် ဖြစ်ပြီ…

Auto မောင်းရတာကျ မယားငယ်နဲ့ ပေါင်းရသလိုပဲ…ဇိမ်ပဲ… လူသက်သာလိုက်တာ…ဘာမှကို လုပ်စရာမလိုဘူး…ဒါပေမယ့် သူက အလိုက်ကမ်းဆိုးမသိဘူး…လိုတာထက်ပိုလိုချင်တယ်…3 နေရာ 2 နဲ့ သွားချင်တယ်…2 နေရာကို 1 နဲ့ ဒိုးဖို့ ကြံတယ်…ကုန်လိုက်တဲ့ ပိုက်ဆံပေါ့နော်…ရှိမှန်းမသိ…မရှိမှန်းမသိ…နားပူနားဆာလုပ်ပြီး လိုတာထက် ပိုတောင်းတယ်…

အဲ့ဒီတော့ဗျာ…မိတ်ဆွေတို့ကော…ရှေးရိုးစွဲ ငွေသက်သက်သာသာ Manual လေးပဲမောင်းချင်သလား.. .ခေတ်မှီမှီ လူသက်သက်သာသာ ငွေပိုအကုန်ခံပြီး Auto လေးနဲ့ နှစ်ပါးသွားမလား…ပြောပြကြပါဦး…သဘောထားလေးကို…

(ကျွန်တော့်ကိုကော ဘာကြိုက်သလဲ ပြန်မေးချင်သေးသလား…)
……………………………………..
……………………………
……………………………………..
……………………………
……………………………………..

ကျွန်တော့်သဘောကတော့
Manual လေးလဲ မစွန့် နိုင်…Auto လေးလဲ မောင်းချင်…နဲ့ ဆိုတော့ ဘယ်လောက်ပဲ ဗျာများပါစေ…Manual Auto တွဲပါတာလေးနဲ့ပဲ နှစ်ပါးသွားချင်ပါတယ်ခင်ဗျာ…ဟီး…ဟီး…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...