နေဘုန်းလျှံ ဝက်ဆိုက် မှ ကြိုဆိုပါ တယ်…..။
ငယ်ငယ်က ဖြစ်ပျက်ခဲ့တာတွေအခုအခါ ပြန် သတိရ လို့ဖတ်စေချင်တာပါ..။နောက်တခုက လွန်ခဲ့တဲ့၃ နှစ်လောက်ကကြုံခဲ့ရတဲ့ တကယ်ဖြစ်ရပ်လေးပါဗျာ…။
အရင်ကပန်းဆိုးတန်း စာအုပ်ဟောင်းရောင်းတဲ့ဆိုင်ကနေ သရဲဝထ္ထု တအုပ်ကိုရခဲ့တယ်…။သရဲဆိုတာတကယ်တော့မယုံကြည်ခဲ့တို့ကလေးဘဝထဲကစပြီးတော.
လွန်ခဲ့တဲ့ ၃နှစ်ကစတဲ့အထိလုံးဝမယုံသေးတာပါ..ကိုယ်တိုင်တွေကြုံရပြီး ဘုရးဟောတရားတွေထဲ ကဖတ်သိလာရတဲ့အတွက် လက်ခံလာခဲ့တယ်….။၎ တန်းကျောင်းသားဘဝဟာ အစိုးရစစ်လို့ခေါ်တဲ့ စာမေးပွဲ ကိုမှီတဲ့လူတိုင်း သိကြပါတယ်..အဲဒီမှာ စာထကျက်တော့တလမ်းလုံး ခွေးအူတာနဲ့ ၊ဟောင်တာနဲ့ဆူညံနေတာပေါ့နောက်အိမ်ဘေး အိမ်က တရားနာတဲ့အသံနဲ့အတူရေစက်လည်းချရော မရှေးမနှောင်းမှာ ယောက်ကျားယောက်ရဲ့ အသံဟာထူခြားစွာပြောင်းလဲ သွားပြီး အမယ်အိုတယောက်ကဝမ်းနဲ့စွာ အမျှ ပေးဝေသံကိုကိုနားနဲ့ဆက်ဆက်ကြားလိုက်ရတယ် သြော်ဘေးအိမ်က နာရေးရှိတာမေ့နေတယ်…..။မနက် ၆နာရီ၃၀မှာ အဖေအဲဒီနာရေးက ပြန်လာတော့ မေးမိလိုက်တယ် ဘာသံကြီးတွေလဲလို့…..အဖေက ဘာမှမဟုတ်ပါဘူးလိုဘဲပြန်ဖြေခဲ့တယ်…..။အသံတွေကြားခဲ့ရတာတော့နားနဲ့ဆက်ဆက်ဘဲ….။လွန်ခဲ့တဲ့ ၃နှစ်မှာပြင်သစ်NGO အဖွဲ့မှာAIDS နဲ့မွေးလာတဲ့ မိခင်ရဲ့ကလေးတွေ ကို ရောဂါမကူးဆက်အောင် ARV/AZTအဲဒီဆေးတွေတိုက်တဲ့သင်ကြားတဲ့သင်တန်း တက်ရတယ်ဒါနဲ့ အဆောင် တခုမှာတည်းခိုရတာပေါ့လေအဆောင် ကသန့်ပါတယ်၃ ညမြောက်မှာ အတူတူ သင်တန်းတက်တဲ့ဆရာမလေးတွေနဲ့ ဒေသခံလူငယ်လေးတွေ ရည်းစားဖြစ်လာကြပုံပေါ်ပါတယ် ချိန်းစကားပြောကြတာတွေရလို့ပါ ဒါတော့ ကိုယ်အလုပ်မဟုတ်တော့မေ့ထားလိုက်တယ်..။အဲဒီနေ့မှာဘဲဆေးလိပ်၂ဘူးနဲ့ coffee mixအပြင်းစား၎ထုပ်သောက်ထားတော့နည်းနည်း အူကြောင်အူကြောင်နဲ့စိတ်လှုပ်ရှားနေတယ် ည ၁ဝနာရီလောက်ကြတော့ရေဒီယိုနားထောင်ရင်းခဏအိပ်ပျော်သွားတယ်..။၅မိနစ်လောက်အကြာလန့်နိုးလာတယ်
နားထဲမှာရေဒီယိုလေလှိုင်းတွေ ကိုရွှေ့ တဲ့အတွေအတိုင်းကြားနေရတယ်နောက်အသက်ကြီးတဲ့ လူတယောက်အနားလာပြီးအသက်ခပ်ပြင်းပြင်းရှု အသံမျိုးတွေကြားရတော့ ရေဒီယိုကဘဲထင်မိပြီးစစ်ကြည်တော့လုံးဝမဟုတ်တာ တွေရပါတယ်..။ခေါင်းရင်းနံ၇ံမှာထောင်ထားတဲ့ လှေကားက လူတယောက်တက်လာတဲ့ ခြေသံသေချာစွာကြားရတယ်နောက် ခေါင်မိုးပေါ်တက်လာတယ်..စိတ်က ထင်တာဘဲဖြစ်မှာပါလို့ တွေးနေရင်း ၃၊၄ မိနစ်လောက် ပြန်အိပ်ပျော်သွားတယ် အခန်းထဲမှာမီးမှိတ်ပြီး အိပ်တတ်တဲ့ အကျင့်ရှိတော့ မအိပ်ခင်ထဲကမီး မှိတ်ပြီးပြီလေ..။ခဏ လန့်နိုးလာပြန်တော့…………..ဟော လူတယောက်ခေါင် မိုးက နေအောက်ကိုငုံကြည်နေတာတွေတော့ အနည်းငယ်ကြောက် သွားတယ်နောက်တခုစဉ်းစားမိတာက ဆရာမလေးတွေ၇ည်းစား တယောက်ကလာတွေ့တာထင်မိတယ်.ပြောရဦးမယ် အခန်းရဲ့ အမိုး ရဲ့ တချို့က အုတ်ကြွတ်နဲ့ပလတ်စတစ်အကြည်ပြားနဲ့ကာထားတာ လေဒါကြောင့်ခေါင်မိုးပေါ်တက်လာတဲ့လူကိုတွေ့ရတာပေါ့ နောက်အဲဒီလူကပလတ်စတစ်ခေါင်မိုးကို လှန်ပြီးဝင်လာကာ ခေါင်ထောက် ထုတ်တန်းရဲ့အပေါ်ထိုင်နေတာ တွေတော့လူမ ဟုတ်ဘူးဆိုတာသိလိုက်ရတော့နှလုံးခုန်နှုံးဟာ အဆမတန်မြန်လာပြီ ဒါပေမဲ့စိတ် ကိုထိမ်းပြီး ဘုရားဂုဏ်တော်တွေရွတ် ပြီးမျက်စိမှိတ် နေပါတော့တယ် လူဆိုတာခက်သားလား ကြောက်စရာကိုမှကြည့်ချင်တာကို……။ဒီတော့ ပထမက သူခိုးလို့ထင်တယ်…အခုတော့ ဘာကြီးလဲဆိုတာသိပြီဆိုတော့လန့်လန့်နဲ့ မီးထဖွင့်ပါတယ် …..အဒီအခါကြတော့မှ ဘာတွေဆက်ဖြစ်သလဲဆိုတာ ဆက်ရန် ရှိပါတယ် အားပေးကြပါ ဦး သူငယ်ချင်းအပေါင်းတို့ရေ…………

About နေ ဘုန်းလျံ

နေ ဘုန်းလျံ has written 41 post in this Website..

I know that but I don't know everythings