ဘီရိုလေးများ ရှင်းပြီးကြပြီလားဗျာ

ဘီရိုလေးများ ရှင်းပြီးကြပြီလားဗျာ

ရွာသူလေး ကောင်းကင်ပြာက တွံတေး မင်္ဂလာပရဟိတကျောင်းက မိဘမဲ့ကလေးတွေကို

 

အဝတ်အစား ၊ စားစရာ နဲ့ စာအုပ် ခဲတံ ဘောပင် စသဖြင့်ပေါ့လေ သွားလှူချင်တဲ့အကြောင်း ပို့စ် တစ်ခု တင်ခဲ့ပါတယ် ၊

 

( https://myanmargazette.net/187487 ) ၊   ဖြစ်နိူင်ရင် နိူဝင်ဘာလထဲမှာ သွားချင်တယ်ပေါ့ ၊

 

အခု အဲဒါနဲ့ ပတ်သက်လို့ ဘာသံမှ ထပ်မကြားရပြန်လို့ ဒီပို့စ်ကို တင်လိုက်တာပါ ၊

 

ကျနော်ကတော့ ဘီရိုရှင်းပြီးသလို ရုံးကဝန်ထမ်းတွေဆီမှာလည်း ဒမြတိုက်နေဆဲပါ ၊

 

ကျန်တဲ့ ရွာသူ ရွာသားတွေကော ဘယ်လိုများ ရှိကြပါလဲ ဗျာ ၊ ကုသိုလ်လည်းရ တွေ့ဖြစ်ကြတော့လည်း ပျော်လည်း ပျော်ရ ပေါ့ ၊

 

Photo1121

 

အဲဒါ အဲဒါလေးပါ ၊

10 comments

  • KZ

    October 26, 2013 at 10:07 am

    ရှင်းပြီးပြီ။
    လှမ်းပို့ထားပြီးပြီ။

    🙂

  • kyeemite

    October 26, 2013 at 1:05 pm

    အိမ်မှာ ဘီရို ရှင်းကြည့်လိုက်ပါအုံးမယ် ကိုမျိုးရေ
    ဘယ်အရွယ်ဝတ်ထိရသလဲဗျ…

    • Myo Thant

      October 26, 2013 at 2:12 pm

      အရွယ်စုံပါဗျာ
      တက္ကသိုလ်တက်နေတဲ့သူတောင် ရှိသတဲ့ ၊
      နည်းနည်း စုတ်လည်း အပ်ချုပ်စက် ရှိပါသတဲ့ ၊

  • TNA

    October 26, 2013 at 4:23 pm

    ဘယ်တော့လဲ ဘယ်လိုလဲ ဆိုတာ ဆက်မလာသေးလို့စောင့်နေဘာဂျောင်း

    • Myo Thant

      October 26, 2013 at 4:42 pm

      ကောင်းကင်ပြာကလည်း မျှော်နေပါကြောင်း

  • Ma Ma

    October 26, 2013 at 8:33 pm

    အစီအစဉ်ကို စောင့်မျှော်နေပါကြောင်းးးးးးးး 🙂

  • Shwe Ei

    October 29, 2013 at 12:22 pm

    သွားဖြစ်မဲ့ နေ့ရက် အချိန်လေးကို ကွန်ဖမ်းပေးစေချင်ပါတယ်။

    ကားစီစဉ်တာတို့ ပစ္စည်းလိုက်စုပေးတာတို့ ကူနိုင်သလောက်ကူချင်လို့ဘာ။

    အလှူရှင်တွေကိုလဲ ဘယ်နေ့ဘယ်ရက် နောက်ဆုံးထားပေးဘာဆိုတာမျိုး အကြောင်းကြားလိုက်ရင် မြန်မြန်စုမိအောင်လို့လေ။

    ကိုမတ်နဲ့ အဆက်သွယ်ရပါတယ်။ ကောင်းကင်ပြာကလဲ ဒါဇင်ပလပ်စ်ကို တတ်နို်င်သလောက်ကူပေးဖို့ ပြောထားပါတယ်တဲ့။

    ကျေးဇူးတင်ပါတယ်ခညာ။

  • e tone

    October 29, 2013 at 3:16 pm

    ကိုယ့်စိတ်နဲ့ နှိုင်းပြီး စိတ်ထဲ ရှိတာ ပြောပါမယ် ၊ ဖတ်ရတာ ကချိုး ကချောင်ဖြစ်နေလျှင် သီးခံပေးကြပါလို့ပဲ ကြိုတောင်းပန်ထားပါရစေ ။

    ကိုယ့်မှာပိုလျှံနေတဲ့ အရာကို သူတပါးကို ပေးတာ ပီတိဖြစ်စရာပါ ။
    လက်ခံရတဲ့ လူကလည်း ကိုယ့်မှာ မရှိတာ သူတပါးဆီက ရလာတာ ၊ ဝမ်းသာစရာပါ ။

    ဒါပေမယ့်လေ … ကိုယ့်စိတ်နဲ့ ကိုယ်သာဆို ၊ အဟောင်းအကျဆိုတာမျိုး မပေးချင်ပါဘူး ။ ကိုယ်တိုင်တောင် မဝတ်ချင်တော့တဲ့ အဝတ်ကို သူတပါးကို မဝတ်ခိုင်းရက်လို့ပါ ။ ကိုယ်ဝတ်နေတဲ့ အကျီ င်္တွေထဲက ညီမဝမ်းကွဲလေးတွေ ကြိုက်လို့ တောင်းလာတာမျိုးရှိလျှင် ပေးဝတ်လိုက်တာပဲ ရှိပါတယ် ။ အဟောင်း(ပေါက်ပြဲ ဆွေးမြေ့နေတာမဟုတ်ပါဘူး) အကျ တွေကိုတော့ လွင့်ပစ်လေ့ရှိပါတယ် ။

    တကယ်လို့များ ဒီအလှူလေး သွားလှူဖို့ အဆင်သင့်ဖြစ်ပြီးဆိုလျှင် အသစ်ချက်ချွတ်မလှူနိုင်လျှင်တောင် ဝတ်နေတဲ့ အထဲက ၊ သင့်လျှော်မယ်ထင်တာလေးတွေ ထုတ်လှူပါ့မယ် ။

  • Phoe Thitsar

    October 29, 2013 at 5:02 pm

    ရွာသားများနှင့်အတူ လိုက်ခဲ့ရန် သွားမည့်နေ့ကို စောင့်မျှော်နေပါကြောင်းနှင့် အစီအစဉ်လေးသိရရင်လည်း သိလိုပါကြောင်းခင်ဗျာ

  • Myo Thant

    October 30, 2013 at 9:55 am

    အခုထိ အဆက်အသွယ် မရသေးပေမယ့်
    သွားဖြစ်မှာ သေချာပါတယ် ၊
    ကြိုပြောပါ့မယ်ဗျာ ၊

Leave a Reply