ဒေါက်တာအောင်ထွန်းသက်၏ `အောင်မြင်မှုဘီး´ဟောပြောပွဲ မန ္တလေး ဂျက်ဖာဆင် စင်တာတွင် ပြုလုပ်

DaveMarch 3, 20101min620

မြန်မာတတ်သိပညာရှင်များအနက် ယခုနောက်ပိုင်း စာမျက်နှာများပေါ်တွင်သာမက ပရိသတ်အကြားတွင် ရေပန်းစားလျက်ရှိသော ဆရာကြီးဒေါက်တာအောင်ထွန်းသက်သည် မြန်မာနိုင်ငံတစ်နံတစ်လျား ခရီးလှည့်ကာ ဟောပြောပွဲများပြုလုပ်နေသည်။ဘဝအောင်မြင်ရေး၊စီမံခန့်ခွဲရေး၊ခေါင်းဆောင်မှုပညာ အစရှိသော အကြောင်းအရာများနှင့်ပတ်သက်၍ မိမိအတွေ့ အကြုံ၊လေ့လာမှုများကို စကားလုံးကျစ်လစ် စွာဖြင့် ဟောပြောဆွေးနွေးနိုင်သောကြောင့် သူ၏ဟောပြောပွဲများတွင် ပရိသတ်ပြည့်လျှံနေတတ်သည်။

လွန်ခဲ့သော ဖေဖော်ဝါရီလနှောင်းပိုင်းက ဆရာကြီးသည် မန ္တလေးမြို့ သို့ လာရောက်၍ အိုင်တီပညာနှင့် ပတ်သက်၍ ဒေသခံလူငယ်အိုင်တီပညာရှင်၊လုပ်ငန်းရှင်များကို ဟောပြောဆွေးနွေးခဲ့သည်။မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏အစီအစဉ်အရ မန ္တလေးမြို့ ၂၆လမ်းနှင့်၇၁လမ်း ထောင့်ရှိ ဂျက်ဖာဆင်စင်တာတွင်လည်း ဖေဖော်ဝါရီလ ၂၄ရက်နေ့ နေ့လယ်၁နာရီ၌ `အောင်မြင်မှုဘီး´ဟု ခေါင်းစဉ်ပေးထားသော ဟောပြောပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

`အောင်မြင်မှုဘီး´ဟောပြောပွဲသို့ ဂျက်ဖာဆင်စင်တာမှ အဖွဲ့ဝင်များအပြင် မန ္တလေးမြို့ပေါ်မှ လူငယ်၊လူ လတ်၊ လူကြီး ပရိသတ် စုစုပေါင်း ၅၀ဝနီးပါးတက်ရောက်ခဲ့ရာ ခန်းမပြည့်လျှံသွားသဖြင့် အချို့ မှာ မတ်တပ် ရပ်၍ နားထောင်ခဲ့ကြရသည်။ဟောပြောပွဲအပြီးတွင် အပြန်အလှန်မေးမြန်းဆွေးနွေးမှုလည်းထည့်သွင်းခဲ့ရာ ပရိသတ်အထူးအားရကျေနပ်ခဲ့ကြောင်း သိရသည်။